Premier League

27 Nov – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

မန်စီးတီးအသင်းကို အနိုင်ယူခဲ့တဲ့ စပါးစ်နဲ့. ​​ခြေစွမ်းထက်နေတဲ့ ချယ်လ်ဆီးတို့ကို မြင်တွေ့ပြီးနောက်မှာ ဒီနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို လန်ဒန်အသင်းတွေထဲကသာ ဆွတ်ခူးသွားလိမ့်မယ်လို့ ချယ်လ်ဆီးကစားသမားဟောင်း ဂါးလက်စ်ယုံကြည်နေ။

စပါးစ်နဲ့ပွဲကို အနိုင်သာ ကစားသွားမှာဖြစ်ပြီး ချယ်လ်ဆီးသမိုင်းကြောင်းက မော်ရင်ညိုကို လေးစားပေမယ့် ဒါအတွက်နဲ့ သူ့ကို ညှာနေမှာမဟုတ်ဘူးလို့ ချယ်လ်ဆီး ညာနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွဲတား ကြုံးဝါး။

အစိုးရရဲ့Tier 2 အဆင့်သတ်မှတ်ချက်ထဲမှာ ပါဝင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဒီဇင်ဘာ ၂ရက်နေ့ကစလို့ အိမ်ကွင်းပွဲစဥ်တွေမှာ ပရိသတ် ၂၀၀၀ လက်ခံခွင့်ရသွားမှာဖြစ်ပြီး ၅ရက်နေ့ ကစားမယ့် လိဒ်စ်ယူနိုက်တက်နဲ့ စတန်းဖို့ဒ် ဘရစ်ချ်ပွဲစဥ်မှာ ချယ်လ်ဆီးပရိသတ်တွေ လာရောက်ကြည့်ရှုနိုင်တော့မည်ဖြစ်။

ရင်းနေးအသင်းနဲ့ပွဲမှာ အနိုင်ဂိုးကို သွင်းယူပြီး ပွဲကို အဆုံးအဖြတ်ပေးခဲ့တဲ့ တိုက်စစ်မှူး ဂျီရူးဟာ အသင်းမှာ ပွဲထွက်တနေရာအတွက် ပြိုင်ဆိုင်မှုပြင်းနေပေမယ့် လမ်းပတ်ရဲ့လက်အောက်မှာ နေရာလုတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြောသွား။

တံကောက်ကြောဒဏ်ရာသက်သာပြီး ကြံ့ခိုင်မှုပြည့်ဝနေတဲ့ ပူလီရှစ်ချ်ဟာ စပါးနဲ့ပွဲမှာ ပွဲထွက်လာနိင်ဖွယ်ရှိပြီး သီယာဂို ဆေးလ်ဗားကိုလည်း ချယ်လ်ဆီးအသင်းက တနှစ်စာချုပ် သက်တမ်းတိုးဖို့ စီစဥ်နေ။

တီမို ဗာနာ၊ အေဒူယာ မန်ဒီ၊ သီယာဂို ဆေးလ်ဗား နဲ့ အန်ဂိုလို ကွန်တေတို့ ၄ ဦးသာ တရာသီလုံး ကြံ့ခိုင်မှုပြည့်ဝနေခဲ့ရင် ချန်ပီယံဆုအတွက် လီဗာပူးလ်ကို လမ်းပတ်စိန်ခေါ်နိုင်မယ်လို့ တင်မ်ရှားဝုဒ် သုံးသပ်ခဲ့ပြီး စပါးစ်နဲ့ပွဲမှာ ချယ်လ်ဆီးက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တဖက် တဂိုးစီ သွင်းမယ့်ပွဲလို့ ခန့်မှန်း။

ပွဲစဉ်ရေးဆွဲမှုအရ နားရက်ပိုရထားတဲ့ ချယ်လ်ဆီးအသင်းက ပိုကံကောင်းနေပြီး မျက်နှာသာပေးခံထားရလို့ ခေါင်းတလုံး ပိုသာနေတဲ့အသင်းဖြစ်ကြောင်း လမ်းပတ်ကို နည်းပြဘဝမှာ ပရီးမီးယားလိဂ်မှာ တခါမှ အနိုင်မရဖူးတဲ့ မော်ရင်ညိုက ထိုးနှက်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:



အစိုးရရဲ့Tier 2 အဆင့်သတ်မှတ်ချက်ထဲမှာ ပါဝင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဒီဇင်ဘာ ၂ရက်နေ့ကစလို့ အိမ်ကွင်းပွဲစဉ်တွေမှာ ပရိသတ် ၂၀၀၀ လက်ခံခွင့်ရသွားမှာဖြစ်ပြီး ၅ရက်နေ့ ကစားမယ့် လိဒ်စ်ယူနိုက်တက်နဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျပွဲစဉ်မှာ ချယ်လ်ဆီးပရိသတ်တွေ လာရောက်ကြည့်ရှုနိုင်တော့မည်ဖြစ်။


တံကောက်ကြောဒဏ်ရာသက်သာပြီး ကြံ့ခိုင်မှုပြည့်ဝနေတဲ့ ပူလီရှစ်ခ်ျဟာ စပါးနဲ့ပွဲမှာ ပွဲထွက်လာနိင်ဖွယ်ရှိပြီး သီယာဂို ဆေးလ်ဗားကိုလည်း ချယ်လ်ဆီးအသင်းက တနှစ်စာချုပ် သက်တမ်းတိုးဖို့ စီစဉ်နေ။



REF: INTERNET SOURCES
SPORTS A2Z.