Premier League

ဂျက်ခ်ဝီလ်ရှီးယားကို ပြန်ခေါ်မယ့်အစီအစဥ်ကို အာတီတာ ဘယ်လိုဆုံးဖြတ်လိုက်လဲ

ပြီးခဲ့တဲ့ ရက်ပိုင်းလေးအတွင်းကပဲ ဂျက်ခ်ဝီလ်ရှီးယားဟာ အာဆင်နယ်မှာ ပြန်ကစားခွင့်​ရဖို့ဟာ သူ့ရဲ့ အိပ်မက်ပါပဲလို့ ထုတ်ဖော်ဝန်ခံခဲ့ကြောင်း သိရပါတယ်။ သူဟာ အာဆင်နယ်အသင်းမှာ ၁၀ နှစ်တာ ကစားခဲ့ပြီး အာတီတာနဲ့အတူ အာဆင်နယ်အသင်းဖော်အဖြစ် လက်တွဲကစားခဲ့တာ ၅ နှစ်ကြာခဲ့လို့ သူတို့ချင်း ဆက်သွယ်ချိတ်ဆက်မှုတွေ နဲ့ ဆက်ဆံရေးကောင်း ရှိနေတာ အမှန်ပါ။

ဒဏ်ရာပြဿနာတွေရဲ့ ထိုးနှက်မှုကြောင့် ကစားသမားဘဝ ကျဆင်းခဲ့ရတဲ့ ဝီလ်ရှီးယားဟာ ၂၀၁၈ ခုနှစ်မှာ အာဆင်နယ်အသင်းကနေ ဝက်စ်ဟမ်းအသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့ရပြီး ဝက်စ်ဟမ်းမှာ ကစားခဲ့တဲ့ နှစ်နှစ်တာအတွင်း အဆုံးမသတ်နိုင်တဲ့ ဒဏ်ရာပြဿနာတွေရဲ့ ဆက်လက်နှိပ်စက်မှုတွေကြောင့် အသင်းရဲ့ စာချုပ်ဖျက်သိမ်းခြင်းကိုခံခဲ့ရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။

ဝီလ်ရှီးယားဟာ ” ကျွန်တော်က တသက်တာ အာဆင်နယ်အသင်းသား ဖြစ်ပါတယ်။ အသင်းတာဝန်ရှိတွေနဲ့ စကားပြောဆိုမှုတွေ မရှိပေမယ့် အာဆင်နယ်အသင်းမှာ ပြန်ကစားခွင့်ရဖို့က ကျွန်တော့်ရဲ့ အိပ်မက်ဖြစ်ပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့ အနေအထားဆိုတာကို မသိလောက်အောင်တော့ ကျွန်တော် မတုံးအပါဘူး။ အာဆင်နယ်ကို ကျွန်တော် မြတ်နိုးပါတယ်။ ဒီအသင်း အောင်မြင်တာကိုပဲ မြင်ချင်တာပါ ” လို့ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

သူ့ကို အသင်းက ပြန်ခေါ်ယူဖို့ ရှိမရှိဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး အာတီတာက ပယ်ချသွားခဲ့ကြောင်း သိရသလို ” ကစားသမားကောင်းတယောက်၊ အသင်းဖော်ဟောင်းတယောက်၊ လူပုဂ္ဂိုလ်တယောက်အနေနဲ့ သူ့ကို အမှတ်ပြည့်ပေးပါတယ်။ ဒါပေမယ့် ဒီကိစ္စကို အခုတော့ မစဥ်းစားဖြစ်ပါဘူး” လို့ မီဒီယာတွေကို ရှင်းပြသွားခဲ့ပါတယ်။

လက်ရှိမှာ အာတီတာရဲ့ဖိအားအရ ပြီးခဲ့တဲ့ လိဒ်စ်နဲ့ပွဲမှာ ပြဿနာရှာခဲ့တဲ့ ပေါင် ၇၂ သန်းတန် နီကိုလပ်စ် ပေပေရဲ့ ခြေစွမ်းကို အကောင်းဆုံး ထုတ်ယူအသုံးချနိုင်ဖို့သာ အာရုံစိုက်နေကြောင်းသိရပြီး ပေပေကို အပြည့်အဝ ထောက်ခံမှု ပေးထားကြောင်း နဲ့ သူ့ရဲ့ အားထုတ်မှု အရာရာအားလုံးအတွက် အပြစ်တင်စရာမဟုတ်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ မိိမိမှာသာ တာဝန်အပြည့်အဝရှိကြောင်း ခွင့်လွှတ်စကားဆိုခဲ့ပြီး စည်းကမ်းမဲ့ကာ ပြဿနာတက်ခဲ့လို့ ဝေဖန်ခံနေရတဲ့ တပည့်ကို ကာကွယ်ပေးသွားခဲ့ကြောင်း သိရပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ရက္ပိုင္းေလးအတြင္းကပဲ ဂ်က္ခ္ဝီလ္ရွီးယားဟာ အာဆင္နယ္မွာ ျပန္ကစားခြင့္​ရဖို႔ဟာ သူ႕ရဲ႕ အိပ္မက္ပါပဲလို႔ ထုတ္ေဖာ္ဝန္ခံခဲ့ေၾကာင္း သိရပါတယ္။ သူဟာ အာဆင္နယ္အသင္းမွာ ၁၀ ႏွစ္တာ ကစားခဲ့ၿပီး အာတီတာနဲ႕အတူ အာဆင္နယ္အသင္းေဖာ္အျဖစ္ လက္တြဲကစားခဲ့တာ ၅ ႏွစ္ၾကာခဲ့လို႔ သူတို႔ခ်င္း ဆက္သြယ္ခ်ိတ္ဆက္မႈေတြ နဲ႕ ဆက္ဆံေရးေကာင္း ရွိေနတာ အမွန္ပါ။

ဒဏ္ရာျပႆနာေတြရဲ႕ ထိုးႏွက္မႈေၾကာင့္ ကစားသမားဘဝ က်ဆင္းခဲ့ရတဲ့ ဝီလ္ရွီးယားဟာ ၂၀၁၈ ခုႏွစ္မွာ အာဆင္နယ္အသင္းကေန ဝက္စ္ဟမ္းအသင္းထံ အၿပီးသတ္ေျပာင္းေ႐ႊ႕ခဲ့ရၿပီး ဝက္စ္ဟမ္းမွာ ကစားခဲ့တဲ့ ႏွစ္ႏွစ္တာအတြင္း အဆုံးမသတ္နိုင္တဲ့ ဒဏ္ရာျပႆနာေတြရဲ႕ ဆက္လက္ႏွိပ္စက္မႈေတြေၾကာင့္ အသင္းရဲ႕ စာခ်ဳပ္ဖ်က္သိမ္းျခင္းကိုခံခဲ့ရတဲ့ အေျခအေန ျဖစ္ခဲ့ပါတယ္။

ဝီလ္ရွီးယားဟာ ” ကြၽန္ေတာ္က တသက္တာ အာဆင္နယ္အသင္းသား ျဖစ္ပါတယ္။ အသင္းတာဝန္ရွိေတြနဲ႕ စကားေျပာဆိုမႈေတြ မရွိေပမယ့္ အာဆင္နယ္အသင္းမွာ ျပန္ကစားခြင့္ရဖို႔က ကြၽန္ေတာ့္ရဲ႕ အိပ္မက္ျဖစ္ပါတယ္။ ဒါဟာ မျဖစ္နိုင္တဲ့ အေနအထားဆိုတာကို မသိေလာက္ေအာင္ေတာ့ ကြၽန္ေတာ္ မတုံးအပါဘူး။ အာဆင္နယ္ကို ကြၽန္ေတာ္ ျမတ္နိုးပါတယ္။ ဒီအသင္း ေအာင္ျမင္တာကိုပဲ ျမင္ခ်င္တာပါ ” လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တာပါ။

သူ႕ကို အသင္းက ျပန္ေခၚယူဖို႔ ရွိမရွိဆိုတဲ့ ေမးခြန္းနဲ႕ ပတ္သက္ၿပီး အာတီတာက ပယ္ခ်သြားခဲ့ေၾကာင္း သိရသလို ” ကစားသမားေကာင္းတေယာက္၊ အသင္းေဖာ္ေဟာင္းတေယာက္၊ လူပုဂၢိုလ္တေယာက္အေနနဲ႕ သူ႕ကို အမွတ္ျပည့္ေပးပါတယ္။ ဒါေပမယ့္ ဒီကိစၥကို အခုေတာ့ မစဥ္းစားျဖစ္ပါဘူး” လို႔ မီဒီယာေတြကို ရွင္းျပသြားခဲ့ပါတယ္။

လက္ရွိမွာ အာတီတာရဲ႕ဖိအားအရ ၿပီးခဲ့တဲ့ လိဒ္စ္နဲ႕ပြဲမွာ ျပႆနာရွာခဲ့တဲ့ ေပါင္ ၇၂ သန္းတန္ နီကိုလပ္စ္ ေပေပရဲ႕ ေျခစြမ္းကို အေကာင္းဆုံး ထုတ္ယူအသုံးခ်နိဳင္ဖို႔သာ အာ႐ုံစိုက္ေနေၾကာင္းသိရၿပီး ေပေပကို အျပည့္အဝ ေထာက္ခံမႈ ေပးထားေၾကာင္း နဲ႕ သူ႕ရဲ႕ အားထုတ္မႈ အရာရာအားလုံးအတြက္ အျပစ္တင္စရာမဟုတ္ေၾကာင္း ေျပာျပခဲ့ပါတယ္။ ဒါ့အျပင္ သူ႕ရဲ႕ အေကာင္းဆုံးပုံစံကို ျပသနိုင္ဖို႔ မိိမိမွာသာ တာဝန္အျပည့္အဝရွိေၾကာင္း ခြင့္လႊတ္စကားဆိုခဲ့ၿပီး စည္းကမ္းမဲ့ကာ ျပႆနာတက္ခဲ့လို႔ ေဝဖန္ခံေနရတဲ့ တပည့္ကို ကာကြယ္ေပးသြားခဲ့ေၾကာင္း သိရပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.