Match Report Premier League

၄၆ မိနစ္ကစလို႔ အသြင္သစ္နဲ႔ ေနာက္ကလိုက္ၿပီး အႏုိင္ယူတဲ့ မန္ခ်က္စတာယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ပြဲထြက္လူစာရင္းရဲ႕ အလုပ္မျဖစ္မွဳကို နည္းျပ ဆုိးလ္ရွားရဲ႕ ပထမပုိင္းအၿပီး လူစားလဲမွဳက နတ္ေရကန္ထဲက တက္လာသလို ေျပာင္းလဲသြားခဲ့ၿပီး ကာဗာနီရဲ႕ ဂိုးသြင္းစြမ္းရည္နဲ႔ အေဝးကြင္းမွာ ႏုိင္ပြဲထပ္မံရွာေဖြႏုိင္ခဲ့ပါတယ္။

ဆုိးလ္ရွားရဲ႕ အားေပးေထာက္ခံမွဳကို ရရွိထားခဲ့တဲ့ ေမဆန္ ဂရင္းဝုဒ္ကေတာ့ ဒီပြဲမွာ ရက္ရွ္ဖို႔ဒ္နဲ႔ တုိက္စစ္အတြဲအျဖစ္ ပြဲထြက္လာခဲ့ၿပီး ေနာက္က ဒိုင္းမြန္းကြက္နဲ႔ ခင္းက်င္းခဲ့တဲ့ ကစားကြက္မွာ ဘ႐ူႏုိ ဖာနန္ဒက္စ္ရဲ႕ ေနရာစုံ ေျပာင္းလဲေရြ႕လ်ားမွဳေတြကလည္း အဓိက က်ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ အိမ္ရွင္စိန္႔တုိ႔ အဖြင့္ဂိုးရခဲ့ၿပီး အသင္းေခါင္းေဆာင္ ဝါ့ဒ္ပေရာက္စ္ရဲ႕ ေထာင့္ကန္ေဘာကေန ေနာက္ခံလူ ဘက္ဒ္နာရက္က ေခါင္းရွပ္တုိက္ၿပီး ဂိုးသြင္းယူသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ပုခုံးနဲ႔ တုိက္ခဲ့တယ္လို႔ အျငင္းပြားခဲ့ေပမယ့္ ဂိုးအျဖစ္ သတ္မွတ္ခဲ့ၿပီး ဦးေဆာင္ခဲ့ပါတယ္။

၂၉ မိနစ္မွာ ရတဲ့ ဂရင္းဝုဒ္နဲ႔ ဖာနန္ဒက္စ္တုိ႔ရဲ႕ ထပ္ဆင့္ကန္ခ်က္ေတြကို ဂိုးသမား မကၠာသီက ကာကြယ္သြားခဲ့အၿပီးမွာ ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ယူႏုိက္တက္ဂိုးဧရိယာ ဘယ္ျခမ္းမွာရတဲ့ ဖရီးကစ္ကို ဝါ့ဒ္ပေရာက္စ္က တုိက္႐ိုက္ကန္သြင္းခဲ့တာကို ဂိုးသမား ဒေဟးယားက ဂိုးထဲေရာက္မွ ဖမ္းခဲ့မိၿပီး အစၥတန္ဘူလ္နဲ႔ပြဲမွာလိုပဲ အမွားက်ဴးလြန္မိခဲ့လို႔ စိန္႔တုိ႔ ဒုတိယဂိုးနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ပထမပုိင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရွဳံးနိမ့္ေနခဲ့တဲ့ ယူႏိုက္တက္ရဲ႕ ပုံစံက မျဖစ္မေန အေျပာင္းအလဲလုပ္ဖို႔ လိုအပ္ေနတဲ့အတြက္ နည္းျပ ဆုိးလ္ရွားက စြန္႔စားခဲ့ၿပီး ဒဏ္ရာအနည္းငယ္ ရသြားခဲ့သလို ယုံၾကည္မွဳ က်ဆင္းသလိုျဖစ္ေနခဲ့တဲ့ ဂိုးသမား ဒေဟးယားကိုပါ ဟန္ဒါဆန္နဲ႔ လူစားလဲခဲ့ၿပီး တုိက္စစ္မွာေတာ့ လူငယ္ ဂရင္းဝုဒ္ကို ဝါရင့္ ကာဗာနီနဲ႔ လူစားလဲခဲ့ပါတယ္။

ဒီေနာက္ပုိင္း စိန္႔တုိ႔ ဖိကစားခဲ့ေပမယ့္ ဟန္ဒါဆန္ရဲ႕ ကာကြယ္မွဳေတြ ေကာင္းခဲ့လုိ႔ ယူႏုိက္တက္တုိ႔ ယုံၾကည္မွဳ ျပန္ရလာခဲ့ၿပီး ျပန္လည္ ထိုးေဖာက္လာႏုိင္ခဲ့သလို ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ညာျခမ္းက ကာဗာနီရဲ႕ အနိမ့္ေဘာျဖတ္တင္မွဳကို မာကင္လြတ္ေနခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က အပုိင္ကန္ၿပီး ေခ်ပႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ယူႏုိက္တက္တုိ႔ ဒုတိယေခ်ပဂိုးရခဲ့ၿပီး ေထာင့္ကန္ေဘာကေန ျပန္က်လာတဲ့ ေဘာလုံးကို အစၥတန္ဘူလ္နဲ႔ပြဲမွာလိုပဲ ေနရာယူထားတဲ့ ဖာနန္ဒက္စ္က လွမ္းကန္ခဲ့တာကို ေဘာလုံးလမ္းေၾကာင္းနားမွာ ရွိေနခဲ့တဲ့ ကာဗာနီက လမ္းလႊဲၿပီး ဂိုးသမား မကၠာသီကို အငိုက္မိေစခဲ့လို႔ သေရက်ေနခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ႏွစ္သင္းစလုံး အႏုိင္ရဖို႔ ႀကဳိးစားလာခဲ့ေပမယ့္ မိနစ္ ၉၀ မွာေတာ့ အိမ္ရွင္တုိ႔ ကစားအားခ်ခဲ့ၿပီး ခံစစ္သမားေတြကို ထည့္သြင္းခဲ့အၿပီးမွာေတာ့ ရက္ရွ္ဖို႔ဒ္ရဲ႕ ျဖတ္တင္ေဘာကို ေနရာယူ ေရြ႕လ်ားပုံေကာင္းလြန္းတဲ့ ကာဗာနီက မာကင္ခြာ ေျပးထြက္ၿပီး ေခါင္းတုိက္သြင္းယူႏုိင္ခဲ့လို႔ ပထမပုိင္း ႏွစ္ဂိုးအရွဳံးကို ပြဲခ်ိန္ ၉၀+၂ မိနစ္မွာ ေျပာင္းျပန္လွန္ခဲ့ၿပီး အႏုိင္ရယူႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲကို အႏိုင္ရရွိခဲ့တဲ့ ဒုတိယပုိင္း Turn Around က ဆုိးလ္ရွားနဲ႔ ယူႏုိက္တက္တစ္သင္းလုံးအတြက္ေတာ့ ဂုဏ္ယူစရာလည္းျဖစ္ခဲ့ၿပီး ကာဗာနီကေတာ့ သူဘာလဲဆုိတာကို ျပသႏိုင္ခဲ့သလို အသင္းကို အဆင့္ ၇ ေနရာအထိ ဆြဲတင္ႏုိင္ခဲ့ၿပီး ပရိသတ္ေတြအတြက္ ေပ်ာ္ရႊင္စရာေန႔တစ္ေန႔ ျဖစ္ခဲ့ပါေၾကာင္း ေရးသားလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ပွဲထွက်လူစာရင်းရဲ့ အလုပ်မဖြစ်မှုကို နည်းပြ ဆိုးလ်ရှားရဲ့ ပထမပိုင်းအပြီး လူစားလဲမှုက နတ်ရေကန်ထဲက တက်လာသလို ပြောင်းလဲသွားခဲ့ပြီး ကာဗာနီရဲ့ ဂိုးသွင်းစွမ်းရည်နဲ့ အဝေးကွင်းမှာ နိုင်ပွဲထပ်မံရှာဖွေနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ အားပေးထောက်ခံမှုကို ရရှိထားခဲ့တဲ့ မေဆန် ဂရင်းဝုဒ်ကတော့ ဒီပွဲမှာ ရက်ရှ်ဖို့ဒ်နဲ့ တိုက်စစ်အတွဲအဖြစ် ပွဲထွက်လာခဲ့ပြီး နောက်က ဒိုင်းမွန်းကွက်နဲ့ ခင်းကျင်းခဲ့တဲ့ ကစားကွက်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ နေရာစုံ ပြောင်းလဲရွေ့လျားမှုတွေကလည်း အဓိက ကျခဲ့ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ အိမ်ရှင်စိန့်တို့ အဖွင့်ဂိုးရခဲ့ပြီး အသင်းခေါင်းဆောင် ဝါ့ဒ်ပရောက်စ်ရဲ့ ထောင့်ကန်ဘောကနေ နောက်ခံလူ ဘက်ဒ်နာရက်က ခေါင်းရှပ်တိုက်ပြီး ဂိုးသွင်းယူသွားခဲ့ပြီး ဒီဂိုးကိုတော့ ပုခုံးနဲ့ တိုက်ခဲ့တယ်လို့ အငြင်းပွားခဲ့ပေမယ့် ဂိုးအဖြစ် သတ်မှတ်ခဲ့ပြီး ဦးဆောင်ခဲ့ပါတယ်။

၂၉ မိနစ်မှာ ရတဲ့ ဂရင်းဝုဒ်နဲ့ ဖာနန်ဒက်စ်တို့ရဲ့ ထပ်ဆင့်ကန်ချက်တွေကို ဂိုးသမား မက္ကာသီက ကာကွယ်သွားခဲ့အပြီးမှာ ပွဲချိန် ၃၃ မိနစ်မှာတော့ ယူနိုက်တက်ဂိုးဧရိယာ ဘယ်ခြမ်းမှာရတဲ့ ဖရီးကစ်ကို ဝါ့ဒ်ပရောက်စ်က တိုက်ရိုက်ကန်သွင်းခဲ့တာကို ဂိုးသမား ဒဟေးယားက ဂိုးထဲရောက်မှ ဖမ်းခဲ့မိပြီး အစ္စတန်ဘူလ်နဲ့ပွဲမှာလိုပဲ အမှားကျူးလွန်မိခဲ့လို့ စိန့်တို့ ဒုတိယဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့တဲ့ ယူနိုက်တက်ရဲ့ ပုံစံက မဖြစ်မနေ အပြောင်းအလဲလုပ်ဖို့ လိုအပ်နေတဲ့အတွက် နည်းပြ ဆိုးလ်ရှားက စွန့်စားခဲ့ပြီး ဒဏ်ရာအနည်းငယ် ရသွားခဲ့သလို ယုံကြည်မှု ကျဆင်းသလိုဖြစ်နေခဲ့တဲ့ ဂိုးသမား ဒဟေးယားကိုပါ ဟန်ဒါဆန်နဲ့ လူစားလဲခဲ့ပြီး တိုက်စစ်မှာတော့ လူငယ် ဂရင်းဝုဒ်ကို ဝါရင့် ကာဗာနီနဲ့ လူစားလဲခဲ့ပါတယ်။

ဒီနောက်ပိုင်း စိန့်တို့ ဖိကစားခဲ့ပေမယ့် ဟန်ဒါဆန်ရဲ့ ကာကွယ်မှုတွေ ကောင်းခဲ့လို့ ယူနိုက်တက်တို့ ယုံကြည်မှု ပြန်ရလာခဲ့ပြီး ပြန်လည် ထိုးဖောက်လာနိုင်ခဲ့သလို ပွဲချိန် ၅၉ မိနစ်မှာတော့ ညာခြမ်းက ကာဗာနီရဲ့ အနိမ့်ဘောဖြတ်တင်မှုကို မာကင်လွတ်နေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်က အပိုင်ကန်ပြီး ချေပနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ယူနိုက်တက်တို့ ဒုတိယချေပဂိုးရခဲ့ပြီး ထောင့်ကန်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို အစ္စတန်ဘူလ်နဲ့ပွဲမှာလိုပဲ နေရာယူထားတဲ့ ဖာနန်ဒက်စ်က လှမ်းကန်ခဲ့တာကို ဘောလုံးလမ်းကြောင်းနားမှာ ရှိနေခဲ့တဲ့ ကာဗာနီက လမ်းလွှဲပြီး ဂိုးသမား မက္ကာသီကို အငိုက်မိစေခဲ့လို့ သရေကျနေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ နှစ်သင်းစလုံး အနိုင်ရဖို့ ကြိုးစားလာခဲ့ပေမယ့် မိနစ် ၉၀ မှာတော့ အိမ်ရှင်တို့ ကစားအားချခဲ့ပြီး ခံစစ်သမားတွေကို ထည့်သွင်းခဲ့အပြီးမှာတော့ ရက်ရှ်ဖို့ဒ်ရဲ့ ဖြတ်တင်ဘောကို နေရာယူ ရွေ့လျားပုံကောင်းလွန်းတဲ့ ကာဗာနီက မာကင်ခွာ ပြေးထွက်ပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်း နှစ်ဂိုးအရှုံးကို ပွဲချိန် ၉၀+၂ မိနစ်မှာ ပြောင်းပြန်လှန်ခဲ့ပြီး အနိုင်ရယူနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲကို အနိုင်ရရှိခဲ့တဲ့ ဒုတိယပိုင်း Turn Around က ဆိုးလ်ရှားနဲ့ ယူနိုက်တက်တစ်သင်းလုံးအတွက်တော့ ဂုဏ်ယူစရာလည်းဖြစ်ခဲ့ပြီး ကာဗာနီကတော့ သူဘာလဲဆိုတာကို ပြသနိုင်ခဲ့သလို အသင်းကို အဆင့် ၇ နေရာအထိ ဆွဲတင်နိုင်ခဲ့ပြီး ပရိသတ်တွေအတွက် ပျော်ရွှင်စရာနေ့တစ်နေ့ ဖြစ်ခဲ့ပါကြောင်း ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.