Premier League

ဘရိုက်တန် ၁-၁ လီဗာပူးလ်ပွဲအပြီး မှတ်မှတ်သားသား ပြောစရာ ၅ ချက်

တဖွတ်ဖွတ်မြည်နေတဲ့ လီဗာပူးလ် – ဒီပွဲက လီဗာပူးလ်က အတုလားလို့တောင် မေးစရာရှိပါတယ်။ ​အရင်နဲ့မတူဘဲ ခြေစွမ်းအရှိန်ထိုးကျသွားခဲ့ပြီး တဖွတ်ဖွတ်မြည်နေတဲ့ လီဗာပူးလ်အဖြစ် မြင်ခဲ့ရသလို မိုင်ကုန်တင်မောင်းနေတဲ့ လီဗာပူးလ် ပျောက်ဆုံးနေခဲ့ပါတယ်။ ပင်နယ်တီပေးခဲ့ရတဲ့ အငြင်းပွားဖွယ်ရာ VAR ဆုံးဖြတ်ချက်ကို လက်ညှိုးထိုးစရာ ရှိပေမယ့် ဘရိုက်တန်ခြေစွမ်းက အနိမ့်ဆုံးတမှတ်ရထိုက်တဲ့ ခြေစွမ်းမျိုးအဖြစ် လီဗာပူးလ်တို့ ခွင့်ပြုခဲ့ရတယ်။ ဒီအခြေအနေအတိုင်းသာ ရှေ့ဆက်နေရင်တော့ လက်ရှိချန်ပီယံအသင်းဟာ ချန်ပီယံဆုကာကွယ်ဖို့ အတော်လေးရုန်းကန်သွားရတော့မယ့် အလားအလာကို မြင်တွေ့ခဲ့ရပါတယ်။

ဂျိုတာ သိပ်လှလာတယ် – ဂိုးရဖို့ အကူအညီလိုနေတဲ့ လီဗာပူးလ်ကို တကိုယ်တော်ခြေစွမ်းနဲ့ ဦးဆောင်ဂိုးရအောင် အားကုန်ထုတ်ခဲ့တဲ့ ဂျိုတာက ဒီပွဲမှာ လှသထက်ပိုလှခဲ့ပါတယ်။ ကလော့ပ်ရဲ့အကျပ်အတည်းမှာ မရှိမဖြစ်လူအင်အားထဲ သူက စာရင်းပေါက်ဖို့ ရာနှုန်းပြည့် သေချာနေပါပြီ။ စွန့်ပစ်ရင် မှားသွားမယ်ဆိုတာကို ဆက်တိုက်သက်သေပြလာခဲ့တဲ့ ဂျိုတာဟာ လီဗာပူးလ်ရဲ့ ၁၄ ပွဲမှာ ၉ ဂိုးသွင်းသူဖြစ်လာပြီး ဒီပွဲမှာ လီဗာပူးလ်အတွက် ရလဒ်က စိတ်ပျက်စရာကောင်းပေမယ့် ဂျိုတာ သိပ်လှခဲ့ပါတယ်။

အခရာအကျဆုံး ဟန်ဒါဆန် – လီဗာပူးလ်ရဲ့ ယန္တရားမှာ အခရာအကျဆုံး ခွေးသွားစိတ်ဖြစ်တယ်ဆိုတာကို အရန်ခုံက ထလာပြီး ​အဆင့်မီခြေစွမ်းနဲ့ အသင်းကိုအကျိုးပြုခဲ့တဲ့ ဟန်ဒါဆန်က ထင်ထင်ရှားရှား ပြသွားခဲ့ပါတယ်။ ကွင်းလယ်မှာ စိုးမိုးဖို့ တွန့်ဆုတ်နေပြီး တိုက်စစ်မှာ အသက်မဲ့နေခဲ့တဲ့ လီဗာပူးလ်ဟာ ဒုတိယပိုင်းမှာ ဟန်ဒါဆန်ကြောင့် တောက်ပခဲ့ပြီး ယုံကြည်ချက်ပိုရှိလာတယ်။ သူသာ ပွဲထွက်နိုင်ခဲ့ရင် အခုရလဒ်က တမျိုးဖြစ်သွားနိုင်တယ်လို့ မှတ်ချက်ပေးရမှာပါ။

ပရမ်းပတာ လီဗာပူးလ်ခံစစ် – လီဗာပူးလ်ရဲ့ ဒီရာသီ ၁၆ ပွဲမှာ ၁၁ ပွဲက မတူညီတဲ့ ဗဟိုခံစစ်အတွဲတွေကို ပွဲထုတ်ခဲ့ရတာဖြစ်ပြီး အသင်းမှာ ဖာဘင်ညိုနဲ့ နက်ဖီးလစ်တို့ တွဲဖက်ရမယ်ဆိုတာ ဘယ်သူမှမထင်ထားတဲ့ ကိစ္စပါ။ မထင်ထားတဲ့အတိုင်း တကယ်ဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အားထုတ်မှုကို အပြစ်ဆိုစရာ မရှိပေမယ့် တိုးအား၊ ရုန်းအားကောင်းတဲ့ ဘရိုက်တန်တိုက်စစ်မှူး ကော်နော်လီရဲ့လက်ထဲမှာ လီဗာပူးလ်ခံစစ်ဟာ ပရမ်းပတာနဲ့ အသက်ရှုကျပ်နေခဲ့ပါတယ်။ High line defense ကစားတာက ဗန်ဒိုက်နဲ့ ဂိုးမက်ဇ်မပါရင် အလုပ်မဖြစ်ဘူးလို့ ကလော့ပ်ကို သင်ခန်းစာပေးခဲ့တဲ့ ပွဲပါပဲ။ ပွဲကျပ်ကာလမှာ ရှိတာနဲ့ လှအောင်ဆင်နိုင်ဖို့ ကလော့ပ်အတွက် ရုန်းကန်စရာဖြစ်လာပါပြီ။

ဒဏ်ရာအိပ်မက်ဆိုးတွေ မဆုံးနိုင်သေးတဲ့ ကလော့ပ် – ဒီနေ့ပွဲမှာတင် နှစ်ဖက်အသင်းရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာအကျပ်အတည်းများပြားခဲ့တာက ပရီးမီးယားလိဂ်အသင်းတွေရဲ့ နောက်ဆုံးခံနိုင်ရည်အမှတ်ကို ကြေငြာနေသလိုပါပဲ။ ဘရိုက်တန်ရဲ့ မော်ပေးနဲ့ လယ်လာနာတို့ လူစားလဲခဲ့ရသလို လီဗာပူးလ်ရဲ့ စွယ်စုံအားကိုးရသူ ဂျိမ်းစ်မီလ်နာကိုလည်း ဒုတိယပိုင်းမှာ လူလဲခဲ့ရပါတယ်။ ပွဲစဥ်ဇယားရေးဆွဲမှုကို ကလော့ပ်ဒေါသထွက်ခဲ့တာ မမှားဘူးဆိုတာ ပြသခဲ့တဲ့ အ​​ခြေအနေတရပ် ဖြစ်ခဲ့ပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တဖြတ္ဖြတ္ျမည္ေနတဲ့ လီဗာပူးလ္ – ဒီပြဲက လီဗာပူးလ္က အတုလားလို႔ေတာင္ ေမးစရာရွိပါတယ္။ ​အရင္နဲ႕မတူဘဲ ေျခစြမ္းအရွိန္ထိုးက်သြားခဲ့ၿပီး တဖြတ္ဖြတ္ျမည္ေနတဲ့ လီဗာပူးလ္အျဖစ္ ျမင္ခဲ့ရသလို မိုင္ကုန္တင္ေမာင္းေနတဲ့ လီဗာပူးလ္ ေပ်ာက္ဆုံးေနခဲ့ပါတယ္။ ပင္နယ္တီေပးခဲ့ရတဲ့ အျငင္းပြားဖြယ္ရာ VAR ဆုံးျဖတ္ခ်က္ကို လက္ညွိုးထိုးစရာ ရွိေပမယ့္ ဘရိုက္တန္ေျခစြမ္းက အနိမ့္ဆုံးတမွတ္ရထိုက္တဲ့ ေျခစြမ္းမ်ိဳးအျဖစ္ လီဗာပူးလ္တို႔ ခြင့္ျပဳခဲ့ရတယ္။ ဒီအေျခအေနအတိုင္းသာ ေရွ႕ဆက္ေနရင္ေတာ့ လက္ရွိခ်န္ပီယံအသင္းဟာ ခ်န္ပီယံဆုကာကြယ္ဖို႔ အေတာ္ေလး႐ုန္းကန္သြားရေတာ့မယ့္ အလားအလာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဂ်ိဳတာ သိပ္လွလာတယ္ – ဂိုးရဖို႔ အကူအညီလိုေနတဲ့ လီဗာပူးလ္ကို တကိုယ္ေတာ္ေျခစြမ္းနဲ႕ ဦးေဆာင္ဂိုးရေအာင္ အားကုန္ထုတ္ခဲ့တဲ့ ဂ်ိဳတာက ဒီပြဲမွာ လွသထက္ပိုလွခဲ့ပါတယ္။ ကေလာ့ပ္ရဲ႕အက်ပ္အတည္းမွာ မရွိမျဖစ္လူအင္အားထဲ သူက စာရင္းေပါက္ဖို႔ ရာႏႈန္းျပည့္ ေသခ်ာေနပါၿပီ။ စြန့္ပစ္ရင္ မွားသြားမယ္ဆိုတာကို ဆက္တိုက္သက္ေသျပလာခဲ့တဲ့ ဂ်ိဳတာဟာ လီဗာပူးလ္ရဲ႕ ၁၄ ပြဲမွာ ၉ ဂိုးသြင္းသူျဖစ္လာၿပီး ဒီပြဲမွာ လီဗာပူးလ္အတြက္ ရလဒ္က စိတ္ပ်က္စရာေကာင္းေပမယ့္ ဂ်ိဳတာ သိပ္လွခဲ့ပါတယ္။

အခရာအက်ဆဳံး ဟန္ဒါဆန္ – လီဗာပူးလ္ရဲ႕ ယႏၱရားမွာ အခရာအက်ဆဳံး ေခြးသြားစိတ္ျဖစ္တယ္ဆိုတာကို အရန္ခုံက ထလာၿပီး ​အဆင့္မီေျခစြမ္းနဲ႕ အသင္းကိုအက်ိဳးျပဳခဲ့တဲ့ ဟန္ဒါဆန္က ထင္ထင္ရွားရွား ျပသြားခဲ့ပါတယ္။ ကြင္းလယ္မွာ စိုးမိုးဖို႔ တြန့္ဆုတ္ေနၿပီး တိုက္စစ္မွာ အသက္မဲ့ေနခဲ့တဲ့ လီဗာပူးလ္ဟာ ဒုတိယပိုင္းမွာ ဟန္ဒါဆန္ေၾကာင့္ ေတာက္ပခဲ့ၿပီး ယုံၾကည္ခ်က္ပိုရွိလာတယ္။ သူသာ ပြဲထြက္နိုင္ခဲ့ရင္ အခုရလဒ္က တမ်ိဳးျဖစ္သြားနိုင္တယ္လို႔ မွတ္ခ်က္ေပးရမွာပါ။

ပရမ္းပတာ လီဗာပူးလ္ခံစစ္ – လီဗာပူးလ္ရဲ႕ ဒီရာသီ ၁၆ ပြဲမွာ ၁၁ ပြဲက မတူညီတဲ့ ဗဟိုခံစစ္အတြဲေတြကို ပြဲထုတ္ခဲ့ရတာျဖစ္ၿပီး အသင္းမွာ ဖာဘင္ညိုနဲ႕ နက္ဖီးလစ္တို႔ တြဲဖက္ရမယ္ဆိုတာ ဘယ္သူမွမထင္ထားတဲ့ ကိစၥပါ။ မထင္ထားတဲ့အတိုင္း တကယ္ျဖစ္လာခဲ့ပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ အားထုတ္မႈကို အျပစ္ဆိုစရာ မရွိေပမယ့္ တိုးအား၊ ႐ုန္းအားေကာင္းတဲ့ ဘရိုက္တန္တိုက္စစ္မႉး ေကာ္ေနာ္လီရဲ႕လက္ထဲမွာ လီဗာပူးလ္ခံစစ္ဟာ ပရမ္းပတာနဲ႕ အသက္ရႈက်ပ္ေနခဲ့ပါတယ္။ High line defense ကစားတာက ဗန္ဒိုက္နဲ႕ ဂိုးမက္ဇ္မပါရင္ အလုပ္မျဖစ္ဘူးလို႔ ကေလာ့ပ္ကို သင္ခန္းစာေပးခဲ့တဲ့ ပြဲပါပဲ။ ပြဲက်ပ္ကာလမွာ ရွိတာနဲ႕ လွေအာင္ဆင္နိုင္ဖို႔ ကေလာ့ပ္အတြက္ ႐ုန္းကန္စရာျဖစ္လာပါၿပီ။

ဒဏ္ရာအိပ္မက္ဆိုးေတြ မဆုံးနိုင္ေသးတဲ့ ကေလာ့ပ္ – ဒီေန႕ပြဲမွာတင္ ႏွစ္ဖက္အသင္းရဲ႕ အဓိက ကစားသမားေတြ ဒဏ္ရာအက်ပ္အတည္းမ်ားျပားခဲ့တာက ပရီးမီးယားလိဂ္အသင္းေတြရဲ႕ ေနာက္ဆုံးခံနိုင္ရည္အမွတ္ကို ေၾကျငာေနသလိုပါပဲ။ ဘရိုက္တန္ရဲ႕ ေမာ္ေပးနဲ႕ လယ္လာနာတို႔ လူစားလဲခဲ့ရသလို လီဗာပူးလ္ရဲ႕ စြယ္စုံအားကိုးရသူ ဂ်ိမ္းစ္မီလ္နာကိုလည္း ဒုတိယပိုင္းမွာ လူလဲခဲ့ရပါတယ္။ ပြဲစဥ္ဇယားေရးဆြဲမႈကို ကေလာ့ပ္ေဒါသထြက္ခဲ့တာ မမွားဘူးဆိုတာ ျပသခဲ့တဲ့ အ​​ေျခအေနတရပ္ ျဖစ္ခဲ့ပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.