Premier League Transfer News

28 Nov နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ လီယွန်နယ် မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူပြီးရင် သူနဲ့ တွဲဖက်ကစားဖို့အတွက် အထောင်တိုက်စစ်မှူး အာလင်း ဟားလန်းကို ဒေါ့မွန်ကနေ စာချုပ်လျော်ကြေး ယူရို ၇၅ သန်း ပေးချေခေါ်ယူသွားဖွယ်ရှိနေ။

– ပြီးခဲ့တဲ့ အိုလံပီယာကော့စ်နဲ့ ချန်ပီယံလိဂ်ပွဲကို အနားပေးခြင်းခံခဲ့ရတဲ့ လက်ထောက်အသင်းခေါင်းဆောင် ကီဗင် ဒီဘရိုင်းနားအနေနဲ့ သုံးမှတ်နဲ့ သွင်းဂိုးတွေ ရှာဖွေရမယ့် ဘန်လေနဲ့ ဒီနေ့ည ပွဲစဉ်မှာ အပြည့်အဝ ပြန်လည်အသုံးပြုခံရဖို့ ရှိနေ။

– ရီးရဲလ်မက်ဒရစ်ကစားသမား အစ္စကိုကို စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေကို မန်စီးတီးဘက်က ငြင်းဆန်လိုက်ပြီး သူဟာ နည်းပြ ဂွါဒီယိုလာ အလိုရှိတဲ့ ကစားသမားတွေရဲ့ ပုံစံမျိုးနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်လို့ ဖြေရှင်းသွားခဲ့။

– ကျွမ်းကျင်သူတွေအနေနဲ့ ဆာဂျီယို အဂွေရိုကို ဆက်ခံမယ့်သူအဖြစ် တစ်ပေးနေတဲ့ အင်တာတိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ခေါ်ယူဖို့ မန်စီးတီးတို့ စဉ်းစားဖွယ်ရှိနေပြီး ခေါ်ယူဖြစ်ရင်တော့ ဂါဘရီယယ်လ် ဂျေဆူးစ်ကိုပါ ထုတ်ရောင်းသွားဖွယ်ရှိနေ။

– အဲရစ် ဂါစီယာကို ဇန်နဝါရီမှာ ခေါ်ယူဖို့ မဖြစ်နိုင်တော့ဘူးလို့ ဘာစီလိုနာဘက်က ဝန်ခံသွားခဲ့ပြီး အလကားရမယ့် လာလီဂါဝါရင့် ဗလင်စီယာနောက်ခံလူဟောင်း အီဇက်ကီးယဲလ် ဂါရိုင်းကိုပဲ လီဗာပူးလ်နဲ့အပြိုင် ပြောင်းလဲခေါ်ယူသွားဖို့ သတင်းထွက်လာ။

– အေးမရစ် လာ့ပေါတ်နဲ့ ရူဘင် ဒီယက်စ်တို့ကို နောက်ခံလူ ဂျွန်စတုန်းစ်အနေနဲ့ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည်ရယူပြီး စိန်ခေါ်သွားနိုင်ဖို့ ရှိနေတယ်လို့ နည်းပြ ဂွါဒီယိုလာက ချီးကျူးအားပေးသွား။

– ဆာဂျီယို အဂွေရိုအနေနဲ့ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာဖို့ အချိန်ယူရဦးမှာဖြစ်ကြောင်းနဲ့ သူ့ရဲ့ ပုံစံကောင်းကို ရောက်ရှိလာခဲ့ရင်တော့ အရင်ကထက် ပိုကောင်းတဲ့ ပုံစံနဲ့ သွင်းဂိုးတွေကို မြင်တွေ့ရမယ်လို့ သူ့ရဲ့တိုက်စစ်မှူးအတွက် ဂွါဒီယိုလာ ထောက်ခံမှုပြသ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လီယြန္နယ္ မက္ဆီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူၿပီးရင္ သူနဲ႔ တြဲဖက္ကစားဖို႔အတြက္ အေထာင္တိုက္စစ္မႉး အာလင္း ဟားလန္းကို ေဒါ့မြန္ကေန စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ို ၇၅ သန္း ေပးေခ်ေခၚယူသြားဖြယ္ရွိေန။

– ၿပီးခဲ့တဲ့ အိုလံပီယာေကာ့စ္နဲ႔ ခ်န္ပီယံလိဂ္ပြဲကို အနားေပးျခင္းခံခဲ့ရတဲ့ လက္ေထာက္အသင္းေခါင္းေဆာင္ ကီဗင္ ဒီဘ႐ိုင္းနားအေနနဲ႔ သုံးမွတ္နဲ႔ သြင္းဂိုးေတြ ရွာေဖြရမယ့္ ဘန္ေလနဲ႔ ဒီေန႔ည ပြဲစဥ္မွာ အျပည့္အဝ ျပန္လည္အသုံးျပဳခံရဖို႔ ရွိေန။

– ရီးရဲလ္မက္ဒရစ္ကစားသမား အစၥကိုကို စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြကို မန္စီးတီးဘက္က ျငင္းဆန္လိုက္ၿပီး သူဟာ နည္းျပ ဂြါဒီယိုလာ အလိုရွိတဲ့ ကစားသမားေတြရဲ႕ ပုံစံမ်ိဳးနဲ႔ ေျဖာင့္ေျဖာင့္ႀကီး ဆန႔္က်င္ေနတယ္လို႔ ေျဖရွင္းသြားခဲ့။

– ကြၽမ္းက်င္သူေတြအေနနဲ႔ ဆာဂ်ီယို အေဂြ႐ိုကို ဆက္ခံမယ့္သူအျဖစ္ တစ္ေပးေနတဲ့ အင္တာတိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္ကို ေခၚယူဖို႔ မန္စီးတီးတို႔ စဥ္းစားဖြယ္ရွိေနၿပီး ေခၚယူျဖစ္ရင္ေတာ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကိုပါ ထုတ္ေရာင္းသြားဖြယ္ရွိေန။

– အဲရစ္ ဂါစီယာကို ဇန္နဝါရီမွာ ေခၚယူဖို႔ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ဘာစီလိုနာဘက္က ဝန္ခံသြားခဲ့ၿပီး အလကားရမယ့္ လာလီဂါဝါရင့္ ဗလင္စီယာေနာက္ခံလူေဟာင္း အီဇက္ကီးယဲလ္ ဂါ႐ိုင္းကိုပဲ လီဗာပူးလ္နဲ႔အၿပိဳင္ ေျပာင္းလဲေခၚယူသြားဖို႔ သတင္းထြက္လာ။

– ေအးမရစ္ လာ့ေပါတ္နဲ႔ ႐ူဘင္ ဒီယက္စ္တို႔ကို ေနာက္ခံလူ ဂြၽန္စတုန္းစ္အေနနဲ႔ သူ႔ရဲ႕ အေကာင္းဆုံး ပုံစံကို ျပန္လည္ရယူၿပီး စိန္ေခၚသြားႏိုင္ဖို႔ ရွိေနတယ္လို႔ နည္းျပ ဂြါဒီယိုလာက ခ်ီးက်ဴးအားေပးသြား။

– ဆာဂ်ီယို အေဂြ႐ိုအေနနဲ႔ ႀကံ့ခိုင္မႈ ျပန္လည္ျပည့္ဝလာဖို႔ အခ်ိန္ယူရဦးမွာျဖစ္ေၾကာင္းနဲ႔ သူ႔ရဲ႕ ပုံစံေကာင္းကို ေရာက္ရွိလာခဲ့ရင္ေတာ့ အရင္ကထက္ ပိုေကာင္းတဲ့ ပုံစံနဲ႔ သြင္းဂိုးေတြကို ျမင္ေတြ႕ရမယ္လို႔ သူ႔ရဲ႕တိုက္စစ္မႉးအတြက္ ဂြါဒီယိုလာ ေထာက္ခံမႈျပသ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.