Premier League

မန်စီးတီး ၅-၀ ဘန်လေပွဲအပြီး မှတ်မှတ်သားသား ပြောစရာ ၅ ချက်

အားကိုးထိုက်ကြောင်း ပြခဲ့တဲ့ ဂျွန်စတုန်းစ်နဲ့ ဘန်ဂျမင် မန်ဒီ – ဂွာဒီယိုလာရှေ့မှောက်မှာ အားကိုးထိုက်ကြောင်း ပြနိုင်ခဲ့တဲ့ ဂျွန်စတုန်းစ်နဲ့ ဘန်ဂျမင် မန်ဒီတို့ဟာ ဒီပွဲမှာ နည်းပြရဲ့ ယုံကြည်မှုကို အပြည့်အဝ ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာ လျော့တိလျော့ရဲနဲ့ ပျော့လွန်းတဲ့ စီးတီးခံစစ်ကြောင်းက ဝေဖန်မှုပေါင်းစုံကို ခံယူနေရတာ ဖြစ်ပါတယ်။ မန်စီးတီးရဲ့ ပေးဂိုးမရှိ Clean Sheet ရလဒ်အတွက် သူတို့နှစ်ဦးကို မဖြစ်မနေ ဂုဏ်ပြုရမှာပါ။ မန်ဒီက ဘယ်ခြမ်းတလျှောက်မှာ အစွယ်အပြည့်နဲ့ ဘန်လေကို ခြိမ်းခြောက်ခဲ့ပြီး ဂျွန်စတုန်းကလည်း ရူဘင် ဒီးယာ့စ်ရဲ့ တွဲဖက်မှုနဲ့အ​တူ ဒီပွဲ တလျှောက်လုံး စိတ်ချခဲ့ရပါတယ်။

တလွဲနည်းဗျူဟာတွေနဲ့ ရှောင်ဒိုက် – ဘန်လေးနည်းပြ ရှောင်ဒိုက်က မန်စီးတီးရဲ့ နည်းဗျူဟာအောက်မှာ အတုံးအရုံး ကျရှူံးခဲ့ပြီး သူ့ရဲ့ တလွဲနည်းဗျူဟာတွေကြောင့် အလွဲအမှား ပေးဆပ်မှု ကြီးမားခဲ့လို့ ဘန်လေကို မရှုမလှ ဖြစ်စေခဲ့ပါတယ်။ မန်စီးတီးရဲ့ တိုက်စစ်စီးဆင်းမှုတွေမှာ ရှောင်ဒိုက်ဘက်က အဖြေမရှိခဲ့ပါဘူး။

ကိုယ့်သေတွင်းကိုယ်တူးခဲ့တဲ့ ဘန်လေ – စီးတီးလို အသင်း​မျိုးကို တော်ရိလျော်ရိ ခြေစွမ်းမျိုးနဲ့ ပွဲထွက်လာခဲ့တဲ့ ဘန်လေက ကိုယ့်သေတွင်း ကိုယ်တူးခဲ့ရုံသက်သက်ပါပဲ။ ဒီရှုံးပွဲအတွက် ဘန်လေမှာ ဆင်​ခြေပြ ကာကွယ်စရာ ​ခြေစွမ်းမျိုးတောင် မရှိခဲ့ပါဘူး။ မန်စီးတီးရဲ့ ပြုသမျှ နုခဲ့ရပြီး အပြစ်ထောက်ဖို့ ကိုယ့်အသင်းရဲ့ ညံ့ဖျင်းတဲ့ခြေစွမ်းကို ပြန်လက်ညှိုးထိုးရုံသာ ရှိပါတယ်။

ဒီဘရိုင်းနား နဲ့ မာရက်ဇ်တို့ရဲ့ အနိုင်မခံ အရှုံးမပေးတဲ့သွေး – ဒီပွဲရဲ့ အကောင်းဆုံးကစားသမား နှစ်ယောက်အဖြစ် အရင်ဆုံး ချီးကျူးရမှာပါ။ ပြောစရာရှိတာက ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်နေရတဲ့ မာရက်ဇ်က ပြစ်မျိုးမှဲ့မထင်တဲ့ အပြီးပြည်စုံဆုံး ခြေစွမ်းမျိုးကို ထုတ်ပြသွားခဲ့သလို မန်စီးတီးမှာ သူ့ရဲ့ ပထမဆုံး ဟက်ထရစ်ကို ရယူသွားခဲ့ပါတယ်။ ယုံကြည်ချက် ပြန်ရလာတဲ့ ဒီဘရိုင်းနားက ဘန်လေရဲ့ ခံစစ်ကို အချိန်ပြည့် နှိပ်စက်သွားခဲ့သလို မာရက်ဇ်ရဲ့ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးသွားခဲ့ပြီး ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဝေဖန်မှုတွေကြားထဲက ပြန်လည်ရှင်သန်လာခဲ့ကြတဲ့ ဒီဘရိုင်းနား နဲ့ မာရက်ဇ်တို့ရဲ့ အနိုင်မခံ အရှုံးမပေးတဲ့သွေးကို မြင်ခဲ့ကြမှာပါ။

လိုနေတာ ပြန်ရခဲ့တဲ့ မန်စီးတီး – ဒီရာသီ မန်စီးတီးက မကောင်းဘူးပြောရခက်သလို နဂိုမန်စီးတီးထက် အလုံးအရပ် လျော့ကျနေတာကိုတော့ ပရိသတ်တွေက မချင့်မရဲ ဖြစ်နေခဲ့ရပါတယ်။ ဒီနေ့ပွဲမှာတော့ စီးတီးက လိုနေတာကို ပြန်ရခဲ့ပြီး အဲ့ဒါက လုပ်တိုင်းဖြစ်၊ ဖြစ်တဲ့အတိုင်း ဂိုးမြူးခဲ့သလို ပြိုင်ဘက်အသင်းကို အပြတ်အသတ် စိုးမိုးသွားနိုင်ခဲ့တာပါပဲ။ ဂွာဒီယိုလာရဲ့အသင်း​က ဘန်လေကို အချိန်ပြည့်နီးပါး အရူးလုပ်သွားခဲ့ပြီး ဂိုးပြတ် ခြေပြတ်နဲ့ ပွဲသိမ်းနိုင်ခဲ့ပါတယ်။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အားကိုးထိုက္ေၾကာင္း ျပခဲ့တဲ့ ဂြၽန္စတုန္းစ္နဲ႕ ဘန္ဂ်မင္ မန္ဒီ – ဂြာဒီယိုလာေရွ႕ေမွာက္မွာ အားကိုးထိုက္ေၾကာင္း ျပနိုင္ခဲ့တဲ့ ဂြၽန္စတုန္းစ္နဲ႕ ဘန္ဂ်မင္ မန္ဒီတို႔ဟာ ဒီပြဲမွာ နည္းျပရဲ႕ ယုံၾကည္မႈကို အျပည့္အဝ ျပန္သိမ္းပိုက္နိုင္ခဲ့ပါတယ္။ ဒီရာသီမွာ ေလ်ာ့တိေလ်ာ့ရဲနဲ႕ ေပ်ာ့လြန္းတဲ့ စီးတီးခံစစ္ေၾကာင္းက ေဝဖန္မႈေပါင္းစုံကို ခံယူေနရတာ ျဖစ္ပါတယ္။ မန္စီးတီးရဲ႕ ေပးဂိုးမရွိ Clean Sheet ရလဒ္အတြက္ သူတို႔ႏွစ္ဦးကို မျဖစ္မေန ဂုဏ္ျပဳရမွာပါ။ မန္ဒီက ဘယ္ျခမ္းတေလွ်ာက္မွာ အစြယ္အျပည့္နဲ႕ ဘန္ေလကို ၿခိမ္းေျခာက္ခဲ့ၿပီး ဂြၽန္စတုန္းကလည္း ႐ူဘင္ ဒီးယာ့စ္ရဲ႕ တြဲဖက္မႈနဲ႕အ​တူ ဒီပြဲ တေလွ်ာက္လုံး စိတ္ခ်ခဲ့ရပါတယ္။

တလြဲနည္းဗ်ဴဟာေတြနဲ႕ ေရွာင္ဒိုက္ – ဘန္ေလးနည္းျပ ေရွာင္ဒိုက္က မန္စီးတီးရဲ႕ နည္းဗ်ဴဟာေအာက္မွာ အတုံးအ႐ုံး က်ရႉံးခဲ့ၿပီး သူ႕ရဲ႕ တလြဲနည္းဗ်ဴဟာေတြေၾကာင့္ အလြဲအမွား ေပးဆပ္မႈ ႀကီးမားခဲ့လို႔ ဘန္ေလကို မရႈမလွ ျဖစ္ေစခဲ့ပါတယ္။ မန္စီးတီးရဲ႕ တိုက္စစ္စီးဆင္းမႈေတြမွာ ေရွာင္ဒိုက္ဘက္က အေျဖမရွိခဲ့ပါဘူး။

ကိုယ့္ေသတြင္းကိုယ္တူးခဲ့တဲ့ ဘန္ေလ – စီးတီးလို အသင္း​မ်ိဳးကို ေတာ္ရိေလ်ာ္ရိ ေျခစြမ္းမ်ိဳးနဲ႕ ပြဲထြက္လာခဲ့တဲ့ ဘန္ေလက ကိုယ့္ေသတြင္း ကိုယ္တူးခဲ့႐ုံသက္သက္ပါပဲ။ ဒီရႈံးပြဲအတြက္ ဘန္ေလမွာ ဆင္​ေျချပ ကာကြယ္စရာ ​ေျခစြမ္းမ်ိဳးေတာင္ မရွိခဲ့ပါဘူး။ မန္စီးတီးရဲ႕ ျပဳသမွ် ႏုခဲ့ရၿပီး အျပစ္ေထာက္ဖို႔ ကိုယ့္အသင္းရဲ႕ ညံ့ဖ်င္းတဲ့ေျခစြမ္းကို ျပန္လက္ညွိုးထိုး႐ုံသာ ရွိပါတယ္။

ဒီဘရိုင္းနား နဲ႕ မာရက္ဇ္တို႔ရဲ႕ အနိုင္မခံ အရႈံးမေပးတဲ့ေသြး – ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမား ႏွစ္ေယာက္အျဖစ္ အရင္ဆုံး ခ်ီးက်ဴးရမွာပါ။ ေျပာစရာရွိတာက ေဝဖန္မႈတခ်ိဳ႕နဲ႕ ရင္ဆိုင္ေနရတဲ့ မာရက္ဇ္က ျပစ္မ်ိဳးမွဲ႕မထင္တဲ့ အၿပီးျပည္စုံဆုံး ေျခစြမ္းမ်ိဳးကို ထုတ္ျပသြားခဲ့သလို မန္စီးတီးမွာ သူ႕ရဲ႕ ပထမဆုံး ဟက္ထရစ္ကို ရယူသြားခဲ့ပါတယ္။ ယုံၾကည္ခ်က္ ျပန္ရလာတဲ့ ဒီဘရိုင္းနားက ဘန္ေလရဲ႕ ခံစစ္ကို အခ်ိန္ျပည့္ ႏွိပ္စက္သြားခဲ့သလို မာရက္ဇ္ရဲ႕ အဖြင့္ဂိုးကိုလည္း ဖန္တီးေပးသြားခဲ့ၿပီး ဂိုးဖန္တီးမႈႏွစ္ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါတယ္။ ေဝဖန္မႈေတြၾကားထဲက ျပန္လည္ရွင္သန္လာခဲ့ၾကတဲ့ ဒီဘရိုင္းနား နဲ႕ မာရက္ဇ္တို႔ရဲ႕ အနိုင္မခံ အရႈံးမေပးတဲ့ေသြးကို ျမင္ခဲ့ၾကမွာပါ။

လိုေနတာ ျပန္ရခဲ့တဲ့ မန္စီးတီး – ဒီရာသီ မန္စီးတီးက မေကာင္းဘူးေျပာရခက္သလို နဂိုမန္စီးတီးထက္ အလုံးအရပ္ ေလ်ာ့က်ေနတာကိုေတာ့ ပရိသတ္ေတြက မခ်င့္မရဲ ျဖစ္ေနခဲ့ရပါတယ္။ ဒီေန႕ပြဲမွာေတာ့ စီးတီးက လိုေနတာကို ျပန္ရခဲ့ၿပီး အဲ့ဒါက လုပ္တိုင္းျဖစ္၊ ျဖစ္တဲ့အတိုင္း ဂိုးျမဴးခဲ့သလို ၿပိဳင္ဘက္အသင္းကို အျပတ္အသတ္ စိုးမိုးသြားနိုင္ခဲ့တာပါပဲ။ ဂြာဒီယိုလာရဲ႕အသင္း​က ဘန္ေလကို အခ်ိန္ျပည့္နီးပါး အ႐ူးလုပ္သြားခဲ့ၿပီး ဂိုးျပတ္ ေျချပတ္နဲ႕ ပြဲသိမ္းနိုင္ခဲ့ပါတယ္။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.