Article Premier League

ကာဗာနီရဲ့ လှပတဲ့အရွေ့တွေနဲ့ ရင်ခုန်စရာကောင်းနေတဲ့ ယူနိုက်တက်တိုက်စစ် အသွင်သစ်

ကာဗာနီ ယူဆောင်လာခဲ့တဲ့ ပညာခန်းတွေကို ပြီးခဲ့တဲ့ အစ္စတန်ဘူလ်အသင်းနဲ့ပွဲမှာ ယူနိုက်တက်တိုက်စစ်က အကျအန ခံစားခွင့်ရရှိခဲ့ နည်းပြ အိုလေရဲ့ ရည်မှန်းချက်အောင်မြင်တယ်လို့ ဆိုရမှာပါ။ အိုလေက ဝက်စ်ဘရွမ်းနဲ့ ပွဲက ၄-၂-၃-၁ ကိုပဲ လူထုတ်ပုံ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ကွင်းလယ်ထောက်တိုင်နေရာမှာ ဒွန်နီ ဗန်ဒဘိခ်ကို တာဝန်ပေးကာ တိုက်စစ်မှာ အထောင်တိုက်စစ်မှူးကို ကာဗာနီကို ဦးဆောင်စေခဲ့ပါတယ်။

မာစီယယ်လ်က ဘယ်ခြမ်း၊ ရက်ရှ်ဒ်က ညာခြမ်းနဲ့ ဖာနန်ဒက်စ်က နံပါတ် ၁၀ နေရာမှာ ကစားခဲ့ပြီး ရှေ့ပွဲစဥ်တွေမှာ မူမမှန်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ရင်ခုန်စရာ တိုက်စစ်အသွင်သစ်ကို မြင်တွေ့ခဲ့ရသလို ယူနိုက်တက်ရဲ့ သွင်းဂိုး ၄ ဂိုး ဖာနန်ဒက်စ်ဟာ ၂ ဂိုးသွင်းယူခဲ့ပေမယ့် ဒီထဲက ၃ ဂိုးဟာ ကာဗာနီရဲ့ ပါးနပ်မှုကနေ မြစ်ဖျားခံလာခဲ့တဲ့ ရင်သပ်ရှုမောစရာ အရွေ့၊ အလှုပ်တွေကြောင့်ပါ။

ဘောလုံးမရှိတဲ့အချိန်မှာ ကာဗာနီရဲ့ ရွေ့လျားမှုတွေက မျက်တောင်တချက်မခတ်၊ အလွတ်မခံဘဲ ကြည့်ရလောက်အောင် နာမည်ကြီးပြီး အဆင့်မီပါတယ်။ ဒီပွဲမှာ ကာဗာနီဟာ သူ့ရဲ့ ဖျတ်လတ်တဲ့ အရွေ့တွေနဲ့ ပြိုင်ဘက်ခံစစ်ကို ဗျာများစေဖို့ အဓိကဦးတည်ခဲ့ပြီး အဲလက်စ် တဲလ​က်စ်ရဲ့ ဖြတ်တင်ဘောတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချဖို့ ကြံစည်ခဲ့ပါတယ်။

ပထမဂိုးကိုကြည့်ရင် ဒီပွဲရဲ့ ပထမဆုံး ထောင့်ကန်ဘောကနေတဆင့် ယူနိုက်တက်တို့ အဖွင့်ဂိုး ရခဲ့တာပါ။ ဒီနေရာမှာ ဒီဂိုးကို အထောက်အကူပြုခဲ့တဲ့ ကာဗာနီရဲ့ လှုပ်ရှားမှုတွေကို အသေးစိတ်ကြည့်တဲ့အခါ တဲလက်စ် ထောင့်ကန်ဘောကို မကန်ခင် စက္ကန့်ပိုင်းလေးမှာ ယိမ်းနွဲ့လှည့်စားတဲ့ ပြေးလမ်းကြောင်းတခုကို စတင်ဖန်တီးလိုက်ပြီး သူ့ရဲ့အနီးတိုင်နားကို ပြေးထွက်သွားပါတယ်။

တဲလက်စ် ကန်တင်လိုက်စဥ်မှာ ပြေးလမ်းကြောင်းကို ဖျတ်ခနဲ ဆန့်ကျင်ဘက်ကို ပြောင်းပစ်လိုက်ပြီး လူကပ်လိုက်လာတဲ့ ခံစစ်မှူးနှစ်ယောက်က ရှေ့ကို ကျွံထွက်သွားခဲ့တာက သူ့အတွက် နေရာလွတ်ကျယ်ကျယ် ရသွားစေပါတယ်။ ဒီအခြေအနေမှာ တဲလက်စ်ရဲ့ ဘောလုံးသာ ကာဗာနီခေါင်းပေါ် အတိအကျ ရောက်လာရင် ဂိုးတဂိုး ဖြစ်လာပါလိမ့်မယ်။

ဒီဘောလုံးက ကာဗာနီရဲ့ လှည့်စားခြင်းခံရလို့ အလုပ်များသွားတဲ့ ခံစစ်လူတဦးရဲ့ အားမပါတဲ့ ဖျက်ထုတ်မှုနဲ့အတူ ဖာနန်ဒက်စ်ဆီ ရောက်သွားခဲ့ပြီး ဖာနန်ဒက်စ်က Volley အပြင်းကန်သွင်းယူကာ ယူနိုက်တက်တို့ အဖွင့်ဂိုးရသွားခဲ့တယ်။

ကာဗာနီက ပွဲချိန်တလျှောက်လုံး ပြေးလမ်းအစုံနဲ့ လူကပ်ကစားသမားတွေကို အာရုံရှုပ်ထွေးစေခဲ့ပြီး တချက်ထိတွဲလုံး၊ ဘောလုံးကိုင် ကစားမှုတွေနဲ့အတူ လမ်းကြောင်းအစုံက တောက်လျှောက် ဒုက္ခပေးဆော့ခဲ့ပါတယ်။ ဒုတိယဂိုးကလည်း အလားတူ လှည့်စားမှုမျိုး ဖြစ်ခဲ့ပြီး တဲလက်စ်ရဲ့ ဖြတ်တင်ဘောက မ​သေသပ်ခဲ့ပေမယ့် အစ္စတန်ဘူလ်ဂိုးသမားရဲ့ အမှားကနေ ကာဗာနီရဲ့ အနောက်မှာ အသင့်ချောင်းမြောင်းနေတဲ့ ဖာနန်ဒက်စ်က ပိတ်သွင်းယူသွားခဲ့ပါတယ်။

ပွဲသိမ်းဂိုးမှာတော့ တန်ပြန်တိုက်စစ်မှာ ကာဗာနီရဲ့ အကျိုးပြုပုံကို တွေ့ရပါလိမ့်မယ်။ မာတစ်ချ်ဆီက ထွက်လာတဲ့ ပေးပို့မှုကို ကွင်းလယ်စည်းနားမှာ ရပ်နေတဲ့ ကာဗာနီက ပြေးယူလိုက်ပြီး နောက်ဆုံးကျန်တဲ့ အစ္စတန်ဘူလ် အတွင်းခံစစ်မှူးနှစ်ဦးကို မျှားခေါ်ထုတ်လိုက်ပါတယ်။ ဗန်ဒဘိခ်နဲ့ တချက်ပြန်တွဲပြီးချိန်မှာတော့ ခံစစ်လူနှစ်ဦးရဲ့ နေရာကျွံမှုကြောင့် ညာတောင်ပံမှာရှိတဲ့ ဂရင်းဝုဒ်က အလွတ်ကျွတ်ဆုံး အနေအထားနဲ့ ဘောလုံးတောင်းယူသွားခဲ့ပြီး ဒီကနေတဆင့် ဒန်နီယယ်လ် ဂျိမ်းစ် ဂိုးရသွားခဲ့ပါတယ်။

ဒီပွဲမှာ ကာဗာနီ ဦးဆောင်လာတဲ့ မန်ယူတိုက်စစ် အသွင်သစ်ကို မြင်ရဖို့ ရင်ခုန်စရာမြင်တွေ့ခဲ့ရပြီး ပွဲအပြီးမှာ နည်းပြ ဆိုးလ်ရှားကလည်း ကာဗာနီဟာ အသင်းမှာ လိုအပ်နေတဲ့ အထောင်တိုက်စစ်မှူးစစ်စစ်လို့ ချီးကျူးမှုပြုလုပ်ခဲ့ပြီး လာမယ့်ပွဲစဥ်တွေမှာ ဂိုးမုဆိုး ကာဗာနီတ​ယောက် လျှပ်တပြက်အတွင်း ဖန်တီးပေးလာတဲ့ အခွင့်အရေးတွေကို အသင်းဖော်တွေ မြိန်ရေယှက်ရေ စားသုံးပြီး သူကိုယ်တိုင်လည်း ဂိုးဘယ်လောက်သွင်းယူနိုင်မလဲဆိုတာ စိတ်လှုပ်ရှားစရာ ကောင်းနေပါတယ်။

REF: THE ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကာဗာနီ ယူေဆာင္လာခဲ့တဲ့ ပညာခန္းေတြကို ၿပီးခဲ့တဲ့ အစၥတန္ဘူလ္အသင္းနဲ႔ပြဲမွာ ယူႏိုက္တက္တိုက္စစ္က အက်အန ခံစားခြင့္ရရွိခဲ့ နည္းျပ အိုေလရဲ႕ ရည္မွန္းခ်က္ေအာင္ျမင္တယ္လို႔ ဆိုရမွာပါ။ အိုေလက ဝက္စ္ဘ႐ြမ္းနဲ႔ ပြဲက ၄-၂-၃-၁ ကိုပဲ လူထုတ္ပုံ အေျပာင္းအလဲ ျပဳလုပ္ခဲ့ၿပီး ကြင္းလယ္ေထာက္တိုင္ေနရာမွာ ဒြန္နီ ဗန္ဒဘိခ္ကို တာဝန္ေပးကာ တိုက္စစ္မွာ အေထာင္တိုက္စစ္မႉးကို ကာဗာနီကို ဦးေဆာင္ေစခဲ့ပါတယ္။

မာစီယယ္လ္က ဘယ္ျခမ္း၊ ရက္ရွ္ဒ္က ညာျခမ္းနဲ႔ ဖာနန္ဒက္စ္က နံပါတ္ ၁၀ ေနရာမွာ ကစားခဲ့ၿပီး ေရွ႕ပြဲစဥ္ေတြမွာ မူမမွန္ခဲ့တဲ့ ယူႏိုက္တက္ရဲ႕ ရင္ခုန္စရာ တိုက္စစ္အသြင္သစ္ကို ျမင္ေတြ႕ခဲ့ရသလို ယူႏိုက္တက္ရဲ႕ သြင္းဂိုး ၄ ဂိုး ဖာနန္ဒက္စ္ဟာ ၂ ဂိုးသြင္းယူခဲ့ေပမယ့္ ဒီထဲက ၃ ဂိုးဟာ ကာဗာနီရဲ႕ ပါးနပ္မႈကေန ျမစ္ဖ်ားခံလာခဲ့တဲ့ ရင္သပ္ရႈေမာစရာ အေ႐ြ႕၊ အလႈပ္ေတြေၾကာင့္ပါ။

ေဘာလုံးမရွိတဲ့အခ်ိန္မွာ ကာဗာနီရဲ႕ ေ႐ြ႕လ်ားမႈေတြက မ်က္ေတာင္တခ်က္မခတ္၊ အလြတ္မခံဘဲ ၾကည့္ရေလာက္ေအာင္ နာမည္ႀကီးၿပီး အဆင့္မီပါတယ္။ ဒီပြဲမွာ ကာဗာနီဟာ သူ႔ရဲ႕ ဖ်တ္လတ္တဲ့ အေ႐ြ႕ေတြနဲ႔ ၿပိဳင္ဘက္ခံစစ္ကို ဗ်ာမ်ားေစဖို႔ အဓိကဦးတည္ခဲ့ၿပီး အဲလက္စ္ တဲလ​က္စ္ရဲ႕ ျဖတ္တင္ေဘာေတြကို ပိုင္ပိုင္ႏိုင္ႏိုင္ အသုံးခ်ဖို႔ ႀကံစည္ခဲ့ပါတယ္။

ပထမဂိုးကိုၾကည့္ရင္ ဒီပြဲရဲ႕ ပထမဆုံး ေထာင့္ကန္ေဘာကေနတဆင့္ ယူႏိုက္တက္တို႔ အဖြင့္ဂိုး ရခဲ့တာပါ။ ဒီေနရာမွာ ဒီဂိုးကို အေထာက္အကူျပဳခဲ့တဲ့ ကာဗာနီရဲ႕ လႈပ္ရွားမႈေတြကို အေသးစိတ္ၾကည့္တဲ့အခါ တဲလက္စ္ ေထာင့္ကန္ေဘာကို မကန္ခင္ စကၠန္႔ပိုင္းေလးမွာ ယိမ္းႏြဲ႕လွည့္စားတဲ့ ေျပးလမ္းေၾကာင္းတခုကို စတင္ဖန္တီးလိုက္ၿပီး သူ႔ရဲ႕အနီးတိုင္နားကို ေျပးထြက္သြားပါတယ္။

တဲလက္စ္ ကန္တင္လိုက္စဥ္မွာ ေျပးလမ္းေၾကာင္းကို ဖ်တ္ခနဲ ဆန္႔က်င္ဘက္ကို ေျပာင္းပစ္လိုက္ၿပီး လူကပ္လိုက္လာတဲ့ ခံစစ္မႉးႏွစ္ေယာက္က ေရွ႕ကို ကြၽံထြက္သြားခဲ့တာက သူ႔အတြက္ ေနရာလြတ္က်ယ္က်ယ္ ရသြားေစပါတယ္။ ဒီအေျခအေနမွာ တဲလက္စ္ရဲ႕ ေဘာလုံးသာ ကာဗာနီေခါင္းေပၚ အတိအက် ေရာက္လာရင္ ဂိုးတဂိုး ျဖစ္လာပါလိမ့္မယ္။

ဒီေဘာလုံးက ကာဗာနီရဲ႕ လွည့္စားျခင္းခံရလို႔ အလုပ္မ်ားသြားတဲ့ ခံစစ္လူတဦးရဲ႕ အားမပါတဲ့ ဖ်က္ထုတ္မႈနဲ႔အတူ ဖာနန္ဒက္စ္ဆီ ေရာက္သြားခဲ့ၿပီး ဖာနန္ဒက္စ္က Volley အျပင္းကန္သြင္းယူကာ ယူႏိုက္တက္တို႔ အဖြင့္ဂိုးရသြားခဲ့တယ္။

ကာဗာနီက ပြဲခ်ိန္တေလွ်ာက္လုံး ေျပးလမ္းအစုံနဲ႔ လူကပ္ကစားသမားေတြကို အာ႐ုံရႈပ္ေထြးေစခဲ့ၿပီး တခ်က္ထိတြဲလုံး၊ ေဘာလုံးကိုင္ ကစားမႈေတြနဲ႔အတူ လမ္းေၾကာင္းအစုံက ေတာက္ေလွ်ာက္ ဒုကၡေပးေဆာ့ခဲ့ပါတယ္။ ဒုတိယဂိုးကလည္း အလားတူ လွည့္စားမႈမ်ိဳး ျဖစ္ခဲ့ၿပီး တဲလက္စ္ရဲ႕ ျဖတ္တင္ေဘာက မ​ေသသပ္ခဲ့ေပမယ့္ အစၥတန္ဘူလ္ဂိုးသမားရဲ႕ အမွားကေန ကာဗာနီရဲ႕ အေနာက္မွာ အသင့္ေခ်ာင္းေျမာင္းေနတဲ့ ဖာနန္ဒက္စ္က ပိတ္သြင္းယူသြားခဲ့ပါတယ္။

ပြဲသိမ္းဂိုးမွာေတာ့ တန္ျပန္တိုက္စစ္မွာ ကာဗာနီရဲ႕ အက်ိဳးျပဳပုံကို ေတြ႕ရပါလိမ့္မယ္။ မာတစ္ခ်္ဆီက ထြက္လာတဲ့ ေပးပို႔မႈကို ကြင္းလယ္စည္းနားမွာ ရပ္ေနတဲ့ ကာဗာနီက ေျပးယူလိုက္ၿပီး ေနာက္ဆုံးက်န္တဲ့ အစၥတန္ဘူလ္ အတြင္းခံစစ္မႉးႏွစ္ဦးကို မွ်ားေခၚထုတ္လိုက္ပါတယ္။ ဗန္ဒဘိခ္နဲ႔ တခ်က္ျပန္တြဲၿပီးခ်ိန္မွာေတာ့ ခံစစ္လူႏွစ္ဦးရဲ႕ ေနရာကြၽံမႈေၾကာင့္ ညာေတာင္ပံမွာရွိတဲ့ ဂရင္းဝုဒ္က အလြတ္ကြၽတ္ဆုံး အေနအထားနဲ႔ ေဘာလုံးေတာင္းယူသြားခဲ့ၿပီး ဒီကေနတဆင့္ ဒန္နီယယ္လ္ ဂ်ိမ္းစ္ ဂိုးရသြားခဲ့ပါတယ္။

ဒီပြဲမွာ ကာဗာနီ ဦးေဆာင္လာတဲ့ မန္ယူတိုက္စစ္ အသြင္သစ္ကို ျမင္ရဖို႔ ရင္ခုန္စရာျမင္ေတြ႕ခဲ့ရၿပီး ပြဲအၿပီးမွာ နည္းျပ ဆိုးလ္ရွားကလည္း ကာဗာနီဟာ အသင္းမွာ လိုအပ္ေနတဲ့ အေထာင္တိုက္စစ္မႉးစစ္စစ္လို႔ ခ်ီးက်ဴးမႈျပဳလုပ္ခဲ့ၿပီး လာမယ့္ပြဲစဥ္ေတြမွာ ဂိုးမုဆိုး ကာဗာနီတ​ေယာက္ လွ်ပ္တျပက္အတြင္း ဖန္တီးေပးလာတဲ့ အခြင့္အေရးေတြကို အသင္းေဖာ္ေတြ ၿမိန္ေရယွက္ေရ စားသုံးၿပီး သူကိုယ္တိုင္လည္း ဂိုးဘယ္ေလာက္သြင္းယူႏိုင္မလဲဆိုတာ စိတ္လႈပ္ရွားစရာ ေကာင္းေနပါတယ္။

REF: THE ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.