Premier League

မာရာဒိုနာအတွက် ကမ္ဘာ့ဘောလုံးအကျော်အမော်များ ပြောစကားတွေထဲကမှ ထူးထူးခြားခြား အကောင်းဆုံး ၁၀ ခု

” ကျွန်တော် နောက်ထပ် နှစ်တသန်း ဘောလုံးကစားခွင့် ရရင်တောင် မာရာဒိုနာကို လိုက်မီဖို့ မပြောနဲ့၊ သူ့အနားကို သီသီလေးတောင် မကပ်နိုင်ပါဘူး။ အဲ့လို ဆန္ဒလည်း မရှိပါဘူး။ သူက ထာဝရအကြီးမြတ်ဆုံးသူပါ။”
လီယွန်နယ် မက်ဆီ

” ဇီဒန်း ဘောလုံးနဲ့ လုပ်ပြသလောက်ကို မာရာဒိုနာက လိမ္မော်သီးလောက်နဲ့ လုပ်ပြလို့ ရပါတယ်”
မီရှယ်လ် ပလာတီနီ

” ကျွန်တော့််ရဲ့ အင်္ဂလန်အသင်းကို ဒီယေဂို ဒုတိယဂိုး သွင်းသွားတုန်းက​ပေါ့။ အဲဒီဂိုးကို ကျွန်တော် လက်ခုပ်ထတီးမိတော့မလိုဖြစ်ခဲ့တဲ့ အထိပါပဲ။ အရေးကြီးတဲ့ ပွဲစဥ်တပွဲမှာ မဖြစ်နိုင်လောက်အောင် လှပတဲ့ဂိုးတဂိုးကို သူ သွင်းသွားခဲ့တာပါ။ သူက ထာဝရ အကောင်းဆုံး ကစားသမားပါ။ စစ်မှန်တဲ့ ပါရမီရှင်ပါ”
ဂယ်ရီ လိိုင်နီကာ

” နေပယ်လ်မြို့သားတွေအတွက်တော့ မာရာဒိုနာက ဘုရားသခင်တပါးပါပဲ။ သူက ဒီမြို့ရဲ့ သမိုင်းကြောင်းကို ပြောင်းလဲပေးခဲ့တယ်။ နှစ် ၈၀ အတွင်း တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့အသင်းကို သူက ၇ ရာသီအတွင်း လိဂ်ဖလား ၂ လုံး၊ ယူအီးအက်ဖ်အေဖလား တလုံးနဲ့ အီတာလျံဖလား ၂ လုံး ဆွတ်ခူးစေခဲ့တာကိုး။ ကျွန်တော်လည်း သူ့ပရိသတ်ပါပဲ။ မာရာဒိုနာနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ နှစ်ကာလတွေက မယုံကြည်နိုင်စရာ ကောင်းပါတယ်။ သူတို့ စကူဒတ်တိုဖလားရတုန်းက ကွင်းထဲမှာ ရှိနေခဲ့တဲ့ ခံစားချက်ကလည်း ပြောမပြတတ်အောင်ပါပဲ”
ကန်နဗားရိုး

” သူ့ခြေထဲ ဘောလုံးရှိနေရင် ဘယ်နေရာကနေ ဘယ်လိုလာပြီး ဂိုးသွင်းသွားတယ်ဆိုတာကိုတောင် သိချိန် ရလိုက်မှာ မဟုတ်ပါဘူး”
ဟိုဆေး မော်ရင်ညို

” တချို့က ပီလီက ထာဝရအကောင်းဆုံး ဘောလုံးသမားလို့ ပြောကြတယ်။ ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး။ မာရာဒိုနာကသာလျှင် အကြီးမြတ်ဆုံး ဘောလုံးသမားပါ။ ၁၉၈၆ ကမ္ဘာ့ဖလားကို ရယူခဲ့ပြီး ၁၉၉၀ မှာလည်း ထပ်ရဖို့ သီသီလေးလွဲခဲ့တာပါ။ ၁၉၉၄ မှာလည်း သူသာ ပွဲကစားခွင့် အပိတ်မခံရရင် ထပ်ယူပြခဲ့ဦးမှာပါ။ ပီလီနဲ့ အဓိက ကွာခြားတာက သူ့မှာ ပီလီလို ထိပ်တန်းကစားသမားကောင်းတွေနဲ့ တွဲဖက်ကစားရခြင်း မရှိခဲ့ဘူး။ လက်ရွေးစင်အသင်းကို သူကိုယ်တိုင်ပဲ ဆွဲတင်ခဲ့ရတယ်။ အာဂျင်တီးနားကနေ မာရာဒိုနာကို ဖယ်ထုတ်လိုက်ရင် ကမ္ဘာ့ဖလားမရနိုင်ဖို့ သေချာပေမယ့် ဘရာဇီးလ်ကတော့ ပီလီမပါဘဲ ချန်ပီယံဖြစ်ဦးမှာပါ”
အဲရစ် ကန်တိုနာ

” ပွဲတပွဲကို သူတယောက်တည်းနဲ့တင် အနိုင်ကန်လို့ရတဲ့ ကစားသမားမျိုးပါ။ ဘောလုံး ဥာဏ်ကြီးရှင်ဖြစ်သလို တကယ့် ဘောလုံးအနုပညာရှင်တဦးပါ။ ထာဝရအကြီးမြတ်ဆုံးတွေထဲက တဦးဖြစ်ပါတယ်။”
ဆာဘော်ဘီ ရော့ဘ်ဆန်

” ပီလီထက်ပိုကောင်းတဲ့သူက မာရာဒိုနာပါ။ အကောင်းဆုံး ကစားသမားပါပဲ။ အီတလီမှာ သူ့ပွဲတွေကို ရက်သတ္တပတ်တိုင်း အနီးကပ် ကြည့်ခဲ့ရတယ်။ ဘယ်သူထက်မဆို တဆင့်မြင့်နေတဲ့ ဘောလုံးသမားပါ။ သူလုပ်ပြတဲ့ အရာတချို့က မယုံကြည်နိုင်စရာ ဖြစ်ရပါတယ်။ ဘောလုံးကို လှည့်မကြည့်ဘဲ ထိန်းပြတယ်။ ဘာကို ဆိုလိုတာလဲဆိုတော့ သူ့ဆီ စိတ်ချလက်ချ ပေးသာပေးလိုက်၊ ဘောလုံးကို ရအောင်ယူပြမယ် ဆိုတာပါ။”
ရုဒ် ဂူးလစ်

” ဒီယေဂိုက အကြီးမြတ်ဆုံး ကစားသမား ဖြစ်ရုံတင်မကဘူး။ ဘောလုံးအပေါ်မှာ အရိုးသားဆုံး ကစားသမားလည်းဖြစ်တယ်။ ကွင်းထဲမှာ အပြုအမူကောင်းတွေရှိသလို အသင်းက ထိပ်တန်းကစားသမားတွေကအစ သာမန်ဝန်ထမ်းတွေအထိ လေးစားမှု အပြည့်အဝ ထားရှိတတ်သူပါ။ ကွင်းထဲမှာ အမြဲတမ်း ဖျက်ထုတ်ခံနေရပြီး အကြမ်းဖက်ခံရပေမယ့် ဘယ်တော့မှ သူက စောဒကတက်ခဲ့လေ့ မရှိပါဘူး။ ဒီနေ့ခေတ် တိုက်စစ်မှူးတွေနဲ့ ကွာခြားတဲ့ အချက်ပါပဲ”
ပေါ်လို မာလ်ဒီနီ

” ကျွန်တော့်တဘဝလုံး နှစ်မြှုပ်ပြီး ဘောလုံးအတွက် အားထုတ်ခဲ့တယ်။ ကြိုးစားခဲ့တယ်။ လွယ်လွယ်မရခဲ့ဘူး။ ကျွန်တော်က ဘယ်အရာနဲ့မှ မထိုက်တန်ဘူးလို့ လွယ်လွယ်နဲ့ အမနာပ ပြောတဲ့သူတွေကတော့ ကျွန်တော့်ဖင်ကို လာနမ်းနိုင်ပါတယ် ”
မာရာဒိုနာ

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

” ကြၽန္ေတာ္ ေနာက္ထပ္ ႏွစ္တသန္း ေဘာလုံးကစားခြင့္ ရရင္ေတာင္ မာရာဒိုနာကို လိုက္မီဖို႔ မေျပာနဲ႔၊ သူ႔အနားကို သီသီေလးေတာင္ မကပ္ႏိုင္ပါဘူး။ အဲ့လို ဆႏၵလည္း မရွိပါဘူး။ သူက ထာဝရအႀကီးျမတ္ဆုံးသူပါ။”
လီယြန္နယ္ မက္ဆီ

” ဇီဒန္း ေဘာလုံးနဲ႔ လုပ္ျပသေလာက္ကို မာရာဒိုနာက လိေမၼာ္သီးေလာက္နဲ႔ လုပ္ျပလို႔ ရပါတယ္”
မီရွယ္လ္ ပလာတီနီ

” ကြၽန္ေတာ့္္ရဲ႕ အဂၤလန္အသင္းကို ဒီေယဂို ဒုတိယဂိုး သြင္းသြားတုန္းက​ေပါ့။ အဲဒီဂိုးကို ကြၽန္ေတာ္ လက္ခုပ္ထတီးမိေတာ့မလိုျဖစ္ခဲ့တဲ့ အထိပါပဲ။ အေရးႀကီးတဲ့ ပြဲစဥ္တပြဲမွာ မျဖစ္ႏိုင္ေလာက္ေအာင္ လွပတဲ့ဂိုးတဂိုးကို သူ သြင္းသြားခဲ့တာပါ။ သူက ထာဝရ အေကာင္းဆုံး ကစားသမားပါ။ စစ္မွန္တဲ့ ပါရမီရွင္ပါ”
ဂယ္ရီ လိိုင္နီကာ

” ေနပယ္လ္ၿမိဳ႕သားေတြအတြက္ေတာ့ မာရာဒိုနာက ဘုရားသခင္တပါးပါပဲ။ သူက ဒီၿမိဳ႕ရဲ႕ သမိုင္းေၾကာင္းကို ေျပာင္းလဲေပးခဲ့တယ္။ ႏွစ္ ၈၀ အတြင္း တန္းဆင္းဇုန္မွာ ႐ုန္းကန္ေနရတဲ့အသင္းကို သူက ၇ ရာသီအတြင္း လိဂ္ဖလား ၂ လုံး၊ ယူအီးအက္ဖ္ေအဖလား တလုံးနဲ႔ အီတာလ်ံဖလား ၂ လုံး ဆြတ္ခူးေစခဲ့တာကိုး။ ကြၽန္ေတာ္လည္း သူ႔ပရိသတ္ပါပဲ။ မာရာဒိုနာနဲ႔အတူ ျဖတ္သန္းခဲ့ရတဲ့ ႏွစ္ကာလေတြက မယုံၾကည္ႏိုင္စရာ ေကာင္းပါတယ္။ သူတို႔ စကူဒတ္တိုဖလားရတုန္းက ကြင္းထဲမွာ ရွိေနခဲ့တဲ့ ခံစားခ်က္ကလည္း ေျပာမျပတတ္ေအာင္ပါပဲ”
ကန္နဗား႐ိုး

” သူ႔ေျခထဲ ေဘာလုံးရွိေနရင္ ဘယ္ေနရာကေန ဘယ္လိုလာၿပီး ဂိုးသြင္းသြားတယ္ဆိုတာကိုေတာင္ သိခ်ိန္ ရလိုက္မွာ မဟုတ္ပါဘူး”
ဟိုေဆး ေမာ္ရင္ညိဳ

” တခ်ိဳ႕က ပီလီက ထာဝရအေကာင္းဆုံး ေဘာလုံးသမားလို႔ ေျပာၾကတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ မဟုတ္ပါဘူး။ မာရာဒိုနာကသာလွ်င္ အႀကီးျမတ္ဆုံး ေဘာလုံးသမားပါ။ ၁၉၈၆ ကမာၻ႔ဖလားကို ရယူခဲ့ၿပီး ၁၉၉၀ မွာလည္း ထပ္ရဖို႔ သီသီေလးလြဲခဲ့တာပါ။ ၁၉၉၄ မွာလည္း သူသာ ပြဲကစားခြင့္ အပိတ္မခံရရင္ ထပ္ယူျပခဲ့ဦးမွာပါ။ ပီလီနဲ႔ အဓိက ကြာျခားတာက သူ႔မွာ ပီလီလို ထိပ္တန္းကစားသမားေကာင္းေတြနဲ႔ တြဲဖက္ကစားရျခင္း မရွိခဲ့ဘူး။ လက္ေ႐ြးစင္အသင္းကို သူကိုယ္တိုင္ပဲ ဆြဲတင္ခဲ့ရတယ္။ အာဂ်င္တီးနားကေန မာရာဒိုနာကို ဖယ္ထုတ္လိုက္ရင္ ကမာၻ႔ဖလားမရႏိုင္ဖို႔ ေသခ်ာေပမယ့္ ဘရာဇီးလ္ကေတာ့ ပီလီမပါဘဲ ခ်န္ပီယံျဖစ္ဦးမွာပါ”
အဲရစ္ ကန္တိုနာ

” ပြဲတပြဲကို သူတေယာက္တည္းနဲ႔တင္ အႏိုင္ကန္လို႔ရတဲ့ ကစားသမားမ်ိဳးပါ။ ေဘာလုံး ဥာဏ္ႀကီးရွင္ျဖစ္သလို တကယ့္ ေဘာလုံးအႏုပညာရွင္တဦးပါ။ ထာဝရအႀကီးျမတ္ဆုံးေတြထဲက တဦးျဖစ္ပါတယ္။”
ဆာေဘာ္ဘီ ေရာ့ဘ္ဆန္

” ပီလီထက္ပိုေကာင္းတဲ့သူက မာရာဒိုနာပါ။ အေကာင္းဆုံး ကစားသမားပါပဲ။ အီတလီမွာ သူ႔ပြဲေတြကို ရက္သတၱပတ္တိုင္း အနီးကပ္ ၾကည့္ခဲ့ရတယ္။ ဘယ္သူထက္မဆို တဆင့္ျမင့္ေနတဲ့ ေဘာလုံးသမားပါ။ သူလုပ္ျပတဲ့ အရာတခ်ိဳ႕က မယုံၾကည္ႏိုင္စရာ ျဖစ္ရပါတယ္။ ေဘာလုံးကို လွည့္မၾကည့္ဘဲ ထိန္းျပတယ္။ ဘာကို ဆိုလိုတာလဲဆိုေတာ့ သူ႔ဆီ စိတ္ခ်လက္ခ် ေပးသာေပးလိုက္၊ ေဘာလုံးကို ရေအာင္ယူျပမယ္ ဆိုတာပါ။”
႐ုဒ္ ဂူးလစ္

” ဒီေယဂိုက အႀကီးျမတ္ဆုံး ကစားသမား ျဖစ္႐ုံတင္မကဘူး။ ေဘာလုံးအေပၚမွာ အ႐ိုးသားဆုံး ကစားသမားလည္းျဖစ္တယ္။ ကြင္းထဲမွာ အျပဳအမူေကာင္းေတြရွိသလို အသင္းက ထိပ္တန္းကစားသမားေတြကအစ သာမန္ဝန္ထမ္းေတြအထိ ေလးစားမႈ အျပည့္အဝ ထားရွိတတ္သူပါ။ ကြင္းထဲမွာ အၿမဲတမ္း ဖ်က္ထုတ္ခံေနရၿပီး အၾကမ္းဖက္ခံရေပမယ့္ ဘယ္ေတာ့မွ သူက ေစာဒကတက္ခဲ့ေလ့ မရွိပါဘူး။ ဒီေန႔ေခတ္ တိုက္စစ္မႉးေတြနဲ႔ ကြာျခားတဲ့ အခ်က္ပါပဲ”
ေပၚလို မာလ္ဒီနီ

” ကြၽန္ေတာ့္တဘဝလုံး ႏွစ္ျမႇဳပ္ၿပီး ေဘာလုံးအတြက္ အားထုတ္ခဲ့တယ္။ ႀကိဳးစားခဲ့တယ္။ လြယ္လြယ္မရခဲ့ဘူး။ ကြၽန္ေတာ္က ဘယ္အရာနဲ႔မွ မထိုက္တန္ဘူးလို႔ လြယ္လြယ္နဲ႔ အမနာပ ေျပာတဲ့သူေတြကေတာ့ ကြၽန္ေတာ့္ဖင္ကို လာနမ္းႏိုင္ပါတယ္ ”
မာရာဒိုနာ

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.