Premier League Transfer News

28 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းတောင်ပံသမား ဘူကာယို ဆာကာဟာ သူမြင်ဖူးသမျှထဲမှာ မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ကစားသမားမျိုး ဖြစ်တယ်လို့ အင်္ဂလန်လက်ရွေးစင်အသင်းဖော် ဒက်ကလန် ရိုက်စ်က ပြောကြားလိုက်ပြီး ဒီလိုအနေအထားကို ရောက်လာမယ်လို့ မထင်ခဲ့ဖူးကြောင်း ဝန်ခံသွား။

– နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ကွင်းလယ်ဖန်တီးမှု ပြဿနာကို ဖြေရှင်းဖို့အတွက် လာမယ့် ဇန်နဝါရီမှာ ယူရိုသန်း ၂၀ နဲ့ ခေါ်ယူနိုင်မယ့် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အစ္စကိုကို ခေါ်ယူဖို့ အာဆင်နယ်အသင်းတာဝန်ရှိသူတွေကို တောင်းဆိုထား။

– အူနိုင်း အမ်မရီနဲ့ အာတီတာကြားမှာ အသင်းကို ယာယီကိုင်တွယ်ခဲ့ရတဲ့ ဖရက်ဒီ ယွန်းဘတ်အနေနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ကို သူ့ဘာသာ စုစည်းတည်ဆောက်ချင်ခဲ့ပေမယ့် အာဆင်နယ်ဘုတ်အဖွဲ့ဘက် ခွင့်မပြုခဲ့ဘဲ ပယ်ချခံခဲ့ရတယ်လို့ ထုတ်ဖော်သွား။

– အာဆင်နယ်နည်းပြ အာတီတာက သူတို့အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်ဖို့ လောလောဆယ်မှာ မဖြစ်နိုင်သေးဘဲ အပြောင်းအရွှေ့ကာလ ၄-၅ ခု လောက်မှာ လိုအပ်တဲ့ ကစားသမားတွေနဲ့ ပြောင်းလဲပြင်ဆင်သွားရဦးမယ်လို့ဆို။

– အာဆင်နယ်အသင်းရဲ့ အကြီးမားဆုံး ပြဿနာဟာ ဂိုးတွေ အလွယ်တကူ မရယူနိုင်တာလို့ သူ့ရဲ့ အသင်းနဲ့ ဖြတ်သန်းခဲ့သမျှ ဘောလုံး ရာသီတွေမှာ ထင်မှတ်မထားလောက်အောင် ဂိုးပေါက်ပျောက်ဆုံးနေခဲ့တဲ့ အူဘာမီယန်းက ပြောကြားသွားခဲ့ပြီး အမြန်ဆုံး ကျော်လွှား သွားနိုင်ဖို့ လိုတယ်လို့ သတိပေး။

– လီယွန်အသင်းရဲ့ ပွဲပြီးလေ့ကျင့်ခန်းအစီအစဉ်ကို မလိုက်နာခဲ့လို့ ပြဿနာဖြစ်ပွားခဲ့ပြီး အသင်းဘက်က ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ကွင်းလယ်လူ ဟူဆင်းမ် အောဝါရဲ့ အခြေအနေကို အာဆင်နယ် စောင့်ကြည့်နေပြီး လက်ဦးမှု ရယူဖို့ ကြိုးပမ်းလာနိုင်။

– ယူ-၂၃ အသင်းရဲ့ပွဲမှာ နောက်ခံလူ ပါဘလို မာရီ ပြန်လည်ပါဝင်ကစားခဲ့ပြီး ကြံ့ခိုင်မှုရဖို့ ကြိုးစားနေခဲ့ချိန်မှာ တွဲဖက်အဖြစ် ပါဝင်ခဲ့တဲ့ ဝီလီယမ် ဆာလီဘာကတော့ စိန့်အက်တီယန်အသင်းဆီ ဇန်နဝါရီမှာ ပြန်လည်ထွက်ခွာနိုင်ဖို့ တွန်းအားပေးလုပ်ဆောင်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းေတာင္ပံသမား ဘူကာယို ဆာကာဟာ သူျမင္ဖူးသမွ်ထဲမွာ မယုံႏိုင္ေလာက္ေအာင္ ေကာင္းမြန္တဲ့ ကစားသမားမ်ိဳး ျဖစ္တယ္လို႔ အဂၤလန္လက္ေ႐ြးစင္အသင္းေဖာ္ ဒက္ကလန္ ႐ိုက္စ္က ေျပာၾကားလိုက္ၿပီး ဒီလိုအေနအထားကို ေရာက္လာမယ္လို႔ မထင္ခဲ့ဖူးေၾကာင္း ဝန္ခံသြား။

– နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ကြင္းလယ္ဖန္တီးမႈ ျပႆနာကို ေျဖရွင္းဖို႔အတြက္ လာမယ့္ ဇန္နဝါရီမွာ ယူ႐ိုသန္း ၂၀ နဲ႔ ေခၚယူႏိုင္မယ့္ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ အစၥကိုကို ေခၚယူဖို႔ အာဆင္နယ္အသင္းတာဝန္ရွိသူေတြကို ေတာင္းဆိုထား။

– အူႏိုင္း အမ္မရီနဲ႔ အာတီတာၾကားမွာ အသင္းကို ယာယီကိုင္တြယ္ခဲ့ရတဲ့ ဖရက္ဒီ ယြန္းဘတ္အေနနဲ႔ သူ႔ရဲ႕ နည္းျပအဖြဲ႕ကို သူ႔ဘာသာ စုစည္းတည္ေဆာက္ခ်င္ခဲ့ေပမယ့္ အာဆင္နယ္ဘုတ္အဖြဲ႕ဘက္ ခြင့္မျပဳခဲ့ဘဲ ပယ္ခ်ခံခဲ့ရတယ္လို႔ ထုတ္ေဖာ္သြား။

– အာဆင္နယ္နည္းျပ အာတီတာက သူတို႔အေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚဖို႔ ေလာေလာဆယ္မွာ မျဖစ္ႏိုင္ေသးဘဲ အေျပာင္းအေ႐ႊ႕ကာလ ၄-၅ ခု ေလာက္မွာ လိုအပ္တဲ့ ကစားသမားေတြနဲ႔ ေျပာင္းလဲျပင္ဆင္သြားရဦးမယ္လို႔ဆို။

– အာဆင္နယ္အသင္းရဲ႕ အႀကီးမားဆုံး ျပႆနာဟာ ဂိုးေတြ အလြယ္တကူ မရယူႏိုင္တာလို႔ သူ႔ရဲ႕ အသင္းနဲ႔ ျဖတ္သန္းခဲ့သမွ် ေဘာလုံး ရာသီေတြမွာ ထင္မွတ္မထားေလာက္ေအာင္ ဂိုးေပါက္ေပ်ာက္ဆုံးေနခဲ့တဲ့ အူဘာမီယန္းက ေျပာၾကားသြားခဲ့ၿပီး အျမန္ဆုံး ေက်ာ္လႊား သြားႏိုင္ဖို႔ လိုတယ္လို႔ သတိေပး။

– လီယြန္အသင္းရဲ႕ ပြဲၿပီးေလ့က်င့္ခန္းအစီအစဥ္ကို မလိုက္နာခဲ့လို႔ ျပႆနာျဖစ္ပြားခဲ့ၿပီး အသင္းဘက္က ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့ ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါရဲ႕ အေျခအေနကို အာဆင္နယ္ ေစာင့္ၾကည့္ေနၿပီး လက္ဦးမႈ ရယူဖို႔ ႀကိဳးပမ္းလာႏိုင္။

– ယူ-၂၃ အသင္းရဲ႕ပြဲမွာ ေနာက္ခံလူ ပါဘလို မာရီ ျပန္လည္ပါဝင္ကစားခဲ့ၿပီး ႀကံ့ခိုင္မႈရဖို႔ ႀကိဳးစားေနခဲ့ခ်ိန္မွာ တြဲဖက္အျဖစ္ ပါဝင္ခဲ့တဲ့ ဝီလီယမ္ ဆာလီဘာကေတာ့ စိန႔္အက္တီယန္အသင္းဆီ ဇန္နဝါရီမွာ ျပန္လည္ထြက္ခြာႏိုင္ဖို႔ တြန္းအားေပးလုပ္ေဆာင္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.