Analysis Premier League

6 မှတ်တန် အနိုင်နဲ့ မန်စီးတီး 1-0 ချဲလ်ဆီးပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

၁၂ ပွဲဆက်တိုက် ပရီးမီးယားလိဂ်အနိုင်နဲ့ မန်စီးတီး
ဒီပွဲမတိုင်ခင်မှာ ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲဆက်တိုက် အနိုင်ရရှိထားခဲ့တဲ့ မန်ချက်စတာစီးတီးတို့အနေနဲ့ ခက်ခဲတဲ့ နိုင်ပွဲတစ်ပွဲကို ထပ်မံ ရယူပြီး Six Pointer လို့ ခေါ်တဲ့ ထိပ်တိုက်ပြိုင်ဘက်တွေကြား တစ်ပွဲအနိုင်ဟာ သုံးမှတ်ထက် ခြောက်မှတ် ကွာဟတယ်ဆိုတဲ့ အားသာချက်အဖြစ် ရယူနိုင်ခဲ့လို့ သူတို့ရဲ့ တစ်ဒါဇင်ပြည့် နိုင်ပွဲက ချိုမြိန်လွန်းခဲ့ပါတယ်။ ဒီပွဲကို ချဲလ်ဆီးတို့သာ အနိုင်ရခဲ့ရင် သူတို့ကြားက ကွာဟချက်ကို ၇ မှတ်အထိ လျှော့ချနိုင်မှာဖြစ်ပေမယ့် မန်စီးတီးတို့ အနိုင်ရသွားခဲ့ချိန်မှာ ၁၃ မှတ်အထိ ကွာဟခဲ့ရသလို ချန်ပီယံပြေးပွဲမှာ လန်ဒန်သားတွေအတွက် အခွင့်အရေးက သုညနီးပါး ဖြစ်သွားခဲ့တာပါ။

အင်္ဂလန်သားတွေ စားသွားခဲ့တာလား
အင်္ဂလန်သားတွေဖြစ်တဲ့ ဂရီးလစ်ရှ်၊ စတာလင်၊ ဖိုဒန်တို့ရဲ့ အိမ်ရှင်တို့ရဲ့ ကွင်းလယ်တိုက်စစ်တွေက မေဆန်မောင့်ကို အရန်ခုံမှာထားပြီး နိုင်ငံစုံတပ်ဖွဲ့နဲ့ ပွဲထွက်လာခဲ့တဲ့ ဧည့်သည်တွေရဲ့ ကွင်းလယ်ထက် အသာစီးရခဲ့သလို အခွင့်အရေးတွေ ဖန်တီးနိုင်သမျှကို အသုံးမချနိုင်ခဲ့လို့သာ ဒီပွဲက ဂိုးပြတ်ပွဲတစ်ပွဲ မဖြစ်ခဲ့တာပါ။ ချဲလ်ဆီးတို့ရဲ့ ဇီးယက်ရှ်ကတော့ ဖန်တီးမှုရော ကန်သွင်းမှုတွေမှာပါ အလေအလွင့်တွေ များနေခဲ့ချိန်မှာ မေဆန်မောင့် ဝင်လာခဲ့ပေမယ့်လည်း အသင်းက စုစည်းဖို့ ခက်နေခဲ့ပြီး ဂွါဒီယိုလာ အပြုံးကြီး ပြုံးနေခဲ့ချိန်မှာ တူဟယ်လ်အတွက်တော့ ဒေါသထွက်စရာတွေပဲ များခဲ့တာ ဖြစ်ပါတယ်။

ကီပါအတွက် လက်ခုပ်သံ ကြားချင်တယ်
ဆီနီဂေါဂိုးသမား မန်ဒီတစ်ယောက် မသွားခင် လက်အနည်းငယ်ကျနေချိန်မှာကတည်းက စပိန်သား ကီပါက ယုံလို့ရတဲ့ အဆင့်အတန်းကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဒီနေ့ပွဲမှာလည်း မန်စီးတီးတို့ရဲ့ အပိုင်အခွင့်အရေး ၄ ကြိမ်လောက်ကို ကာကွယ်သွားနိုင်ခဲ့ပြီး ရီးစ်ဂျိမ်းစ်နဲ့ ချေးလ်ဝဲလ်တို့ မရှိကတည်းက ပုံပျက်နေခဲ့တဲ့ ချဲလ်ဆီးနောက်တန်းကို တတ်နိုင်သလောက် ပံ့ပိုးပြီး ခုခံတွန်းလှန်ပေးခဲ့တာဖြစ်ပါတယ်။ ဂရီးလစ်ရှ်ရဲ့ ပေါင်သန်း ၁၀၀ က တင်သလောက် မဟုတ်သေးဘူးဆိုတာကို သူ့ရဲ့ ပေါင် ၇၂ သန်းကို ထမ်းပိုးပြီး ပြသနိုင်ခဲ့တဲ့ ကီပါဟာ ချဲလ်ဆီးတို့ ဘယ်လောက်ဇာတာကျကျ သူ့အတွက် ဂုဏ်ယူနိုင်ဖို့ ပြောပြခဲ့တာလည်းဖြစ်ပါတယ်။

ဆာလားတစ္ဆေပြီးတော့ ဒီဘရိုင်းနားတစ္ဆေခြောက်တဲ့ပွဲ
ချဲလ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုဆီ သွားရာလမ်းကို သူတို့ရဲ့ ရောင်းထုတ်လိုက်တဲ့ ကစားသမားတွေကပဲ တားဆီးခြောက်လှန့်နေခဲ့ ပါတယ်။ လီဗာပူးလ်နဲ့ တွေ့ဆုံခဲ့တဲ့ နှစ်ကျော့စလုံးမှာ မိုဟာမက် ဆာလားက ဂိုးတွေ သွင်းယူသွားခဲ့သလို ဒီနေ့မှာတော့ ဒီဘရိုင်းနားက တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပြီး သူတို့တွေနဲ့ ပရီးမီးယားလိဂ်ဆုဖလား မထိုက်တန်သေးကြောင်း ပြသသွားခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးပရိသတ်တွေအတွက်တော့ ရှုံးချက်ကယ်နာဆိုတာထက် ရောင်းချက်ကယ်နာဆိုသလိုဖြစ်နေပြီး သူတို့တွေအတွက်တော့ ဒီဘရိုင်းနားကို ရောက်ရောက်ချင်းနဲ့ ဆာလားကို သွားခါနီးမှာ အသင်းက ထွက်စေခဲ့တဲ့ မော်ရင်ညိုကိုပဲ အပြစ်ပုံချရတော့မှာပါ။

ထိုးဖောက်ဖို့ ခက်ခဲခဲ့တဲ့ စီးတီးခံစစ်
မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ ရူဘင် ဒီယက်စ်ကို အရန်ခုံမှာ ထားခဲ့ပြီး ဂျွန်စတုန်းစ်နဲ့ အေးမရစ် လာပေါ့တ်တို့ကို တွဲပေးခဲ့ပေမယ့် တွဲကစားလေ့ သိပ်မရှိတဲ့ သူတို့နှစ်ယောက်ကလည်း မာကျောတဲ့ စုဖွဲ့စွမ်းဆောင်ရည်ကို ပြသသွားနိုင်ခဲ့သလို ချဲလ်ဆီးရဲ့ လူကာကူး၊ ပူလီရှစ်ချ်နဲ့ ဇီးယက်ရှ်တို့တွေကို ကောင်တာအခွင့်အရေးတချို့ကလွဲလို့ မပေးရအောင် ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ ဂျွန်စတုန်းစ်က ခေါင်းဘော ၄ ကြိမ်မှာ ၄ ကြိမ်စလုံး ရယူနိုင်ခဲ့သလို လာပေါ့တ်ကတော့ ၅ ကြိမ်မှာ ၅ ကြိမ်စလုံး၊ နှစ်ဦးပေါင်း ၉ ကြိမ်မှာ ၁၀၀ ရာခိုင်နှုန်း အောင်မြင်ခဲ့တာဖြစ်ပြီး အင်တာမီလန်ကနေ ပြန်ခေါ်တာ မှားပြီလို့ ချဲလ်ဆီးပရိသတ်တွေ တဖျစ်တောက်တောက် ညည်းတွားနေခဲ့ကြတဲ့ လူကာကူးကို ဖိနှိပ်ထားနိုင်ခဲ့ကြတာပါ။

၉၇.၅ သန်းရဲ့ သဲထဲရေသွန်မှု
ရာသီအစမှာ အာလင်း ဟားလန်းကို ခေါ်နေချိန်မှာ မရလိုက်တာက ချဲလ်ဆီးတို့အတွက် ပထမအဆိုးဆိုရင် လူကာကူးကတော့ ဒါကို နှစ်နဲ့ မြှောက်လိုက်သလိုဖြစ်သွားခဲ့ပါပြီ။ Six Pointer ပွဲတွေလိုပဲ ထပ်တူညီခဲ့ပြီး ဟားလန်းကို ရလိုက်ရင် အသက်အရွယ်၊ တန်ဖိုး၊ ခြေစွမ်းတွေနဲ့ အများကြီး အကျိုးရှိနိုင်ချိန်မှာ အသက် ၂၈ နှစ်အရွယ် ကစားသမားရဲ့ မန်ချက်စတာယူနိုက်တက်မှာ ရုန်းကန်ခဲ့ရမှုကို မေ့ထားပြီး လွယ်ကူတဲ့ အီတလီမှာ ပြသခဲ့တဲ့ ခြေစွမ်းကို ယုံလိုက်တာက အသက်ကြီးလာသလို ပြန်ရောင်းလည်း ဈေးကောင်းမရနိုင်တော့တဲ့ အခက်အခဲကိုပါ ရင်ဆိုင်ရတော့မှာပါ။ အသင်းရဲ့ ဖုတ်ပူမီးတိုက် ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့ဌာနကိုတော့ အားလုံးက စိတ်ပျက်နေကြမှာဖြစ်ပြီး နောက်ထပ်တစ်နှစ် ထပ်သည်းခံရဖို့ပဲ ရှိနေပါတယ်။

ဖန်တီးမှုကင်းမဲ့ခဲ့တဲ့ ချဲလ်ဆီး
ချဲလ်ဆီးတို့အနေနဲ့ ဒီနေ့ပွဲကို ကစားကွက်အရ အောက်ကနေ Passive Game ဆော့လာမယ်လို့ အားလုံးက ခန့်မှန်းထားခဲ့ကြပေမယ့် တန်ပြန် တိုက်စစ်တွေကနေ ဖန်တီးမှုတွေကတော့ မန်စီးတီးတို့ကို အထိုက်အလျောက် ဖိအားပေးနိုင်ခဲ့လိမ့်မယ်လို့ ထင်ခဲ့ကြတာပါ။ ဒါပေမယ့် ဇီးယက်ရှ်၊ ပူလီရှစ်ချ်၊ ကွန်တေ၊ ကိုဗာချစ်တို့ ဒါတွေကို မတတ်နိုင်ခဲ့သလို တစ်ဖက်ဂိုးဧရိယာထဲမှာ ၇ ကြိမ်သာ ဘောလုံးရခဲ့ပြီး ဂိုးကန်သွင်းခွင့် ၄ ကြိမ်သာ ရှိခဲ့တာတွေက စိတ်ပျက်စရာတွေပဲဖြစ်ခဲ့ချိန်မှာ လူကာကူးကန်တာကို အီဒါဆန် ပုတ်ထုတ်သွားခဲ့တဲ့ တစ်ကြိမ်ကပဲ ပြောစရာလောက်လောက်လားလားရှိခဲ့လို့ သူတို့တွေ ကျန်တဲ့ ဆုဖလားတွေကို လက်မလွှတ်ရခင်မှာ ဇန်နဝါရီဟာ လူသစ်တွေနဲ့ ပြင်ဆင်သင့်တဲ့ ကာလတစ်ခုပဲဖြစ်နေခဲ့ပါပြီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁၂ ပြဲဆက္တိုက္ ပရီးမီးယားလိဂ္အႏိုင္နဲ႔ မန္စီးတီး
ဒီပြဲမတိုင္ခင္မွာ ပရီးမီးယားလိဂ္ ေနာက္ဆုံး ၁၁ ပြဲဆက္တိုက္ အႏိုင္ရရွိထားခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ခက္ခဲတဲ့ ႏိုင္ပြဲတစ္ပြဲကို ထပ္မံ ရယူၿပီး Six Pointer လို႔ ေခၚတဲ့ ထိပ္တိုက္ၿပိဳင္ဘက္ေတြၾကား တစ္ပြဲအႏိုင္ဟာ သုံးမွတ္ထက္ ေျခာက္မွတ္ ကြာဟတယ္ဆိုတဲ့ အားသာခ်က္အျဖစ္ ရယူႏိုင္ခဲ့လို႔ သူတို႔ရဲ႕ တစ္ဒါဇင္ျပည့္ ႏိုင္ပြဲက ခ်ိဳၿမိန္လြန္းခဲ့ပါတယ္။ ဒီပြဲကို ခ်ဲလ္ဆီးတို႔သာ အႏိုင္ရခဲ့ရင္ သူတို႔ၾကားက ကြာဟခ်က္ကို ၇ မွတ္အထိ ေလွ်ာ့ခ်ႏိုင္မွာျဖစ္ေပမယ့္ မန္စီးတီးတို႔ အႏိုင္ရသြားခဲ့ခ်ိန္မွာ ၁၃ မွတ္အထိ ကြာဟခဲ့ရသလို ခ်န္ပီယံေျပးပြဲမွာ လန္ဒန္သားေတြအတြက္ အခြင့္အေရးက သုညနီးပါး ျဖစ္သြားခဲ့တာပါ။

အဂၤလန္သားေတြ စားသြားခဲ့တာလား
အဂၤလန္သားေတြျဖစ္တဲ့ ဂရီးလစ္ရွ္၊ စတာလင္၊ ဖိုဒန္တို႔ရဲ႕ အိမ္ရွင္တို႔ရဲ႕ ကြင္းလယ္တိုက္စစ္ေတြက ေမဆန္ေမာင့္ကို အရန္ခုံမွာထားၿပီး ႏိုင္ငံစုံတပ္ဖြဲ႕နဲ႔ ပြဲထြက္လာခဲ့တဲ့ ဧည့္သည္ေတြရဲ႕ ကြင္းလယ္ထက္ အသာစီးရခဲ့သလို အခြင့္အေရးေတြ ဖန္တီးႏိုင္သမွ်ကို အသုံးမခ်ႏိုင္ခဲ့လို႔သာ ဒီပြဲက ဂိုးျပတ္ပြဲတစ္ပြဲ မျဖစ္ခဲ့တာပါ။ ခ်ဲလ္ဆီးတို႔ရဲ႕ ဇီးယက္ရွ္ကေတာ့ ဖန္တီးမႈေရာ ကန္သြင္းမႈေတြမွာပါ အေလအလြင့္ေတြ မ်ားေနခဲ့ခ်ိန္မွာ ေမဆန္ေမာင့္ ဝင္လာခဲ့ေပမယ့္လည္း အသင္းက စုစည္းဖို႔ ခက္ေနခဲ့ၿပီး ဂြါဒီယိုလာ အၿပဳံးႀကီး ၿပဳံးေနခဲ့ခ်ိန္မွာ တူဟယ္လ္အတြက္ေတာ့ ေဒါသထြက္စရာေတြပဲ မ်ားခဲ့တာ ျဖစ္ပါတယ္။

ကီပါအတြက္ လက္ခုပ္သံ ၾကားခ်င္တယ္
ဆီနီေဂါဂိုးသမား မန္ဒီတစ္ေယာက္ မသြားခင္ လက္အနည္းငယ္က်ေနခ်ိန္မွာကတည္းက စပိန္သား ကီပါက ယုံလို႔ရတဲ့ အဆင့္အတန္းကို ျပန္လည္ေရာက္ရွိလာခဲ့တာပါ။ ဒီေန႔ပြဲမွာလည္း မန္စီးတီးတို႔ရဲ႕ အပိုင္အခြင့္အေရး ၄ ႀကိမ္ေလာက္ကို ကာကြယ္သြားႏိုင္ခဲ့ၿပီး ရီးစ္ဂ်ိမ္းစ္နဲ႔ ေခ်းလ္ဝဲလ္တို႔ မရွိကတည္းက ပုံပ်က္ေနခဲ့တဲ့ ခ်ဲလ္ဆီးေနာက္တန္းကို တတ္ႏိုင္သေလာက္ ပံ့ပိုးၿပီး ခုခံတြန္းလွန္ေပးခဲ့တာျဖစ္ပါတယ္။ ဂရီးလစ္ရွ္ရဲ႕ ေပါင္သန္း ၁၀၀ က တင္သေလာက္ မဟုတ္ေသးဘူးဆိုတာကို သူ႔ရဲ႕ ေပါင္ ၇၂ သန္းကို ထမ္းပိုးၿပီး ျပသႏိုင္ခဲ့တဲ့ ကီပါဟာ ခ်ဲလ္ဆီးတို႔ ဘယ္ေလာက္ဇာတာက်က် သူ႔အတြက္ ဂုဏ္ယူႏိုင္ဖို႔ ေျပာျပခဲ့တာလည္းျဖစ္ပါတယ္။

ဆာလားတေစၦၿပီးေတာ့ ဒီဘ႐ိုင္းနားတေစၦေျခာက္တဲ့ပြဲ
ခ်ဲလ္ဆီးတို႔ရဲ႕ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံဆုဆီ သြားရာလမ္းကို သူတို႔ရဲ႕ ေရာင္းထုတ္လိုက္တဲ့ ကစားသမားေတြကပဲ တားဆီးေျခာက္လွန႔္ေနခဲ့ ပါတယ္။ လီဗာပူးလ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ႏွစ္ေက်ာ့စလုံးမွာ မိုဟာမက္ ဆာလားက ဂိုးေတြ သြင္းယူသြားခဲ့သလို ဒီေန႔မွာေတာ့ ဒီဘ႐ိုင္းနားက တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူၿပီး သူတို႔ေတြနဲ႔ ပရီးမီးယားလိဂ္ဆုဖလား မထိုက္တန္ေသးေၾကာင္း ျပသသြားခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ေတာ့ ရႈံးခ်က္ကယ္နာဆိုတာထက္ ေရာင္းခ်က္ကယ္နာဆိုသလိုျဖစ္ေနၿပီး သူတို႔ေတြအတြက္ေတာ့ ဒီဘ႐ိုင္းနားကို ေရာက္ေရာက္ခ်င္းနဲ႔ ဆာလားကို သြားခါနီးမွာ အသင္းက ထြက္ေစခဲ့တဲ့ ေမာ္ရင္ညိဳကိုပဲ အျပစ္ပုံခ်ရေတာ့မွာပါ။

ထိုးေဖာက္ဖို႔ ခက္ခဲခဲ့တဲ့ စီးတီးခံစစ္
မန္စီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ ႐ူဘင္ ဒီယက္စ္ကို အရန္ခုံမွာ ထားခဲ့ၿပီး ဂြၽန္စတုန္းစ္နဲ႔ ေအးမရစ္ လာေပါ့တ္တို႔ကို တြဲေပးခဲ့ေပမယ့္ တြဲကစားေလ့ သိပ္မရွိတဲ့ သူတို႔ႏွစ္ေယာက္ကလည္း မာေက်ာတဲ့ စုဖြဲ႕စြမ္းေဆာင္ရည္ကို ျပသသြားႏိုင္ခဲ့သလို ခ်ဲလ္ဆီးရဲ႕ လူကာကူး၊ ပူလီရွစ္ခ်္နဲ႔ ဇီးယက္ရွ္တို႔ေတြကို ေကာင္တာအခြင့္အေရးတခ်ိဳ႕ကလြဲလို႔ မေပးရေအာင္ ထိန္းခ်ဳပ္သြားႏိုင္ခဲ့ပါတယ္။ ဂြၽန္စတုန္းစ္က ေခါင္းေဘာ ၄ ႀကိမ္မွာ ၄ ႀကိမ္စလုံး ရယူႏိုင္ခဲ့သလို လာေပါ့တ္ကေတာ့ ၅ ႀကိမ္မွာ ၅ ႀကိမ္စလုံး၊ ႏွစ္ဦးေပါင္း ၉ ႀကိမ္မွာ ၁၀၀ ရာခိုင္ႏႈန္း ေအာင္ျမင္ခဲ့တာျဖစ္ၿပီး အင္တာမီလန္ကေန ျပန္ေခၚတာ မွားၿပီလို႔ ခ်ဲလ္ဆီးပရိသတ္ေတြ တဖ်စ္ေတာက္ေတာက္ ညည္းတြားေနခဲ့ၾကတဲ့ လူကာကူးကို ဖိႏွိပ္ထားႏိုင္ခဲ့ၾကတာပါ။

၉၇.၅ သန္းရဲ႕ သဲထဲေရသြန္မႈ
ရာသီအစမွာ အာလင္း ဟားလန္းကို ေခၚေနခ်ိန္မွာ မရလိုက္တာက ခ်ဲလ္ဆီးတို႔အတြက္ ပထမအဆိုးဆိုရင္ လူကာကူးကေတာ့ ဒါကို ႏွစ္နဲ႔ ေျမႇာက္လိုက္သလိုျဖစ္သြားခဲ့ပါၿပီ။ Six Pointer ပြဲေတြလိုပဲ ထပ္တူညီခဲ့ၿပီး ဟားလန္းကို ရလိုက္ရင္ အသက္အ႐ြယ္၊ တန္ဖိုး၊ ေျခစြမ္းေတြနဲ႔ အမ်ားႀကီး အက်ိဳးရွိႏိုင္ခ်ိန္မွာ အသက္ ၂၈ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ မန္ခ်က္စတာယူႏိုက္တက္မွာ ႐ုန္းကန္ခဲ့ရမႈကို ေမ့ထားၿပီး လြယ္ကူတဲ့ အီတလီမွာ ျပသခဲ့တဲ့ ေျခစြမ္းကို ယုံလိုက္တာက အသက္ႀကီးလာသလို ျပန္ေရာင္းလည္း ေဈးေကာင္းမရႏိုင္ေတာ့တဲ့ အခက္အခဲကိုပါ ရင္ဆိုင္ရေတာ့မွာပါ။ အသင္းရဲ႕ ဖုတ္ပူမီးတိုက္ ေခၚယူခဲ့တဲ့ အေျပာင္းအေ႐ႊ႕ဌာနကိုေတာ့ အားလုံးက စိတ္ပ်က္ေနၾကမွာျဖစ္ၿပီး ေနာက္ထပ္တစ္ႏွစ္ ထပ္သည္းခံရဖို႔ပဲ ရွိေနပါတယ္။

ဖန္တီးမႈကင္းမဲ့ခဲ့တဲ့ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးတို႔အေနနဲ႔ ဒီေန႔ပြဲကို ကစားကြက္အရ ေအာက္ကေန Passive Game ေဆာ့လာမယ္လို႔ အားလုံးက ခန႔္မွန္းထားခဲ့ၾကေပမယ့္ တန္ျပန္ တိုက္စစ္ေတြကေန ဖန္တီးမႈေတြကေတာ့ မန္စီးတီးတို႔ကို အထိုက္အေလ်ာက္ ဖိအားေပးႏိုင္ခဲ့လိမ့္မယ္လို႔ ထင္ခဲ့ၾကတာပါ။ ဒါေပမယ့္ ဇီးယက္ရွ္၊ ပူလီရွစ္ခ်္၊ ကြန္ေတ၊ ကိုဗာခ်စ္တို႔ ဒါေတြကို မတတ္ႏိုင္ခဲ့သလို တစ္ဖက္ဂိုးဧရိယာထဲမွာ ၇ ႀကိမ္သာ ေဘာလုံးရခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၄ ႀကိမ္သာ ရွိခဲ့တာေတြက စိတ္ပ်က္စရာေတြပဲျဖစ္ခဲ့ခ်ိန္မွာ လူကာကူးကန္တာကို အီဒါဆန္ ပုတ္ထုတ္သြားခဲ့တဲ့ တစ္ႀကိမ္ကပဲ ေျပာစရာေလာက္ေလာက္လားလားရွိခဲ့လို႔ သူတို႔ေတြ က်န္တဲ့ ဆုဖလားေတြကို လက္မလႊတ္ရခင္မွာ ဇန္နဝါရီဟာ လူသစ္ေတြနဲ႔ ျပင္ဆင္သင့္တဲ့ ကာလတစ္ခုပဲျဖစ္ေနခဲ့ပါၿပီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.