Premier League Transfer News

18 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

UNICODE:

-အာဆင္နယ္အသင္းဟာ လာမယ့္ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ အသက္ ၂၀ အရြယ္ ေပၚတိုကြင္းလယ္ကစားသမား ေဖဘီယိုဗီအဲရာကို ေခၚယူဖို႔ စဥ္းစားေနေၾကာင္း သိရၿပီး ေပၚတူဂီလူငယ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ရာသီကုန္ကမွ ပထမအသင္းအတြက္ စတင္ပါ၀င္ကစားခြင့္ရရွိခဲ့သူျဖစ္။

-ေအဂ်က္အသင္းရဲ႕နည္းစနစ္ဒါရိုက္တာအျဖစ္ ၈ ႏွစ္ၾကာ ေဆာင္ရြက္ခဲ့တဲ့ မာ့အိုဗားမားက အာဆင္နယ္အသင္းကို ျပန္လာဖို႔ စိတ္၀င္စားေနတယ္လုိ႔ သိရၿပီး ပရိသတ္ေတြက အီဒူးရဲ႕ေနရာမွာ အစားထိုးတာ၀န္ယူေဆာင္ရြက္ေစခ်င္ေန။

-အာဆင္နယ္အသင္းက ေခၚယူဖို႔ေစာင့္ၾကည့္ေနတဲ့ ဆဲလ္ဘတ္ေနာက္ခံကစားသမား ဒိုမီနစ္ဆေဘာ့ဆလိုင္း ဆဲလ္ဘတ္ရဲ႕ညီအစ္မအသင္းျဖစ္တဲ့ လိုက္ပ္ဇစ္အသင္းကို ေျပာင္းေရႊ႕သြားခဲ့ၿပီျဖစ္ၿပီး လာမယ့္ ေဖေဖာ္၀ါရီလ လီဗာပူးနဲ႔ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ေက်ာနံပါတ္ ၁၇ ၀တ္ဆင္ၿပီး ရင္ဆုိင္သြားမယ္လို႔ သိရ။

-အဆာင္နယ္ဂႏၱ၀င္ကြင္းလယ္ကစားသမား ေရးပါလာက ၂၀၁၅-၂၀၁၆ ရာသီတုန္းက လက္စတာစီးတီးအသင္း ပရီးမီးယားလိဂ္ဖလားရရွိခဲ့သလိုမ်ိဳး အာဆင္နယ္အသင္းလည္း ယခုရာသီမွာ တန္းမဆင္းသြားဘူးလို႔ ႀကိဳမေျပာႏုိင္ေၾကာင္း ၀န္ခံေျပာၾကားခဲ့။

-အလန္ရွီးယားရားက အာဆင္နယ္အသင္းအေနနဲ႔ နည္းျပအာတီတာလိုခ်င္တဲ့ကစားသမားေတြကို လာမယ့္အေျပာင္းအေရႊ႕ေစ်းကြက္ ၂ ခုမွာ အရေခၚယူေပးၿပီး စည္းစည္းလံုးလံုးရွိသင့္ေၾကာင္းနဲ႔ ယခုရာသီမွာ အဆင့္ ၆ သို႔မဟုတ္ ၇ နဲ႔ ရာသီၿပီးဆံုးႏုိင္ေအာင္ ပစ္မွတ္ထားႀကိဳးစားသင့္ေၾကာင္း ေျပာၾကားခဲ့။

-အာဆင္နယ္ဟာ လာမယ့္ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ ဟူဆန္အူ၀ါနဲ႔ အစၥကိုတုိ႔ ၂ ဦးစလံုးကို ေခၚယူဖို႔ စိတ္၀င္စားေနေၾကာင္း Defence Central ရဲ႕သတင္းအရ သိရၿပီး ကြင္းလယ္ၾကယ္ပြင့္ ၂ ဦးထဲက တစ္ဦးကိုသာ ေခၚယူဖို႔ တတ္ႏုိင္မွာ ျဖစ္ေကာင္းျဖစ္ေပမယ့္လည္း အာတီတာက ၂ ဦးစလံုးကို ေခၚယူဖို႔အစီအစဥ္ေတြကို အရွိန္ျမွင့္လုပ္ေဆာင္ခ်င္ေနတာျဖစ္။

-ဘန္ေလအသင္းကို ရံႈးနိမ့္ခဲ့တဲ့ပဲြစဥ္အၿပီးမွာ ကစားသမားေတြကို အ၀တ္လဲခန္းထဲမွာ စကားမေျပာႏုိင္ေလာက္ေအာင္ အရမ္းစိတ္ပ်က္ေဒါသထြက္ေနခဲ့တယ္လုိ႔ သိရၿပီး ေနာက္တစ္ေန႔ ေလ့က်င့္ေရးကြင္းေရာက္မွ စကားေျပာၾကားခဲ့တာျဖစ္။

-အာဆင္နယ္နည္းျပ အာတီတာက ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္ ဒုတိယပိုင္းမွာ အူဘာမီယန္း ဂိုးသြင္းယူႏိုင္ခဲ့တာဟာ အရာအားလံုးေျပာင္းလဲလာေတာ့မယ္လုိ႔ ေမွ်ာ္လင့္မိခဲ့ၿပီး အာဆင္နယ္အသင္းအတြက္ ပြဲစဥ္တုိင္းမွာ ဂိုးေတြစတင္သြင္းယူေတာ့မယ္လုိ႔ ေျပာၾကားခဲ့။

-အာဆင္နယ္ကစားသမားအမ်ားအျပားဟာ နည္းျပအာတီတာကို ၀ီလီယံအေပၚ ဆက္ဆံပံုနဲ႔ပတ္သက္ၿပီး ေဒါသထြက္ေနၾကတယ္လုိ႔ သိရၿပီး ၎တို႔ကိုသာ လူစာရင္းကထုတ္ပယ္ၿပီး သို႔မဟုတ္ ဒဏ္ေငြရိုက္ၿပီး အျပစ္ေပးေလ့ရွိေပမယ့္လည္း အသက္ ၃၂ ႏွစ္အရြယ္ ကြင္းလယ္ၾကယ္ပြင့္ကိုေတာ့ ဘာမွ အျပစ္ေပးဆံုးမျခင္းမရွိဘဲ ပစားေပးထားတယ္လုိ႔ ခံစားေနရတာျဖစ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသက် ၂၀ အရွယ် ပေါ်တိုကွင်းလယ်ကစားသမား ဖေဘီယိုဗီအဲရာကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပြီး ပေါ်တူဂီလူငယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီကုန်ကမှ ပထမအသင်းအတွက် စတင်ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်။

-အေဂျက်အသင်းရဲ့နည်းစနစ်ဒါရိုက်တာအဖြစ် ၈ နှစ်ကြာ ဆောင်ရွက်ခဲ့တဲ့ မာ့အိုဗားမားက အာဆင်နယ်အသင်းကို ပြန်လာဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး ပရိသတ်တွေက အီဒူးရဲ့နေရာမှာ အစားထိုးတာဝန်ယူဆောင်ရွက်စေချင်နေ။

-အာဆင်နယ်အသင်းက ခေါ်ယူဖို့စောင့်ကြည့်နေတဲ့ ဆဲလ်ဘတ်နောက်ခံကစားသမား ဒိုမီနစ်ဆဘော့ဆလိုင်း ဆဲလ်ဘတ်ရဲ့ညီအစ်မအသင်းဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ လီဗာပူးနဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ကျောနံပါတ် ၁၇ ဝတ်ဆင်ပြီး ရင်ဆိုင်သွားမယ်လို့ သိရ။

-အဆာင်နယ်ဂန္တဝင်ကွင်းလယ်ကစားသမား ရေးပါလာက ၂၀၁၅-၂၀၁၆ ရာသီတုန်းက လက်စတာစီးတီးအသင်း ပရီးမီးယားလိဂ်ဖလားရရှိခဲ့သလိုမျိုး အာဆင်နယ်အသင်းလည်း ယခုရာသီမှာ တန်းမဆင်းသွားဘူးလို့ ကြိုမပြောနိုင်ကြောင်း ဝန်ခံပြောကြားခဲ့။

-အလန်ရှီးယားရားက အာဆင်နယ်အသင်းအနေနဲ့ နည်းပြအာတီတာလိုချင်တဲ့ကစားသမားတွေကို လာမယ့်အပြောင်းအရွှေ့ဈေးကွက် ၂ ခုမှာ အရခေါ်ယူပေးပြီး စည်းစည်းလုံးလုံးရှိသင့်ကြောင်းနဲ့ ယခုရာသီမှာ အဆင့် ၆ သို့မဟုတ် ၇ နဲ့ ရာသီပြီးဆုံးနိုင်အောင် ပစ်မှတ်ထားကြိုးစားသင့်ကြောင်း ပြောကြားခဲ့။

-အာဆင်နယ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဟူဆန်အူဝါနဲ့ အစ္စကိုတို့ ၂ ဦးစလုံးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Defence Central ရဲ့သတင်းအရ သိရပြီး ကွင်းလယ်ကြယ်ပွင့် ၂ ဦးထဲက တစ်ဦးကိုသာ ခေါ်ယူဖို့ တတ်နိုင်မှာ ဖြစ်ကောင်းဖြစ်ပေမယ့်လည်း အာတီတာက ၂ ဦးစလုံးကို ခေါ်ယူဖို့အစီအစဉ်တွေကို အရှိန်မြှင့်လုပ်ဆောင်ချင်နေတာဖြစ်။

-ဘန်လေအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ကစားသမားတွေကို အဝတ်လဲခန်းထဲမှာ စကားမပြောနိုင်လောက်အောင် အရမ်းစိတ်ပျက်ဒေါသထွက်နေခဲ့တယ်လို့ သိရပြီး နောက်တစ်နေ့ လေ့ကျင့်ရေးကွင်းရောက်မှ စကားပြောကြားခဲ့တာဖြစ်။

-အာဆင်နယ်နည်းပြ အာတီတာက ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ် ဒုတိယပိုင်းမှာ အူဘာမီယန်း ဂိုးသွင်းယူနိုင်ခဲ့တာဟာ အရာအားလုံးပြောင်းလဲလာတော့မယ်လို့ မျှော်လင့်မိခဲ့ပြီး အာဆင်နယ်အသင်းအတွက် ပွဲစဉ်တိုင်းမှာ ဂိုးတွေစတင်သွင်းယူတော့မယ်လို့ ပြောကြားခဲ့။

-အာဆင်နယ်ကစားသမားအများအပြားဟာ နည်းပြအာတီတာကို ဝီလီယံအပေါ် ဆက်ဆံပုံနဲ့ပတ်သက်ပြီး ဒေါသထွက်နေကြတယ်လို့ သိရပြီး ၎င်းတို့ကိုသာ လူစာရင်းကထုတ်ပယ်ပြီး သို့မဟုတ် ဒဏ်ငွေရိုက်ပြီး အပြစ်ပေးလေ့ရှိပေမယ့်လည်း အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ကိုတော့ ဘာမှ အပြစ်ပေးဆုံးမခြင်းမရှိဘဲ ပစားပေးထားတယ်လို့ ခံစားနေရတာဖြစ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.