Premier League

မိုလ်ဒီ ၀-၃ အာဆင်နယ် ပွဲအပြီး မှတ်မှတ်သားသားဖြစ်ခဲ့တဲ့ အချက် ၇ ချက်

အာတီတာရဲ့ ဝင်္ကပါထဲမှာ အဖြေပြန်ရှာနိုင်ခဲ့ – လိဒ်စ်နဲ့ပွဲမှာ ပြဿနာမီးမွှေးခဲ့တဲ့ ပေပေက ဒီပွဲမှာ အာဆင်နယ်ရဲ့ အကောင်းဆုံးတွေထဲ ပါခဲ့တယ်။ အာတီတာ အလုံးကြီးကျသွားတယ် ပြောရမှာပေါ့။ ပြီးခဲ့တဲ့ပွဲမှာ အူဘာမီယန်းကို အထောင်တိုက်စစ်မှူးနေရာ ပြန်ပေးပြီး ပြဿနာဖြေရှင်းနိုင်ခဲ့တဲ့အပြင် ဒီနေ့ပွဲရဲ့ ဘယ်ခြမ်းတိုက်စစ်မှာတော့ ရီးစ်နယ်လ်ဆန်ကို ယုံယုံကြည်ကြည်နဲ့ နေရာ​ပေးခဲ့ပြီး ယုံကြည်မှုတန်ခိုးပြတယ် ဆိုရမလား၊ နယ်လ်ဆန်က ဒီပွဲတင်မက နောက်ပွဲအတွက်ပါ ပွဲထွက်ခွင့်ထိုက်တန်ကြောင်း ဘွတ်ကင်ကြိုလုပ်သွားတဲ့ ခြေစွမ်းထက်မြက်မှုနဲ့ အားထုတ်လိုစိတ်တွေကို ပြသသွားခဲ့တယ်။

ခေါင်းကြီးသတင်းတွေထဲက ပေပေ
ဒီတခါတော့ ကောင်းတဲ့ဘက်က ပေပေရဲ့သတင်းက မွှေးပါပြီ။ ပွဲကြိုရှင်းလင်းပွဲမှာ ဘက်ပေါင်းစုံ ထိုးနှက်မေးခွန်းတွေကြားက ပေပေဘက်က အခိုင်အမာရပ်တည်ပြီး ကာကွယ်ပေးခဲ့တဲ့ အာတီတာရဲ့ ရွေးချယ်မှုက ပေပေအတွက် အလုပ်ဖြစ်သွားခဲ့ပါပြီ။ အထင်ကြီးလောက်စရာ ခြေစွမ်းအဆင့်မျိုးကို ပြသပြီး အာတီတာ မှန်ကန်ကြောင်း သက်သေပြခဲ့သလို ပေပေရဲ့ သွင်းဂိုးတိုင်းမှာ သူ့ရဲ့ ဘယ်ခြေတချောင်းကို ပြိုင်ဘက်တွေထိန်းဖို့ ခက်ခဲလွန်းခဲ့ပါတယ်။

ဝီလီယံရဲ့ တနေရာ ခြိမ်း​ခြောက်ခံရ – ဒီရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်ရဲ့ လူသစ်ကစားသမားဖြစ်လာခဲ့တဲ့ ဝီလီယံဟာ လက်ရှိအချိန်ထိ ပွဲထွက်တနေရာအတွက် ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ဒီပွဲမှာ ဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့ ဝဲလ်လော့ခ် နဲ့ ပေပေ၊ နယ်လ်ဆန်တို့ရဲ့ ခြေစွမ်းက ချီးကျူးစရာကျန်အောင်ကို အမှတ်ထင်စရာဖြစ်ခဲ့တာကြောင့် ဘရာဇီးလ်တိုက်စစ်မှူးရဲ့ ပွဲထွက်တနေရာက အခုထက်ပိုပြီး ခြိမ်းခြောက်ခံလာရဖို့ ရှိနေပါတယ်။

နစ်မွန်းနေဆဲ လာကာ – ရာသီအစ တာထွက် ၃ ပွဲမှာ ၃ ဂိုးသွင်းခဲ့တဲ့ လာကာအနေနဲ့ အခုလို ခြေစွမ်းပျောက်ဆုံးပြီး နစ်မွန်းသွားလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမိခဲ့မှာ မဟုတ်ဘူး။ အထောင်တိုက်စစ်မှူးနေရာကို ဆုံးရှုံးခဲ့ရတဲ့နောက် လိဒ်စ်နဲ့ပွဲမှာလည်း လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတဲ့အပြင် ဒီပွဲမှာလည်း နကီးတီးယားရဲ့ အနောက် နံပါတ် ၁၀ နေရာမှာသာ ကစားခဲ့ရပါတယ်။ သေချာတာကတော့ ဘယ်နေရာမှာ ကစားသည်ဖြစ်စေ လာကာထံကနေ စိတ်ပျက် စရာခြေစွမ်းနဲ့ အသက်မဲ့တဲ့ ကစားပုံကိုသာ မြင်တွေ့ရနေတာတော့ ဆိုးရွားလွန်းပါတယ်။ သူ့ကို ပထမဆုံး လူစားလဲမှု ပြုလုပ်ခဲ့ရတာပါ။

ဘယ်လိုဂန်ရဲ့ အချိန်အခါ ရောက်ရှိလာပြီလား – ဒါက ပရိသတ်တွေ မျှော်လင့်နေကြတဲ့ မျှော်လင့်ချက်အစစ်ပါပဲ။ အသက် ၁၉ နှစ်သား ဘယ်လိုဂန်ဟာ ဒီရာသီအစောပိုင်းမှာ အသင်းကြီးနဲ့ ပထမဆုံး ပွဲထွက်ခွင့်ကို ရခဲ့တဲ့နောက် ဒီနွေအကုန်မှာ ပြီးဆုံးမှာ သူ့ရဲ့ စာချုပ်သက်တမ်းကို အသစ်တိုးဖို့ ပြောဆိုနေမှုတွေ ပြုလုပ်နေသလို အာတီတာရဲ့စကားအရ သူက အာဆင်နယ် DNA ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အရန်ခုံကထလာပြီး စိတ်အားထက်သန်မှု နဲ့ တဂိုးအမြန်ဆုံးသွင်းပြခဲ့ပုံက စာချုပ်သစ် အမြန်ချုပ်ချင်ပြီဆိုတဲ့ ရူးသွပ်မှုကို မြင်ခဲ့ရပြီး ဒါဟာ အာဆင်နယ်အသင်းကြီးအတွက် သူ့ရဲ့ ပထမဆုံးဂိုး ဖြစ်လာခဲ့ပါတယ်။

လန်းဆန်းနေတဲ့ လူငယ်မျိုးဆက်သစ် – အာဆင်နယ်ရဲ့ တတိယဂိုးကိုကြည့်ရင် လန်းဆန်းနေတဲ့ လူငယ်မျိုးဆက်သစ်ကို အနာဂတ်အတွက် ပုံဖော်ကြည့်နေလို့ ရပါပြီ။ ၇၅ မိနစ်မှာ လူစားဝင်လာခဲ့တဲ့ စမစ်သ်ရိုး၊ အသင်းမှာ ကိုယ်ပိုင်နေရာတနေရာရဖို့ တိုက်ပွဲဝင်လာခဲ့တဲ့ တိုက်စစ်ကွင်းလယ်လူ ဝဲလဲလော့ခ်၊ ပွဲသိမ်းဂိုးရှင် ဘယ်လိုဂန်တို့က အုပ်စုကျွတ်ခဲ့ပြီးဖြစ်တဲ့ ယူရိုပါလိဂ်ရဲ့ လက်ကျန်နှစ်ပွဲမှာ အာဆင်နယ်ရဲ့ အစဥ်အလာအတိုင်း လူငယ်မျိုးဆက်တွေအနေနဲ့ နောက်လမ် ပွဲထွက်လာဖို့ ရှိနေပါတယ်။

လိုရာမရောက်သေးတဲ့ အာဆင်နယ်တိုက်စစ် – ပရီးမီယားလိဂ်ရဲ့ နောက်ဆုံး ၄၇၅ မိနစ်အတွင်း ပင်နယ်တီတဂိုးသာရထားတဲ့ အာဆင်နယ်ဟာ ဒီပွဲ ပထမပိုင်းပြီးအထိ ဂိုးပေါက်ပျောက်နေခဲ့ပြီး ခန့်မှန်းရလွယ်ကူလွန်းနေတဲ့ တိုက်စစ်ကစားပုံကို အာတီတာ ပုံစံပြောင်းလဲစေဖို့ လိုအပ်နေကြောင်း သတိပေးသံ ဖြစ်ခဲ့ပါတယ်။ မိုလ်ဒီကို ၃ ဂိုးသွင်းနိုင်ခဲ့တာ ကျေနပ်စရာ ရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပြန်ရှာတွေ့ဖို့ လိုနေပါသေးတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGI:

အာတီတာရဲ႕ ဝကၤပါထဲမွာ အေျဖျပန္ရွာႏိုင္ခဲ့ – လိဒ္စ္နဲ႔ပြဲမွာ ျပႆနာမီးေမႊးခဲ့တဲ့ ေပေပက ဒီပြဲမွာ အာဆင္နယ္ရဲ႕ အေကာင္းဆုံးေတြထဲ ပါခဲ့တယ္။ အာတီတာ အလုံးႀကီးက်သြားတယ္ ေျပာရမွာေပါ့။ ၿပီးခဲ့တဲ့ပြဲမွာ အူဘာမီယန္းကို အေထာင္တိုက္စစ္မႉးေနရာ ျပန္ေပးၿပီး ျပႆနာေျဖရွင္းႏိုင္ခဲ့တဲ့အျပင္ ဒီေန႔ပြဲရဲ႕ ဘယ္ျခမ္းတိုက္စစ္မွာေတာ့ ရီးစ္နယ္လ္ဆန္ကို ယုံယုံၾကည္ၾကည္နဲ႔ ေနရာ​ေပးခဲ့ၿပီး ယုံၾကည္မႈတန္ခိုးျပတယ္ ဆိုရမလား၊ နယ္လ္ဆန္က ဒီပြဲတင္မက ေနာက္ပြဲအတြက္ပါ ပြဲထြက္ခြင့္ထိုက္တန္ေၾကာင္း ဘြတ္ကင္ႀကိဳလုပ္သြားတဲ့ ေျခစြမ္းထက္ျမက္မႈနဲ႔ အားထုတ္လိုစိတ္ေတြကို ျပသသြားခဲ့တယ္။

ေခါင္းႀကီးသတင္းေတြထဲက ေပေပ
ဒီတခါေတာ့ ေကာင္းတဲ့ဘက္က ေပေပရဲ႕သတင္းက ေမႊးပါၿပီ။ ပြဲႀကိဳရွင္းလင္းပြဲမွာ ဘက္ေပါင္းစုံ ထိုးႏွက္ေမးခြန္းေတြၾကားက ေပေပဘက္က အခိုင္အမာရပ္တည္ၿပီး ကာကြယ္ေပးခဲ့တဲ့ အာတီတာရဲ႕ ေ႐ြးခ်ယ္မႈက ေပေပအတြက္ အလုပ္ျဖစ္သြားခဲ့ပါၿပီ။ အထင္ႀကီးေလာက္စရာ ေျခစြမ္းအဆင့္မ်ိဳးကို ျပသၿပီး အာတီတာ မွန္ကန္ေၾကာင္း သက္ေသျပခဲ့သလို ေပေပရဲ႕ သြင္းဂိုးတိုင္းမွာ သူ႔ရဲ႕ ဘယ္ေျခတေခ်ာင္းကို ၿပိဳင္ဘက္ေတြထိန္းဖို႔ ခက္ခဲလြန္းခဲ့ပါတယ္။

ဝီလီယံရဲ႕ တေနရာ ၿခိမ္း​ေျခာက္ခံရ – ဒီရာသီ အေျပာင္းအေ႐ႊ႕မွာ အာဆင္နယ္ရဲ႕ လူသစ္ကစားသမားျဖစ္လာခဲ့တဲ့ ဝီလီယံဟာ လက္ရွိအခ်ိန္ထိ ပြဲထြက္တေနရာအတြက္ ႐ုန္းကန္ေနရဆဲျဖစ္ပါတယ္။ ဒီပြဲမွာ ဂိုးဖန္တီးမႈျပဳလုပ္ခဲ့တဲ့ ဝဲလ္ေလာ့ခ္ နဲ႔ ေပေပ၊ နယ္လ္ဆန္တို႔ရဲ႕ ေျခစြမ္းက ခ်ီးက်ဴးစရာက်န္ေအာင္ကို အမွတ္ထင္စရာျဖစ္ခဲ့တာေၾကာင့္ ဘရာဇီးလ္တိုက္စစ္မႉးရဲ႕ ပြဲထြက္တေနရာက အခုထက္ပိုၿပီး ၿခိမ္းေျခာက္ခံလာရဖို႔ ရွိေနပါတယ္။

နစ္မြန္းေနဆဲ လာကာ – ရာသီအစ တာထြက္ ၃ ပြဲမွာ ၃ ဂိုးသြင္းခဲ့တဲ့ လာကာအေနနဲ႔ အခုလို ေျခစြမ္းေပ်ာက္ဆုံးၿပီး နစ္မြန္းသြားလိမ့္မယ္လို႔ ဘယ္သူကမွ ထင္ထားမိခဲ့မွာ မဟုတ္ဘူး။ အေထာင္တိုက္စစ္မႉးေနရာကို ဆုံးရႈံးခဲ့ရတဲ့ေနာက္ လိဒ္စ္နဲ႔ပြဲမွာလည္း လူစားဝင္ကစားသမားအျဖစ္သာ ပါဝင္ခဲ့ရတဲ့အျပင္ ဒီပြဲမွာလည္း နကီးတီးယားရဲ႕ အေနာက္ နံပါတ္ ၁၀ ေနရာမွာသာ ကစားခဲ့ရပါတယ္။ ေသခ်ာတာကေတာ့ ဘယ္ေနရာမွာ ကစားသည္ျဖစ္ေစ လာကာထံကေန စိတ္ပ်က္ စရာေျခစြမ္းနဲ႔ အသက္မဲ့တဲ့ ကစားပုံကိုသာ ျမင္ေတြ႕ရေနတာေတာ့ ဆိုး႐ြားလြန္းပါတယ္။ သူ႔ကို ပထမဆုံး လူစားလဲမႈ ျပဳလုပ္ခဲ့ရတာပါ။

ဘယ္လိုဂန္ရဲ႕ အခ်ိန္အခါ ေရာက္ရွိလာၿပီလား – ဒါက ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾကတဲ့ ေမွ်ာ္လင့္ခ်က္အစစ္ပါပဲ။ အသက္ ၁၉ ႏွစ္သား ဘယ္လိုဂန္ဟာ ဒီရာသီအေစာပိုင္းမွာ အသင္းႀကီးနဲ႔ ပထမဆုံး ပြဲထြက္ခြင့္ကို ရခဲ့တဲ့ေနာက္ ဒီေႏြအကုန္မွာ ၿပီးဆုံးမွာ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းကို အသစ္တိုးဖို႔ ေျပာဆိုေနမႈေတြ ျပဳလုပ္ေနသလို အာတီတာရဲ႕စကားအရ သူက အာဆင္နယ္ DNA ကို ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ အရန္ခုံကထလာၿပီး စိတ္အားထက္သန္မႈ နဲ႔ တဂိုးအျမန္ဆုံးသြင္းျပခဲ့ပုံက စာခ်ဳပ္သစ္ အျမန္ခ်ဳပ္ခ်င္ၿပီဆိုတဲ့ ႐ူးသြပ္မႈကို ျမင္ခဲ့ရၿပီး ဒါဟာ အာဆင္နယ္အသင္းႀကီးအတြက္ သူ႔ရဲ႕ ပထမဆုံးဂိုး ျဖစ္လာခဲ့ပါတယ္။

လန္းဆန္းေနတဲ့ လူငယ္မ်ိဳးဆက္သစ္ – အာဆင္နယ္ရဲ႕ တတိယဂိုးကိုၾကည့္ရင္ လန္းဆန္းေနတဲ့ လူငယ္မ်ိဳးဆက္သစ္ကို အနာဂတ္အတြက္ ပုံေဖာ္ၾကည့္ေနလို႔ ရပါၿပီ။ ၇၅ မိနစ္မွာ လူစားဝင္လာခဲ့တဲ့ စမစ္သ္႐ိုး၊ အသင္းမွာ ကိုယ္ပိုင္ေနရာတေနရာရဖို႔ တိုက္ပြဲဝင္လာခဲ့တဲ့ တိုက္စစ္ကြင္းလယ္လူ ဝဲလဲေလာ့ခ္၊ ပြဲသိမ္းဂိုးရွင္ ဘယ္လိုဂန္တို႔က အုပ္စုကြၽတ္ခဲ့ၿပီးျဖစ္တဲ့ ယူ႐ိုပါလိဂ္ရဲ႕ လက္က်န္ႏွစ္ပြဲမွာ အာဆင္နယ္ရဲ႕ အစဥ္အလာအတိုင္း လူငယ္မ်ိဳးဆက္ေတြအေနနဲ႔ ေနာက္လမ္ ပြဲထြက္လာဖို႔ ရွိေနပါတယ္။

လိုရာမေရာက္ေသးတဲ့ အာဆင္နယ္တိုက္စစ္ – ပရီးမီယားလိဂ္ရဲ႕ ေနာက္ဆုံး ၄၇၅ မိနစ္အတြင္း ပင္နယ္တီတဂိုးသာရထားတဲ့ အာဆင္နယ္ဟာ ဒီပြဲ ပထမပိုင္းၿပီးအထိ ဂိုးေပါက္ေပ်ာက္ေနခဲ့ၿပီး ခန္႔မွန္းရလြယ္ကူလြန္းေနတဲ့ တိုက္စစ္ကစားပုံကို အာတီတာ ပုံစံေျပာင္းလဲေစဖို႔ လိုအပ္ေနေၾကာင္း သတိေပးသံ ျဖစ္ခဲ့ပါတယ္။ မိုလ္ဒီကို ၃ ဂိုးသြင္းႏိုင္ခဲ့တာ ေက်နပ္စရာ ရွိခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာ ဂိုးေပါက္ျပန္ရွာေတြ႕ဖို႔ လိုေနပါေသးတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.