Premier League

29 Nov နေ့ခင်း နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ဘာမှမလုပ်ပြရသေးတဲ့ ခိုင်ဟာဗတ်ဇ်ကို စပါးနဲ့ပွဲမှာ အလောတကြီးထုတ်သုံးရင် လမ်းပတ် အမှားကြီးမှားသွားမယ်လို့ ပေါလ်မာဆန်က အမှာပါးလိုက်ပြီး ပြီးခဲ့တဲ့ နိုင်ပွဲတွေက အသင်းရဲ့ အထိုင်ကို မဖျက်ဘဲ တီမို ဗာနာနဲ့ အေဘရာဟမ်အတွဲကို ဆက်သုံးဖို့ သတိပေး။

ဟာဇက်နေရာ ဆက်ခံမယ်လို့ မျှော်လင့်ခံရထားသူ ဟာကင်းမ် ဇီးယက်ရှ်ကို ဟာဇက်နဲ့ နှိုင်းယှဉ်ပြီး ဖိအားပေးတာဟာ လက်မခံနိုင်ကြောင်းနဲ့ သူ့ရဲ့ ကိုယ်ပိုင်ပြယုဂ်အတိုင်းသာ လွတ်လွတ်လပ်လပ် ကစားစေမယ်လို့ လမ်းပတ်တုံ့ပြန်သွား။

ပြီးခဲ့တဲ့ရာသီက မော်ရင်ညိုကို နှစ်ပွဲဆက် အနိုင်ယူခဲ့တဲ့ လမ်းပတ်ဟာ လာမယ့် စပါးနဲ့ပွဲကိုသာ အနိုင်ရရင် ဆရာဟောင်းရဲ့ ဂုဏ်သိက္ခာကို ရိုက်ချိုးသွားနိုင်ဖွယ်ရှိပြီး ပေါ်တူဂီသားကို သုံးပွဲဆက်တိုက် အနိုင်ယူနိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာဖွယ်ရှိ။

ချယ်လ်ဆီးနဲ့ စပါးပွဲကို တဖက် ၂ ဂိုးစီနဲ့ သရေကျမယ်လို့ အီယန်ရိုက်က ဟောကိန်းထုတ်ခဲ့ပြီး တင်မ်ရှားဝုဒ်က တဖက်တဂိုးစီ သရေပွဲလို့ ခန့်မှန်းခဲ့သလို မိုက်ကယ် အိုဝင်က ချယ်လ်ဆီး တဂိုးအသာနဲ့ နိုင်မယ်လို့ သုံးသပ်။

ဒီရာသီ မန်စီးတီးထက်ပိုပြီး ဂိုးတွေ ပိုသွင်းထားတဲ့ ချယ်လ်ဆီးအသင်းဟာ တဆင့်နိမ့်အသင်းတွေကိုမှ အနိုင်ကန်တတ်တဲ့ ‘ကလေးဗိုလ်’ မဟုတ်ကြောင်း စပါးကို အနိုင်ယူပြီး သက်သေပြရမယ့်ပွဲလို့ ပေါလ်မာဆန်သုံးသပ်။

ပီအက်စ်ဂျီအသင်းဖော်ဟောင်း သီယာဂို ဆေးလ်ဗားဟာ နှလုံးသားထဲမှာ ထာဝရကိုးကွယ်ထားရမယ့် သူငယ်ချင်းကောင်းမျိုးဖြစ်တယ်လို့ စပါးရဲ့ တိုက်စစ်ကစားသမား လူးကပ်စ် မော်ရာက ထုတ်ဖော်ခဲ့ပြီး ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့အတွဲဟာ သူ့ကို ကျော်ဖြတ်ဖို့ မနည်းလုံးပန်းရမယ်လို့ ကြိုတင်ဟောကိန်းထုတ်ခဲ့။

ငွေပုံအောပြီး ပေါင်သန်း ၂၅၀ အထိ သုံးထားလို့ ချယ်လ်ဆီးက ချန်ပီယံဆုကို စိန်ခေါ်ရမယ့် အသင်းလို့ ကလိခဲ့တဲ့ မော်ရင်ညိုဟာ စပါးမှာ ဖိအားတွေပိနေတဲ့ နည်းပြဖြစ်ပြီး ဒါကို သူကိုယ်တိုင် သိရှိသဘောပေါက်ထားပြီးဖြစ်တယ်လို့ လမ်းပတ်က စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာမွမလုပ္ျပရေသး​တဲ့ ခိုင္ဟာဗတ္ဇ္ကို စပါးနဲ႕ပြဲမွာ အေလာတႀကီးထုတ္သုံးရင္ လမ္းပတ္ အမွားႀကီးမွားသြားမယ္လို႔ ေပါလ္မာဆန္က အမွာပါးလိုက္ၿပီး ၿပီးခဲ့တဲ့ နိုင္ပြဲေတြက အသင္းရဲ႕ အထိုင္ကို မဖ်က္ဘဲ တီမို ဗာနာနဲ႔ ေအဘရာဟမ္အတြဲကို ဆက္သုံးဖို႔ သတိေပး။

ဟာဇက္ေနရာ ဆက္ခံမယ္လို႔ ေမွ်ာ္လင့္ခံရထားသူ ဟာကင္းမ္ ဇီးယက္ရွ္ကို ဟာဇက္နဲ႔ ႏွိုင္းယွဥ္ၿပီး ဖိအားေပးတာဟာ လက္မခံနိုင္ေၾကာင္းနဲ႕ သူ႕ရဲ႕ ကိုယ္ပိုင္ျပယုဂ္အတိုင္းသာ လြတ္လြတ္လပ္လပ္ ကစားေစမယ္လို႔ လမ္းပတ္တုံ႕ျပန္သြား။

ၿပီးခဲ့တဲ့ရာသီက ေမာ္ရင္ညဳိကို ႏွစ္ပြဲဆက္ အနိုင္ယူခဲ့တဲ့ လမ္းပတ္ဟာ လာမယ့္ စပါးနဲ႔ပြဲကိုသာ အနိုင္ရရင္ ဆရာေဟာင္းရဲ႕ ဂုဏ္သိကၡာကို ႐ိုက္ခ်ဳိးသြားနိုင္ဖြယ္ရွိၿပီး ေပၚတူဂီသားကို သုံးပြဲဆက္တိုက္ အႏုိင္ယူႏုိင္တဲ့ ပထမဆုံးနည္းျပျဖစ္လာဖြယ္ရွိ။

ခ်ယ္လ္ဆီးနဲ႕ စပါးပြဲကို တဖက္ ၂ ဂိုးစီနဲ႕ သေရက်မယ္လို႔ အီယန္ရိုက္က ေဟာကိန္းထုတ္ခဲ့ၿပီး တင္မ္ရွားဝုဒ္က တဖက္တဂိုးစီ သေရပြဲလို႔ ခန့္မွန္းခဲ့သလို မိုက္ကယ္ အိုဝင္က ခ်ယ္လ္ဆီး တဂိုးအသာနဲ႔ နိုင္မယ္လို႔ သုံးသပ္။

ဒီရာသီ မန္စီးတီးထက္ပိုၿပီး ဂိုးေတြ ပိုသြင္းထားတဲ့ ခ်ယ္လ္ဆီးအသင္းဟာ တဆင့္နိမ့္အသင္းေတြကိုမွ အနိုင္ကန္တတ္တဲ့ ‘ကေလးဗိုလ္’ မဟုတ္ေၾကာင္း စပါးကို အနိုင္ယူၿပီး သက္ေသျပရမယ့္ပြဲလို႔ ေပါလ္မာဆန္သုံးသပ္။

ပီအက္စ္ဂ်ီအသင္းေဖာ္ေဟာင္း သီယာဂို ေဆးလ္ဗားဟာ ႏွလုံးသားထဲမွာ ထာဝရကိုးကြယ္ထားရမယ့္ သူငယ္ခ်င္းေကာင္းမ်ိဳးျဖစ္တယ္လို႔ စပါးရဲ႕ တိုက္စစ္ကစားသမား လူးကပ္စ္ ေမာ္ရာက ထုတ္ေဖာ္ခဲ့ၿပီး ဟာရီကိန္းနဲ႕ ဆြန္ေဟာင္မင္တို႔အတြဲဟာ သူ႕ကို ေက်ာ္ျဖတ္ဖို႔ မနည္းလုံးပန္းရမယ္လို႔ ႀကိဳတင္ေဟာကိန္းထုတ္ခဲ့။

ေငြပုံေအာၿပီး ေပါင္သန္း ၂၅၀ အထိ သုံးထားလို႔ ခ်ယ္လ္ဆီးက ခ်န္ပီယံဆုကို စိန္ေခၚရမယ့္ အသင္းလို႔ ကလိခဲ့တဲ့ ေမာ္ရင္ညိဳဟာ စပါးမွာ ဖိအားေတြ ပိေနတဲ့ နည္းျပျဖစ္ၿပီး ဒါကို သူကိုယ္တိုင္ သိရွိသေဘာေပါက္ထားၿပီးျဖစ္တယ္လို႔ လမ္းပတ္က စိတ္ဓာတ္စစ္ဆင္ေရး ျပဳလုပ္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.