Premier League





တစ်နေ့တာ ကရိုဏ်း




UNICODE: ၂၆.၁၁.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ ကြာသပတေးနေ့။

တစ်နေ့တာ တိထီနှင့် ယုဂ်
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၈:၄၅ အထိ တိထီ ၁၂ လုံး၊ ကျော်လျှင် ၁၃ လုံး။ အထူးယုဂ်ကောင်း(သို့)ယုဂ်ဆိုးမရှိ။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်
ည ၂၂:၁၉ အထိ ရေဝတီနက္ခတ်၊ ကျော်လျှင် အဿဝဏီနက္ခတ်။ နံနက် ၈:၃၃ အထိ သိဒ္ဓိယုဂ်၊ အောင်မြင်မှုရခြင်း၊ အကာအကွယ်ရခြင်း၊ ကျွမ်းကျင်မှုဖြင့် ပြီးပြည့်စုံစေခြင်းဖြစ်၍ မိမိ ကျွမ်းကျင်ပိုင်နိုင်သောအလုပ်အား ရွေးချယ်လုပ်ဆောင်ပါ။ ကျော်လျှင် ဗျာတိပါတယုဂ်၊ ရုတ်တရက် ထိခိုက်မိခြင်း၊ ကံဆိုးတတ်ခြင်း၊ ထိန်ချန်သိုဝှက် အရူးလုပ်ခံရခြင်း၊ သတိကြီးကြီးထား၍ ဂရုတစိုက် သွားလာနေထိုင်ပါ။

တစ်နေ့တာ ကရိုဏ်း
ည ၁၉:၂၇ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာ အမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ နံနက် ၈:၄၅ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာ အရပ်နှင့် ဆောင်ရန် အရောင်
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၈:၄၅ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)