Premier League

အာဆင္နယ္ထက္သာတဲ့ စံခ်ိန္နဲ႔ လီဗာပူးလ္တုိ႔ ေရႊဖလားယူႏုိင္မွာလား

အဂၤလန္မွာေတာ့ Invincibles လို႔ ေျပာလုိက္ရင္ အသင္းႏွစ္သင္းကို ေျပးျမင္ၾကတယ္။ ၁၈၈၈-၈၉ ရာသီက ပရက္စတန္ ေနာ့သ္အန္႔အသင္းနဲ႔ ၂၀၀၃-၀၄ အာဆင္နယ္အသင္းေတြကိုေပါ့။ ၁၈၈၈-၈၉ ဆုိတာ ပေဝသဏီကျဖစ္ၿပီး ဒီေန႔ေခတ္မွာ ဘယ္သူမွ လက္လွမ္းမီသလို ကစားခဲ့ရတာကလည္း ၂၂ ပြဲတည္း ဆုိေတာ့ ဒီနာမည္ကို ၾကားလုိက္တာနဲ႔ ေနာက္ဆုံးေတာ့ ေပမီေဒါက္မီ ပရီးမီးယားလိဂ္ကို ရွဳံးပြဲမရွိ ဗိုလ္စြဲခဲ့တဲ့ အာဆင္နယ္အသင္းကိုပဲ ျမင္ၾကေတာ့တယ္။

နည္းျပ အာဆင္ဝင္းဂါးရဲ႕ ကိုင္တြယ္မွဳနဲ႔ အသင္းသားေတြရဲ႕ အေကာင္းဆုံးအခ်ိန္ေတြ တုိက္ဆုိင္ေနခ်ိန္မွာ တစ္ရာသီလုံးမွာ ၂၆ ပြဲႏုိင္ ၁၂ ပြဲ သေရနဲ႔ ခ်န္ပီယံျဖစ္ၿပီး အမွတ္တရအေနနဲ႔ အထူးဆုဖလားျဖစ္တဲ့ ပရီးမီးယားလိဂ္ဖလားပုံစံငယ္၊ ေရႊဖလားကို သီးသန္႔ခ်ီးျမႇင့္ခံခဲ့ရတာလည္းျဖစ္ပါတယ္။ ဒီေနာက္ပုိင္းေတာ့ ၿပဳိင္ဆုိင္မွဳ ျမင့္မားလြန္းလွတဲ့ အဂၤလန္ေျမမွာ Invincibles ဆိုတာ မူးလုိ႔ေတာင္ ရွဴစရာမရွိခဲ့တာလည္း ေတာ္ေတာ္ၾကာခဲ့ၿပီေပါ့ေလ။

၂၀၀၄-၀၅ ရာသီမွာေတာ့ ခ်ဲလ္ဆီးတုိ႔အေနနဲ႔ တစ္ပြဲပဲ ရွဳံးတဲ့အေနအထားကို စြမ္းေဆာင္ႏုိင္ခဲ့ေပမယ့္ ႐ွဳံးခဲ့တာက မန္ခ်က္စတာစီးတီးနဲ႔ ပြဲစဥ္ ၉ မွာဆုိေတာ့ ေစာေစာစီးစီးကတည္း ရင္ခုန္စရာမရွိေတာ့ဘူးေလ။ ေနာက္ပုိင္း ပြဲစဥ္ ၁၀ ကေန ၃၈ အထိ ရွဳံးပြဲမရွိေအာင္ ကစားႏုိင္ခဲ့ေပမယ့္ မျဖစ္ႏုိင္ဘူးဆုိတာက ေသခ်ာေနေတာ့ ခ်ဲလ္ဆီးရဲ႕ နီးစပ္ခဲ့မွဳဟာ စိတ္လွဳပ္ရွားစရာေတာ့ မပါခဲ့တာ အမွန္ပါ။

တကယ္ေတာ့ ဒီစံခ်ိန္နဲ႔ တျဖည္းျဖည္း နီးစပ္လာခဲ့တာကေတာ့ အန္းဖီးလ္က ႀကဳိးၾကာနီေတြျဖစ္ၿပီး ၂၀၀၈-၀၉ ရာသီမွာ ႏွစ္ပြဲပဲ ရွဳံးခဲ့ပါတယ္။ ဒီစံခ်ိန္နဲ႔ နီးစပ္ဖို႔ ၾကားမွာ မန္စီးတီးတုိ႔ ႀကဳိးစားခဲ့ၿပီး ၂၀၁၇-၁၈ ရာသီမွာ တစ္ပြဲပဲ ရွဳံးခဲ့ေပမယ့္ ပြဲစဥ္ ၂၃ မွာ လီဗာပူးလ္ကို ရွဳံးသြားလို႔ ခ်ဲလ္ဆီးထက္ေတာ့ ပိုၿပီး ရင္ခုန္ႏုိင္ခဲ့ပါတယ္။ အာဆင္နယ္ပရိသတ္ေတြကေတာ့ တုိးတုိးတစ္မ်ဳိး က်ယ္က်ယ္တစ္မ်ဳိးနဲ႔ Invincibles ဆုိတာ နတ္ႀကီးတယ္လုိ႔ ဆုိၾကမွာေပါ့။

ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမွာလည္း လီဗာပူးလ္ဟာ တစ္ပြဲပဲ ရွဳံးခဲ့တယ္။ သူတုိ႔ကေတာ့ ေရွ႕ရာသီက လုပ္မျပႏုိင္တဲ့ မန္စီးတီးက ပြဲစဥ္ ၂၁ မွာပဲ လက္စားေခ်ၿပီး ရပ္တန္႔လုိက္ျပန္တယ္။ ရွဳံးပြဲမရွိစံခ်ိန္နဲ႔ တစ္ခါလြဲျပန္တဲ့ လီဗာပူးလ္ဟာ သေရပြဲေတြနဲ႔ အမွတ္ေလ်ာ့ခဲ့ျပန္လို႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ပါ ထပ္လြဲျပန္တယ္။ ဂ်ာမန္သားႀကီး ယာဂန္ ကေလာ့ပ္တုိ႔အဖြဲ႕ ဒုတိယေနရာမွာ ၉၇ မွတ္ဆုိတဲ့ စံခ်ိန္တင္အမွတ္နဲ႔။

ဒီလိုနဲ႔ တစ္ရာသီထက္ တစ္ရာသီ ေတာင့္တင္းလာတဲ့ အယ္လီဆန္၊ ဗန္ဒိုက္၊ အာႏိုးလ္ဒ္၊ ေရာဘတ္ဆန္၊ မာေနး၊ ဆာလား၊ ဖာမီႏိုတုိ႔ လူအင္အားနဲ႔ ပရီးမီးယားလိဂ္ကို ရယူႏိုင္ဖို႔ ေလွာင္ေျပာင္မွဳေတြၾကားထဲက ႐ုန္းထြက္ေနတဲ့၊ စိတ္ဓာတ္ပုိေကာင္းလာတဲ့၊ သန္မာႀကံ့ခိုင္လာတဲ့ လီဗာပူးလ္တုိ႔ ဒီရာသီမွာ ထပ္ၿပီး စိန္ေခၚျပန္ၿပီ။ တစ္ခါမွ မရဖူးေသးတဲ့ ပရီးမီးယားလိဂ္အတြက္၊ ၿပီးေတာ့ အာဆင္နယ္ေနာက္ပုိင္း မျမင္ဖူးေသးတဲ့ Invincibles ဂုဏ္အတြက္။

ဒီစာေရးခ်ိန္မွာ ပြဲစဥ္ ၂၇ ၿပီးဆုံးခဲ့ပါၿပီ။ ေရွ႕က အျမင့္ဆုံးေတာင့္ခံႏုိင္ခဲ့တဲ့ မန္စီးတီးရဲ႕ ၂၃ ပြဲစံခ်ိန္ကို ေက်ာ္ျဖတ္ခဲ့ၾကၿပီ။ လက္ရွိရာသီမွာ သူတုိ႔ေတြ ပုိအားသာေနတာက ဘယ္အသင္းမွာမွ ဒီေလာက္အင္အားေကာင္းၿပီး ႐ုန္းအားညႇစ္ထုတ္ႏိုင္တဲ့ လူစာရင္းနဲ႔ စိတ္ဓာတ္အင္အား မရွိဘူး။ ဒီလိုနဲ႔ ကစားပုံမေကာင္းလည္း ႏုိင္ပြဲေတြနဲ႔ သေရပြဲဆုိတာ အိုးလ္ထရက္ဖို႔ဒ္က တစ္ပြဲပဲ ရွားရွားပါးပါး။

၁၁ ပြဲပဲ က်န္ေတာ့တယ္။ ဒီထဲမွာ ႀကဳိးၾကာေတြကို သေရလုပ္ႏုိင္မယ့္အသင္းနဲ႔ အိမ္ကြင္းက ေစာင့္ေနသူေတြေတာင္မွ သိပ္မရွိလွဘူး။ ပြဲစဥ္ ၃၂ မွာ ခ်န္ပီယံလႊဲေပးရမွာအတြက္ အစြမ္းကုန္ ႐ုန္းႏုိင္ေပမယ့္ UEFA နဲ႔ ဝါရီပြားေနတဲ့ မန္စီးတီးကို လီဗာပူးလ္တုိ႔ သေရေကာင္းေကာင္းလုပ္ႏုိင္စြမ္း ရွိေနတယ္။

ေနာက္ၿပီးေတာ့ ၃၆ က အာဆင္နယ္။ ဥေရာပဝင္ခြင့္အတြက္ စိတ္ပူေနရတဲ့ အာဆင္နယ္ဟာ ဒီပြဲကိုေတာ့ စံခ်ိန္လႊဲမေပးရေရးအတြက္ မဟုတ္ရင္ေတာင္ အမွတ္ရႏုိင္သေလာက္ရေရးအတြက္ ႐ုန္းမွာပဲ။ မိုက္ကယ္ အာတီတာအေနနဲ႔ ဘယ္လိုျပင္ဆင္ထားထား၊ ထိပ္တန္းခံစစ္မွဴးေတြ ျဖည့္မထားႏုိင္ခဲ့လို႔ ဒီေနာက္တန္းဟာ လီဗာပူးလ္အတြက္ သေရေတာ့ အနိမ့္ဆုံး ယူႏုိင္မယ့္ အားနည္းခ်က္ျဖစ္ေနတယ္။

ဒီႏွစ္ပြဲဟာ လီဗာပူးလ္တုိ႔ကို ရွဳံးေစခ်င္တဲ့ ဂြါဒီယိုလာနဲ႔ အာတီတာတုိ႔ ဆရာတပည့္ရဲ႕ ခုိင္လုံတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ အသင္းႏွစ္သင္းရဲ႕ မာနခံတပ္ေတြမွာ ႀကဳိးစားရဖို႔ ျဖစ္ၿပီး က်န္တဲ့အထဲမွာ မာေဆးဆုိက္ဒါဘီအေဝးကြင္းမွာ လီဗာပူးလ္တုိ႔ ကံဆုိးၿပီး သေဘာေကာင္းလြန္းမွ သေရက်ႏုိင္႐ုံသာ။ ၃ ပဲြပဲ အမွတ္ေလ်ာ့မယ့္ ၁၁ ပြဲက်န္ ခရီးလမ္းမွာ လီဗာပူးလ္တုိ႔ ရႏုိင္တဲ့ ျဖစ္ႏုိင္ေျခရလဒ္က ၈ ပြဲႏုိင္ ၃ ပြဲသေရဆိုရင္ေကာ ပရီးမီးယားလိဂ္ပရိသတ္ေတြ သေဘာတူႏုိင္ၾကမလား။

ဒါဆုိရင္ စုစုေပါင္း စာရင္းခ်ဳပ္ေတာ့ ဘယ္ေလာက္?… ၂၆ ပြဲႏုိင္ ၁ ပြဲသေရ + ၈ ပြဲႏုိင္ ၃ ပြဲသေရ = ၃၄ ပြဲႏုိင္ ၄ ပြဲသေရ၊ ၁၀၆ မွတ္တဲ့လား။ ဘယ္အသင္းနဲ႔ ဘယ္အေျခအေန၊ ဘယ္ျငင္းခုံစရာေတြဘက္ကမွ လုိက္မခံစားဘဲ စာေတာ္တဲ့သူတစ္ေယာက္ကို အားက်တတ္တဲ့ ေက်ာင္းသားေလးတစ္ေယာက္ရဲ႕ အေတြးနဲ႔ ဆုိရင္ေကာ… ေၾသာ္… ခ်ီးက်ဴးေပး႐ုံ၊ ဝမ္းသာေပး႐ုံ၊ ရင္ခုန္ေပး႐ုံ၊ မုဒိတာပြားေပး႐ုံပဲေပါ့။

ဒီစံခ်ိန္နဲ႔သာ Invincibles အင္ဗင့္စီးဘဲလ္ျဖစ္ခဲ့ရင္ ခ်ဳိးဖ်က္လိုက္ဦးမယ့္ စံခ်ိန္ေတြလည္း မနည္း။ တစ္ခါက အာဆင္နယ္ရဲ႕ စံခ်ိန္ဟာ သေရေတြ ၁၂ ပြဲေတာင္ ပါေနလို႔ သိပ္မမွတ္မိေတာ့တဲ့ နာမည္ႀကီးတစ္ဦးက ကဲ့ရဲ႕ဖူးတယ္။ ဒါေပမယ့္ တစ္ရာသီလုံး မရွဳံးဖို႔ေရာ လြယ္ရဲ႕လား။ ဒီတစ္ခါ လီဗာပူးလ္အသင္းနဲ႔ သေရ ၄ ပြဲပဲ ပါမယ္ဆုိရင္ေတာ့ ခင္ဗ်ား ေက်နပ္မွာလား ဆရာႀကီးလို႔ ေမးလဲေမးခ်င္တယ္၊ ေမးလဲ မေမးရဲေသးဘူး။

တစ္ရာသီလုံး မရွဳံးဖို႔ဆုိတာ လြယ္တာမွ မဟုတ္တာ။ အဲ့ဒါကို မရွဳံးခဲ့ဘဲ စံခ်ိန္ေဟာင္းထက္ ပုိေကာင္းခဲ့ရင္ေတာ့ ဘာဖန္ ဘာပရိသတ္ပဲျဖစ္ျဖစ္ အာဆင္ဝင္းဂါးနဲ႔ အြန္နရီတို႔အဖြဲ႔ေနရာမွာ ယာဂန္ ကေလာ့ပ္နဲ႔ ဆာလားတို႔အဖြဲ႕ကို လက္ခုပ္တီးၿပီး အားေပးရလိမ့္မယ္။ ကိုယ္မလုပ္ႏုိင္ရင္ ပိုၿပီး အထင္ႀကီးေပးရမယ္ မဟုတ္ဘူးလား…။

By KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အင်္ဂလန်မှာတော့ Invincibles လို့ ပြောလိုက်ရင် အသင်းနှစ်သင်းကို ပြေးမြင်ကြတယ်။ ၁၈၈၈-၈၉ ရာသီက ပရက်စတန် နော့သ်အန့်အသင်းနဲ့ ၂၀၀၃-၀၄ အာဆင်နယ်အသင်းတွေကိုပေါ့။ ၁၈၈၈-၈၉ ဆိုတာ ပဝေသဏီကဖြစ်ပြီး ဒီနေ့ခေတ်မှာ ဘယ်သူမှ လက်လှမ်းမီသလို ကစားခဲ့ရတာကလည်း ၂၂ ပွဲတည်း ဆိုတော့ ဒီနာမည်ကို ကြားလိုက်တာနဲ့ နောက်ဆုံးတော့ ပေမီဒေါက်မီ ပရီးမီးယားလိဂ်ကို ရှုံးပွဲမရှိ ဗိုလ်စွဲခဲ့တဲ့ အာဆင်နယ်အသင်းကိုပဲ မြင်ကြတော့တယ်။

နည်းပြ အာဆင်ဝင်းဂါးရဲ့ ကိုင်တွယ်မှုနဲ့ အသင်းသားတွေရဲ့ အကောင်းဆုံးအချိန်တွေ တိုက်ဆိုင်နေချိန်မှာ တစ်ရာသီလုံးမှာ ၂၆ ပွဲနိုင် ၁၂ ပွဲ သရေနဲ့ ချန်ပီယံဖြစ်ပြီး အမှတ်တရအနေနဲ့ အထူးဆုဖလားဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလားပုံစံငယ်၊ ရွှေဖလားကို သီးသန့်ချီးမြှင့်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီနောက်ပိုင်းတော့ ပြိုင်ဆိုင်မှု မြင့်မားလွန်းလှတဲ့ အင်္ဂလန်မြေမှာ Invincibles ဆိုတာ မူးလို့တောင် ရှူစရာမရှိခဲ့တာလည်း တော်တော်ကြာခဲ့ပြီပေါ့လေ။

၂၀၀၄-၀၅ ရာသီမှာတော့ ချဲလ်ဆီးတို့အနေနဲ့ တစ်ပွဲပဲ ရှုံးတဲ့အနေအထားကို စွမ်းဆောင်နိုင်ခဲ့ပေမယ့် ရှုံးခဲ့တာက မန်ချက်စတာစီးတီးနဲ့ ပွဲစဉ် ၉ မှာဆိုတော့ စောစောစီးစီးကတည်း ရင်ခုန်စရာမရှိတော့ဘူးလေ။ နောက်ပိုင်း ပွဲစဉ် ၁၀ ကနေ ၃၈ အထိ ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပေမယ့် မဖြစ်နိုင်ဘူးဆိုတာက သေချာနေတော့ ချဲလ်ဆီးရဲ့ နီးစပ်ခဲ့မှုဟာ စိတ်လှုပ်ရှားစရာတော့ မပါခဲ့တာ အမှန်ပါ။

တကယ်တော့ ဒီစံချိန်နဲ့ တဖြည်းဖြည်း နီးစပ်လာခဲ့တာကတော့ အန်းဖီးလ်က ကြိုးကြာနီတွေဖြစ်ပြီး ၂၀၀၈-၀၉ ရာသီမှာ နှစ်ပွဲပဲ ရှုံးခဲ့ပါတယ်။ ဒီစံချိန်နဲ့ နီးစပ်ဖို့ ကြားမှာ မန်စီးတီးတို့ ကြိုးစားခဲ့ပြီး ၂၀၁၇-၁၈ ရာသီမှာ တစ်ပွဲပဲ ရှုံးခဲ့ပေမယ့် ပွဲစဉ် ၂၃ မှာ လီဗာပူးလ်ကို ရှုံးသွားလို့ ချဲလ်ဆီးထက်တော့ ပိုပြီး ရင်ခုန်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တွေကတော့ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုးနဲ့ Invincibles ဆိုတာ နတ်ကြီးတယ်လို့ ဆိုကြမှာပေါ့။

ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမှာလည်း လီဗာပူးလ်ဟာ တစ်ပွဲပဲ ရှုံးခဲ့တယ်။ သူတို့ကတော့ ရှေ့ရာသီက လုပ်မပြနိုင်တဲ့ မန်စီးတီးက ပွဲစဉ် ၂၁ မှာပဲ လက်စားချေပြီး ရပ်တန့်လိုက်ပြန်တယ်။ ရှုံးပွဲမရှိစံချိန်နဲ့ တစ်ခါလွဲပြန်တဲ့ လီဗာပူးလ်ဟာ သရေပွဲတွေနဲ့ အမှတ်လျော့ခဲ့ပြန်လို့ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပါ ထပ်လွဲပြန်တယ်။ ဂျာမန်သားကြီး ယာဂန် ကလော့ပ်တို့အဖွဲ့ ဒုတိယနေရာမှာ ၉၇ မှတ်ဆိုတဲ့ စံချိန်တင်အမှတ်နဲ့။

ဒီလိုနဲ့ တစ်ရာသီထက် တစ်ရာသီ တောင့်တင်းလာတဲ့ အယ်လီဆန်၊ ဗန်ဒိုက်၊ အာနိုးလ်ဒ်၊ ရောဘတ်ဆန်၊ မာနေး၊ ဆာလား၊ ဖာမီနိုတို့ လူအင်အားနဲ့ ပရီးမီးယားလိဂ်ကို ရယူနိုင်ဖို့ လှောင်ပြောင်မှုတွေကြားထဲက ရုန်းထွက်နေတဲ့၊ စိတ်ဓာတ်ပိုကောင်းလာတဲ့၊ သန်မာကြံ့ခိုင်လာတဲ့ လီဗာပူးလ်တို့ ဒီရာသီမှာ ထပ်ပြီး စိန်ခေါ်ပြန်ပြီ။ တစ်ခါမှ မရဖူးသေးတဲ့ ပရီးမီးယားလိဂ်အတွက်၊ ပြီးတော့ အာဆင်နယ်နောက်ပိုင်း မမြင်ဖူးသေးတဲ့ Invincibles ဂုဏ်အတွက်။

ဒီစာရေးချိန်မှာ ပွဲစဉ် ၂၇ ပြီးဆုံးခဲ့ပါပြီ။ ရှေ့က အမြင့်ဆုံးတောင့်ခံနိုင်ခဲ့တဲ့ မန်စီးတီးရဲ့ ၂၃ ပွဲစံချိန်ကို ကျော်ဖြတ်ခဲ့ကြပြီ။ လက်ရှိရာသီမှာ သူတို့တွေ ပိုအားသာနေတာက ဘယ်အသင်းမှာမှ ဒီလောက်အင်အားကောင်းပြီး ရုန်းအားညှစ်ထုတ်နိုင်တဲ့ လူစာရင်းနဲ့ စိတ်ဓာတ်အင်အား မရှိဘူး။ ဒီလိုနဲ့ ကစားပုံမကောင်းလည်း နိုင်ပွဲတွေနဲ့ သရေပွဲဆိုတာ အိုးလ်ထရက်ဖို့ဒ်က တစ်ပွဲပဲ ရှားရှားပါးပါး။

၁၁ ပွဲပဲ ကျန်တော့တယ်။ ဒီထဲမှာ ကြိုးကြာတွေကို သရေလုပ်နိုင်မယ့်အသင်းနဲ့ အိမ်ကွင်းက စောင့်နေသူတွေတောင်မှ သိပ်မရှိလှဘူး။ ပွဲစဉ် ၃၂ မှာ ချန်ပီယံလွှဲပေးရမှာအတွက် အစွမ်းကုန် ရုန်းနိုင်ပေမယ့် UEFA နဲ့ ဝါရီပွားနေတဲ့ မန်စီးတီးကို လီဗာပူးလ်တို့ သရေကောင်းကောင်းလုပ်နိုင်စွမ်း ရှိနေတယ်။

နောက်ပြီးတော့ ၃၆ က အာဆင်နယ်။ ဥရောပဝင်ခွင့်အတွက် စိတ်ပူနေရတဲ့ အာဆင်နယ်ဟာ ဒီပွဲကိုတော့ စံချိန်လွှဲမပေးရရေးအတွက် မဟုတ်ရင်တောင် အမှတ်ရနိုင်သလောက်ရရေးအတွက် ရုန်းမှာပဲ။ မိုက်ကယ် အာတီတာအနေနဲ့ ဘယ်လိုပြင်ဆင်ထားထား၊ ထိပ်တန်းခံစစ်မှူးတွေ ဖြည့်မထားနိုင်ခဲ့လို့ ဒီနောက်တန်းဟာ လီဗာပူးလ်အတွက် သရေတော့ အနိမ့်ဆုံး ယူနိုင်မယ့် အားနည်းချက်ဖြစ်နေတယ်။

ဒီနှစ်ပွဲဟာ လီဗာပူးလ်တို့ကို ရှုံးစေချင်တဲ့ ဂွါဒီယိုလာနဲ့ အာတီတာတို့ ဆရာတပည့်ရဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ အသင်းနှစ်သင်းရဲ့ မာနခံတပ်တွေမှာ ကြိုးစားရဖို့ ဖြစ်ပြီး ကျန်တဲ့အထဲမှာ မာဆေးဆိုက်ဒါဘီအဝေးကွင်းမှာ လီဗာပူးလ်တို့ ကံဆိုးပြီး သဘောကောင်းလွန်းမှ သရေကျနိုင်ရုံသာ။ ၃ ပွဲပဲ အမှတ်လျော့မယ့် ၁၁ ပွဲကျန် ခရီးလမ်းမှာ လီဗာပူးလ်တို့ ရနိုင်တဲ့ ဖြစ်နိုင်ခြေရလဒ်က ၈ ပွဲနိုင် ၃ ပွဲသရေဆိုရင်ကော ပရီးမီးယားလိဂ်ပရိသတ်တွေ သဘောတူနိုင်ကြမလား။

ဒါဆိုရင် စုစုပေါင်း စာရင်းချုပ်တော့ ဘယ်လောက်?… ၂၆ ပွဲနိုင် ၁ ပွဲသရေ + ၈ ပွဲနိုင် ၃ ပွဲသရေ = ၃၄ ပွဲနိုင် ၄ ပွဲသရေ၊ ၁၀၆ မှတ်တဲ့လား။ ဘယ်အသင်းနဲ့ ဘယ်အခြေအနေ၊ ဘယ်ငြင်းခုံစရာတွေဘက်ကမှ လိုက်မခံစားဘဲ စာတော်တဲ့သူတစ်ယောက်ကို အားကျတတ်တဲ့ ကျောင်းသားလေးတစ်ယောက်ရဲ့ အတွေးနဲ့ ဆိုရင်ကော… သြော်… ချီးကျူးပေးရုံ၊ ဝမ်းသာပေးရုံ၊ ရင်ခုန်ပေးရုံ၊ မုဒိတာပွားပေးရုံပဲပေါ့။

ဒီစံချိန်နဲ့သာ Invincibles အင်ဗင့်စီးဘဲလ်ဖြစ်ခဲ့ရင် ချိုးဖျက်လိုက်ဦးမယ့် စံချိန်တွေလည်း မနည်း။ တစ်ခါက အာဆင်နယ်ရဲ့ စံချိန်ဟာ သရေတွေ ၁၂ ပွဲတောင် ပါနေလို့ သိပ်မမှတ်မိတော့တဲ့ နာမည်ကြီးတစ်ဦးက ကဲ့ရဲ့ဖူးတယ်။ ဒါပေမယ့် တစ်ရာသီလုံး မရှုံးဖို့ရော လွယ်ရဲ့လား။ ဒီတစ်ခါ လီဗာပူးလ်အသင်းနဲ့ သရေ ၄ ပွဲပဲ ပါမယ်ဆိုရင်တော့ ခင်ဗျား ကျေနပ်မှာလား ဆရာကြီးလို့ မေးလဲမေးချင်တယ်၊ မေးလဲ မမေးရဲသေးဘူး။

တစ်ရာသီလုံး မရှုံးဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ အဲ့ဒါကို မရှုံးခဲ့ဘဲ စံချိန်ဟောင်းထက် ပိုကောင်းခဲ့ရင်တော့ ဘာဖန် ဘာပရိသတ်ပဲဖြစ်ဖြစ် အာဆင်ဝင်းဂါးနဲ့ အွန်နရီတို့အဖွဲ့နေရာမှာ ယာဂန် ကလော့ပ်နဲ့ ဆာလားတို့အဖွဲ့ကို လက်ခုပ်တီးပြီး အားပေးရလိမ့်မယ်။ ကိုယ်မလုပ်နိုင်ရင် ပိုပြီး အထင်ကြီးပေးရမယ် မဟုတ်ဘူးလား…။

By KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.