Match Report Premier League UCL&UEL

ရာနှုန်းပြည့်အနိုင်နဲ့ ယူရိုပါလိဂ်ရှုံးထွက် ၃၂ သင်းအဆင့်ကို အာဆင်နယ်တို့ တက်ရောက်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာတော့ ဂိုးသမား ရူနာဆန်နဲ့ အရန်ကစားသမားအများစုကို ချာကာ၊ ပေပေ၊ လာကာဇက်တို့နဲ့ တွဲဖက်ပွဲထုတ်ခဲ့ပြီး အေးမြတဲ့ နော်ဝေရဲ့ ရာသီဥတုမှာ အိမ်ရှင် မိုလ်ဒီအသင်းကို အသာစီးရယူနိုင်ခြင်းတော့ မရှိခဲ့ဘဲ အပြန်အလှန်သာ စတင်ခဲ့ရပါတယ်။

မြောက်လန်ဒန်အသင်းအနေနဲ့ ပထမပိုင်းမှာတော့ တွဲလုံးတွေ အလုပ်မဖြစ်တာကြောင့် ရုန်းကန်ခဲ့ရပြီး တစ်ဖက်ကွင်းခြမ်းမှာ ဘောလုံးတွေ အပျက်များနေခဲ့သလို နယ်လ်ဆန်နဲ့ ပေပေတို့ ကြိုးစားကစားခဲ့ကြပေမယ့် အဆုံးသတ်ပိုင်းတွေကတော့ အားနည်းခဲ့တာပါ။

အထောင်တိုက်စစ်မှူးနှစ်ဦးကို တစ်ပြိုင်တည်း ပွဲထုတ်လာခဲ့တာဖြစ်တဲ့ နကီးတီးယားနဲ့ လာကာဇက်တို့ ခြေစွမ်းကတော့ သာမန်အောက်မှာပဲ ရှိနေခဲ့တာကြောင့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘဲ ပထမပိုင်းမှာ ဂိုးမရှိသရေ ရလဒ်ပဲ ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ ဘရာဇီးလ်သားကြီး ဒေးဗစ် လူးဝစ်ဇ်အစား ဟိုးလ်ဒင်း ဝင်ကစားခဲ့ရမှာ နောက်တန်းက ပိုငြိမ်လာခဲ့ပြီး ကစားကွက်ကို ပိုမိုပုံဖော်နိုင်ခဲ့သလို တိုက်စစ်ဆင်လာနိုင်ခဲ့တာကြောင့် ပွဲချိန် မိနစ် ၅၀ မှာတော့ ဝီလော့ခ်ရဲ့ ဖြတ်တင်ဘောက ပြန်ကျလာတာကို ပေပေက အပြင်းကန်သွင်းခဲ့နိုင်ခဲ့လို့ အာဆင်နယ်တို့ အဖွင့်ဂိုး ရခဲ့ပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘောလုံးရသွားခဲ့တဲ့ ကွင်းလယ်လူ ဂျိုး ဝီလော့ခ်ရဲ့ အမြော်အမြင်ရှိတဲ့ အနိမ့်ဘော ဖြတ်ချိုးပေးမှုကနေ နယ်လ်ဆန်က အနီးကပ်ပြေးဝင်ပိတ်သွင်းပြီး အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

နှစ်ဂိုးရသွားခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ စီဘာယော့စ်၊ တီယာနီ၊ စမစ်ရိုးနဲ့ ဘာလိုဂွန်တို့ကို လူစားလဲကစားခဲ့ပြီး ပွဲချိန် ၈၃ မိနစ်မှာတော့ စမစ်ရိုးရဲ့ ပေးပို့မှုကနေ ဘာလိုဂွန်က တစ်ချက်ထိန်းပြီး လှည့်ထွက်ကန်သွင်းခဲ့ရာမှာ တတိယဂိုးနဲ့ ဧည့်သည်တွေအတွက် ပြတ်သားတဲ့ အနိုင်ဂိုးလည်းဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အာဆင်နယ်တို့ ပွဲကို ထိန်းကစားသွားခဲ့ပြီး ၄ ပွဲကစား ၄ ပွဲအနိုင်နဲ့ ရာနှုန်းပြည့်နိုင်ပွဲမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့သလို အနည်းဆုံး အုပ်စုဒုတိယအဖြစ် ရပ်တည်နိုင်မယ့် ရမှတ်နဲ့ အနေအထားကို ရရှိသွားခဲ့တာမို့ ၃၂ သင်း ရှုံးထွက်အဆင့်ကို စောစောစီးစီးပဲ တက်ရောက်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာေတာ့ ဂိုးသမား ႐ူနာဆန္နဲ႔ အရန္ကစားသမားအမ်ားစုကို ခ်ာကာ၊ ေပေပ၊ လာကာဇက္တို႔နဲ႔ တြဲဖက္ပြဲထုတ္ခဲ့ၿပီး ေအးျမတဲ့ ေနာ္ေဝရဲ႕ ရာသီဥတုမွာ အိမ္ရွင္ မိုလ္ဒီအသင္းကို အသာစီးရယူႏိုင္ျခင္းေတာ့ မရွိခဲ့ဘဲ အျပန္အလွန္သာ စတင္ခဲ့ရပါတယ္။

ေျမာက္လန္ဒန္အသင္းအေနနဲ႔ ပထမပိုင္းမွာေတာ့ တြဲလုံးေတြ အလုပ္မျဖစ္တာေၾကာင့္ ႐ုန္းကန္ခဲ့ရၿပီး တစ္ဖက္ကြင္းျခမ္းမွာ ေဘာလုံးေတြ အပ်က္မ်ားေနခဲ့သလို နယ္လ္ဆန္နဲ႔ ေပေပတို႔ ႀကိဳးစားကစားခဲ့ၾကေပမယ့္ အဆုံးသတ္ပိုင္းေတြကေတာ့ အားနည္းခဲ့တာပါ။

အေထာင္တိုက္စစ္မႉးႏွစ္ဦးကို တစ္ၿပိဳင္တည္း ပြဲထုတ္လာခဲ့တာျဖစ္တဲ့ နကီးတီးယားနဲ႔ လာကာဇက္တို႔ ေျခစြမ္းကေတာ့ သာမန္ေအာက္မွာပဲ ရွိေနခဲ့တာေၾကာင့္ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ဘဲ ပထမပိုင္းမွာ ဂိုးမရွိသေရ ရလဒ္ပဲ ထြက္ေပၚေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ဘရာဇီးလ္သားႀကီး ေဒးဗစ္ လူးဝစ္ဇ္အစား ဟိုးလ္ဒင္း ဝင္ကစားခဲ့ရမွာ ေနာက္တန္းက ပိုၿငိမ္လာခဲ့ၿပီး ကစားကြက္ကို ပိုမိုပုံေဖာ္ႏိုင္ခဲ့သလို တိုက္စစ္ဆင္လာႏိုင္ခဲ့တာေၾကာင့္ ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ဝီေလာ့ခ္ရဲ႕ ျဖတ္တင္ေဘာက ျပန္က်လာတာကို ေပေပက အျပင္းကန္သြင္းခဲ့ႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ အဖြင့္ဂိုး ရခဲ့ပါတယ္။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေဘာလုံးရသြားခဲ့တဲ့ ကြင္းလယ္လူ ဂ်ိဳး ဝီေလာ့ခ္ရဲ႕ အေျမာ္အျမင္ရွိတဲ့ အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးမႈကေန နယ္လ္ဆန္က အနီးကပ္ေျပးဝင္ပိတ္သြင္းၿပီး အသင္းအတြက္ ဒုတိယဦးေဆာင္ဂိုးကို ရယူေပးႏိုင္ခဲ့ပါတယ္။

ႏွစ္ဂိုးရသြားခဲ့တဲ့ အာဆင္နယ္အသင္းအေနနဲ႔ စီဘာေယာ့စ္၊ တီယာနီ၊ စမစ္႐ိုးနဲ႔ ဘာလိုဂြန္တို႔ကို လူစားလဲကစားခဲ့ၿပီး ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ စမစ္႐ိုးရဲ႕ ေပးပို႔မႈကေန ဘာလိုဂြန္က တစ္ခ်က္ထိန္းၿပီး လွည့္ထြက္ကန္သြင္းခဲ့ရာမွာ တတိယဂိုးနဲ႔ ဧည့္သည္ေတြအတြက္ ျပတ္သားတဲ့ အႏိုင္ဂိုးလည္းျဖစ္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ အာဆင္နယ္တို႔ ပြဲကို ထိန္းကစားသြားခဲ့ၿပီး ၄ ပြဲကစား ၄ ပြဲအႏိုင္နဲ႔ ရာႏႈန္းျပည့္ႏိုင္ပြဲမွတ္တမ္းကို ဆက္လက္ထိန္းသိမ္းသြားႏိုင္ခဲ့သလို အနည္းဆုံး အုပ္စုဒုတိယအျဖစ္ ရပ္တည္ႏိုင္မယ့္ ရမွတ္နဲ႔ အေနအထားကို ရရွိသြားခဲ့တာမို႔ ၃၂ သင္း ရႈံးထြက္အဆင့္ကို ေစာေစာစီးစီးပဲ တက္ေရာက္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.