Match Report Premier League

အိမ်ကွင်းမှာ စိတ်ကျေနပ်စရာ ဂိုးပြတ်နိုင်ပွဲကို ပြသနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီမှာ ဘယ်နောက်ခံလူနေရာမှာ မန်ဒီကို ပြန်လည်ထည့်သွင်းခဲ့မှုနဲ့အတူ လာပေါ့တ်ကို ဆက်လက်အနား ပေးခဲ့ပြီး ဂျွန်စတုန်းစ်နဲ့ ခင်းကျင်းလာသလို စတာလင်ကို အရန်ခုံမှာပဲ ထားခဲ့ပြီး မာရက်ဇ်နဲ့ ဖယ်ရန် တောရက်စ်တို့ကို ပွဲထုတ်လာခဲ့ပါတယ်။

စောစောစီးစီး ပွဲချိန် ၆ မိနစ်မှာတော့ မန်စီးတီးတို့ Pressing တက်လုပ်ရာကနေ လုယူနိုင်ခဲ့တဲ့ ဘောလုံးကို ဒီဘရိုင်းနားက တစ်ချက်ထိပြီး ညာခြမ်းမှာ လွတ်နေတဲ့ မာရက်ဇ်ရဲ့ ပြေးလမ်းကြောင်းထဲကို ချပေးတာမှာ အယ်လ်ဂျီးရီးယားသားက သူ့ရဲ့ ၆ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်ခဲ့ပြီး အသင်းအတွက် ပထမဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာလည်း မာရက်ဇ်ကပဲ သူ့ရဲ့ ဒုတိယဂိုးကို ထပ်မံသွင်းယူခဲ့ပြီး ဝေါ်လ်ကာရဲ့ လက်ပစ်ဘောကနေ ရရှိတဲ့ ဘောလုံးကို ဘန်လေ နောက်ခံလူတွေဖြစ်ကြတဲ့ ဘန်မီးနဲ့ တာကော့ဗ်စကီးတို့ နှစ်ဦးကို တစ်ကိုယ်တော်အစွမ်းနဲ့ ကျော်ဖြတ်ပြီးမှ အဝေးတိုင်ဘက်ကို ကန်သွင်းယူခဲ့တာပါ။

ပထမပိုင်းမပြီးခင် ပွဲချိန် ၄၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ရလာတဲ့ ဘောလုံးကို ဒီဘရိုင်းနားက အကွက်မြင်မြင်နဲ့ ဂိုးဧရိယာရဲ့ ဘယ်ခြမ်းကို ဝိုက်တင်ပေးခဲ့ရာမှာ နောက်ခံလူ မန်ဒီက အနိမ့်ဘော ပိတ်သွင်းယူသွားခဲ့လို့ ပထမပိုင်းမှာ မန်စီးတီးတို့ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ မန်စီးတီးတို့ ဂိုးထပ်သွင်းနိုင်ဖို့ တော်တော်လေး အချိန်ယူခဲ့ရပြီး ပွဲချိန် ၆၆ မိနစ်မှာမှ ညာနောက်ခံလူ ဝေါ်လ်ကာ ချိုးပေးတာကို ဂျေဆူးစ်က ထိန်းပြီး ပြန်ချပေးခဲ့ရာမှာ ဖယ်ရန် တောရက်စ်က အနီးကပ် ပိတ်သွင်းပြီး စတုတ္ထဂိုးကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ လူစားဝင်လာတဲ့ ဖိုဒန်က တန်ပြန်တိုက်စစ်က ဘောလုံးကို ရယူပြီး ဘယ်ခြမ်းကနေ ဖြတ်တင်ပေးရာမှာ ညာက အဆင်သင့် ချိန်သားကိုက် ပြေးဝင်လာခဲ့တဲ့ မာရက်ဇ်က ခေါင်းတိုက်ပြီး သူ့ရဲ့ မန်စီးတီးကစားသမားဘဝ ပထမဆုံး ဟက်ထရစ်ကို သွင်းယူခဲ့ပါတယ်။ ဒီဟက်ထရစ်ကတော့ ညာခြေနဲ့ ကန်ဖို့ လိုအပ်နေခဲ့တာကြောင့် Perfect Hat-Trick ဖြစ်ခွင့်နဲ့တော့ လွဲချော်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ခြေဖျားလောက် ရှေ့ရောက်တာကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ နင်းကန်လူကျွံဘောဖမ်းတတ်တဲ့ ပရီးမီယားလိဂ်ရဲ့ အထာအရ ဂျေဆူးစ်ရဲ့ဂိုးကို ဂိုးသမား ကိုယ့်ဂိုးကိုယ်သွင်းမိတာ ပယ်ဖျက်ပေးခဲ့လို့ စီးတီးတို့ ဂိုးဒါဇင်ဝက်ရခွင်နဲ့တော့ လွဲချော်ခဲ့ရပြီး အရင်ပွဲတွေထက် ပိုကောင်းလာတဲ့ တိုက်စစ်ဆင်မှုတွေနဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာကို တက်ရောက်လာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီမွာ ဘယ္ေနာက္ခံလူေနရာမွာ မန္ဒီကို ျပန္လည္ထည့္သြင္းခဲ့မႈနဲ႔အတူ လာေပါ့တ္ကို ဆက္လက္အနား ေပးခဲ့ၿပီး ဂြၽန္စတုန္းစ္နဲ႔ ခင္းက်င္းလာသလို စတာလင္ကို အရန္ခုံမွာပဲ ထားခဲ့ၿပီး မာရက္ဇ္နဲ႔ ဖယ္ရန္ ေတာရက္စ္တို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

ေစာေစာစီးစီး ပြဲခ်ိန္ ၆ မိနစ္မွာေတာ့ မန္စီးတီးတို႔ Pressing တက္လုပ္ရာကေန လုယူႏိုင္ခဲ့တဲ့ ေဘာလုံးကို ဒီဘ႐ိုင္းနားက တစ္ခ်က္ထိၿပီး ညာျခမ္းမွာ လြတ္ေနတဲ့ မာရက္ဇ္ရဲ႕ ေျပးလမ္းေၾကာင္းထဲကို ခ်ေပးတာမွာ အယ္လ္ဂ်ီးရီးယားသားက သူ႔ရဲ႕ ၆ ပြဲဆက္ ဂိုးေပါက္ေပ်ာက္ဆုံးမႈကို အဆုံးသတ္ခဲ့ၿပီး အသင္းအတြက္ ပထမဂိုးကို ရယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာလည္း မာရက္ဇ္ကပဲ သူ႔ရဲ႕ ဒုတိယဂိုးကို ထပ္မံသြင္းယူခဲ့ၿပီး ေဝၚလ္ကာရဲ႕ လက္ပစ္ေဘာကေန ရရွိတဲ့ ေဘာလုံးကို ဘန္ေလ ေနာက္ခံလူေတြျဖစ္ၾကတဲ့ ဘန္မီးနဲ႔ တာေကာ့ဗ္စကီးတို႔ ႏွစ္ဦးကို တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ေက်ာ္ျဖတ္ၿပီးမွ အေဝးတိုင္ဘက္ကို ကန္သြင္းယူခဲ့တာပါ။

ပထမပိုင္းမၿပီးခင္ ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ရလာတဲ့ ေဘာလုံးကို ဒီဘ႐ိုင္းနားက အကြက္ျမင္ျမင္နဲ႔ ဂိုးဧရိယာရဲ႕ ဘယ္ျခမ္းကို ဝိုက္တင္ေပးခဲ့ရာမွာ ေနာက္ခံလူ မန္ဒီက အနိမ့္ေဘာ ပိတ္သြင္းယူသြားခဲ့လို႔ ပထမပိုင္းမွာ မန္စီးတီးတို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ မန္စီးတီးတို႔ ဂိုးထပ္သြင္းႏိုင္ဖို႔ ေတာ္ေတာ္ေလး အခ်ိန္ယူခဲ့ရၿပီး ပြဲခ်ိန္ ၆၆ မိနစ္မွာမွ ညာေနာက္ခံလူ ေဝၚလ္ကာ ခ်ိဳးေပးတာကို ေဂ်ဆူးစ္က ထိန္းၿပီး ျပန္ခ်ေပးခဲ့ရာမွာ ဖယ္ရန္ ေတာရက္စ္က အနီးကပ္ ပိတ္သြင္းၿပီး စတုတၳဂိုးကို ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ လူစားဝင္လာတဲ့ ဖိုဒန္က တန္ျပန္တိုက္စစ္က ေဘာလုံးကို ရယူၿပီး ဘယ္ျခမ္းကေန ျဖတ္တင္ေပးရာမွာ ညာက အဆင္သင့္ ခ်ိန္သားကိုက္ ေျပးဝင္လာခဲ့တဲ့ မာရက္ဇ္က ေခါင္းတိုက္ၿပီး သူ႔ရဲ႕ မန္စီးတီးကစားသမားဘဝ ပထမဆုံး ဟက္ထရစ္ကို သြင္းယူခဲ့ပါတယ္။ ဒီဟက္ထရစ္ကေတာ့ ညာေျခနဲ႔ ကန္ဖို႔ လိုအပ္ေနခဲ့တာေၾကာင့္ Perfect Hat-Trick ျဖစ္ခြင့္နဲ႔ေတာ့ လြဲေခ်ာ္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ေျခဖ်ားေလာက္ ေရွ႕ေရာက္တာကို ဂုဏ္ယူဝင့္ႂကြားစြာနဲ႔ နင္းကန္လူကြၽံေဘာဖမ္းတတ္တဲ့ ပရီးမီယားလိဂ္ရဲ႕ အထာအရ ေဂ်ဆူးစ္ရဲ႕ဂိုးကို ဂိုးသမား ကိုယ့္ဂိုးကိုယ္သြင္းမိတာ ပယ္ဖ်က္ေပးခဲ့လို႔ စီးတီးတို႔ ဂိုးဒါဇင္ဝက္ရခြင္နဲ႔ေတာ့ လြဲေခ်ာ္ခဲ့ရၿပီး အရင္ပြဲေတြထက္ ပိုေကာင္းလာတဲ့ တိုက္စစ္ဆင္မႈေတြနဲ႔အတူ အမွတ္ေပးဇယားရဲ႕ အဆင့္ ၈ ေနရာကို တက္ေရာက္လာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.