Premier League

26 Nov -နေ့လည်ခင်း႔ နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ချယ်လ်ဆီးအသင်းမှာ ဆက်ရှိနေမှာဖြစ်ကြောင်း အန်တိုနီယို ရူဒီဂါ အတည်ပြုခဲ့ပြီး အသင်းပြောင်းဖို့ စဥ်းစားခဲ့ပေမယ့် နည်းပြလမ်းပတ်ရဲ့ ဖေးမမှုတွေကြောင့် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့။

ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာတဲ့ သီယာဂို ဆေးလ်ဗားရဲ့ ဆုံးဖြတ်ချက် မှားယွင်းခဲ့ကြောင်း ပီတာ ခရော့ချ်ဝေဖန်ခဲ့ပြီး ဇရာထောင်းနေတဲ့ သူ့အနေနဲ့ စီးရီးအေနဲ့ လာလီဂါမှာသာ သွားကစားသင့်ကြောင်းဆို။

သူ့ကိုခေါ်ယူပြီး ဗဟိုခံစစ်နေရာထားဖို့ စီစဥ်နေတဲ့ လမ်းပတ်ကို ကွင်းလယ်အထိုင်နေရာကသာ သူ့ရဲ့ အကောင်းဆုံး အားသာချက်ဖြစ်ပြီး ဒီနေရာမှာ ကစားလာတာ ၃ ရာသီတိုင်ပြီဖြစ်ကြောင်း ဒက်ကလန် ရိုက်စ်က အမှာပါးလိုက်။

မေဆန် မောင့်လို ကစားသမားဟာ မန်နေဂျာတယောက်ရဲ့ အိပ်မက် ကစားသမားမျိုးဖြစ်ပြီး သူဟာ ကွင်းနေရာအနှံ့မှာ ဥာဏ်ကစားနိုင်တဲ့ ဘောလုံးဥာဏ်ကြီးရှင်တယောက်ဖြစ်တယ်လို့ ချယ်လ်ဆီးကစားသမားဟောင်း ဂျိုကိုးလ်က ချီးကျူးခဲ့။

အစဥ်အလာပြိုင်ဘက် စပါးစ်နဲ့ပွဲကို ရင်းနေး အသင်းနဲ့ပွဲမတိုင်မီကတည်းက စိတ်ရောက်နေခဲ့ကြောင်း လမ်းပတ် ဝန်ခံခဲဲ့ပြီး ဒီပွဲအတွက် သတိကြီးကြီးထားပြီး အထူးပြင်ဆင်ထားကြောင်းထုတ်ဖော်။

စပါးစ်အသင်းနဲ့ ချယ်လ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီပွဲစဥ်ကို ပေါင်ခြံဒဏ်ရာကြောင့် တိုဘီ အဲလ်ဒါဝီးရဲလ် လွဲချော်သွားတော့မှာဖြစ်ကြောင်း သိရပြီး လမ်းပတ်အတွက် အားသာချက်တခု ဖြစ်သွားခဲ့ပြီး အသင်းအတွက် နစ်နာရလို့ မော်ရင်ညို အကြီးအကျယ် စိတ်ပျက်နေ။

ရင်းနေးနဲ့ပွဲအပြီးမှာ လူငယ်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရတဲ့ ပြင်သစ်အသင်းဖော် ကာမာဗင်ဂါကို ကတ်ဇူးမားက ရှုံးပွဲအတွက် အားပေးစကားပြောကြားခဲ့ပြီး သူဟာ ဇူးမားထံက ဘောလုံးအတွေ့အကြုံနဲ့ ပတ်သက်တဲ့ အကြံဥာဏ်များ ခံယူခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးအသင္းမွာ ဆက္ရွိေနမွာျဖစ္ေၾကာင္း အန္တိုနီယို ႐ူဒီဂါ အတည္ျပဳခဲ့ၿပီး အသင္းေျပာင္းဖို႔ စဥ္းစားခဲ့ေပမယ့္ နည္းျပလမ္းပတ္ရဲ႕ ေဖးမမႈေတြေၾကာင့္ အသင္းမွာ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဖြင့္ဟခဲ့။

ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕လာတဲ့ သီယာဂို ေဆးလ္ဗားရဲ႕ ဆုံးျဖတ္ခ်က္ မွားယြင္းခဲ့ေၾကာင္း ပီတာ ခေရာ့ခ်္ေဝဖန္ခဲ့ၿပီး ဇရာေထာင္းေနတဲ့ သူ႕အေနနဲ႕ စီးရီးေအနဲ႕ လာလီဂါမွာသာ သြားကစားသင့္ေၾကာင္းဆို။

သူ႕ကိုေခၚယူၿပီး ဗဟိုခံစစ္ေနရာထားဖို႔ စီစဥ္ေနတဲ့ လမ္းပတ္ကို ကြင္းလယ္အထိုင္ေနရာကသာ သူ႕ရဲ႕ အေကာင္းဆုံး အားသာခ်က္ျဖစ္ၿပီး ဒီေနရာမွာ ကစားလာတာ ၃ ရာသီတိုင္ၿပီျဖစ္ေၾကာင္း ဒက္ကလန္ ရိုက္စ္က အမွာပါးလိုက္။

ေမဆန္ ေမာင့္လို ကစားသမားဟာ မန္ေနဂ်ာတေယာက္ရဲ႕ အိပ္မက္ ကစားသမားမ်ိဳးျဖစ္ၿပီး သူဟာ ကြင္းေနရာအႏွံ႕မွာ ဥာဏ္ကစားနိုင္တဲ့ ေဘာလုံးဥာဏ္ႀကီးရွင္တေယာက္ျဖစ္တယ္လို႔ ခ်ယ္လ္ဆီးကစားသမားေဟာင္း ဂ်ိဳကိုးလ္က ခ်ီးက်ဴးခဲ့။

အစဥ္အလာၿပိဳင္ဘက္ စပါးစ္နဲ႕ပြဲကို ရင္းေနး အသင္းနဲ႕ပြဲမတိုင္မီကတည္းက စိတ္ေရာက္ေနခဲ့ေၾကာင္း လမ္းပတ္ ဝန္ခံခဲဲ့ၿပီး ဒီပြဲအတြက္ သတိႀကီးႀကီးထားၿပီး အထူးျပင္ဆင္ထားေၾကာင္းထုတ္ေဖာ္။

စပါးစ္အသင္းနဲ႕ ခ်ယ္လ္ဆီးတို႔ရဲ႕ လန္ဒန္ဒါဘီပြဲစဥ္ကို ေပါင္ၿခံဒဏ္ရာေၾကာင့္ တိုဘီ အဲလ္ဒါဝီးရဲလ္ လြဲေခ်ာ္သြားေတာ့မွာျဖစ္ေၾကာင္း သိရၿပီး လမ္းပတ္အတြက္ အားသာခ်က္တခု ျဖစ္သြားခဲ့ၿပီး အသင္းအတြက္ နစ္နာရလို႔ ေမာ္ရင္ညို အႀကီးအက်ယ္ စိတ္ပ်က္ေန။

ရင္းေနးနဲ႕ပြဲအၿပီးမွာ လူငယ္ၾကယ္ပြင့္အျဖစ္ သတ္မွတ္ခံထားရတဲ့ ျပင္သစ္အသင္းေဖာ္ ကာမာဗင္ဂါကို ကတ္ဇူးမားက ရႈံးပြဲအတြက္ အားေပးစကားေျပာၾကားခဲ့ၿပီး သူဟာ ဇူးမားထံက ေဘာလုံးအေတြ႕အႀကဳံနဲ႕ ပတ္သက္တဲ့ အႀကံဥာဏ္မ်ား ခံယူခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.