Premier League

VAR ေၾကာင့္ အမွတ္အတိုးအေလ်ာ့ကို ေလ့လာၾကည့္ျခင္း

ဒီရာသီမွာ ပရီးမီးယားလိဂ္အသင္းေတြအတြက္ VAR ဆိုတဲ့ ဗီဒီယိုလက္ေထာက္ဒိုင္နည္းပညာကို အကူအညီ ရယူသုံးစြဲထားခဲ့ၿပီး ပရိသတ္ေတြအတြက္ေတာ့ အျငင္းပြားစရာျဖစ္သလို ေဘာလုံးပြဲတစ္ပြဲရဲ႕ ရသေတြ ေပ်ာက္ဆုံးသြားခဲ့တယ္လို႔ ျပစ္တင္မွဳေတြလည္း ရွိေနခဲ့ပါတယ္။ ဒိုင္ေတြအေနနဲ႔လည္း နည္းပညာကို ရယူသုံးစြဲရာမွာ လိုအပ္ခ်က္ေတြ ရွိေနေသးတာကို ျမင္ခဲ့ရၿပီး တခ်ဳိ႕ကေတာ့ Pitch-Side Monitor ကို ၾကည့္ရေကာင္းမွန္း မသိတာေတြကိုလည္း ေတြ႕ခဲ့ရပါတယ္။

အျငင္းပြားဖြယ္ရာအျဖစ္ဆုံးကိစၥေတြမွာေတာ့ အနီကတ္ျပသမွဳေတြ ပင္နယ္တီရမွဳေတြ မဆုိစေလာက္ကေလး လူကၽြံလို႔ မရခဲ့တဲ့ ဂိုးေတြကလည္း ပါဝင္ေနၿပီး ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ကေတာ့ ေျခက်င္းဝတ္ကို တက္နင္းတဲ့သူတုိင္းကို VAR နဲ႔ ထုတ္ပယ္ေနခ်ိန္မွာ အဂၤလန္လက္ေရြးစင္မုိ႔ အဝါပဲ အျပခံခဲ့ရတာလားလို႔ ေမးခြန္းထုတ္ခံခဲ့ရတဲ့ ရာဟင္းမ္ စတာလင္ရဲ႕အျဖစ္နဲ႔ သူ႕ေျခေထာက္ကို ဆြဲခဲ့သလို ပင္နယ္တီကာကြယ္ခ်ိန္မွာ ဂိုးစည္းေရွ႕ေရာက္ေနတဲ့ ဟူဂို လိုရစ္ရဲ႕ က်ဴးလြန္မွဳေတြ လြတ္ေျမာက္သြားခဲ့တာကလည္း ဒီနည္းပညာရဲ႕ ခၽြတ္ေခ်ာ္မွဳေတြအျဖစ္ ေဝဖန္ခံခဲ့ရပါတယ္။

ဒီနည္းပညာကို အသုံးျပဳခဲ့တဲ့ရာသီမွာ ဘယ္အသင္းေတြက အက်ဳိးအျမတ္ အမ်ားဆုံးရခဲ့သလဲဆုိတာနဲ႔ နစ္နာမွဳအမ်ားဆုံးျဖစ္ခဲ့သလဲဆုိတာကို ေလ့လာဆန္းစစ္မွဳတစ္ရပ္ ျပဳလုပ္ခဲ့တဲ့ စစ္တမ္းတစ္ရပ္ကို Sky Sports ေဖာ္ျပခဲ့ၿပီး အက်ဳိးအရွိဆုံးက မန္ခ်က္စတာယူႏုိက္တက္နဲ႔ အနစ္နာခဲ့ရဆုံးကေတာ့ ရွက္ဖီးလ္ယူႏုိက္တက္နဲ႔ လက္စတာစီးတီးတုိ႔ ျဖစ္ခဲ့ၾကပါတယ္။

VAR ေၾကာင့္ အမွတ္ကြာျခားမွဳ – မန္ခ်က္စတာယူႏိုက္တက္ (၃ မွတ္)၊ ဘုန္းေမာက္၊ ခရစၥတယ္လ္ပဲေလ့စ္၊ နယူးကာဆယ္လ္ယူႏုိက္တက္၊ ဝတ္ဖို႔ဒ္ (၁ မွတ္)၊ ဘန္ေလ (၀ မွတ္)၊ အာဆင္နယ္၊ ဘ႐ိုက္တန္၊ အဲဗာတန္၊ ေဆာက္သမ္တန္၊ ေနာ့ဝစ္ခ်္ (- ၁ မွတ္)၊ ခ်ဲလ္ဆီး၊ လီဗာပူးလ္၊ မန္ခ်က္စတာစီးတီး၊ ေတာ့တင္ဟမ္ ေဟာ့စပါးစ္၊ ဝုလ္ဗာဟမ့္ပတန္ ဝမ္းဒါးရားစ္ (- ၂ မွတ္)၊ အက္စတန္ဗီလာ၊ ဝက္စ္ဟမ္းယူႏိုက္တက္ (- ၃ မွတ္)၊ ရွက္ဖီးလ္ဒ္ယူႏိုက္တက္၊ လက္စတာစီးတီး (- ၅ မွတ္)။

ပရိသတ္ေတြရဲ႕ VAR အေပၚအျမင္ကို စစ္တမ္းေကာက္ယူရာမွာေတာ့ နည္းပညာရဲ႕ ေကာင္းမြန္မွဳဘက္က အားမသာခဲ့ဘဲ သိပ္ကို ဆုိးရြားတယ္လုိ႔ ထင္တဲ့သူက ၂၆ ရာခိုင္ႏွဳန္း၊ နည္းနည္းဆုိးတယ္လုိ႔ ထင္တဲ့သူက ၃၄ ရာခိုင္ႏွဳန္း၊ ၾကားေနခဲ့ၾကတဲ့သူက ၁၂ ရာခိုင္ႏွဳန္း၊ နည္းနည္းေကာင္းတယ္လို႔ ထင္တဲ့သူ ၂၃ ရာခိုင္ႏွဳန္း၊ အရမ္းေကာင္းတယ္လုိ႔ ထင္တဲ့သူက ၄ ရာခိုင္ႏွဳန္းနဲ႔ မသိေၾကာင္းေျဖၾကသူက ၁ ရာခိုင္ႏွဳန္းလုိ႔လည္း ေတြ႕ခဲ့ရပါတယ္။

ပရီးမီးယားလိဂ္အသင္းေတြထဲမွာ အနစ္နာဆုံးျဖစ္ခဲ့တဲ့ ရွက္ဖီးလ္ဒ္ယူႏုိက္တက္နဲ႔ လက္စတာစီးတီးတုိ႔ကေတာ့ VAR ေၾကာင့္ သူတုိ႔ရဲ႕ အက်ဳိးရွိေစႏုိင္မယ့္ ဂိုးအခြင့္အေရး ဒါမွမဟုတ္ ပင္နယ္တီ စုစုေပါင္း ၅ ႀကိမ္အထိ နစ္နာခဲ့ရေၾကာင္းလည္း သိရွိရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဒီရာသီမှာ ပရီးမီးယားလိဂ်အသင်းတွေအတွက် VAR ဆိုတဲ့ ဗီဒီယိုလက်ထောက်ဒိုင်နည်းပညာကို အကူအညီ ရယူသုံးစွဲထားခဲ့ပြီး ပရိသတ်တွေအတွက်တော့ အငြင်းပွားစရာဖြစ်သလို ဘောလုံးပွဲတစ်ပွဲရဲ့ ရသတွေ ပျောက်ဆုံးသွားခဲ့တယ်လို့ ပြစ်တင်မှုတွေလည်း ရှိနေခဲ့ပါတယ်။ ဒိုင်တွေအနေနဲ့လည်း နည်းပညာကို ရယူသုံးစွဲရာမှာ လိုအပ်ချက်တွေ ရှိနေသေးတာကို မြင်ခဲ့ရပြီး တချို့ကတော့ Pitch-Side Monitor ကို ကြည့်ရကောင်းမှန်း မသိတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။

အငြင်းပွားဖွယ်ရာအဖြစ်ဆုံးကိစ္စတွေမှာတော့ အနီကတ်ပြသမှုတွေ ပင်နယ်တီရမှုတွေ မဆိုစလောက်ကလေး လူကျွံလို့ မရခဲ့တဲ့ ဂိုးတွေကလည်း ပါဝင်နေပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ခြေကျင်းဝတ်ကို တက်နင်းတဲ့သူတိုင်းကို VAR နဲ့ ထုတ်ပယ်နေချိန်မှာ အင်္ဂလန်လက်ရွေးစင်မို့ အဝါပဲ အပြခံခဲ့ရတာလားလို့ မေးခွန်းထုတ်ခံခဲ့ရတဲ့ ရာဟင်းမ် စတာလင်ရဲ့အဖြစ်နဲ့ သူ့ခြေထောက်ကို ဆွဲခဲ့သလို ပင်နယ်တီကာကွယ်ချိန်မှာ ဂိုးစည်းရှေ့ရောက်နေတဲ့ ဟူဂို လိုရစ်ရဲ့ ကျူးလွန်မှုတွေ လွတ်မြောက်သွားခဲ့တာကလည်း ဒီနည်းပညာရဲ့ ချွတ်ချော်မှုတွေအဖြစ် ဝေဖန်ခံခဲ့ရပါတယ်။

ဒီနည်းပညာကို အသုံးပြုခဲ့တဲ့ရာသီမှာ ဘယ်အသင်းတွေက အကျိုးအမြတ် အများဆုံးရခဲ့သလဲဆိုတာနဲ့ နစ်နာမှုအများဆုံးဖြစ်ခဲ့သလဲဆိုတာကို လေ့လာဆန်းစစ်မှုတစ်ရပ် ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ရပ်ကို Sky Sports ဖော်ပြခဲ့ပြီး အကျိုးအရှိဆုံးက မန်ချက်စတာယူနိုက်တက်နဲ့ အနစ်နာခဲ့ရဆုံးကတော့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ လက်စတာစီးတီးတို့ ဖြစ်ခဲ့ကြပါတယ်။

VAR ကြောင့် အမှတ်ကွာခြားမှု – မန်ချက်စတာယူနိုက်တက် (၃ မှတ်)၊ ဘုန်းမောက်၊ ခရစ္စတယ်လ်ပဲလေ့စ်၊ နယူးကာဆယ်လ်ယူနိုက်တက်၊ ဝတ်ဖို့ဒ် (၁ မှတ်)၊ ဘန်လေ (၀ မှတ်)၊ အာဆင်နယ်၊ ဘရိုက်တန်၊ အဲဗာတန်၊ ဆောက်သမ်တန်၊ နော့ဝစ်ချ် (- ၁ မှတ်)၊ ချဲလ်ဆီး၊ လီဗာပူးလ်၊ မန်ချက်စတာစီးတီး၊ တော့တင်ဟမ် ဟော့စပါးစ်၊ ဝုလ်ဗာဟမ့်ပတန် ဝမ်းဒါးရားစ် (- ၂ မှတ်)၊ အက်စတန်ဗီလာ၊ ဝက်စ်ဟမ်းယူနိုက်တက် (- ၃ မှတ်)၊ ရှက်ဖီးလ်ဒ်ယူနိုက်တက်၊ လက်စတာစီးတီး (- ၅ မှတ်)။

ပရိသတ်တွေရဲ့ VAR အပေါ်အမြင်ကို စစ်တမ်းကောက်ယူရာမှာတော့ နည်းပညာရဲ့ ကောင်းမွန်မှုဘက်က အားမသာခဲ့ဘဲ သိပ်ကို ဆိုးရွားတယ်လို့ ထင်တဲ့သူက ၂၆ ရာခိုင်နှုန်း၊ နည်းနည်းဆိုးတယ်လို့ ထင်တဲ့သူက ၃၄ ရာခိုင်နှုန်း၊ ကြားနေခဲ့ကြတဲ့သူက ၁၂ ရာခိုင်နှုန်း၊ နည်းနည်းကောင်းတယ်လို့ ထင်တဲ့သူ ၂၃ ရာခိုင်နှုန်း၊ အရမ်းကောင်းတယ်လို့ ထင်တဲ့သူက ၄ ရာခိုင်နှုန်းနဲ့ မသိကြောင်းဖြေကြသူက ၁ ရာခိုင်နှုန်းလို့လည်း တွေ့ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေထဲမှာ အနစ်နာဆုံးဖြစ်ခဲ့တဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ လက်စတာစီးတီးတို့ကတော့ VAR ကြောင့် သူတို့ရဲ့ အကျိုးရှိစေနိုင်မယ့် ဂိုးအခွင့်အရေး ဒါမှမဟုတ် ပင်နယ်တီ စုစုပေါင်း ၅ ကြိမ်အထိ နစ်နာခဲ့ရကြောင်းလည်း သိရှိရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.