Premier League Transfer News

27 Nov နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ကွင်းလယ်လူ ရိုဒရီ ဟာနန်ဒက်ဇ်ဟာ အသင်းအတွက် အသုံးမကျတဲ့ ခေါ်ယူမှုဖြစ်ပြီး နှိုင်းယှဉ်ရရင် အီလီယာကွင် မန်ဂါလာလိုပဲ မန်ချက်စတာစီးတီးကို အရှက်ရစေမယ့် ခေါ်ယူမှုဖြစ်သလို သူ့ရဲ့နေရာအတွက် လုပ်ဆောင်ပေးရမယ့် တာဝန်တွေကို မကျေပွန်ခဲ့ဘူးလို့ ပရိသတ်တွေ ရှုတ်ချ။

– စတာလင်နဲ့ ဂျေဆူးစ်တို့ နှစ်ယောက်ပေါင်း ဂိုးသွင်းနှုန်းထက် သာလွန်နေပြီး အင်တာမီလန်အသင်းအတွက် ခြေစွမ်းပြထားနိုင်တဲ့ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို လာမယ့်ရာသီမှာ အဂွေရိုရဲ့ အစားထိုးမှုအဖြစ် ခေါ်ယူသွားဖို့ နီးစပ်နေ။

– မန်ချက်စတာစီးတီးအသင်းဟာ စီးပွားရေးနဲ့ ဘဏ္ဏာရေးတွေမှာ တားမြစ်ဆေးတွေကို သုံးစွဲနေသလိုမျိုး လုပ်ဆောင်နေတယ်လို့ စပိန် လာလီဂါရဲ့ဥက္ကဌ ဟားဗီးယား တီဘက်စ်က စွပ်စွဲလိုက်ပြီး UEFA ရဲ့ FFP ကို အမှန်တကယ်ချိုးဖောက်ခဲ့တယ်လို့ဆို။

– ကြာသပတေးနေ့ မွန်းလွဲပိုင်းက အသင်းရဲ့ ထရိန်နင်မှာ နောက်ခံလူ နာသန် အာကေအနေနဲ့ ပြန်လည်လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပြီဖြစ်ပြီး နယ်သာလန်နဲ့ လက်ရွေးစင်တာဝန်မှာ ရရှိခဲ့တဲ့ ပေါင်နောက်ကြောဒဏ်ရာကနေ သက်သာပျောက်ကင်းခဲ့ပြီလို့ ခန့်မှန်းရ။

– အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ နည်းပြ ဂွါဒီယိုလာတို့ စိတ်တူကိုယ်တူ အလိုရှိနေခဲ့တဲ့ ဂျာမန်ကလပ် မွန်ချန်ဂလာဘက်ချ်အသင်းရဲ့ ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားကို ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ မကြာခင်အချိန်အတွင်း အရှိန်မြှင့်လုပ်ဆောင်သွားဖို့ရှိနေ။

– အက်စတန်ဗီလာအသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်အနေနဲ့ မန်စီးတီးကို ပြောင်းရွှေ့မယ်ဆိုရင် သေသေချာချာ စဉ်းစားဖို့လိုပြီး ဂွါဒီယိုလာအနေနဲ့ သူ့ရဲ့ ကစားချင်တဲ့ အကြိုက်ဆုံးနေရာမှာ ပေးကစားမယ်လို့ အာမမခံနိုင်ဘူးလို့ တိုက်စစ်မှူးဟောင်း အဘွန်လဟော် သတိပေး။

– အိုလံပီယာကော့စ်နဲ့ပွဲမှာ အသင်းကို ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်တက်စေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ လူငယ်ကွင်းလယ်လူ ဖီးလ် ဖိုဒန်အနေနဲ့ သူ့ရဲ့ သွင်းဂိုးတွေကို ပိုမိုမြင်တွေ့ရလိမ့်မယ်လို့ ပရိသတ်တွေကို ပြောကြားသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ကြင္းလယ္လူ ႐ိုဒရီ ဟာနန္ဒက္ဇ္ဟာ အသင္းအတြက္ အသုံးမက်တဲ့ ေခၚယူမႈျဖစ္ၿပီး ႏႈိင္းယွဥ္ရရင္ အီလီယာကြင္ မန္ဂါလာလိုပဲ မန္ခ်က္စတာစီးတီးကို အရွက္ရေစမယ့္ ေခၚယူမႈျဖစ္သလို သူ႔ရဲ႕ေနရာအတြက္ လုပ္ေဆာင္ေပးရမယ့္ တာဝန္ေတြကို မေက်ပြန္ခဲ့ဘူးလို႔ ပရိသတ္ေတြ ရႈတ္ခ်။

– စတာလင္နဲ႔ ေဂ်ဆူးစ္တို႔ ႏွစ္ေယာက္ေပါင္း ဂိုးသြင္းႏႈန္းထက္ သာလြန္ေနၿပီး အင္တာမီလန္အသင္းအတြက္ ေျခစြမ္းျပထားႏိုင္တဲ့ တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္ကို လာမယ့္ရာသီမွာ အေဂြ႐ိုရဲ႕ အစားထိုးမႈအျဖစ္ ေခၚယူသြားဖို႔ နီးစပ္ေန။

– မန္ခ်က္စတာစီးတီးအသင္းဟာ စီးပြားေရးနဲ႔ ဘဏၰာေရးေတြမွာ တားျမစ္ေဆးေတြကို သုံးစြဲေနသလိုမ်ိဳး လုပ္ေဆာင္ေနတယ္လို႔ စပိန္ လာလီဂါရဲ႕ဥကၠဌ ဟားဗီးယား တီဘက္စ္က စြပ္စြဲလိုက္ၿပီး UEFA ရဲ႕ FFP ကို အမွန္တကယ္ခ်ိဳးေဖာက္ခဲ့တယ္လို႔ဆို။

– ၾကာသပေတးေန႔ မြန္းလြဲပိုင္းက အသင္းရဲ႕ ထရိန္နင္မွာ ေနာက္ခံလူ နာသန္ အာေကအေနနဲ႔ ျပန္လည္ေလ့က်င့္ခန္းဆင္းႏိုင္ခဲ့ၿပီျဖစ္ၿပီး နယ္သာလန္နဲ႔ လက္ေ႐ြးစင္တာဝန္မွာ ရရွိခဲ့တဲ့ ေပါင္ေနာက္ေၾကာဒဏ္ရာကေန သက္သာေပ်ာက္ကင္းခဲ့ၿပီလို႔ ခန႔္မွန္းရ။

– အသင္းရဲ႕ တာဝန္ရွိသူေတြနဲ႔ နည္းျပ ဂြါဒီယိုလာတို႔ စိတ္တူကိုယ္တူ အလိုရွိေနခဲ့တဲ့ ဂ်ာမန္ကလပ္ မြန္ခ်န္ဂလာဘက္ခ်္အသင္းရဲ႕ ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားကို ဇန္နဝါရီမွာ ေခၚယူႏိုင္ဖို႔ မၾကာခင္အခ်ိန္အတြင္း အရွိန္ျမႇင့္လုပ္ေဆာင္သြားဖို႔ရွိေန။

– အက္စတန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္အေနနဲ႔ မန္စီးတီးကို ေျပာင္းေ႐ႊ႕မယ္ဆိုရင္ ေသေသခ်ာခ်ာ စဥ္းစားဖို႔လိုၿပီး ဂြါဒီယိုလာအေနနဲ႔ သူ႔ရဲ႕ ကစားခ်င္တဲ့ အႀကိဳက္ဆုံးေနရာမွာ ေပးကစားမယ္လို႔ အာမမခံႏိုင္ဘူးလို႔ တိုက္စစ္မႉးေဟာင္း အဘြန္လေဟာ္ သတိေပး။

– အိုလံပီယာေကာ့စ္နဲ႔ပြဲမွာ အသင္းကို ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ေနာက္တစ္ဆင့္တက္ေစမယ့္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တဲ့ လူငယ္ကြင္းလယ္လူ ဖီးလ္ ဖိုဒန္အေနနဲ႔ သူ႔ရဲ႕ သြင္းဂိုးေတြကို ပိုမိုျမင္ေတြ႕ရလိမ့္မယ္လို႔ ပရိသတ္ေတြကို ေျပာၾကားသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.