Premier League

26 Nov နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ကလေးငယ်တွေကို နေ့လည်စာ ထောက်ပံ့ပေးမှုနဲ့ ချီးကျူးခံခဲ့ရပြီး ဗြိတိန်ဘုရင်မကြီးရဲ့ MBE ဘွဲ့ကိုပါ ချီးမြှင့်ခြင်းခံထားခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ ဘောလုံးလောကရဲ့ ထိပ်တန်းလူမည်းပုဂ္ဂိုလ်များစာရင်းဖြစ်တဲ့ Football Black List မှာ ထည့်သွင်းခံခဲ့ရ။

– ကစားခွင့်နည်းပါးနေတဲ့ နယ်သာလန်နောက်ခံလူ တီမိုသီ ဖိုဆူမန်ဆားကို လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ရောင်းချသွားဖို့ မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေ ဆုံးဖြတ်ထားပြီး နွေရာသီမှာ ကုန်ဆုံးမယ့်စာချုပ်ကို သက်တမ်းတိုးတော့မှာ မဟုတ်ဘူးလို့ သိရ။

– အစ္စတန်ဘူလ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘရူနို ဖာနန်ဒက်စ်လောက် အချီးကျူးမခံခဲ့ရပေမယ့် တိုက်စစ်မှူး ကာဗာနီရဲ့ ရွေ့လျားမှုတွေက ထက်မြက်ခဲ့သလို ကွင်းလယ်လူ ဖရက်ဒ်ရဲ့ လုပ်အားနှုန်းနဲ့ အဖျက်ပိုင်းစွမ်းရည်ကလည်း သိသာထင်ရှားခဲ့။

– ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ပွဲမှာ အနိုင်သုံးမှတ်ရရှိဖို့ ကာကွယ်နိုင်ခဲ့ပေမယ့် အစ္စတန်ဘူလ်နဲ့ပွဲက ဖရီးကစ်ကို ဂိုးထဲရောက်မှ ပုတ်ထုတ်ခဲ့တဲ့ ဒေးဗစ် ဒဟေးယားရဲ့ အာရုံစူးစိုက်မှုကို ပရိသတ်တွေ အပြစ်တင်နေကြပြီး ပွဲအနည်းငယ်လောက် အရန်ခုံထိုင်သင့်ပြီလို့ ဆိုနေကြ။

– ခြေကျင်းဝတ်ဒဏ်ရာ ရရှိထားပြီး အသင်းရဲ့ နောက်ဆုံးနှစ်ပွဲကို လွဲချော်ထားတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ ဒဏ်ရာ အမြန်ဆုံး သက်သာပျောက်ကင်းဖို့ နည်းပြ ဆိုးလ်ရှား မျှော်လင့်နေပြီး ဆောက်သမ်တန်နဲ့ပွဲအမီ ပြန်လည်ပါဝင်နိုင်စေဖို့ ဆန္ဒရှိနေ။

– ဘွေနိုးဇာရီစ်မြို့က နေအိမ်မှာ နှလုံးခုန်ရပ်ပြီး ကွယ်လွန်သွားခဲ့တဲ့ အာဂျင်တီးနားဂန္ထဝင် ဒီယေဂို မာရာဒိုနာအတွက် လွန်ခဲ့တဲ့ ၁၅ နှစ်က နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဆုံးပါးခဲ့တဲ့ ဖခင်ဖြစ်သူ ယူနိုက်တက်ဂန္ထဝင် ဂျော့ချ် ဘက်စ်ရဲ့သား ကယ်လမ် ဘက်စ်က ဝမ်းနည်းကြောင်းနဲ့ သူတို့တွေအတူ ကောင်းကင်ဘုံမှာ တစ်သင်းတည်း ကစားကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း တွစ်တာမှာ ရေးသား။

– တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ဟာ အထောင်တိုက်စစ်မှူးတစ်ဦး မဖြစ်သင့်ကြောင်းနဲ့ သူ့ရဲ့ ဂိုးကို ကျောပေးကစားပုံတွေဟာ ဆိုးရွားပြီး အခွင့်အရေးတွေကို အသုံးချမှုမှာလည်း တွေဝေနေပြီး တကယ်သာ ကောင်းခဲ့ရင် တစ်ပွဲကို ၃-၄ ဂိုး ရနေလောက်ပြီလို့ ပေါလ် စခိုးလ်ဝေဖန်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ကေလးငယ္ေတြကို ေန႔လည္စာ ေထာက္ပံ့ေပးမႈနဲ႔ ခ်ီးက်ဴးခံခဲ့ရၿပီး ၿဗိတိန္ဘုရင္မႀကီးရဲ႕ MBE ဘြဲ႕ကိုပါ ခ်ီးျမႇင့္ျခင္းခံထားခဲ့ရတဲ့ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ေဘာလုံးေလာကရဲ႕ ထိပ္တန္းလူမည္းပုဂၢိဳလ္မ်ားစာရင္းျဖစ္တဲ့ Football Black List မွာ ထည့္သြင္းခံခဲ့ရ။

– ကစားခြင့္နည္းပါးေနတဲ့ နယ္သာလန္ေနာက္ခံလူ တီမိုသီ ဖိုဆူမန္ဆားကို လာမယ့္ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ ေရာင္းခ်သြားဖို႔ မန္ခ်က္စတာယူႏိုက္တက္တာဝန္ရွိသူေတြ ဆုံးျဖတ္ထားၿပီး ေႏြရာသီမွာ ကုန္ဆုံးမယ့္စာခ်ဳပ္ကို သက္တမ္းတိုးေတာ့မွာ မဟုတ္ဘူးလို႔ သိရ။

– အစၥတန္ဘူလ္ကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဘ႐ူႏို ဖာနန္ဒက္စ္ေလာက္ အခ်ီးက်ဴးမခံခဲ့ရေပမယ့္ တိုက္စစ္မႉး ကာဗာနီရဲ႕ ေ႐ြ႕လ်ားမႈေတြက ထက္ျမက္ခဲ့သလို ကြင္းလယ္လူ ဖရက္ဒ္ရဲ႕ လုပ္အားႏႈန္းနဲ႔ အဖ်က္ပိုင္းစြမ္းရည္ကလည္း သိသာထင္ရွားခဲ့။

– ၿပီးခဲ့တဲ့ ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ အႏိုင္သုံးမွတ္ရရွိဖို႔ ကာကြယ္ႏိုင္ခဲ့ေပမယ့္ အစၥတန္ဘူလ္နဲ႔ပြဲက ဖရီးကစ္ကို ဂိုးထဲေရာက္မွ ပုတ္ထုတ္ခဲ့တဲ့ ေဒးဗစ္ ဒေဟးယားရဲ႕ အာ႐ုံစူးစိုက္မႈကို ပရိသတ္ေတြ အျပစ္တင္ေနၾကၿပီး ပြဲအနည္းငယ္ေလာက္ အရန္ခုံထိုင္သင့္ၿပီလို႔ ဆိုေနၾက။

– ေျခက်င္းဝတ္ဒဏ္ရာ ရရွိထားၿပီး အသင္းရဲ႕ ေနာက္ဆုံးႏွစ္ပြဲကို လြဲေခ်ာ္ထားတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာရဲ႕ ဒဏ္ရာ အျမန္ဆုံး သက္သာေပ်ာက္ကင္းဖို႔ နည္းျပ ဆိုးလ္ရွား ေမွ်ာ္လင့္ေနၿပီး ေဆာက္သမ္တန္နဲ႔ပြဲအမီ ျပန္လည္ပါဝင္ႏိုင္ေစဖို႔ ဆႏၵရွိေန။

– ေဘြႏိုးဇာရီစ္ၿမိဳ႕က ေနအိမ္မွာ ႏွလုံးခုန္ရပ္ၿပီး ကြယ္လြန္သြားခဲ့တဲ့ အာဂ်င္တီးနားဂႏၴဝင္ ဒီေယဂို မာရာဒိုနာအတြက္ လြန္ခဲ့တဲ့ ၁၅ ႏွစ္က ႏိုဝင္ဘာ ၂၅ ရက္ေန႔မွာ ဆုံးပါးခဲ့တဲ့ ဖခင္ျဖစ္သူ ယူႏိုက္တက္ဂႏၴဝင္ ေဂ်ာ့ခ်္ ဘက္စ္ရဲ႕သား ကယ္လမ္ ဘက္စ္က ဝမ္းနည္းေၾကာင္းနဲ႔ သူတို႔ေတြအတူ ေကာင္းကင္ဘုံမွာ တစ္သင္းတည္း ကစားၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း တြစ္တာမွာ ေရးသား။

– တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္ဟာ အေထာင္တိုက္စစ္မႉးတစ္ဦး မျဖစ္သင့္ေၾကာင္းနဲ႔ သူ႔ရဲ႕ ဂိုးကို ေက်ာေပးကစားပုံေတြဟာ ဆိုး႐ြားၿပီး အခြင့္အေရးေတြကို အသုံးခ်မႈမွာလည္း ေတြေဝေနၿပီး တကယ္သာ ေကာင္းခဲ့ရင္ တစ္ပြဲကို ၃-၄ ဂိုး ရေနေလာက္ၿပီလို႔ ေပါလ္ စခိုးလ္ေဝဖန္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.