Premier League Transfer News

28 Nov နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အေစီမီလန်အသင်းရဲ့ ကွင်းလယ်လူ ဟာကန် ချယ်လ်ဟာနိုးလူးဟာ မန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်လာဖို့ ၉၀ ရာခိုင်နှုန်း သေချာနေပြီလို့ ဂျာနယ်လစ် ခရစ္စတီယန် ဖော့လ်ခ်က ပြောကြားလိုက်ပြီး အသင်းက ထွက်ခွာမယ့် မာတာနဲ့ လင်ဂတ်တို့ နေရာအတွက် အစားထိုးမှုကောင်းဖြစ်လာနိုင်။

– လူတွေ ဒီလောက်အများကြီး အစားအစာလိုနေတယ်ဆိုတာကို သိလိုက်ရချိန်မှာ မိမိအနေနဲ့ အံ့သြလွန်းလို့ စကားမဆိုနိုင်အောင် ဖြစ်ခဲ့ရကြောင်းနဲ့ ဒီအချိန်မှာ မားကပ်စ်(ရက်ရှ်ဖို့ဒ်)အနေနဲ့ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို လမ်းပြနိုင်ခဲ့လို့ ဂုဏ်ယူကြောင်း ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ပြောကြား။

– ဆောက်သမ်တန်အသင်းရဲ့ နည်းပြ ရာထူးကိုသာ အာရုံစိုက်ထားပြီး အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ နည်းပြ ရာ့လ်ဖ် ဟေဆန်ဟွတ်တယ်လ်က ပြောကြားလိုက်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြရာထူးအတွက် ခန့်မှန်းမှုတွေကို ပယ်ချသွား။

– အဲဗာတန်အသင်းမှာ လိုအပ်နေတာဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား ဒန်နီယယ်လ် ဂျိမ်းစ်လိုလူမျိုးဖြစ်ပြီး ဇန်နဝါရီမှာ ခေါ်ယူသွားနိုင်ဖို့ ပေါလ် ရော်ဘင်ဆန် တိုက်တွန်းသွား။

– ဇန်နဝါရီမှာ ဘာစီလိုနာအသင်းကနေ ရောင်းချနိုင်တဲ့ တောင်ပံကစားသမား အူစမန် ဒမ်ဘီလီကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်ကို ယူနိုက်တက်အသင်းဘက်က ဆုပ်ကိုင်ထားဆဲဖြစ်ပြီး နည်းပြ ဆိုးလ်ရှားအနေနဲ့ လူငယ်တောင်ပံကစားသမားတွေထက် သူ့ကို ပိုမိုအလိုရှိနေနိုင်။

– အသင်းရဲ့ ထရိန်နင်ကို ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင်းစ် ပြန်လည်ရောက်ရှိလာခဲ့ပြီး လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ပြီဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့ အိမ်ကွင်းပွဲစဉ်ကို ပါဝင်နိုင်ဖို့တော့ ကြံ့ခိုင်မှု မလုံလောက်သေးဘူးလို့ သိရ။

– အသင်းအတွက် မိုလ်ဒီနဲ့ပွဲမှာ လူစားဝင်ပြီး ဂိုးသွင်းနိုင်ခဲ့တဲ့ ဖိုလာရင် ဘာလိုဂွန်ဟာ မေဆန် ဂရင်းဝုဒ်ထက် ပိုမိုခြေစွမ်းပြနိုင်မှာဖြစ်သလို ပိုကောင်းတဲ့ ကစားသမားဖြစ်တယ်လို့ အာဆင်နယ်ပရိသတ်တွေက ယူနိုက်တက်လူငယ်ကြယ်ပွင့်နဲ့ နှိုင်းယှဉ်ပြီး အလွန်အကျူး ပြောနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.