Premier League

29 Nov ညနေပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ရှက်ဖီးလ်နည်းပြ ခရစ္စ ဝိုင်လ်ဒါရဲ့ ‘ညစ်ပတ်ကောက်ကျစ်တဲ့ နိုင်ငံရေးသမားလိုလူ’ ဆိုတဲ့ စွပ်စွဲမှုကို ကလော့ပ်က တုံ့ပြန်ခဲ့ပြီး ‘လူစားလဲခွင့် ၃ ကြိမ်ကြောင့် ၁ မှတ်ပဲ ရတဲ့အသင်း’ လို့ လှောင်ပြောင်သွားခဲ့ပြီး ဝိုင်လ်ဒါဟာ တကိုယ်ကောင်းဆန်တဲ့နည်းပြလို့ တန်ပြန်ထိုးနှက်သွား။

သီယာဂို အယ််လ်ကန်တာရာဟာ လာမယ့် ဝုဗ်၊ အိုင်းယက်စ်တို့နဲ့ ပွဲစဥ်တွေကို ဆက်လက်လွဲချော်ဦးမှာဖြစ်တယ်လို့ ကလော့ပ်က အတည်ပြုခဲ့ပြီး သူဟာ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်ပွဲချိန် ၁၃၄ မိနစ်သာ ကစားထားရ။

အငြင်းပွားဖွယ်ရာ VAR ဆုံးဖြတ်ချက်ကြောင့် ဘရိုက်တန်ကို ပင်နယ်တီဂိုးနဲ့အတူ တမှတ်ခွဲပေးခဲ့ရပြီး နှစ်ဂိုးနစ်နာခဲ့တဲ့ လီဗာပူးလ်ရဲ့ဖြစ်ရပ်ကို ဂယ်ရီ နဗီးလ်က တွစ်တာမှာ လှောင်ပြောင်နေဟန် ဆယ်လ်ဖီကိုတင်ခဲ့ကာ အကျေနပ်ကြီးကျေနပ်နေကြောင်း ပြသခဲ့။

ဘရိုက်တန်နဲ့ပွဲမှာ VAR ရဲ့ ငြင်းပယ်မှုကြောင့် သွင်းဂိုး ၂ဂိုး နစ်နာခဲ့ရလို့ ဂျိမ်းမီလ်နာ အကြီးအကျယ် စိတ်ပျက်နေပြီး အဓိပ္ပာယ်မဲ့တဲ့ VAR စည်းမျဥ်းတွေရဲ့ ဖျက်စီးမှုကြောင့် ကစားပွဲတွေကို စိတ်ကုန်သွားပြီဖြစ်ကြောင်း ညည်းတွားခဲ့။

ဘရိုက်တန်ကို နောက်ကျပင်နယ်တီပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ လက်ထောက်ဒိုင်ရဲ့လုပ်ရပ်ကို ပွဲအပြီးမှာ လက်ခုပ်တီး လှောင်ပြောင်သွားခဲ့တဲ့ ကလော့ပ်ဟာ မလေးစား​မှု အပြုအမူကြောင့် FA ရဲ့ ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိ။

ဘရိုက်တန်နဲ့ပွဲအပြီးမှာ ကလော့ပ်က လူစားလဲမှု ၅ ကြိမ်ခွင့်ပြုဖို့ ထပ်လောင်းဖိအားပေးခဲ့ပြီး ဒါဟာ အများစွပ်စွဲနေသလို မိမိကိုယ်ကျိုးအတွက်မဟုတ်ဘဲ ဒဏ်ရာတွေ မကြာခဏရနေတဲ့ ကစားသမားတွေရဲ့ အကျိုးအတွက်သာဖြစ်တယ်လို့ ပေါက်ကွဲသွားခဲ့။

လီဗာပူးလ်အသင်းဟာ စပို့တင်းအသင်းရဲ့ ဘယ်နောက်ခံအစွန်လူ နူနို မန်ဒက်စ်ကို စိတ်ဝင်တစား ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး လူငယ်ကြယ်ပွင့်ကစားသမားကို အန်ဒီ ရော်ဘတ်ဆန်နေရာ ဆက်ခံဖို့ ရေရှည်စီစဥ်ထားကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရွက္ဖီးလ္နည္းျပ ခရစၥ ဝိုင္လ္ဒါရဲ႕ ‘ညစ္ပတ္ေကာက္က်စ္တဲ့ နိုင္ငံေရးသမားလိုလူ’ ဆိုတဲ့ စြပ္စြဲမႈကို ကေလာ့ပ္က တုံ႕ျပန္ခဲ့ၿပီး ‘လူစားလဲခြင့္ ၃ ႀကိမ္ေၾကာင့္ ၁ မွတ္ပဲ ရတဲ့အသင္း’ လို႔ ေလွာင္ေျပာင္သြားခဲ့ၿပီး ဝိုင္လ္ဒါဟာ တကိုယ္ေကာင္းဆန္တဲ့နည္းျပလို႔ တန္ျပန္ထိုးႏွက္သြား။

သီယာဂို အယ္္လ္ကန္တာရာဟာ လာမယ့္ ဝုဗ္၊ အိုင္းယက္စ္တို႔နဲ႕ ပြဲစဥ္ေတြကို ဆက္လက္လြဲေခ်ာ္ဦးမွာျဖစ္တယ္လို႔ ကေလာ့ပ္က အတည္ျပဳခဲ့ၿပီး သူဟာ လီဗာပူးလ္အတြက္ ပရီးမီးယားလိဂ္ပြဲခ်ိန္ ၁၃၄ မိနစ္သာ ကစားထားရ။

အျငင္းပြားဖြယ္ရာ VAR ဆုံးျဖတ္ခ်က္ေၾကာင့္ ဘရိုက္တန္ကို ပင္နယ္တီဂိုးနဲ႕အတူ တမွတ္ခြဲေပးခဲ့ရၿပီး ႏွစ္ဂိုးနစ္နာခဲ့တဲ့ လီဗာပူးလ္ရဲ႕ျဖစ္ရပ္ကို ဂယ္ရီ နဗီးလ္က တြစ္တာမွာ ေလွာင္ေျပာင္ေနဟန္ ဆယ္လ္ဖီကိုတင္ခဲ့ကာ အေက်နပ္ႀကီးေက်နပ္ေနေၾကာင္း ျပသခဲ့။

ဘရိုက္တန္နဲ႕ပြဲမွာ VAR ရဲ႕ ျငင္းပယ္မႈေၾကာင့္ သြင္းဂိုး ၂ဂိုး နစ္နာခဲ့ရလို႔ ဂ်ိမ္းမီလ္နာ အႀကီးအက်ယ္ စိတ္ပ်က္ေနၿပီး အဓိပၸာယ္မဲ့တဲ့ VAR စည္းမ်ဥ္းေတြရဲ႕ ဖ်က္စီးမႈေၾကာင့္ ကစားပြဲေတြကို စိတ္ကုန္သြားၿပီျဖစ္ေၾကာင္း ညည္းတြားခဲ့။

ဘရိုက္တန္ကို ေနာက္က်ပင္နယ္တီေပးဖို႔ ဆုံးျဖတ္ခဲ့တဲ့ လက္ေထာက္ဒိုင္ရဲ႕လုပ္ရပ္ကို ပြဲအၿပီးမွာ လက္ခုပ္တီး ေလွာင္ေျပာင္သြားခဲ့တဲ့ ကေလာ့ပ္ဟာ မေလးစား​မႈ အျပဳအမူေၾကာင့္ FA ရဲ႕ ျပစ္ဒဏ္ခ်မွတ္ခံရဖြယ္ရွိ။

ဘရိုက္တန္နဲ႕ပြဲအၿပီးမွာ ကေလာ့ပ္က လူစားလဲမႈ ၅ ႀကိမ္ခြင့္ျပဳဖို႔ ထပ္ေလာင္းဖိအားေပးခဲ့ၿပီး ဒါဟာ အမ်ားစြပ္စြဲေနသလို မိမိကိုယ္က်ိဳးအတြက္မဟုတ္ဘဲ ဒဏ္ရာေတြ မၾကာခဏရေနတဲ့ ကစားသမားေတြရဲ႕ အက်ိဳးအတြက္သာျဖစ္တယ္လို႔ ေပါက္ကြဲသြားခဲ့။

လီဗာပူးလ္အသင္းဟာ စပို႔တင္းအသင္းရဲ႕ ဘယ္ေနာက္ခံအစြန္လူ ႏူနို မန္ဒက္စ္ကို စိတ္ဝင္တစား ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနၿပီး လူငယ္ၾကယ္ပြင့္ကစားသမားကို အန္ဒီ ေရာ္ဘတ္ဆန္ေနရာ ဆက္ခံဖို႔ ေရရွည္စီစဥ္ထားေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.