Premier League





တစ်နေ့တာ ကရိုဏ်း




UNICODE: ၂၈.၁၁.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ စနေနေ့၊ သမားညို။

တစ်နေ့တာ တိထီနှင့် ယုဂ်
နံနက် ၁၁:၂၀ အထိ တိထီ ၁၃ လုံး၊ ကျော်လျှင် ၁၄ လုံး။ ၁၄ လုံးတွင် သိဒ္ဓိယုဂ်၊ အောင်မြင်ပြီးမြောက်ပြည့်စုံစေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၄:၁၇ အထိ ဘရဏီနက္ခတ်၊ ကျော်လျှင် ကြတ္တိကာနက္ခတ်။ နံနက် ၁၀:၂၀ ဝီရိယယုဂ်၊ ကြိုးစားမှု အရာထင်ခြင်း၊ အလိုကြီးခြင်း၊ ကောင်းရာကောင်းကြောင်းလုပ်ကိုင်က ဆန္ဒအတိုင်း ပြည့်စုံလိမ့်မည်။ ကျော်လျှင် ပရီဃယုဂ်၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံရခြင်း၊ အခက်အခဲ၊ အတားအဆီးအား ကျော်ဖြတ်ပြီးမှ ချမ်းသာရာရခြင်းများ ရှိမည်။

တစ်နေ့တာ ကရိုဏ်း
နံနက် ၁၁:၂၀ အထိ တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ညသန်းခေါင်ကျော် ၁၂:၃၅ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။

တစ်နေ့တာ ကံကောင်းရာ အရပ်နှင့် ဆောင်ရန် အရောင်
နံနက် ၁၁:၂၀ အထိ အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။ ကျော်လျှင် အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)