Premier League

ချဲလ်ဆီးနဲ့ စပါးစ်တို့ ရင်ဆိုင်ကြမယ့်အထဲက အကောင်းဆုံးလူတွေကို ရွေးထုတ်ကြည့်ခြင်း

ချဲလ်ဆီးနဲ့ စပါးစ်တို့ရဲ့ ဒီညမှာ ကစားကြမယ့် ချန်ပီယံဆုအတွက် အရေးကြီးတဲ့ ပွဲစဉ်မှာ မျှော်လင့်စရာတွေ ပြည့်နှက်နေသလို ဘယ်သူတွေက ဒီစာရင်းမှာ စွမ်းဆောင်ရည်ကောင်းတွေနဲ့ ပရိသတ်တွေကို ရင်ခုန်စေနိုင်မှာလဲဆိုတာကိုတော့ နှစ်သင်းပေါင်းရွေးရဲ့ XI နဲ့အတူ တင်ဆက်ပေးလိုက်ပါတယ်။

(ဂိုး) ဟူဂို လိုရစ် – ဂိုးသမားအတွက် ရာသီအစပိုင်းက ဆိုရင်တော့ ဒီနှစ်သင်းမှာ ကီပါနဲ့ လိုရစ်က ယှဉ်စရာမလိုပါဘူး။ နောက်ပိုင်းမှာ ချဲလ်ဆီးကို အေဒူယာ မန်ဒီ ရောက်လာပြီး လက်စွမ်းပြနေချိန်မှာ ဆက်တိုက်တွေ ပေးဂိုးနည်းလာပေမယ့် ပရီးမီးယားလိဂ်မှာ တည်ငြိမ်တဲ့ ပုံစံနဲ့ လက်စွမ်းပြနေတဲ့ လိုရစ်ကိုပဲ နှာတစ်ဖျားအသာနဲ့ ဆက်လက်ရွေးချယ်ရမှာဖြစ်ပါတယ်။

(နောက်တန်း) ရီးစ် ဂျိမ်းစ်၊ ကတ် ဇူးမား၊ အဲရစ် ဒိုင်ယာ၊ ဘန် ချေးလ်ဝဲလ် – မန်ဒီနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ ချဲလ်ဆီးကစားသမား သုံးဦးကို ဒီစာရင်းထဲ ထည့်သွင်းခဲ့တာ တချို့စပါးစ်ကစားသမားတွေကိုတော့ နည်းနည်း အားနာရမှာပါ။ Form မငြိမ်တဲ့ ဒိုဟာတီ၊ အော်ရီယေးနဲ့ ဆန်ချက်ဇ်တို့က ရွေးချယ်လို့ အဆင်မပြေသလို အယ်လ်ဒါဝီရယ်လ်က နာနေပြီး ရက်ဂီလွန်ကတော့ ခြေမှန်နေတဲ့ ချေးလ်ဝဲလ်ရဲ့နောက်ကို ရောက်သွားခဲ့ပါတယ်။

(အလယ်တန်း) ပျယ်-အီမီးလ် ဟွိုင်ဘယာ့ဂ်၊ အန်ဂိုလို ကွန်တေ၊ မေဆန်မောင့် – စပါးစ်အသင်းရဲ့ အကောင်းဆုံး ခေါ်ယူမှုဖြစ်တဲ့ ဒိန်းမတ်သားကို ဒီစာရင်းထဲ မြင်တွေ့ရတာက စိမ်းကောင်း စိမ်းနေနိုင်ပေမယ့် ပွဲသေသေချာချာကြည့်တဲ့သူတွေ ကန့်ကွက်စရာမရှိဘူးလို့ ဆိုရမှာဖြစ်ပြီး ကွန်တေနဲ့ မေဆန်မောင့်တို့ကတော့ ချဲလ်ဆီးအတွက် လုပ်အားနှုန်းအကောင်းဆုံးနဲ့ ခြေစွမ်းပြနေကြတဲ့သူတွေ ဖြစ်ပါတယ်။

(ရှေ့တန်း) ဆွန်ဟောင်မင်၊ ဟာကင်းမ် ဇီးယက်ရှ်၊ ဟာရီကိန်း – စပါးစ်ရဲ့ ဘယ်တောင်ပံမှာ ဆွန်က အကောင်းဆုံး ခြေစွမ်းပြနေသလို ချဲလ်ဆီးရဲ့ ဘယ်တောင်ပံမှာလည်း ဇီးယက်ရှ်ရဲ့ ဖန်တီးမှုတွေက အံ့မခန်းပါပဲ။ ဟာရီကိန်းရဲ့ Goal Contribution သွင်းဂိုး ၇ ဂိုး၊ ဖန်တီးမှု ၉ ကြိမ်၊ စုစုပေါင်း ၁၆ ကြိမ်ဆိုတာကတော့ ပြိုင်ဘက်ကင်းလွန်းနေချိန်မှာ ချဲလ်ဆီးတိုက်စစ်မှူးတွေကို ရွေးချယ်လို့ မဖြစ်နိုင်တော့တာပါပဲ။

ဒီနေ့ပွဲအတွက် ပထမ ၁၁ ယောက်မှာတော့ ချဲလ်ဆီးအသင်းရဲ့ ကစားသမား ၆ ယောက်နဲ့ စပါးစ်အသင်းရဲ့ ကစားသမား ၅ ယောက်ကို Sports mail က အနှစ်ချုပ် ရွေးချယ်ဖြစ်ခဲ့ပြီး ရွေးချယ်ထားတဲ့ ကစားသမားတွေကပဲ ပွဲတွင်းမှာ တောက်ပနိုင်မလား၊ ကျန်ခဲ့တဲ့သူတွေကပဲ တောက်ပမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အိမ်ရှင် ချဲလ်ဆီးတို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ရခဲ့ရင် ထိပ်ဆုံးက လီဗာပူးလ်ကို လိုက်မီနိုင်မှာဖြစ်သလို စပါးစ်တို့ အနိုင်ရခဲ့ရင်တော့ လီဗာပူးလ်နဲ့အမှတ်တူ၊ နိုင်မယ်ဆိုရင်တော့ ထိပ်ဆုံးကနေ လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နိုင်မှာဖြစ်လို့ လန်ဒန်ဒါဘီပွဲတစ်ပွဲက အဓိပ္ပါယ်များစွာ ဖော်ဆောင်နေချိန်မှာ Sports mail ရဲ့ ၁၁ ယောက်က အနည်းနဲ့ အများတော့ အရေးပါနေမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးနဲ႔ စပါးစ္တို႔ရဲ႕ ဒီညမွာ ကစားၾကမယ့္ ခ်န္ပီယံဆုအတြက္ အေရးႀကီးတဲ့ ပြဲစဥ္မွာ ေမွ်ာ္လင့္စရာေတြ ျပည့္ႏွက္ေနသလို ဘယ္သူေတြက ဒီစာရင္းမွာ စြမ္းေဆာင္ရည္ေကာင္းေတြနဲ႔ ပရိသတ္ေတြကို ရင္ခုန္ေစႏိုင္မွာလဲဆိုတာကိုေတာ့ ႏွစ္သင္းေပါင္းေ႐ြးရဲ႕ XI နဲ႔အတူ တင္ဆက္ေပးလိုက္ပါတယ္။

(ဂိုး) ဟူဂို လိုရစ္ – ဂိုးသမားအတြက္ ရာသီအစပိုင္းက ဆိုရင္ေတာ့ ဒီႏွစ္သင္းမွာ ကီပါနဲ႔ လိုရစ္က ယွဥ္စရာမလိုပါဘူး။ ေနာက္ပိုင္းမွာ ခ်ဲလ္ဆီးကို ေအဒူယာ မန္ဒီ ေရာက္လာၿပီး လက္စြမ္းျပေနခ်ိန္မွာ ဆက္တိုက္ေတြ ေပးဂိုးနည္းလာေပမယ့္ ပရီးမီးယားလိဂ္မွာ တည္ၿငိမ္တဲ့ ပုံစံနဲ႔ လက္စြမ္းျပေနတဲ့ လိုရစ္ကိုပဲ ႏွာတစ္ဖ်ားအသာနဲ႔ ဆက္လက္ေ႐ြးခ်ယ္ရမွာျဖစ္ပါတယ္။

(ေနာက္တန္း) ရီးစ္ ဂ်ိမ္းစ္၊ ကတ္ ဇူးမား၊ အဲရစ္ ဒိုင္ယာ၊ ဘန္ ေခ်းလ္ဝဲလ္ – မန္ဒီနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးကစားသမား သုံးဦးကို ဒီစာရင္းထဲ ထည့္သြင္းခဲ့တာ တခ်ိဳ႕စပါးစ္ကစားသမားေတြကိုေတာ့ နည္းနည္း အားနာရမွာပါ။ Form မၿငိမ္တဲ့ ဒိုဟာတီ၊ ေအာ္ရီေယးနဲ႔ ဆန္ခ်က္ဇ္တို႔က ေ႐ြးခ်ယ္လို႔ အဆင္မေျပသလို အယ္လ္ဒါဝီရယ္လ္က နာေနၿပီး ရက္ဂီလြန္ကေတာ့ ေျခမွန္ေနတဲ့ ေခ်းလ္ဝဲလ္ရဲ႕ေနာက္ကို ေရာက္သြားခဲ့ပါတယ္။

(အလယ္တန္း) ပ်ယ္-အီမီးလ္ ဟြိဳင္ဘယာ့ဂ္၊ အန္ဂိုလို ကြန္ေတ၊ ေမဆန္ေမာင့္ – စပါးစ္အသင္းရဲ႕ အေကာင္းဆုံး ေခၚယူမႈျဖစ္တဲ့ ဒိန္းမတ္သားကို ဒီစာရင္းထဲ ျမင္ေတြ႕ရတာက စိမ္းေကာင္း စိမ္းေနႏိုင္ေပမယ့္ ပြဲေသေသခ်ာခ်ာၾကည့္တဲ့သူေတြ ကန႔္ကြက္စရာမရွိဘူးလို႔ ဆိုရမွာျဖစ္ၿပီး ကြန္ေတနဲ႔ ေမဆန္ေမာင့္တို႔ကေတာ့ ခ်ဲလ္ဆီးအတြက္ လုပ္အားႏႈန္းအေကာင္းဆုံးနဲ႔ ေျခစြမ္းျပေနၾကတဲ့သူေတြ ျဖစ္ပါတယ္။

(ေရွ႕တန္း) ဆြန္ေဟာင္မင္၊ ဟာကင္းမ္ ဇီးယက္ရွ္၊ ဟာရီကိန္း – စပါးစ္ရဲ႕ ဘယ္ေတာင္ပံမွာ ဆြန္က အေကာင္းဆုံး ေျခစြမ္းျပေနသလို ခ်ဲလ္ဆီးရဲ႕ ဘယ္ေတာင္ပံမွာလည္း ဇီးယက္ရွ္ရဲ႕ ဖန္တီးမႈေတြက အံ့မခန္းပါပဲ။ ဟာရီကိန္းရဲ႕ Goal Contribution သြင္းဂိုး ၇ ဂိုး၊ ဖန္တီးမႈ ၉ ႀကိမ္၊ စုစုေပါင္း ၁၆ ႀကိမ္ဆိုတာကေတာ့ ၿပိဳင္ဘက္ကင္းလြန္းေနခ်ိန္မွာ ခ်ဲလ္ဆီးတိုက္စစ္မႉးေတြကို ေ႐ြးခ်ယ္လို႔ မျဖစ္ႏိုင္ေတာ့တာပါပဲ။

ဒီေန႔ပြဲအတြက္ ပထမ ၁၁ ေယာက္မွာေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ ကစားသမား ၆ ေယာက္နဲ႔ စပါးစ္အသင္းရဲ႕ ကစားသမား ၅ ေယာက္ကို Sports mail က အႏွစ္ခ်ဳပ္ ေ႐ြးခ်ယ္ျဖစ္ခဲ့ၿပီး ေ႐ြးခ်ယ္ထားတဲ့ ကစားသမားေတြကပဲ ပြဲတြင္းမွာ ေတာက္ပႏိုင္မလား၊ က်န္ခဲ့တဲ့သူေတြကပဲ ေတာက္ပမလားဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

အိမ္ရွင္ ခ်ဲလ္ဆီးတို႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အႏိုင္ရခဲ့ရင္ ထိပ္ဆုံးက လီဗာပူးလ္ကို လိုက္မီႏိုင္မွာျဖစ္သလို စပါးစ္တို႔ အႏိုင္ရခဲ့ရင္ေတာ့ လီဗာပူးလ္နဲ႔အမွတ္တူ၊ ႏိုင္မယ္ဆိုရင္ေတာ့ ထိပ္ဆုံးကေန လြတ္လြတ္ကြၽတ္ကြၽတ္ဦးေဆာင္ႏိုင္မွာျဖစ္လို႔ လန္ဒန္ဒါဘီပြဲတစ္ပြဲက အဓိပၸါယ္မ်ားစြာ ေဖာ္ေဆာင္ေနခ်ိန္မွာ Sports mail ရဲ႕ ၁၁ ေယာက္က အနည္းနဲ႔ အမ်ားေတာ့ အေရးပါေနမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.