Premier League

Deeper Role ပြောင်း ကစားနေတဲ့ ဟာရီကိန်းကို ချဲလ်ဆီးရဲ့ ဘယ်ကစားသမားက ရပ်တန့်ပစ်နိုင်မလဲ [ဆောင်းပါး]

ဟာရီကိန်းကို ထိန်းရခက်တဲ့ ပြဿနာက သူကဂိုးကို မျိုးစုံသွင်းတတ်တာပဲ။ ဘယ်နဲ့သွင်းတယ်၊ ညာနဲ့သွင်းတယ်၊ ခေါင်းတိုက်သွင်းတယ်၊ ဧရိယာထဲကနေ အနီးကပ်သွင်းတယ်၊ ဂိုးဧရိယာအပြင်ဘက်ကနေ သွင်းတယ်။ ဒီလိုကြောက်ဖို့ကောင်းတဲ့ တိုက်စစ်မှူးက ဒီရာသီမှာ နံပါတ် ၁၀ တာဝန်ကိုယူပြီး ဂိုးဖန်တီးမှုတွေ လုပ်နေတဲ့အပြင် ဂိုးတွေကိုလည်း ဆက်သွင်းနေတုန်းပဲ။ ဒါကို ဘယ်လိုကိုင်တွယ်ပြီး ဟာရီကိန်းကို ချေဖျက်မလဲ။

ဒီမေးခွန်းကိုထုတ်ခဲ့သူက ကိန်းနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ဖူးတဲ့ ဝက်စ်ဘရွမ်းခံစစ်မှူးဟောင်း ဂါရက်သ် မက်အော်လေးဖြစ်ပြီး တကယ်တမ်း လုပ်ရပ်နဲ့ ဖြေဆိုရှင်းလင်းရမှာက လာမယ့် တနင်္ဂနွေ၊ စတန်းဖို့ဒ်ဘရစ်ချ်မှာ စပါးကို လက်ခံကစားမယ့် ချယ်လ်ဆီးနည်းပြ လမ်းပတ်ပါ။

ပင်နယ်တီသွင်းဂိုးမပါဘဲနဲ့ကို ကိန်းက သူ့ရဲ့ အကောင်းဆုံးခြေစွမ်းအဖြစ် ၂၀၁၇-၁၈ က ၃၇ ပွဲမှာ ၂၈ ဂိုးသွင်းယူခဲ့တာထက်ကို ဒီနှစ်စွမ်းဆောင်ရည်က ပိုမြင့်နေတာကို NPxG ၀.၅ ရထားတဲ့ အချက်အလက်က သက်သေ ပြနေပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဟာရီကိန်းဟာ ၉ ပွဲ၊ ၇ ဂိုးသွင်းသလို သူ့ထက်ပိုသွင်းထားသူက ဆွန်ဟောင်မင်ဖြစ်ပြီး ၉ ပွဲ၊ ၉ ဂိုးပါ။ ကိန်းက စုစုပေါင်း ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ထားတာဖြစ်ပြီး ဆွန်ဟောင်မင်ရဲ့ သွင်းဂိုး ၉ ဂိုးမှာ ၇ ကြိမ်အထိ ပါဝင်နေတာက တိုက်ဆိုင်မှုမဟုတ်သလို ဒီတိုက်စစ်အတွဲရဲ့ ကွင်းတွင်းနားလည်မှုက အမြင့်ဆုံးအခြေအနေဆိုတာ ဖော်ပြနေပါတယ်။ ဟာရီကိန်းကို ခံစစ်မှူးတွေက အာရုံတချက်လွတ်တာနဲ့ သူက ဂိုးသွင်းရင်သွင်း၊ မသွင်းရင် ဂိုးဖန်တီးမှုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

ချယ်လ်ဆီးအသင်းအနေနဲ့ ခြေစွမ်းကောင်းနဲ့ ရလဒ်ကောင်းတွေကို တောက်လျှောက်ရထားတဲ့ လက်ရှိ ၄-၃-၃ ပုံစံမှာ အန်ဂိုလို ကွန်တေက ကွင်းလယ်အဖျက်ကစားအနေနဲ့ ခံစစ်ကို ကာကွယ်ပေးနေပါတယ်။ နေရာယူမှုကောင်းပြီး ကွင်းလယ်နဲ့ ခံစစ်ကြားက နေရာလွတ်မှန်သမျှ သတ်ပစ်နိုင်တဲ့ ကွန်တေရဲ့ လုပ်အားနှုန်းနဲ့ ရုန်းအားကောင်းမှုက ပြိုင်ဘက်တိုက်စစ်ကို စုစည်းချိန် မရစေဘဲ အရှိန်ထိုးကျသွားစေတယ်။

ဒါက တိုက်စစ်ကနေ ကွင်းလယ်ဘက်ပြန်ဆင်းပြီး ထောင်ချောက်ဆင်လေ့ရှိတဲ့ ဟာရီကိန်းကို ချေဖျက်ဖို့ လမ်းပတ်ရဲ့ လက်နက်တခုဖြစ်လာဖွယ် ရှိနေပြီး ဟာရီကိန်း-ဆွန်အတွဲရဲ့ အချိတ်အဆက်ကို ဖြတ်ချပစ်မယ့် နောက်ထပ်လက်နက်က သီယာဂိုဆေးလ်ဗားဖြစ်ပါတယ်။ ချယ်လ်ဆီးခံစစ်ကြောင်းတခုလုံးက အတွေ့အကြုံနဲ့ ပွဲအမြင် မြင့်မားတာနဲ့အညီ အလျင်မြန်ဆုံး ပွဲဖတ်တတ်တဲ့ ဆေးလ်ဗားရဲ့ ဦးဆောင်မှု အပေါ်မှာ မူတည်နေတယ်။ ဇူးမားရဲ့ ပူးပေါင်းမှုကလည်း အရေးကြီးပါတယ်။

ဆေးလ်ဗားက နေရာယူပုံ အမြဲမှန်ကန်တိကျပြီး ဆုံးဖြတ်ချက် အားကောင်းသူဖြစ်တယ်။ ဒါပေမယ့် သူတယောက်တည်းနဲ့တင် ကိစ္စမပြီးဘဲ ချယ်လ်ဆီးခံစစ်အစုအဖွဲ့ရဲ့ ညီညွတ်မှုနဲ့ ဘက်ညီတဲ့ အကူအညီကိုပါ လိုအပ်ပါတယ်။ ကန်တေရဲ့ ပြေးလွှားမှုနဲ့ နေရာလွတ်တွေကို Cover လုပ်ပေးနိုင်စွမ်းက ခံစစ်နဲ့ စက္ကန့်ပိုင်းမျှအတွင်း ဆက်သွယ်နိုင်မှုမှာ စကားပြောသွားမှာဖြစ်ပါတယ်။

လမ်းပတ်အနေနဲ့ အလုပ်ဖြစ်နေတဲ့ ၄-၃-၃ ကို ဒီပွဲမှာစွန့်ပြီး ဟာရီကိန်း-ဆွန်အတွဲကို ချေဖျက်နိုင်တဲ့ ၃-၄-၂-၁ ကစားပုံကို အသက်သွင်းလာဖို့လည်း ရှိနေပါတယ်။ လမ်းပတ်အနေနဲ့ ဗဟိုခံစစ်မှူးတွေရဲ့ နေရာယူပုံ၊ စုစည်းကျစ်လစ်မှုကို လိုအပ်တဲ့တပြိုင်နက် ဟာရီကိန်းက ခံစစ်ဇုန်ကိုခွာပြီး Drop Deep လုပ်လာတဲ့အခိုက်အတန့်မှာ ခံစစ်မှူးတွေက ကွင်းလယ်လူတွေနဲ့ အမြန်ဆုံးစကားပြောဆို အသိပေးနိုင်ဖို့ လိုပြီး ဒါဟာ စက္ကန့်မလပ် အာရုံစိုက်နေရမယ့် စိန်ခေါ်မှုတခု ဖြစ်ပါတယ်။

ချယ်လ်ဆီးအနေနဲ့ အကောင်းဆုံးပုံစံရနေတဲ့ ဟာရီကိန်း-ဆွန်၊ မော်ရင်ညိုရဲ့ Master Plan နဲ့ အသက်ဝင်နိုးထနေတဲ့ စပါးကို အတော်လေး ခက်ခက်ခဲခဲနဲ့ သတိကြီးကြီးထား ရင်ဆိုင်ရမှာဖြစ်ပြီး တချက်မှားတာနဲ့ ပေးဆပ်မှုကြီးသွားနိုင်လို့ လမ်းပတ်အတွက် လွယ်ကူတဲ့ ပွဲစဉ်မဟုတ်ပေမယ့် ဆရာနဲ့တပည့် နည်းဗျူးဟာချင်း စီးချင်းထိုးကြမယ့် ကြည့်ကောင်းမယ့် ပွဲတပွဲဖြစ်လာမှာတော့ အသေအချာပါပဲ။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဟာရီကိန္းကို ထိန္းရခက္တဲ့ ျပႆနာက သူကဂိုးကို မ်ိဳးစုံသြင္းတတ္တာပဲ။ ဘယ္နဲ႔သြင္းတယ္၊ ညာနဲ႔သြင္းတယ္၊ ေခါင္းတိုက္သြင္းတယ္၊ ဧရိယာထဲကေန အနီးကပ္သြင္းတယ္၊ ဂိုးဧရိယာအျပင္ဘက္ကေန သြင္းတယ္။ ဒီလိုေၾကာက္ဖို႔ေကာင္းတဲ့ တိုက္စစ္မႉးက ဒီရာသီမွာ နံပါတ္ ၁၀ တာဝန္ကိုယူၿပီး ဂိုးဖန္တီးမႈေတြ လုပ္ေနတဲ့အျပင္ ဂိုးေတြကိုလည္း ဆက္သြင္းေနတုန္းပဲ။ ဒါကို ဘယ္လိုကိုင္တြယ္ၿပီး ဟာရီကိန္းကို ေခ်ဖ်က္မလဲ။

ဒီေမးခြန္းကိုထုတ္ခဲ့သူက ကိန္းနဲ႔ အႀကိမ္ႀကိမ္ရင္ဆိုင္ခဲ့ဖူးတဲ့ ဝက္စ္ဘ႐ြမ္းခံစစ္မႉးေဟာင္း ဂါရက္သ္ မက္ေအာ္ေလးျဖစ္ၿပီး တကယ္တမ္း လုပ္ရပ္နဲ႔ ေျဖဆိုရွင္းလင္းရမွာက လာမယ့္ တနဂၤေႏြ၊ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ စပါးကို လက္ခံကစားမယ့္ ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္ပါ။

ပင္နယ္တီသြင္းဂိုးမပါဘဲနဲ႔ကို ကိန္းက သူ႔ရဲ႕ အေကာင္းဆုံးေျခစြမ္းအျဖစ္ ၂၀၁၇-၁၈ က ၃၇ ပြဲမွာ ၂၈ ဂိုးသြင္းယူခဲ့တာထက္ကို ဒီႏွစ္စြမ္းေဆာင္ရည္က ပိုျမင့္ေနတာကို NPxG ၀.၅ ရထားတဲ့ အခ်က္အလက္က သက္ေသ ျပေနပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္မွာ ဟာရီကိန္းဟာ ၉ ပြဲ၊ ၇ ဂိုးသြင္းသလို သူ႔ထက္ပိုသြင္းထားသူက ဆြန္ေဟာင္မင္ျဖစ္ၿပီး ၉ ပြဲ၊ ၉ ဂိုးပါ။ ကိန္းက စုစုေပါင္း ဂိုးဖန္တီးမႈ ၉ ႀကိမ္အထိ ျပဳလုပ္ထားတာျဖစ္ၿပီး ဆြန္ေဟာင္မင္ရဲ႕ သြင္းဂိုး ၉ ဂိုးမွာ ၇ ႀကိမ္အထိ ပါဝင္ေနတာက တိုက္ဆိုင္မႈမဟုတ္သလို ဒီတိုက္စစ္အတြဲရဲ႕ ကြင္းတြင္းနားလည္မႈက အျမင့္ဆုံးအေျခအေနဆိုတာ ေဖာ္ျပေနပါတယ္။ ဟာရီကိန္းကို ခံစစ္မႉးေတြက အာ႐ုံတခ်က္လြတ္တာနဲ႔ သူက ဂိုးသြင္းရင္သြင္း၊ မသြင္းရင္ ဂိုးဖန္တီးမႈျပဳလုပ္ဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။

ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ေျခစြမ္းေကာင္းနဲ႔ ရလဒ္ေကာင္းေတြကို ေတာက္ေလွ်ာက္ရထားတဲ့ လက္ရွိ ၄-၃-၃ ပုံစံမွာ အန္ဂိုလို ကြန္ေတက ကြင္းလယ္အဖ်က္ကစားအေနနဲ႔ ခံစစ္ကို ကာကြယ္ေပးေနပါတယ္။ ေနရာယူမႈေကာင္းၿပီး ကြင္းလယ္နဲ႔ ခံစစ္ၾကားက ေနရာလြတ္မွန္သမွ် သတ္ပစ္ႏိုင္တဲ့ ကြန္ေတရဲ႕ လုပ္အားႏႈန္းနဲ႔ ႐ုန္းအားေကာင္းမႈက ၿပိဳင္ဘက္တိုက္စစ္ကို စုစည္းခ်ိန္ မရေစဘဲ အရွိန္ထိုးက်သြားေစတယ္။

ဒါက တိုက္စစ္ကေန ကြင္းလယ္ဘက္ျပန္ဆင္းၿပီး ေထာင္ေခ်ာက္ဆင္ေလ့ရွိတဲ့ ဟာရီကိန္းကို ေခ်ဖ်က္ဖို႔ လမ္းပတ္ရဲ႕ လက္နက္တခုျဖစ္လာဖြယ္ ရွိေနၿပီး ဟာရီကိန္း-ဆြန္အတြဲရဲ႕ အခ်ိတ္အဆက္ကို ျဖတ္ခ်ပစ္မယ့္ ေနာက္ထပ္လက္နက္က သီယာဂိုေဆးလ္ဗားျဖစ္ပါတယ္။ ခ်ယ္လ္ဆီးခံစစ္ေၾကာင္းတခုလုံးက အေတြ႕အႀကဳံနဲ႔ ပြဲအျမင္ ျမင့္မားတာနဲ႔အညီ အလ်င္ျမန္ဆုံး ပြဲဖတ္တတ္တဲ့ ေဆးလ္ဗားရဲ႕ ဦးေဆာင္မႈ အေပၚမွာ မူတည္ေနတယ္။ ဇူးမားရဲ႕ ပူးေပါင္းမႈကလည္း အေရးႀကီးပါတယ္။

ေဆးလ္ဗားက ေနရာယူပုံ အၿမဲမွန္ကန္တိက်ၿပီး ဆုံးျဖတ္ခ်က္ အားေကာင္းသူျဖစ္တယ္။ ဒါေပမယ့္ သူတေယာက္တည္းနဲ႔တင္ ကိစၥမၿပီးဘဲ ခ်ယ္လ္ဆီးခံစစ္အစုအဖြဲ႕ရဲ႕ ညီၫြတ္မႈနဲ႔ ဘက္ညီတဲ့ အကူအညီကိုပါ လိုအပ္ပါတယ္။ ကန္ေတရဲ႕ ေျပးလႊားမႈနဲ႔ ေနရာလြတ္ေတြကို Cover လုပ္ေပးႏိုင္စြမ္းက ခံစစ္နဲ႔ စကၠန႔္ပိုင္းမွ်အတြင္း ဆက္သြယ္ႏိုင္မႈမွာ စကားေျပာသြားမွာျဖစ္ပါတယ္။

လမ္းပတ္အေနနဲ႔ အလုပ္ျဖစ္ေနတဲ့ ၄-၃-၃ ကို ဒီပြဲမွာစြန႔္ၿပီး ဟာရီကိန္း-ဆြန္အတြဲကို ေခ်ဖ်က္ႏိုင္တဲ့ ၃-၄-၂-၁ ကစားပုံကို အသက္သြင္းလာဖို႔လည္း ရွိေနပါတယ္။ လမ္းပတ္အေနနဲ႔ ဗဟိုခံစစ္မႉးေတြရဲ႕ ေနရာယူပုံ၊ စုစည္းက်စ္လစ္မႈကို လိုအပ္တဲ့တၿပိဳင္နက္ ဟာရီကိန္းက ခံစစ္ဇုန္ကိုခြာၿပီး Drop Deep လုပ္လာတဲ့အခိုက္အတန႔္မွာ ခံစစ္မႉးေတြက ကြင္းလယ္လူေတြနဲ႔ အျမန္ဆုံးစကားေျပာဆို အသိေပးႏိုင္ဖို႔ လိုၿပီး ဒါဟာ စကၠန႔္မလပ္ အာ႐ုံစိုက္ေနရမယ့္ စိန္ေခၚမႈတခု ျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအေနနဲ႔ အေကာင္းဆုံးပုံစံရေနတဲ့ ဟာရီကိန္း-ဆြန္၊ ေမာ္ရင္ညိဳရဲ႕ Master Plan နဲ႔ အသက္ဝင္ႏိုးထေနတဲ့ စပါးကို အေတာ္ေလး ခက္ခက္ခဲခဲနဲ႔ သတိႀကီးႀကီးထား ရင္ဆိုင္ရမွာျဖစ္ၿပီး တခ်က္မွားတာနဲ႔ ေပးဆပ္မႈႀကီးသြားႏိုင္လို႔ လမ္းပတ္အတြက္ လြယ္ကူတဲ့ ပြဲစဥ္မဟုတ္ေပမယ့္ ဆရာနဲ႔တပည့္ နည္းဗ်ဴးဟာခ်င္း စီးခ်င္းထိုးၾကမယ့္ ၾကည့္ေကာင္းမယ့္ ပြဲတပြဲျဖစ္လာမွာေတာ့ အေသအခ်ာပါပဲ။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.