Premier League Transfer News

29 Nov နေ့လည်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဆောက်သမ်တန်ရဲ့ စိန့်မေရီကွင်းမှာ ရလဒ်ကောင်းရယူဖို့ မဖြစ်နိုင်ဘဲ သရေကျသွားလိမ့်မယ်လို့ ဘက်ဗစ်တာရဲ့ ဘောလုံးခန့်မှန်းမှုတွေကို လုပ်ဆောင်နေတဲ့ တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် သုံးသပ်။

– ဘာစီလိုနာအသင်းကနေ အသည်းအသန် ထုတ်ရောင်းချင်နေခဲ့တဲ့ နောက်ခံလူ ဆင်မြူယယ်လ် အမ်တီတီကို မခေါ်ယူဖြစ်ခဲ့တာဟာ ယူနိုက်တက်အတွက် ကံကောင်းလို့ဖြစ်ကြောင်း ဒီရာသီမှာ တစ်ပွဲမှ မကစားနိုင်သေးတဲ့ ကြံ့ခိုင်မှုကို ကြည့်ပြီး ကျွမ်းကျင်သူတွေ ပြောကြားခဲ့ကြ။

– ဘော်ဒိုးနဲ့ပွဲမှာ သရေကျခဲ့တဲ့ စွမ်းဆောင်ရည်ကို ပီအက်စ်ဂျီအသင်းခေါင်းဆောင် နေမာက စိတ်ပျက်နေပြီး ဒီလိုပုံစံနဲ့ မန်ချက်စတာယူနိုက်တက်ကို ကစားလို့ မရနိုင်ဘဲ လိုက်ပ်ဇစ်နဲ့ပွဲက ပုံစံမျိုးကို အနည်းဆုံး ပြသနိုင်ရမှာဖြစ်ကြောင်း သတိပေး။

– ဘာစီလိုနာအသင်းကနေ သိပ်အသုံးမပြုနိုင်ဘဲ အရန်ခုံမှာသာ ထားရတာများနေတဲ့ တောင်ပံကစားသမား အူစမန် ဒမ်ဘီလီကို အငှားနဲ့ ဇန်နဝါရီမှာ နှစ်ဖက်အသင်းကြား သဘောတူညီမှုရဖို့ နီးစပ်နေပြီး ကြံ့ခိုင်မှုအပေါ် မူတည်ပြီး အပြီးသတ်ခေါ်ယူဖို့ စောင့်ကြည့်ဖွယ်ရှိ။

– ကွင်းလယ်လူ ပေါ့ဘာနဲ့ မက်တော်မီနေးတို့ ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘဲ ရက်ရှ်ဖို့ဒ်၊ လင်ဒီလော့ဖ်၊ ဝန်ဘစ်ဆာကာတို့ကတော့ ကြံ့ခိုင်မှု ပြည့်ဝနေပြီး ကာဗာနီနဲ့ ဗန်ဒဘိခ်တို့ကိုလည်း ထပ်မံပွဲထွက်ခွင့်ပေးသွားမယ့်သဘောမျိုး ဆိုးလ်ရှားပြောကြား။

– ယူနိုက်တက်အနေနဲ့ RB လိုက်ပ်ဇစ်ရဲ့ ကွင်းလယ်လူ မာဆယ်လ် ဆာဘစ်ဇာကို ခေါ်ယူဖို့ စောင့်ကြည့်နေပေမယ့် ဦးစားပေးသဘောမျိုး မဟုတ်ဘဲ ပေါ့ဘာ ထွက်ခွာသွားခဲ့ပြီး အလွတ်ရရှိနိုင်မယ့် ချယ်လ်ဟာနိုးလူးနဲ့ အစားထိုးဖို့ မအောင်မြင်မှ ပေါင် ၃၅ သန်းခန့်နဲ့ ကမ်းလှမ်းသွားဖွယ်ရှိ။

– ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းဖော်တွေကို မောင်းနှင်ပြီး ခေါင်းဆောင်နိုင်သူဖြစ်ကြောင်းနဲ့ တစ်ဂိုးပြီးတစ်ဂိုး သွင်းယူစေချင်နေတဲ့ ညွှန်ကြားမှုမျိုးတွေ ပြုလုပ်နေသလို နိုင်လိုစိတ်ပြင်းထန်သူဖြစ်ကြောင်း နည်းပြ ဆိုးလ်ရှား ချီးကျူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ေဆာက္သမ္တန္ရဲ႕ စိန္႔ေမရီကြင္းမွာ ရလဒ္ေကာင္းရယူဖို႔ မျဖစ္ႏုိင္ဘဲ သေရက်သြားလိမ့္မယ္လို႔ ဘက္ဗစ္တာရဲ႕ ေဘာလုံးခန္႔မွန္းမွဳေတြကို လုပ္ေဆာင္ေနတဲ့ တုိက္စစ္မွဴးေဟာင္း မုိက္ကယ္ အုိဝင္ သုံးသပ္။

– ဘာစီလိုနာအသင္းကေန အသည္းအသန္ ထုတ္ေရာင္းခ်င္ေနခဲ့တဲ့ ေနာက္ခံလူ ဆင္ျမဴယယ္လ္ အမ္တီတီကို မေခၚယူျဖစ္ခဲ့တာဟာ ယူႏိုက္တက္အတြက္ ကံေကာင္းလို႔ျဖစ္ေၾကာင္း ဒီရာသီမွာ တစ္ပြဲမွ မကစားႏုိင္ေသးတဲ့ ႀကံ့ခုိင္မွဳကို ၾကည့္ၿပီး ကၽြမ္းက်င္သူေတြ ေျပာၾကားခဲ့ၾက။

– ေဘာ္ဒိုးနဲ႔ပြဲမွာ သေရက်ခဲ့တဲ့ စြမ္းေဆာင္ရည္ကို ပီအက္စ္ဂ်ီအသင္းေခါင္းေဆာင္ ေနမာက စိတ္ပ်က္ေနၿပီး ဒီလိုပုံစံနဲ႔ မန္ခ်က္စတာယူႏုိက္တက္ကို ကစားလို႔ မရႏုိင္ဘဲ လိုက္ပ္ဇစ္နဲ႔ပြဲက ပုံစံမ်ဳိးကို အနည္းဆုံး ျပသႏုိင္ရမွာျဖစ္ေၾကာင္း သတိေပး။

– ဘာစီလိုနာအသင္းကေန သိပ္အသုံးမျပဳႏုိင္ဘဲ အရန္ခုံမွာသာ ထားရတာမ်ားေနတဲ့ ေတာင္ပံကစားသမား အူစမန္ ဒမ္ဘီလီကို အငွားနဲ႔ ဇန္နဝါရီမွာ ႏွစ္ဖက္အသင္းၾကား သေဘာတူညီမွဳရဖို႔ နီးစပ္ေနၿပီး ႀကံ့ခိုင္မွဳအေပၚ မူတည္ၿပီး အၿပီးသတ္ေခၚယူဖို႔ ေစာင့္ၾကည့္ဖြယ္ရွိ။

– ကြင္းလယ္လူ ေပါ့ဘာနဲ႔ မက္ေတာ္မီေနးတုိ႔ ေဆာက္သမ္တန္နဲ႔ပြဲမွာ ပါဝင္ႏုိင္မွာ မဟုတ္ဘဲ ရက္ရွ္ဖို႔ဒ္၊ လင္ဒီေလာ့ဖ္၊ ဝန္ဘစ္ဆာကာတို႔ကေတာ့ ႀကံ့ခိုင္မွဳ ျပည့္ဝေနၿပီး ကာဗာနီနဲ႔ ဗန္ဒဘိခ္တုိ႔ကိုလည္း ထပ္မံပြဲထြက္ခြင့္ေပးသြားမယ့္သေဘာမ်ဳိး ဆုိးလ္ရွားေျပာၾကား။

– ယူႏုိက္တက္အေနနဲ႔ RB လုိက္ပ္ဇစ္ရဲ႕ ကြင္းလယ္လူ မာဆယ္လ္ ဆာဘစ္ဇာကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနေပမယ့္ ဦးစားေပးသေဘာမ်ဳိး မဟုတ္ဘဲ ေပါ့ဘာ ထြက္ခြာသြားခဲ့ၿပီး အလြတ္ရရွိႏုိင္မယ့္ ခ်ယ္လ္ဟာႏုိးလူးနဲ႔ အစားထိုးဖို႔ မေအာင္ျမင္မွ ေပါင္ ၃၅ သန္းခန္႔နဲ႔ ကမ္းလွမ္းသြားဖြယ္ရွိ။

– ကြင္းလယ္လူ ဘ႐ူႏုိ ဖာနန္ဒက္စ္ဟာ အသင္းေဖာ္ေတြကို ေမာင္းႏွင္ၿပီး ေခါင္းေဆာင္ႏိုင္သူျဖစ္ေၾကာင္းနဲ႔ တစ္ဂိုးၿပီးတစ္ဂိုး သြင္းယူေစခ်င္ေနတဲ့ ညႊန္ၾကားမွဳမ်ဳိးေတြ ျပဳလုပ္ေနသလို ႏိုင္လိုစိတ္ျပင္းထန္သူျဖစ္ေၾကာင္း နည္းျပ ဆုိးလ္ရွား ခ်ီးက်ဴး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.