Premier League

လီဗာပူးလ် ၀-၂ အတ္တလန်တာ ပွဲအပြီး ပြောစမှတ်ဖြစ်ခဲ့တဲ့ ၇ ချက်

ရှုံးကြွေးဆပ်ခဲ့တဲ့ အတ္တလန်တာကို အိမ်ရှင်လီဗာပူးလ်တို့ မင်သက်မိခဲ့
ဒီညမှာ လီဗာပူးလ်ဟာ ဂိုးပေါက်တည့် ကန်သွင်းချက် တကြိမ်မှ မရှိခဲ့ပါဘူး။ အတ္တလန်တာရဲ့ ပြတ်သားတဲ့ အနိုင်ဂိုး ၂ ဂိုးကိုသာ မိနစ် ၆၀ အတွင်း ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီဂိုးနှစ်ဂိုးကို ဧည့်သည်အသင်းက ပူပါ ဂိုးမက်ဇ်ရဲ့ ဖန်တီးမှုအားကနေ ရရှိခဲ့တာပါ။ ဒီပွဲရဲ့ ပြောပလောက်စရာ ခြေစွမ်းအနေနဲ့ နှစ်သင်းလုံး ပျောက်ဆုံးနေခဲ့ပေမယ့် ဂိုးသွင်းမှု အခိုက်အတန့်တွေက အရည်အသွေးမြင့်ပြီး အဆုံးသတ်ပိုင်း ထိမိတဲ့ ဂိုးတွေဖြစ်ခဲ့လို့ အရသာရှိခဲ့ပါတယ်။

ဖာမီနိုမပါတဲ့ပွဲ မိုဆာလားလည်း ပေါ့ရွှတ်ခဲ
ကိုဗစ်ရောဂါကူးစက်မှုကနေ သက်သာလာခဲ့တဲ့ အီဂျစ်သားကတော့ ဒီပွဲမှာ ၄၅ မိနစ် ဝင်ကစားခဲ့ပြီး သူ့ရဲ့ ပုံမှန်ခြေစွမ်းကို မရရှိသေးဘူးလို့ ဆိုရမှာပါ။ ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ အခွင့်အရေးတခုကိုလည်း ဖြုန်းတီးခဲ့သလို ဖာမီနိုမပါဝင်တဲ့ပွဲမှာ မာနေးနဲ့ အော်ရီဂီတို့လည်း အဆိပ်မဲ့နေခဲ့တာကို တွေ့ခဲ့ရပါတယ်။ ကလော့ပ်ရဲ့ အဆိုအတိုင်း သံစုံဂီတဝိုင်းမှာ တူရိယာ ၁၂ မျိုးလုံးကို အသံထွက်စေတဲ့ ဖာမီနို မပါဝင်မှုဟာ လီဗာပူးလ်ကိုပါ ပျောက်ဆုံးစေခဲ့တဲ့ ပွဲပါ။

ပွဲထွက်ခွင့်ရခဲ့တဲ့ လူငယ်တွေရဲ့စံချိန်
ကားတစ်ဂျုံးစ်၊ ရီးစ်ဝီလီယမ်းစ် နဲ့ နီကို ဝီလီယမ်းစ်တို့ဟာ လီဗာပူးလ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ဒါဟာ ၂၀၀၉ ခုနှစ်က အာဆင်နယ်အသင်းနောက်ပိုင်း ချန်ပီယံလိဂ်ပွဲစဥ်တပွဲမှာ ဗြိတိန်ဆယ်ကျော်သက် ၃ ဦး အတူတကွပွဲထွက်ခဲ့ကြတဲ့ ပထမဆုံးပွဲ ဖြစ်လာခဲ့ပါတယ်။ ရီးစ်ဝီလီယမ်းစ်က မာတစ်ပ်နဲ့ တွဲဖက်လို့ ဗဟိုခံစစ် နေရာ ပွဲထွက်ခဲ့ပြီး တည်ငြိမ်မှုပြသနိုင်ချိန်ရှိသလို နေရာယူပုံ လွဲမှားနေချိန်တွေလည်း တွေ့ခဲ့ရပါတယ်။ နီကို ဝီလီယမ် နဲ့ ကားတစ် ဂျုံးစ်တို့ကတော့ ကောင်းကောင်းကြိုးစား ကစားခဲ့ကြပြီး လိုအပ်တဲ့ ရလဒ်ပြောင်းလဲမှုအတွက်တော့ မလုံလောက်ခဲ့ကြပါဘူး။

အခွင့်အရေး ပေးခြင်းမခံရသေးတဲ့ မီနာမီနို
စီနီယာကစားသမားအများစု မပါဝင်နိုင်ချိန်မှာ မီနာမီနို ပွဲထွက်ခွင့်ရဖို့ မျှော်လင့်ခဲ့ကြပေမယ့် အရန်ခုံမှာသာ ထိုင်နေခဲ့ရပြီး ပွဲချိန် ၈၅ မိနစ်မှ လူစားဝင်ကစားခွင့် ရခဲ့ပါတယ်။ အုပ်စုတွင်း ၉ မှတ် စုဆောင်းပြီးဖြစ်တဲ့ လီဗာပူးလ်အတွက် ဒီပွဲမှာ ကလော့ပ်ရဲ့အဆိုအရ ကစားခွင့်နည်းပါးသူ အများစု ပွဲထွက်ခွင့်ရရှိမယ် ထင်မှတ်ခဲ့ကြတာပါ။

အုပ်စု D ရဲ့ ဝဲဂယက်
လီဗာပူးလ်အသင်းက အန်ဖီးလ်မြေက ဒီပွဲမှာ အနိုင်ရခဲ့ရင် နောက်နဆင့်ကို အသာအယာ တက်ခွင့်ရခဲ့မှာပါ။ ဒါပေမယ့် အတ္တလန်တာရဲ့ ရှုံးကြွေးဆပ်ခြင်းကို ခံခဲ့ရပြီး လက်ကျန် ၂ ပွဲမှာ တပွဲနိုင်ရုံနဲ့ နောက်တဆင့်တက်နိုင်မယ့် အခွင့်အရေးတော့ ရှိနေပါသေးတယ်။

ပုံမှန်မဟုတ်ခဲ့တဲ့ လီဗာပူးလ်ရဲ့ယိုယွင်းခံစစ်
ပထမပိုင်းမှာ ကောင်းမွန်တဲ့ ခံစစ်ကြောင်း စွမ်းဆောင်ရည်ကို မြင်ခဲ့ရပေမယ့် ပြဿနာတက်ခဲ့ကတော့ လီဗာလ်ပူးရဲ့ ဒုတိယပိုင်းပါ။ အပြန်အလှန် နားလည်အချိတ်အဆက်တွေ လွဲမှားနေခဲ့ပြီး ဆီမီးကက်စ်နဲ့ ရီးစ်ဝီလီယမ်းစ်တို့ မတားဆီးနိုင်ခဲ့တဲ့ အတ္တလန်တာရဲ့ ဂိုး နှစ်ဂိုးကို ခွင့်ပြုခဲ့ရပြီး အရန်လူထုတ်သုံးလည်း လီဗာပူးလ်မှာ မြင်ရခဲတဲ့ ယိုယွင်းခံစစ်ကို မြင်ခဲ့ရပါတယ်။

အကျပ်ရိုက်သွားခဲ့တဲ့ ကလော့ပ်
လူစားလဲခွင့် ဘယ်လို သုံးသုံး ဘယ်၊ ညာ နောက်ခံအစွန်လူတွေဖြစ်တဲ့ ရော်ဘတ်ဆန် နဲ့ အာနိုးတို့မပါဘဲ လီဗာပူးလ်က လီဗာပူးလ်စစ်စစ် မမည်ကြောင်း ပြသခဲ့တဲ့ ခြေစွမ်းပါပဲ။ ဆီမီးကက်စ်နဲ့ ဝီလီယမ်တို့ရဲ့ စွမ်းရည်က ဘယ်၊ ညာ နောက်ခံနေရာတွေမှာ ယုံယုံကြည်ကြည်နဲ့ ပွဲထွက်ကစားခွင့်ပေးဖို့ မပြည့်ဝသေးတဲ့ ခြေစွမ်းမျိုးတွေပါ။ လာမယ့် ပွဲကျပ်ကာလမှာ အဓိက ကစားသမားတွေကို ပွဲတိုင်း ​ခြေကုန်ထုတ်ကန်ခိုင်းလို့ မရတော့တဲ့ အခြေအနေတခုဖြစ်ပြီး ကလော့ပ်ကတော့ လူရွေးချယ်မှု၊ လူထုတ်ပုံတွေမှာ အကျပ်ရိုက်စရာ ဖြစ်လာနေပါပြီ။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရႈံးေႂကြးဆပ္ခဲ့တဲ့ အတၱလန္တာကို အိမ္ရွင္လီဗာပူးလ္တို႔ မင္သက္မိခဲ့
ဒီညမွာ လီဗာပူးလ္ဟာ ဂိုးေပါက္တည့္ ကန္သြင္းခ်က္ တႀကိမ္မွ မရွိခဲ့ပါဘူး။ အတၱလန္တာရဲ႕ ျပတ္သားတဲ့ အႏိုင္ဂိုး ၂ ဂိုးကိုသာ မိနစ္ ၆၀ အတြင္း ခြင့္ျပဳေပးခဲ့ရပါတယ္။ ဒီဂိုးႏွစ္ဂိုးကို ဧည့္သည္အသင္းက ပူပါ ဂိုးမက္ဇ္ရဲ႕ ဖန္တီးမႈအားကေန ရရွိခဲ့တာပါ။ ဒီပြဲရဲ႕ ေျပာပေလာက္စရာ ေျခစြမ္းအေနနဲ႔ ႏွစ္သင္းလုံး ေပ်ာက္ဆုံးေနခဲ့ေပမယ့္ ဂိုးသြင္းမႈ အခိုက္အတန႔္ေတြက အရည္အေသြးျမင့္ၿပီး အဆုံးသတ္ပိုင္း ထိမိတဲ့ ဂိုးေတြျဖစ္ခဲ့လို႔ အရသာရွိခဲ့ပါတယ္။

ဖာမီႏိုမပါတဲ့ပြဲ မိုဆာလားလည္း ေပါ့႐ႊတ္ခဲ
ကိုဗစ္ေရာဂါကူးစက္မႈကေန သက္သာလာခဲ့တဲ့ အီဂ်စ္သားကေတာ့ ဒီပြဲမွာ ၄၅ မိနစ္ ဝင္ကစားခဲ့ၿပီး သူ႔ရဲ႕ ပုံမွန္ေျခစြမ္းကို မရရွိေသးဘူးလို႔ ဆိုရမွာပါ။ ဂိုးအျဖစ္ေျပာင္းလဲႏိုင္တဲ့ အခြင့္အေရးတခုကိုလည္း ျဖဳန္းတီးခဲ့သလို ဖာမီႏိုမပါဝင္တဲ့ပြဲမွာ မာေနးနဲ႔ ေအာ္ရီဂီတို႔လည္း အဆိပ္မဲ့ေနခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ ကေလာ့ပ္ရဲ႕ အဆိုအတိုင္း သံစုံဂီတဝိုင္းမွာ တူရိယာ ၁၂ မ်ိဳးလုံးကို အသံထြက္ေစတဲ့ ဖာမီႏို မပါဝင္မႈဟာ လီဗာပူးလ္ကိုပါ ေပ်ာက္ဆုံးေစခဲ့တဲ့ ပြဲပါ။

ပြဲထြက္ခြင့္ရခဲ့တဲ့ လူငယ္ေတြရဲ႕စံခ်ိန္
ကားတစ္ဂ်ဳံးစ္၊ ရီးစ္ဝီလီယမ္းစ္ နဲ႔ နီကို ဝီလီယမ္းစ္တို႔ဟာ လီဗာပူးလ္ရဲ႕ ပြဲထြက္လူစာရင္းမွာ ပါဝင္ခဲ့ၿပီး ဒါဟာ ၂၀၀၉ ခုႏွစ္က အာဆင္နယ္အသင္းေနာက္ပိုင္း ခ်န္ပီယံလိဂ္ပြဲစဥ္တပြဲမွာ ၿဗိတိန္ဆယ္ေက်ာ္သက္ ၃ ဦး အတူတကြပြဲထြက္ခဲ့ၾကတဲ့ ပထမဆုံးပြဲ ျဖစ္လာခဲ့ပါတယ္။ ရီးစ္ဝီလီယမ္းစ္က မာတစ္ပ္နဲ႔ တြဲဖက္လို႔ ဗဟိုခံစစ္ ေနရာ ပြဲထြက္ခဲ့ၿပီး တည္ၿငိမ္မႈျပသႏိုင္ခ်ိန္ရွိသလို ေနရာယူပုံ လြဲမွားေနခ်ိန္ေတြလည္း ေတြ႕ခဲ့ရပါတယ္။ နီကို ဝီလီယမ္ နဲ႔ ကားတစ္ ဂ်ဳံးစ္တို႔ကေတာ့ ေကာင္းေကာင္းႀကိဳးစား ကစားခဲ့ၾကၿပီး လိုအပ္တဲ့ ရလဒ္ေျပာင္းလဲမႈအတြက္ေတာ့ မလုံေလာက္ခဲ့ၾကပါဘူး။

အခြင့္အေရး ေပးျခင္းမခံရေသးတဲ့ မီနာမီႏို
စီနီယာကစားသမားအမ်ားစု မပါဝင္ႏိုင္ခ်ိန္မွာ မီနာမီႏို ပြဲထြက္ခြင့္ရဖို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ အရန္ခုံမွာသာ ထိုင္ေနခဲ့ရၿပီး ပြဲခ်ိန္ ၈၅ မိနစ္မွ လူစားဝင္ကစားခြင့္ ရခဲ့ပါတယ္။ အုပ္စုတြင္း ၉ မွတ္ စုေဆာင္းၿပီးျဖစ္တဲ့ လီဗာပူးလ္အတြက္ ဒီပြဲမွာ ကေလာ့ပ္ရဲ႕အဆိုအရ ကစားခြင့္နည္းပါးသူ အမ်ားစု ပြဲထြက္ခြင့္ရရွိမယ္ ထင္မွတ္ခဲ့ၾကတာပါ။

အုပ္စု D ရဲ႕ ဝဲဂယက္
လီဗာပူးလ္အသင္းက အန္ဖီးလ္ေျမက ဒီပြဲမွာ အႏိုင္ရခဲ့ရင္ ေနာက္နဆင့္ကို အသာအယာ တက္ခြင့္ရခဲ့မွာပါ။ ဒါေပမယ့္ အတၱလန္တာရဲ႕ ရႈံးေႂကြးဆပ္ျခင္းကို ခံခဲ့ရၿပီး လက္က်န္ ၂ ပြဲမွာ တပြဲႏိုင္႐ုံနဲ႔ ေနာက္တဆင့္တက္ႏိုင္မယ့္ အခြင့္အေရးေတာ့ ရွိေနပါေသးတယ္။

ပုံမွန္မဟုတ္ခဲ့တဲ့ လီဗာပူးလ္ရဲ႕ယိုယြင္းခံစစ္
ပထမပိုင္းမွာ ေကာင္းမြန္တဲ့ ခံစစ္ေၾကာင္း စြမ္းေဆာင္ရည္ကို ျမင္ခဲ့ရေပမယ့္ ျပႆနာတက္ခဲ့ကေတာ့ လီဗာလ္ပူးရဲ႕ ဒုတိယပိုင္းပါ။ အျပန္အလွန္ နားလည္အခ်ိတ္အဆက္ေတြ လြဲမွားေနခဲ့ၿပီး ဆီမီးကက္စ္နဲ႔ ရီးစ္ဝီလီယမ္းစ္တို႔ မတားဆီးႏိုင္ခဲ့တဲ့ အတၱလန္တာရဲ႕ ဂိုး ႏွစ္ဂိုးကို ခြင့္ျပဳခဲ့ရၿပီး အရန္လူထုတ္သုံးလည္း လီဗာပူးလ္မွာ ျမင္ရခဲတဲ့ ယိုယြင္းခံစစ္ကို ျမင္ခဲ့ရပါတယ္။

အက်ပ္႐ိုက္သြားခဲ့တဲ့ ကေလာ့ပ္
လူစားလဲခြင့္ ဘယ္လို သုံးသုံး ဘယ္၊ ညာ ေနာက္ခံအစြန္လူေတြျဖစ္တဲ့ ေရာ္ဘတ္ဆန္ နဲ႔ အာႏိုးတို႔မပါဘဲ လီဗာပူးလ္က လီဗာပူးလ္စစ္စစ္ မမည္ေၾကာင္း ျပသခဲ့တဲ့ ေျခစြမ္းပါပဲ။ ဆီမီးကက္စ္နဲ႔ ဝီလီယမ္တို႔ရဲ႕ စြမ္းရည္က ဘယ္၊ ညာ ေနာက္ခံေနရာေတြမွာ ယုံယုံၾကည္ၾကည္နဲ႔ ပြဲထြက္ကစားခြင့္ေပးဖို႔ မျပည့္ဝေသးတဲ့ ေျခစြမ္းမ်ိဳးေတြပါ။ လာမယ့္ ပြဲက်ပ္ကာလမွာ အဓိက ကစားသမားေတြကို ပြဲတိုင္း ​ေျခကုန္ထုတ္ကန္ခိုင္းလို႔ မရေတာ့တဲ့ အေျခအေနတခုျဖစ္ၿပီး ကေလာ့ပ္ကေတာ့ လူေ႐ြးခ်ယ္မႈ၊ လူထုတ္ပုံေတြမွာ အက်ပ္႐ိုက္စရာ ျဖစ္လာေနပါၿပီ။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.