UCL&UEL

မန္စီးတီးတုိ႔ စိတ္ဓာတ္ကို ျမင္ခဲ့ရၿပီး ဆာရီကေတာ့ ဥေရာပအဆင့္ မရွိေသးတဲ့ ဗုဒၶဟူးေန႔ညပြဲစဥ္မ်ား

ခ်န္ပီယံလိဂ္ ဒုတိယညပြဲစဥ္ေတြမွာေတာ့ အေဝးကြင္းဘာေနဗ်ဴးမွာ စိတ္ဓာတ္နဲ႔ ႐ုန္းအားကို ျပသႏုိင္ခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔ အိမ္ရွင္ကို ေက်ာ္ျဖတ္ႏုိင္ခဲ့ၿပီး ေမာ္ရီဇီယို ဆာရီကေတာ့ အရင္နည္းျပေတြေလာက္ေတာင္မွ ဂ်ဴဗင္တပ္စ္ကို မေမာင္းႏွင္ႏုိင္ဘဲ ဥေရာပအဆင့္မွာ နာမည္ပ်က္ရမယ့္ အေျခအေနကို ေရာက္ရွိခဲ့တဲ့ ဗုဒၶဟူးေန႔ညတစ္ညလည္းျဖစ္ခဲ့ပါတယ္။

တုိက္စစ္ကို ဦးစားေပးၿပီး ခပ္မာမာ ခပ္ျမန္ျမန္ကစားတတ္တဲ့ ဇီဒန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ဟန္ခ်က္ညီတဲ့ နည္းဗ်ဴဟာကို အားနည္းခ်က္ရွာေဖြရာမွာ ကၽြမ္းက်င္တဲ့ ဂြါဒီယိုလာနဲ႔အေတြ႕မွာ ခ်မွတ္ႏုိင္ျခင္းမရွိလို႔ အိမ္ကြင္းမွာ ရွဳံးနိမ့္ခဲ့ရတာျဖစ္ၿပီး ကာစီမီ႐ိုနဲ႔ ေနာက္ခံအလယ္လူႏွစ္ေယာက္ဟာ ဒီေန႔မွာ စုစည္းမွဳ အားနည္းခဲ့လုိ႔ မန္စီးတီးအတြက္ ဂိုးေတြ ခြင့္ျပဳခဲ့ရတာလည္းျဖစ္ပါတယ္။

ပထမပုိင္းမွာ သေရက်ေနခဲ့တဲ့ ဒီပြဲစဥ္ရဲ႕ အဖြင့္ဂိုးကို ဒုတိယပုိင္း မိနစ္ ၆၀ မွာ ေနာက္တန္းအမွားကေန ဗီနီးရွပ္စ္ ဂ်ဴနီယာရဲ႕ ေပးပုိ႔မွဳကို အစၥကို ပါးပါးနပ္နပ္ထိန္းသိမ္းကန္သြင္းခဲ့လုိ႔ ရရွိသြားခဲ့ၿပီး ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ေဂ်ဆူးရဲ႕ ေခါင္းတုိက္ခ်က္ကို ဂိုးသမား ကူတြာ မကာကြယ္ႏိုင္ခဲ့လို႔ မန္စီးတီးေခ်ပႏုိင္ခဲ့ၿပီး သိပ္မၾကာခင္ ၈၃ မိနစ္မွာပဲ စတာလင္ေၾကာင့္ရတဲ့ ပင္နယ္တီကို အသင္းေခါင္းေဆာင္ ဒီဘ႐ိုင္းနားက တည္တည္ၿငိမ္ၿငိမ္ ကန္သြင္းယူခဲ့ပါတယ္။ ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ေနာက္ဆုံးခံစစ္မွဴးအျဖစ္ ေဂ်ဆူးကို ဆြဲလွဲခဲ့တဲ့ ဆာဂ်ီယို ရာမို႔စ္ တုိက္႐ိုက္အနီကတ္ထိခဲ့ပါတယ္။

တစ္ဖက္က ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ျပင္သစ္ေျမက လီယြန္နဲ႔ ဂ်ဴဗင္တပ္စ္တုိ႔ပြဲမွာေတာ့ လီယြန္က ပြဲခ်ိန္ ၃၁ မိနစ္မွာ သြင္းယူတဲ့ လူးကပ္စ္ တူးဆတ္ရဲ႕ ဂိုးနဲ႔ အႏုိင္ရရွိသြားခဲ့ၿပီး အိမ္ကြင္းမွာ ေပးဂိုးမရွိႏုိင္ပြဲကို ရယူသြားႏုိင္ခဲ့ပါတယ္။ ဒီပြဲမွာ လီယြန္တုိ႔ အခြင့္အေရးေတြ ရခဲ့ၿပီး ဘားတန္းထိခဲ့တဲ့ ေခါင္းတုိက္ခ်က္ကလည္း နစ္နာေစခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းကေတာ့ နည္းျပ ေမာ္ရီဇီယို ဆာရီရဲ႕ အဆင့္အတန္းကို သိသာေစခဲ့ၿပီး တစ္သင္းလုံးရဲ႕ ကစားပုံဟာ လီယြန္နဲ႔ ယွဥ္ရာမွာ အလုပ္ျဖစ္မွဳ နည္းခဲ့သလို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတစ္ေယာက္ပဲ သူ႕ရဲ႕ဆက္ထိန္းထားႏုိင္ဆဲ ကမာၻ႕အဆင့္ေျခစြမ္းနဲ႔ ျပင္သစ္ကလပ္ေနာက္တန္းကို ဒုကၡေပးသြားႏုိင္ခဲ့တာျဖစ္ပါတယ္။ ဒီေန႔ပြဲစဥ္ေတြအၿပီးမွာေတာ့ မန္စီးတီးတုိ႔ ေနာက္တစ္ဆင့္တက္ဖို႔ အေဝးဂိုးႏွစ္ဂိုးနဲ႔ အေျခအေနေကာင္းခဲ့ၿပီး ဂ်ဴဗင္တပ္စ္ကေတာ့ အိမ္ကြင္းမွာ ႀကဳိးစားကစားဖို႔ လုိအပ္ေနေသးေၾကာင္း ေဖာ္ျပေပးလုိက္ပါတယ္။

REF: UEFA
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ချန်ပီယံလိဂ် ဒုတိယညပွဲစဉ်တွေမှာတော့ အဝေးကွင်းဘာနေဗျူးမှာ စိတ်ဓာတ်နဲ့ ရုန်းအားကို ပြသနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးတို့ အိမ်ရှင်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး မော်ရီဇီယို ဆာရီကတော့ အရင်နည်းပြတွေလောက်တောင်မှ ဂျူဗင်တပ်စ်ကို မမောင်းနှင်နိုင်ဘဲ ဥရောပအဆင့်မှာ နာမည်ပျက်ရမယ့် အခြေအနေကို ရောက်ရှိခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညတစ်ညလည်းဖြစ်ခဲ့ပါတယ်။

တိုက်စစ်ကို ဦးစားပေးပြီး ခပ်မာမာ ခပ်မြန်မြန်ကစားတတ်တဲ့ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဟန်ချက်ညီတဲ့ နည်းဗျူဟာကို အားနည်းချက်ရှာဖွေရာမှာ ကျွမ်းကျင်တဲ့ ဂွါဒီယိုလာနဲ့အတွေ့မှာ ချမှတ်နိုင်ခြင်းမရှိလို့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး ကာစီမီရိုနဲ့ နောက်ခံအလယ်လူနှစ်ယောက်ဟာ ဒီနေ့မှာ စုစည်းမှု အားနည်းခဲ့လို့ မန်စီးတီးအတွက် ဂိုးတွေ ခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ သရေကျနေခဲ့တဲ့ ဒီပွဲစဉ်ရဲ့ အဖွင့်ဂိုးကို ဒုတိယပိုင်း မိနစ် ၆၀ မှာ နောက်တန်းအမှားကနေ ဗီနီးရှပ်စ် ဂျူနီယာရဲ့ ပေးပို့မှုကို အစ္စကို ပါးပါးနပ်နပ်ထိန်းသိမ်းကန်သွင်းခဲ့လို့ ရရှိသွားခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာတော့ ဂျေဆူးရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား ကူတွာ မကာကွယ်နိုင်ခဲ့လို့ မန်စီးတီးချေပနိုင်ခဲ့ပြီး သိပ်မကြာခင် ၈၃ မိနစ်မှာပဲ စတာလင်ကြောင့်ရတဲ့ ပင်နယ်တီကို အသင်းခေါင်းဆောင် ဒီဘရိုင်းနားက တည်တည်ငြိမ်ငြိမ် ကန်သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၈၆ မိနစ်မှာတော့ နောက်ဆုံးခံစစ်မှူးအဖြစ် ဂျေဆူးကို ဆွဲလှဲခဲ့တဲ့ ဆာဂျီယို ရာမို့စ် တိုက်ရိုက်အနီကတ်ထိခဲ့ပါတယ်။

တစ်ဖက်က ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပြင်သစ်မြေက လီယွန်နဲ့ ဂျူဗင်တပ်စ်တို့ပွဲမှာတော့ လီယွန်က ပွဲချိန် ၃၁ မိနစ်မှာ သွင်းယူတဲ့ လူးကပ်စ် တူးဆတ်ရဲ့ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပြီး အိမ်ကွင်းမှာ ပေးဂိုးမရှိနိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ လီယွန်တို့ အခွင့်အရေးတွေ ရခဲ့ပြီး ဘားတန်းထိခဲ့တဲ့ ခေါင်းတိုက်ချက်ကလည်း နစ်နာစေခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းကတော့ နည်းပြ မော်ရီဇီယို ဆာရီရဲ့ အဆင့်အတန်းကို သိသာစေခဲ့ပြီး တစ်သင်းလုံးရဲ့ ကစားပုံဟာ လီယွန်နဲ့ ယှဉ်ရာမှာ အလုပ်ဖြစ်မှု နည်းခဲ့သလို ခရစ္စတီယာနို ရော်နယ်လ်ဒိုတစ်ယောက်ပဲ သူ့ရဲ့ဆက်ထိန်းထားနိုင်ဆဲ ကမ္ဘာ့အဆင့်ခြေစွမ်းနဲ့ ပြင်သစ်ကလပ်နောက်တန်းကို ဒုက္ခပေးသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲစဉ်တွေအပြီးမှာတော့ မန်စီးတီးတို့ နောက်တစ်ဆင့်တက်ဖို့ အဝေးဂိုးနှစ်ဂိုးနဲ့ အခြေအနေကောင်းခဲ့ပြီး ဂျူဗင်တပ်စ်ကတော့ အိမ်ကွင်းမှာ ကြိုးစားကစားဖို့ လိုအပ်နေသေးကြောင်း ဖော်ပြပေးလိုက်ပါတယ်။

REF: UEFA
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.