Premier League

ပရီးမီးယားလိဂ် ပွဲစဥ် ၁၀ ​အတွက် အိုဝင်ရဲ့ ခန့်မှန်းချက်များ

လက်စတာ VS ဖူလ်ဟမ် – လီဗာပူးလ်ကို ရှုံးထားတဲ့ လက်စတာတို့ အကောင်းဆုံး ပြန်လည်ရုန်းထရမယ့်ပွဲဖြစ်ပြီး တန်းဆင်းဇုန်ထဲက ဖူလ်ဟမ်အသင်းကို သက်သောင့်သက်သာ အနိုင်သွားဖို့ရှိနေပြီး အိုဝင်ရဲ့ခန့်မှန်းမှုက လက်စတာတို့ ခြေပြတ် ဂိုးပြတ်နဲ့ ပွဲသိမ်းနိုင်မယ်လို့ ဆိုပါတယ်။

ဘရိုက်တန် VS လီဗာပူးလ် – အဝေးကွင်းမှာ သွားရောက်ကစားရမယ့် လီဗာပူးလ်ဟာ ပင်လယ်ဖျံတို့ကို သေချာပေါက် အနိုင်ကစားသွားမှာဖြစ်တယ်လို့ အိုဝင်က ခန့်မှန်းမှုပြုလုပ်ထားခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ ပွဲကျပ်ကစားရမယ့် စပါးကိုကျော်ဖြတ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းဖို့အတွက် လီဗာပူးလ်တို့ ဒီပွဲမှာ မဖြစ်မနေ အနိုင် ၃ မှတ် ရယူသွားဖို့ ရှိနေပါတယ်။ အိုဝင်က နှစ်ဖက်အသင်း အပြန်အလှန် ဂိုးသွင်းမယ်လို့ ခန့်မှန်းထားပါတယ်။

အာဆင်နယ် VS ဝုဗ်စ် – အမ်းမရိတ်စ်မြေမှာ ဧည့်ခံကစားရမယ့် အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ဂိုးပေါက်ကို ပြန်ရှာတွေ့တော့မယ့်ပွဲလို့ အိုဝင်ကဆိုပါတယ်။ အိမ်ကွင်းမှာ အနိုင်ရဖို့ အမှားမခံနိုင်တော့တဲ့ အာဆင်နယ်တို့ မောင်းတင်လာမှာဖြစ်ပြီး ဒီပွဲမှာ အူဘာမီယန်းက အဓိက​ခြေစွမ်းပြလိမ့်မယ်လို့ အိုဝင်က ပြောသွားပါတယ်။ သူ့ရဲ့ သွင်းဂိုးတွေနဲ့အတူ အမ်းမရိတ်စ်မြေက အနိုင် ၃ မှတ်ဟာ အာဆင်နယ်အတွက်ပါလို့ အိုဝင်က ခန့်မှန်းသွားခဲ့ပါတယ်။

မန်စီးတီး VS ဘန်လေ – မန်စီးတီးအသင်းက အိမ်ကွင်းမှာ ကစားရမယ့် ဒီပွဲမှာ ခြေစွမ်းကျဆင်းနေတဲ့ ဘန်လေကို အပြတ်အသတ် အနိုင်ယူသွားဖို့ ရှိတယ်လို့ အိုဝင်က ခန့်မှန်းထားခဲ့ပါတယ်။ နောက်ပိုင်းပွဲတွေမှာ ဂိုးအရနည်းနေတဲ့ မန်စီးတီးတို့ တိုက်စစ်က မီးကုန်ယမ်းကုန် ပေါက်ကွဲပြီး ဂိုးမြူးသွားဖို့ ရှိနေပါတယ်။

ဆောက်သမ်တန် VS ယူနိုက်တက် – မာကျောပြီး ခက်ထန်တဲ့ စိန့်တို့ရဲ့ အိမ်ကွင်းကို လာရမယ့် ယူနိုက်တက်တို့အတွက် လွယ်ကူလာမယ့် ပွဲမဟုတ်ပါဘူး။ High-pressing game ကစားပုံအဆင့်မြင့်တဲ့ စိန့်တို့နဲ့ လတ်တလော ခြေစွမ်းပြသမှုတွေနဲ့ ရလဒ်ကောင်းတွေ ရယူထားတဲ့ ယူနိုက်တက်တို့ရဲ့ပွဲဟာ နှစ်သင်းလုံးအတွက် သူတင်ကိုယ်တင် ပွဲကျပ်တပွဲဖြစ်လာဖွယ် ရှိနေပြီး စိန့်တို့က အနိမ့်ဆုံး ယူနိုက်တက်ဆီက သရေတမှတ် ခွဲယူသွားမယ်လို့ အိုဝင်က သုံးသပ်ခဲ့ပါတယ်။

အဲဗာတန် VS လိဒ်စ် – ဒီပွဲဟာ နှစ်ဖက် အပြန်အလှန် ဂိုးသွင်းများမယ့်ပွဲလို့ အိုဝင်က သုံးသပ်ခဲဲ့ပြီး ဘယ်အသင်းအနိုင်ရမယ်ဆိုတာ အိုဝင်အတွက် ရွေးချယ်ရခက်ခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ခြေအစွာဆုံးအသင်းတွေထဲက နှစ်သင်းအဖြစ် ဝါရင့်နည်းပြတွေအနေနဲ့ အန်ဆယ်လော့တီ နဲ့ ဘီယယ်လ်ဆာတို့ရဲ့ စီးချင်းထိုးပွဲကို မြိန်မြိန်ယှက်ယှက် ခံစားရမှာ ဖြစ်ပါတယ်။

ချယ်လ်ဆီး VS စပါး – ဒီတပတ်ရဲ့ အထူးခြားဆုံးနဲ့ ပွဲကြီးပွဲကောင်းအနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးတို့ အမှတ်ပေးဇယားထိပ်ဆုံးက စပါးအသင်းကို လက်ခံကစားရမှာပါ။ ချယ်လ်ဆီးအသင်းသမိုင်းက ဆရာတပည့်ဟောင်းတွေဖြစ်တဲ့ မော်ရင်ညိုနဲ့ လမ်းပတ်တို့ ထိပ်တိုက်တွေ့ကြတာဖြစ်ပြီး နည်းပြဘဝတွေ့ဆုံမှုမှာ မော်ရင်ညိုက လမ်းပတ်ကို တကြိမ်မှ အနိုင်ယူနိုင်ခြင်း မရှိသေးပါဘူး။

အိုဝင်ရဲ့ ခန့်မှန်းချက်အနေနဲ့ နည်းပြနှစ်ဦးစလုံးက သရေတမှတ်နဲ့ ကျေနပ်သင့်တဲ့ပွဲလို့ သုံးသပ်ခဲ့ပြီး တိုက်စစ်ထက်မြက်နေတဲ့ လန်ဒန်နှစ်သင်းလုံး ဂိုးအပြန်အလှန်သွင်းပြီး အိမ်ရှင် ချယ်လ်ဆီးက ၂ဂိုး ၁ဂိုးနဲ့ ကပ်နိုင်သွားဖွယ်ရှိတယ်လို့ သုံးသပ်ထားပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္စတာ VS ဖူလ္ဟမ္ – လီဗာပူးလ္ကို ရႈံးထားတဲ့ လက္စတာတို႔ အေကာင္းဆုံး ျပန္လည္႐ုန္းထရမယ့္ပြဲျဖစ္ၿပီး တန္းဆင္းဇုန္ထဲက ဖူလ္ဟမ္အသင္းကို သက္ေသာင့္သက္သာ အနိုင္သြားဖို႔ရွိေနၿပီး အိုဝင္ရဲ႕ခန့္မွန္းမႈက လက္စတာတို႔ ေျချပတ္ ဂိုးျပတ္နဲ႕ ပြဲသိမ္းနိုင္မယ္လို႔ ဆိုပါတယ္။

ဘရိုက္တန္ VS လီဗာပူးလ္ – အေဝးကြင္းမွာ သြားေရာက္ကစားရမယ့္ လီဗာပူးလ္ဟာ ပင္လယ္ဖ်ံတို႔ကို ေသခ်ာေပါက္ အနိုင္ကစားသြားမွာျဖစ္တယ္လို႔ အိုဝင္က ခန့္မွန္းမႈျပဳလုပ္ထားခဲ့ပါတယ္။ ခ်ယ္လ္ဆီးနဲ႕ ပြဲက်ပ္ကစားရမယ့္ စပါးကိုေက်ာ္ျဖတ္ၿပီး အမွတ္ေပးဇယား ထိပ္ဆုံးေနရာကို တက္လွမ္းဖို႔အတြက္ လီဗာပူးလ္တို႔ ဒီပြဲမွာ မျဖစ္မေန အနိုင္ ၃ မွတ္ ရယူသြားဖို႔ ရွိေနပါတယ္။ အိုဝင္က ႏွစ္ဖက္အသင္း အျပန္အလွန္ ဂိုးသြင္းမယ္လို႔ ခန့္မွန္းထားပါတယ္။

အာဆင္နယ္ VS ဝုဗ္စ္ – အမ္းမရိတ္စ္ေျမမွာ ဧည့္ခံကစားရမယ့္ အာဆင္နယ္အသင္းအေနနဲ႕ ပရီးမီးယားလိဂ္ ဂိုးေပါက္ကို ျပန္ရွာေတြ႕ေတာ့မယ့္ပြဲလို႔ အိုဝင္ကဆိုပါတယ္။ အိမ္ကြင္းမွာ အနိုင္ရဖို႔ အမွားမခံနိုင္ေတာ့တဲ့ အာဆင္နယ္တို႔ ေမာင္းတင္လာမွာျဖစ္ၿပီး ဒီပြဲမွာ အူဘာမီယန္းက အဓိက​ေျခစြမ္းျပလိမ့္မယ္လို႔ အိုဝင္က ေျပာသြားပါတယ္။ သူ႕ရဲ႕ သြင္းဂိုးေတြနဲ႕အတူ အမ္းမရိတ္စ္ေျမက အနိုင္ ၃ မွတ္ဟာ အာဆင္နယ္အတြက္ပါလို႔ အိုဝင္က ခန့္မွန္းသြားခဲ့ပါတယ္။

မန္စီးတီး VS ဘန္ေလ – မန္စီးတီးအသင္းက အိမ္ကြင္းမွာ ကစားရမယ့္ ဒီပြဲမွာ ေျခစြမ္းက်ဆင္းေနတဲ့ ဘန္ေလကို အျပတ္အသတ္ အနိုင္ယူသြားဖို႔ ရွိတယ္လို႔ အိုဝင္က ခန့္မွန္းထားခဲ့ပါတယ္။ ေနာက္ပိုင္းပြဲေတြမွာ ဂိုးအရနည္းေနတဲ့ မန္စီးတီးတို႔ တိုက္စစ္က မီးကုန္ယမ္းကုန္ ေပါက္ကြဲၿပီး ဂိုးျမဴးသြားဖို႔ ရွိေနပါတယ္။

ေဆာက္သမ္တန္ VS ယူနိုက္တက္ – မာေက်ာၿပီး ခက္ထန္တဲ့ စိန့္တို႔ရဲ႕ အိမ္ကြင္းကို လာရမယ့္ ယူနိုက္တက္တို႔အတြက္ လြယ္ကူလာမယ့္ ပြဲမဟုတ္ပါဘူး။ High-pressing game ကစားပုံအဆင့္ျမင့္တဲ့ စိန့္တို႔နဲ႕ လတ္တေလာ ေျခစြမ္းျပသမႈေတြနဲ႕ ရလဒ္ေကာင္းေတြ ရယူထားတဲ့ ယူနိုက္တက္တို႔ရဲ႕ပြဲဟာ ႏွစ္သင္းလုံးအတြက္ သူတင္ကိုယ္တင္ ပြဲက်ပ္တပြဲျဖစ္လာဖြယ္ ရွိေနၿပီး စိန့္တို႔က အနိမ့္ဆုံး ယူနိုက္တက္ဆီက သေရတမွတ္ ခြဲယူသြားမယ္လို႔ အိုဝင္က သုံးသပ္ခဲ့ပါတယ္။

အဲဗာတန္ VS လိဒ္စ္ – ဒီပြဲဟာ ႏွစ္ဖက္ အျပန္အလွန္ ဂိုးသြင္းမ်ားမယ့္ပြဲလို႔ အိုဝင္က သုံးသပ္ခဲဲ့ၿပီး ဘယ္အသင္းအနိုင္ရမယ္ဆိုတာ အိုဝင္အတြက္ ေ႐ြးခ်ယ္ရခက္ခဲ့ပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ ေျခအစြာဆုံးအသင္းေတြထဲက ႏွစ္သင္းအျဖစ္ ဝါရင့္နည္းျပေတြအေနနဲ႕ အန္ဆယ္ေလာ့တီ နဲ႕ ဘီယယ္လ္ဆာတို႔ရဲ႕ စီးခ်င္းထိုးပြဲကို ၿမိန္ၿမိန္ယွက္ယွက္ ခံစားရမွာ ျဖစ္ပါတယ္။

ခ်ယ္လ္ဆီး VS စပါး – ဒီတပတ္ရဲ႕ အထူးျခားဆုံးနဲ႕ ပြဲႀကီးပြဲေကာင္းအေနနဲ႕ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ခ်ယ္လ္ဆီးတို႔ အမွတ္ေပးဇယားထိပ္ဆုံးက စပါးအသင္းကို လက္ခံကစားရမွာပါ။ ခ်ယ္လ္ဆီးအသင္းသမိုင္းက ဆရာတပည့္ေဟာင္းေတြျဖစ္တဲ့ ေမာ္ရင္ညိုနဲ႕ လမ္းပတ္တို႔ ထိပ္တိုက္ေတြ႕ၾကတာျဖစ္ၿပီး နည္းျပဘဝေတြ႕ဆုံမႈမွာ ေမာ္ရင္ညိုက လမ္းပတ္ကို တႀကိမ္မွ အနိုင္ယူနိုင္ျခင္း မရွိေသးပါဘူး။

အိုဝင္ရဲ႕ ခန့္မွန္းခ်က္အေနနဲ႕ နည္းျပႏွစ္ဦးစလုံးက သေရတမွတ္နဲ႕ ေက်နပ္သင့္တဲ့ပြဲလို႔ သုံးသပ္ခဲ့ၿပီး တိုက္စစ္ထက္ျမက္ေနတဲ့ လန္ဒန္ႏွစ္သင္းလုံး ဂိုးအျပန္အလွန္သြင္းၿပီး အိမ္ရွင္ ခ်ယ္လ္ဆီးက ၂ဂိုး ၁ဂိုးနဲ႕ ကပ္နိုင္သြားဖြယ္ရွိတယ္လို႔ သုံးသပ္ထားပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.