Premier League Transfer News

27 Nov နံနက်ပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြနေပေမယ့် ခံစစ်မှာလည်း နည်းပြ ဆိုးလ်ရှား တောင်းဆိုတဲ့အတိုင်း ကစားပေးလေ့ရှိတဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ ထပ်ပြီး ပြီးပြည့်စုံတဲ့ ကစားသမားမျိုး ဖြစ်လာဦးမှာလို့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ် ချီးကျူး။

– မာစီယယ်လ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ ကစားနေခဲ့ရတဲ့ အသင်းရဲ့ တောင်ပံတိုက်စစ်အတွက် ကစားသမားသစ်ခေါ်ယူဖို့ ယူနိုက်တက် တာဝန်ရှိသူတွေအနေနဲ့ ဗီလာရီးယဲလ်တောင်ပံကစားသမား ဆင်မြူယယ်လ် ချုခ်ဝူဇီကို ပစ်မှတ်ထားနေ။

– ဂျာမန်သတင်းဌာနက Bild ရဲ့ အလိုအရ အေစီမီလန်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဟာကန် ချယ်လ်ဟာနိုးလူးအနေနဲ့ လာမယ့် ရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ကစားဖို့အတွက် တွန်းအားပေးလုပ်ဆောင်နေတယ်လို့ဆို။

– မန်ချက်စတာယူနိုက်တက်ရဲ့ အန္တရာယ်ကြီးမားတဲ့ တန်ပြန်တိုက်စစ်၊ ဘရူနို ဖာနန်ဒက်စ်နဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ဟာ မိမိတို့အတွက် ဦးစားပေးထိန်းချုပ်ရမယ့် အရာတွေဖြစ်ကြောင်း ဆောက်သမ်တန်နောက်ခံလူ ရိုင်ယန် ဘာထရန် ပြောကြား။

– ယူနိုက်တက်အနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားကို ခေါ်ယူပြီး အကျိုးရှိခဲ့ပုံကို အတုယူရမှာဖြစ်ပြီး ရီးရဲလ် မက်ဒရစ်ရဲ့ အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်ကို ခေါ်ယူဖို့ ဘာဘာတော့ဗ် တိုက်တွန်း။

– ပရီးမီးယားလိဂ် အဝေးကွင်း သုံးပွဲမှာ သုံးပွဲအနိုင်ရရှိထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ၄ ပွဲမြောက် နိုင်ပွဲကို ဆက်လက်တိုးမြှင့်နိုင်ဦးမှာဖြစ်ပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိလိမ့်မယ်လို့ လော်ရို ခန့်မှန်း။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဟက်ကာတွေရဲ့ ခြိမ်းခြောက်ငွေတောင်းမှုနဲ့ ရင်ဆိုင်နေရပြီး အသင်းရဲ့ အရေးကြီးပြီး လူသိ မခံနိုင်တဲ့ အချက်အလက်တွေကို လုံလောက်တဲ့ ငွေကြေးမပေးရင် ဖွင့်ချပစ်မယ်လို့ သတိပေးထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– တိုက္စစ္ပိုင္းမွာ ေျခစြမ္းျပေနေပမယ့္ ခံစစ္မွာလည္း နည္းျပ ဆိုးလ္ရွား ေတာင္းဆိုတဲ့အတိုင္း ကစားေပးေလ့ရွိတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ထပ္ၿပီး ၿပီးျပည့္စုံတဲ့ ကစားသမားမ်ိဳး ျဖစ္လာဦးမွာလို႔ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္ ခ်ီးက်ဴး။

– မာစီယယ္လ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ ကစားေနခဲ့ရတဲ့ အသင္းရဲ႕ ေတာင္ပံတိုက္စစ္အတြက္ ကစားသမားသစ္ေခၚယူဖို႔ ယူႏိုက္တက္ တာဝန္ရွိသူေတြအေနနဲ႔ ဗီလာရီးယဲလ္ေတာင္ပံကစားသမား ဆင္ျမဴယယ္လ္ ခ်ဳခ္ဝူဇီကို ပစ္မွတ္ထားေန။

– ဂ်ာမန္သတင္းဌာနက Bild ရဲ႕ အလိုအရ ေအစီမီလန္အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ ဟာကန္ ခ်ယ္လ္ဟာႏိုးလူးအေနနဲ႔ လာမယ့္ ရာသီမွာ အိုးလ္ထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ကစားဖို႔အတြက္ တြန္းအားေပးလုပ္ေဆာင္ေနတယ္လို႔ဆို။

– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အႏၲရာယ္ႀကီးမားတဲ့ တန္ျပန္တိုက္စစ္၊ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ မားကပ္စ္ ရက္ရွ္ဖို႔ဒ္တို႔ဟာ မိမိတို႔အတြက္ ဦးစားေပးထိန္းခ်ဳပ္ရမယ့္ အရာေတြျဖစ္ေၾကာင္း ေဆာက္သမ္တန္ေနာက္ခံလူ ႐ိုင္ယန္ ဘာထရန္ ေျပာၾကား။

– ယူႏိုက္တက္အေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားကို ေခၚယူၿပီး အက်ိဳးရွိခဲ့ပုံကို အတုယူရမွာျဖစ္ၿပီး ရီးရဲလ္ မက္ဒရစ္ရဲ႕ အသင္းေခါင္းေဆာင္ ဆာဂ်ီယို ရာမို႔စ္ကို ေခၚယူဖို႔ ဘာဘာေတာ့ဗ္ တိုက္တြန္း။

– ပရီးမီးယားလိဂ္ အေဝးကြင္း သုံးပြဲမွာ သုံးပြဲအႏိုင္ရရွိထားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေဆာက္သမ္တန္နဲ႔ပြဲမွာ ၄ ပြဲေျမာက္ ႏိုင္ပြဲကို ဆက္လက္တိုးျမႇင့္ႏိုင္ဦးမွာျဖစ္ၿပီး ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိလိမ့္မယ္လို႔ ေလာ္႐ို ခန႔္မွန္း။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဟက္ကာေတြရဲ႕ ၿခိမ္းေျခာက္ေငြေတာင္းမႈနဲ႔ ရင္ဆိုင္ေနရၿပီး အသင္းရဲ႕ အေရးႀကီးၿပီး လူသိ မခံႏိုင္တဲ့ အခ်က္အလက္ေတြကို လုံေလာက္တဲ့ ေငြေၾကးမေပးရင္ ဖြင့္ခ်ပစ္မယ္လို႔ သတိေပးထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.