Premier League

28 Nov – နေ့လည်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ကိုဗစ်ရောဂါဖြစ်ပွားမှုနဲ့အတူ စီးပွားရေးတွေ ကျဆင်းခဲ့တာဟာ လီဗာပူးလ်အသင်း ကောင်းကောင်း အထိနာသွားပြီလို့ ဘရိုက်တန်အမှုဆောင်ချုပ် ပေါလ်ဘာဘာက သတိပေးသွားခဲ့ပြီး ဘဏ္ဍာရေး အရှုံးပေါ်နေတဲ့ အသင်းကြီးတွေဟာ လာမယ့် အ​ပြောင်းအရွှေ့စျေးကွက်နှစ်ခုမှာ ငွေသုံးနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်။

ဘရိုက်တန်နဲ့ပွဲမှာ ဟန်ဒါဆန် ပါဝင်လာဖွယ်ရှိနေပေမယ့် မာနေးကို အနားပေးသွားမှာဖြစ်ကာ ဒါဟာ ဆေးကုသမှုဌာနရဲ့ ဆုံးဖြတ်ချက်အရသာ လူရွေးချယ်ခြင်း ဖြစ်ကြောင်း ကလော့ပ်​က ပြောကြားခဲ့ပြီး အလန်းဆန်းဆုံးနဲ့ အကြံ့ခိုင်ဆုံး ကစားသမားတွေကိုသာ ပွဲထွက်စေမယ်လို့ အတည်ပြုခဲ့။

လီဗာပူးလ်အသင်းဟာ ဇန်နဝါရီမှာ ဗဟိုခံစစ်မှူးအသစ်အတွက် ငွေ​သုံးနိုင်ဖို့ လူပိုဖြစ်နေတဲ့ ရှာကျီရီနဲ့ အိုရီဂီတို့ကို ရှင်းထုတ်သွားဖွယ်ရှိနေပြီး နှစ်ဦးပေါင်း ပေါင်သန်း ၃၀ နဲ့ ရောင်းထုတ်မှာဖြစ်။

ရှက်ဖီးလ်နည်းပြ ခရစ္စ ဝိုင်လ်ဒါက ‘လူစားလဲခွင့် ငါးကြိမ်’ တောင်းဆိုနေတဲ့ ကလော့ပ်ဟာ ကိုယ်ကျိုးကြည့်လွန်းတဲ့ အတ္တသမားဖြစ်ကာ ညစ်ပတ်ကောက်ကျစ်တဲ့ နိုင်ငံရေးသမားဆန်တယ်လို့ စွပ်စွဲသွားခဲ့သလို သူသိတာ လီဗာပူးလ်တသင်းသာရှိပြီး ကျန်အသင်းတွေရဲ့ အကျိုးကို မငဲ့တတ်သူလို့ ကဲ့ရဲ့သွားခဲ့။

ဘရိုက်တန်နဲ့ပွဲမှာ ဂိုးသမား အယ်လစ်ဆန် ဘက်ကာဟာ လီဗာပူးလ်အသင်းအတွက် ပွဲ ၁၀၀ ပြည့်မြောက်မှာဖြစ်ပြီး ပြီးခဲ့တဲ့ ၉၉ ပွဲလုံးမှာ သူဟာ အဖိုး​မဖြတ်နိုင်တဲ့ အလင်းရောင်ဖြစ်ခဲ့တယ်လို့ ကလော့ပ်က ဂုဏ်ပြုခဲ့။

အခုလို ပွဲကျပ်လွန်းပြီး နားချိန်မရှိတဲ့ ပွဲစဥ်ဇယားရေးဆွဲမှုမျိုးကို အသိစိတ်လွတ်နေတဲ့သူတွေသာ လုပ်နိုင််တယ်လို့ ပွဲပန်းပြီး ဒဏ်ရာရခဲ့တဲ့ ထရန့် အလက်ဇန်းဒါး အာနိုးလ်ဒ်က ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကို ထိုးနှက်သွား။

အသင်းအတွက် အရာရာပေးဆပ်ခဲ့တဲ့ ဝိုင်နယ်လ်ဒမ်ကို အဆုံးရှုံးမခံနိုင်ဘူးလို့ ကလော့ပ်က ဝန်ခံသွားခဲ့ပြီး စာချုပ်သက်တမ်းကိစ္စကြောင့် မိမိတို့နှစ်ဦးကြားခဲ့ ချစ်ခင်တဲ့ဆက်ဆံရေးဟာ ပြယ်လွင့်သွားစရာမရှိကြောင်း ကာကွယ်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကိုဗစ္ေရာဂါျဖစ္ပြားမႈနဲ႕အတူ စီးပြားေရးေတြ က်ဆင္းခဲ့တာဟာ လီဗာပူးလ္အသင္း ေကာင္းေကာင္း အထိနာသြားၿပီလို႔ ဘရိုက္တန္အမႈေဆာင္ခ်ဳပ္ ေပါလ္ဘာဘာက သတိေပးသြားခဲ့ၿပီး ဘ႑ာေရး အရႈံးေပၚေနတဲ့ အသင္းႀကီးေတြဟာ လာမယ့္ အ​ေျပာင္းအေ႐ႊ႕ေစ်းကြက္ႏွစ္ခုမွာ ေငြသုံးနိုင္မွာမဟုတ္ဘူးလို႔ သုံးသပ္။

ဘရိုက္တန္နဲ႕ပြဲမွာ ဟန္ဒါဆန္ ပါဝင္လာဖြယ္ရွိေနေပမယ့္ မာေနးကို အနားေပးသြားမွာျဖစ္ကာ ဒါဟာ ေဆးကုသမႈဌာနရဲ႕ ဆုံးျဖတ္ခ်က္အရသာ လူေ႐ြးခ်ယ္ျခင္း ျဖစ္ေၾကာင္း ကေလာ့ပ္​က ေျပာၾကားခဲ့ၿပီး အလန္းဆန္းဆုံးနဲ႕ အႀကံ့ခိုင္ဆုံး ကစားသမားေတြကိုသာ ပြဲထြက္ေစမယ္လို႔ အတည္ျပဳခဲ့။

လီဗာပူးလ္အသင္းဟာ ဇန္နဝါရီမွာ ဗဟိုခံစစ္မႉးအသစ္အတြက္ ေငြ​သုံးနိုင္ဖို႔ လူပိုျဖစ္ေနတဲ့ ရွာက်ီရီနဲ႕ အိုရီဂီတို႔ကို ရွင္းထုတ္သြားဖြယ္ရွိေနၿပီး ႏွစ္ဦးေပါင္း ေပါင္သန္း ၃၀ နဲ႕ ေရာင္းထုတ္မွာျဖစ္။

ရွက္ဖီးလ္နည္းျပ ခရစၥ ဝိုင္လ္ဒါက ‘လူစားလဲခြင့္ ငါးႀကိမ္’ ေတာင္းဆိုေနတဲ့ ကေလာ့ပ္ဟာ ကိုယ္က်ိဳးၾကည့္လြန္းတဲ့ အတၱသမားျဖစ္ကာ ညစ္ပတ္ေကာက္က်စ္တဲ့ နိုင္ငံေရးသမားဆန္တယ္လို႔ စြပ္စြဲသြားခဲ့သလို သူသိတာ လီဗာပူးလ္တသင္းသာရွိၿပီး က်န္အသင္းေတြရဲ႕ အက်ိဳးကို မငဲ့တတ္သူလို႔ ကဲ့ရဲ႕သြားခဲ့။

ဘရိုက္တန္နဲ႕ပြဲမွာ ဂိုးသမား အယ္လစ္ဆန္ ဘက္ကာဟာ လီဗာပူးလ္အသင္းအတြက္ ပြဲ ၁၀၀ ျပည့္ေျမာက္မွာျဖစ္ၿပီး ၿပီးခဲ့တဲ့ ၉၉ ပြဲလုံးမွာ သူဟာ အဖိုး​မျဖတ္နိုင္တဲ့ အလင္းေရာင္ျဖစ္ခဲ့တယ္လို႔ ကေလာ့ပ္က ဂုဏ္ျပဳခဲ့။

အခုလို ပြဲက်ပ္လြန္းၿပီး နားခ်ိန္မရွိတဲ့ ပြဲစဥ္ဇယားေရးဆြဲမႈမ်ိဳးကို အသိစိတ္လြတ္ေနတဲ့သူေတြသာ လုပ္နိုင္္တယ္လို႔ ပြဲပန္းၿပီး ဒဏ္ရာရခဲ့တဲ့ ထရန့္ အလက္ဇန္းဒါး အာနိုးလ္ဒ္က ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြကို ထိုးႏွက္သြား။

အသင္းအတြက္ အရာရာေပးဆပ္ခဲ့တဲ့ ဝိုင္နယ္လ္ဒမ္ကို အဆုံးရႈံးမခံနိုင္ဘူးလို႔ ကေလာ့ပ္က ဝန္ခံသြားခဲ့ၿပီး စာခ်ဳပ္သက္တမ္းကိစၥေၾကာင့္ မိမိတို႔ႏွစ္ဦးၾကားခဲ့ ခ်စ္ခင္တဲ့ဆက္ဆံေရးဟာ ျပယ္လြင့္သြားစရာမရွိေၾကာင္း ကာကြယ္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.