Premier League

27 Nov နံနက်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ဖီဖာရဲ့ တနှစ်တာအကောင်းဆုံးကစားသမား ဆန်ခါတင် ၁၁ ဦးစာရင်းမှာ ရွေးချယ်ခံခဲ့ရတဲ့အတွက် အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ လီဗာပူးလ်နဲ့ စပိန်ပရိသတ်တွေကို အထူးကျေးဇူးတင်မိကြောင်း အယ်လ်ကန်တာရာ ဖွင့်ဟခဲ့ပြီး ဆန်ခါတင်စာရင်းမှာ အသင်းဖော် ဗန်ဒိုက်၊ မာနေးနဲ့ မိုဆာလားတို့ အတူပါဝင်လာခဲ့။

ဒီယိုဂို ဂျိုတာဟာ လီဗာပူးလ်အသင်းမှာ ကစားဖို့ မွေးဖွားလာခဲ့သူဖြစ်တယ်လို့ မိုက်ကယ် အိုဝင်က ချီးကျူးသွားခဲ့ပြီး သူ့ရဲ့ ပြစ်ချက်မရှိတဲ့ ခြေစွမ်းမျိုးက ဖာမီနိုကို အခုထက်ပိုပြီး ဖိအားတိုးစေလိမ့်မယ်လို့ သုံးသပ်ခဲ့။

ကြွက်သားဒဏ်ရာ ရရှိထားခဲ့တဲ့ ဂျော်ဒန် ဟန်ဒါဆန်ကို လာမယ့် ဘရိုက်တန်နဲ့ပွဲအတွက် အကြိုလေ့ကျင့်ရေး အစီအစဥ်မှာ ပြန်လည်မြင်တွေ့ခဲ့ရပြီး လေ့ကျင့်ခန်းအပြည့်အဝပြန်ဆင်းနိုင်ပြီဖြစ်လို့ ဘရိုက်တန်နဲ့ပွဲကို ပွဲထွက်လာနိုင်ဖွယ်ရှိ။

ဒီဇင်ဘာ ၉ ရက်နေ့၊ ဒိန်းမတ်မှာ ကစားရမယ့် မစ်ဂျီလန်းအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ဒေါ့မွန်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားဖို့ ယူအီးအက်ဖ်အေက ခွင့်ပြုခဲ့ပြီး လီဗာပူးလ်အသင်းဟာ ဒိန်းမတ်ကိုသာ သွားရောက်ကစားခဲ့ပါက အင်္ဂလန်ကို ပြန်ရောက်တဲ့အခါ ၁၄ ရက် ကွာရန်တင်းဝင်ရမှာဖြစ်လို့ အခုလို ရွှေ့ပြောင်းခဲ့ခြင်းဖြစ်။

အန်ဒီရော်ဘတ်ဆန်ဟာ ကလေးငယ်တွေအတွက် လူမျိုး၊ ကျားမ၊ လူတန်းစားမရွေး ဘောလုံးကစားနိုင်ရေးအတွက် ဘောလုံးကွင်းတွေ ထောက်ပံ့တည်ဆောက်ပေးမယ့် AR26 အမည်ရ ကိုယ်ပိုင် ပရဟိတအဖွဲ့ကို တည်ထောင်ခဲ့ပြီး လူငယ်တွေအတွက် အခမဲ့ ဘောလုံးလေ့ကျင့်ရေးနဲ့ သက်မွေး အခွင့်အရေးတွေအတွက် ကူညီပေးသွားမှာဖြစ်။

လီဗာပူးလ်၊ အဲဗာတန်၊ နဲ့ လန်ဒန်ကလပ်အသင်းတွေဟာ အစိုးရ Tier 2 အဆင့်သတ်မှတ်ချက်မှာ ပါဝင်ခဲ့လို့ အန်ဖီးလ်မြေမှာ ဒီဇင်ဘာ ၂ ရက်နေ့ကစပြီး ပရိသတ် ၂၀၀၀ ကို ပြန်လည်ဝင်ရောက်ခွင့်ပြုသွားမှာဖြစ်သလို ဒါဟာ အိမ်ကွင်းအသင်း ပရိသတ်အတွက်သာ အကျူံးဝင်မယ်လို့ သိရ။

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ မာရာဒိုနာကို ရည်စူးတဲ့ အလွမ်းပြေစကား ပြောကြားခဲ့ပြီး ဘောလုံးသမားဘဝက ဒီယေဂိုဟာ လူတိုင်း အရူးအမူးဖြစ်ရတဲ့ ဘောလုံးအိုင်ကွန် ဖြစ်ခဲ့သလို လူမှုဘဝဇာတ်လမ်းစုံတဲ့ မာရာဒိုနာဘဝကိုလည်း သူရဲကောင်းအဖြစ် လွမ်းဆွတ်နေမှာဖြစ်ကြောင်း ပြည့်စုံတဲ့ မှတ်ချက်ကိုပြုခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖီဖာရဲ႕ တႏွစ္တာအေကာင္းဆုံးကစားသမား ဆန္ခါတင္ ၁၁ ဦးစာရင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရတဲ့အတြက္ အသင္းေဟာင္း ဘိုင္ယန္ျမဴးနစ္အသင္းနဲ႕အတူ လီဗာပူးလ္နဲ႕ စပိန္ပရိသတ္ေတြကို အထူးေက်းဇူးတင္မိေၾကာင္း အယ္လ္ကန္တာရာ ဖြင့္ဟခဲ့ၿပီး ဆန္ခါတင္စာရင္းမွာ အသင္းေဖာ္ ဗန္ဒိုက္၊ မာေနးနဲ႕ မိုဆာလားတို႔ အတူပါဝင္လာခဲ့။

ဒီယိုဂို ဂ်ိဳတာဟာ လီဗာပူးလ္အသင္းမွာ ကစားဖို႔ ေမြးဖြားလာခဲ့သူျဖစ္တယ္လို႔ မိုက္ကယ္ အိုဝင္က ခ်ီးက်ဴးသြားခဲ့ၿပီး သူ႕ရဲ႕ ျပစ္ခ်က္မရွိတဲ့ ေျခစြမ္းမ်ိဳးက ဖာမီနိုကို အခုထက္ပိုၿပီး ဖိအားတိုးေစလိမ့္မယ္လို႔ သုံးသပ္ခဲ့။

ႂကြက္သားဒဏ္ရာ ရရွိထားခဲ့တဲ့ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို လာမယ့္ ဘရိုက္တန္နဲ႕ပြဲအတြက္ အႀကိဳေလ့က်င့္ေရး အစီအစဥ္မွာ ျပန္လည္ျမင္ေတြ႕ခဲ့ရၿပီး ေလ့က်င့္ခန္းအျပည့္အဝျပန္ဆင္းနိုင္ၿပီျဖစ္လို႔ ဘရိုက္တန္နဲ႕ပြဲကို ပြဲထြက္လာနိုင္ဖြယ္ရွိ။

ဒီဇင္ဘာ ၉ ရက္ေန႕၊ ဒိန္းမတ္မွာ ကစားရမယ့္ မစ္ဂ်ီလန္းအသင္းနဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္ကို ေဒါ့မြန္အသင္းရဲ႕ အိမ္ကြင္းမွာ သြားေရာက္ကစားဖို႔ ယူအီးအက္ဖ္ေအက ခြင့္ျပဳခဲ့ၿပီး လီဗာပူးလ္အသင္းဟာ ဒိန္းမတ္ကိုသာ သြားေရာက္ကစားခဲ့ပါက အဂၤလန္ကို ျပန္ေရာက္တဲ့အခါ ၁၄ ရက္ ကြာရန္တင္းဝင္ရမွာျဖစ္လို႔ အခုလို ေ႐ႊ႕ေျပာင္းခဲ့ျခင္းျဖစ္။

အန္ဒီေရာ္ဘတ္ဆန္ဟာ ကေလးငယ္ေတြအတြက္ လူမ်ိဳး၊ က်ားမ၊ လူတန္းစားမေ႐ြး ေဘာလုံးကစားနိုင္ေရးအတြက္ ေဘာလုံးကြင္းေတြ ေထာက္ပံ့တည္ေဆာက္ေပးမယ့္ AR26 အမည္ရ ကိုယ္ပိုင္ ပရဟိတအဖြဲ႕ကို တည္ေထာင္ခဲ့ၿပီး လူငယ္ေတြအတြက္ အခမဲ့ ေဘာလုံးေလ့က်င့္ေရးနဲ႕ သက္ေမြး အခြင့္အေရးေတြအတြက္ ကူညီေပးသြားမွာျဖစ္။

လီဗာပူးလ္၊ အဲဗာတန္၊ နဲ႔ လန္ဒန္ကလပ္အသင္းေတြဟာ အစိုးရ Tier 2 အဆင့္သတ္မွတ္ခ်က္မွာ ပါဝင္ခဲ့လို႔ အန္းဖီးလ္ေျမမွာ ဒီဇင္ဘာ ၂ ရက္ေန႔ကစၿပီး ပရိသတ္ ၂၀၀၀ ကို ျပန္လည္ဝင္ေရာက္ခြင့္ျပဳသြားမွာျဖစ္သလို ဒါဟာ အိမ္ကြင္းအသင္း ပရိသတ္အတြက္သာ အက်ဴံးဝင္မယ္လို႔ သိရ။

လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္ဟာ မာရာဒိုနာကို ရည္စူးတဲ့ အလြမ္းေျပ စကားေျပာၾကားခဲ့ၿပီး ေဘာလုံးသမားဘဝက ဒီေယဂိုဟာ လူတိုင္းအ႐ူးအမူးျဖစ္ရတဲ့ ေဘာလုံးအိုင္ကြန္ျဖစ္ခဲ့သလို လူမႈဘဝဇာတ္လမ္းစုံတဲ့ မာရာဒိုနာဘဝကိုလည္း သူရဲေကာင္းအျဖစ္ လြမ္းဆြတ္ေနမွာျဖစ္ေၾကာင္း ျပည့္စုံတဲ့ မွတ္ခ်က္ကိုျပဳခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.