Premier League UCL&UEL

25 Nov ညနေခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ကိုယ်ရမယ့် ဟက်ထရစ်ထက် အသင်းဖော်ရဲ့ ယုံကြည်မှုကိုပဲ ဦးစားပေးတတ်တဲ့သူလို့ ချီးကျူးခံနေရတဲ့ ဘရူနို ဖာနန်ဒက်စ်က ဝက်စ်ဘရွန်းနဲ့ပွဲပြီးမှာ နောက်ပင်နယ်တီတွေကို ရက်ရှ်ဖို့ဒ်ကို ပေးကန်ဖို့ ကတိပေးထားတယ်လို့ ပြောလိုက်ပြီး ဘယ်သူကန်ကန် ဂိုးဝင်ဖို့ အဓိကဖြစ်သလို အသင်းက ဂိုးသွင်းနိုင်ရင် ကိုယ်သွင်းနိုင်တာနဲ့တူတူပဲလို့ဆို။

– ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ယူနိုက်တက်ကို ရောက်လာခဲ့ချိန်ကစလို့ ပေါ်တူဂီကွင်းလယ်ကစားသမား ဖာနန်ဒက်စ်အနေနဲ့ အသင်းနဲ့ ၃၅ ပွဲ ကစားပြီးချိန်မှာ ၃၄ ဂိုးကို တိုက်ရိုက်ပါဝင် ပတ်သက်ခဲ့ပြီး ၂၁ ဂိုးသွင်းယူနိုင်သလို ၁၃ ဂိုး ဖန်တီးပြီး ခြေစွမ်းပြသထားနိုင်ခဲ့။

– အိုးလ်ထရက်ဖို့ဒ်ကတော့ တူရကီကလပ်အသင်းတွေနဲ့ တွေ့ဆုံရမှာ တကယ်ပဲ လာဘ်ကောင်းတဲ့ နေရာတစ်ခုဖြစ်နေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀၁၉ မှာ ဖီနာဘာချီကို ရှုံးနိမ့်ပြီးနောက်ပိုင်း နောက်ဆုံးသုံးပွဲကို ဆက်တိုက်အနိုင်ရရှိထားခဲ့။

– တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ သဘောကောင်းမှုနဲ့အတူ ချန်ပီယံလိဂ်နောက်ဆုံး ၄ ပွဲမှာ ၅ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝမှာ အကောင်းဆုံး ဥရောပမှတ်တမ်းကို ပိုင်ဆိုင်ထားသလို ဆက်လက်တိုးမြှင့်သွားနိုင်ဖို့ ရှိနေ။

– အစ္စတန်ဘူလ်နဲ့ပွဲက ဒုတိယပိုင်းမှာ ကွင်းလယ်တိုက်စစ်ဆီ တက်ရောက်ကစားခွင့်ရခဲ့တဲ့ နယ်သာလန်လက်ရွေးစင် ဒွန်နီ ဗန်ဒဘိခ်ရဲ့ အကောင်းဆုံးနေရာဟာ အဲ့ဒီနေရာပဲဖြစ်ပြီး လက်ရှိအထိုင်ချခဲ့တဲ့ ဖရက်ဒ်နဲ့ သူ့ရဲ့ အတွဲကိုလည်း ခံစစ်ကစားတဲ့ အသင်းတွေနဲ့ တွေ့ဆုံတိုင်း အသုံးပြုသင့်ကြောင်း ပေါလ် စခိုးလ် သုံးသပ်။

– အဲလက်စ် တဲလက်စ်ရဲ့ နောက်ထပ်ချန်ပီယံလိဂ်ပွဲတစ်ပွဲဖြစ်တဲ့ အစ္စတန်ဘူလ်နဲ့ပွဲက ကစားပုံနဲ့ ဖြတ်တင်ဘောတွေကို ပရိသတ်တွေ သဘောကျနေခဲ့ကြပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ဂိုးနှစ်ဂိုးလုံးက သူ့ဆီက မြစ်ဖျားခံခဲ့တာကြောင့် ဘယ်နောက်ခံလူကောင်းတစ်ယောက် ရရှိလိုက်ပြီလို့ ဝိုင်းဝန်းချီးကျူးနေကြ။

– သူ့ရဲ့ ကျောနံပါတ် ၁၈ ကို ဆက်ခံထားတဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ပထမဂိုးအတွက် ပေါလ် စခိုးလ်က ကောင်းမွန်တဲ့ ဂိုးတစ်ဂိုးဖြစ်ကြောင်းနဲ့ သူ့ရဲ့ ကစားသမားဘဝ နေ့ရက်တွေကို ပြန်လည်သတိရမိကြောင်း ပြောကြားလိုက်ပြီး အဲ့ဒီနေရာယူမှုမျိုးကို သူလည်း သိပ်ပြီး နှစ်သက်ခဲ့တယ်လို့ဆိုသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ကိုယ္ရမယ့္ ဟက္ထရစ္ထက္ အသင္းေဖာ္ရဲ႕ ယုံၾကည္မႈကိုပဲ ဦးစားေပးတတ္တဲ့သူလို႔ ခ်ီးက်ဴးခံေနရတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က ဝက္စ္ဘ႐ြန္းနဲ႔ပြဲၿပီးမွာ ေနာက္ပင္နယ္တီေတြကို ရက္ရွ္ဖို႔ဒ္ကို ေပးကန္ဖို႔ ကတိေပးထားတယ္လို႔ ေျပာလိုက္ၿပီး ဘယ္သူကန္ကန္ ဂိုးဝင္ဖို႔ အဓိကျဖစ္သလို အသင္းက ဂိုးသြင္းႏိုင္ရင္ ကိုယ္သြင္းႏိုင္တာနဲ႔တူတူပဲလို႔ဆို။

– ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ယူႏိုက္တက္ကို ေရာက္လာခဲ့ခ်ိန္ကစလို႔ ေပၚတူဂီကြင္းလယ္ကစားသမား ဖာနန္ဒက္စ္အေနနဲ႔ အသင္းနဲ႔ ၃၅ ပြဲ ကစားၿပီးခ်ိန္မွာ ၃၄ ဂိုးကို တိုက္႐ိုက္ပါဝင္ ပတ္သက္ခဲ့ၿပီး ၂၁ ဂိုးသြင္းယူႏိုင္သလို ၁၃ ဂိုး ဖန္တီးၿပီး ေျခစြမ္းျပသထားႏိုင္ခဲ့။

– အိုးလ္ထရက္ဖို႔ဒ္ကေတာ့ တူရကီကလပ္အသင္းေတြနဲ႔ ေတြ႕ဆုံရမွာ တကယ္ပဲ လာဘ္ေကာင္းတဲ့ ေနရာတစ္ခုျဖစ္ေနၿပီး ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂၀၁၉ မွာ ဖီနာဘာခ်ီကို ရႈံးနိမ့္ၿပီးေနာက္ပိုင္း ေနာက္ဆုံးသုံးပြဲကို ဆက္တိုက္အႏိုင္ရရွိထားခဲ့။

– တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ သေဘာေကာင္းမႈနဲ႔အတူ ခ်န္ပီယံလိဂ္ေနာက္ဆုံး ၄ ပြဲမွာ ၅ ဂိုး သြင္းယူထားႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ကစားသမားဘဝမွာ အေကာင္းဆုံး ဥေရာပမွတ္တမ္းကို ပိုင္ဆိုင္ထားသလို ဆက္လက္တိုးျမႇင့္သြားႏိုင္ဖို႔ ရွိေန။

– အစၥတန္ဘူလ္နဲ႔ပြဲက ဒုတိယပိုင္းမွာ ကြင္းလယ္တိုက္စစ္ဆီ တက္ေရာက္ကစားခြင့္ရခဲ့တဲ့ နယ္သာလန္လက္ေ႐ြးစင္ ဒြန္နီ ဗန္ဒဘိခ္ရဲ႕ အေကာင္းဆုံးေနရာဟာ အဲ့ဒီေနရာပဲျဖစ္ၿပီး လက္ရွိအထိုင္ခ်ခဲ့တဲ့ ဖရက္ဒ္နဲ႔ သူ႔ရဲ႕ အတြဲကိုလည္း ခံစစ္ကစားတဲ့ အသင္းေတြနဲ႔ ေတြ႕ဆုံတိုင္း အသုံးျပဳသင့္ေၾကာင္း ေပါလ္ စခိုးလ္ သုံးသပ္။

– အဲလက္စ္ တဲလက္စ္ရဲ႕ ေနာက္ထပ္ခ်န္ပီယံလိဂ္ပြဲတစ္ပြဲျဖစ္တဲ့ အစၥတန္ဘူလ္နဲ႔ပြဲက ကစားပုံနဲ႔ ျဖတ္တင္ေဘာေတြကို ပရိသတ္ေတြ သေဘာက်ေနခဲ့ၾကၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဂိုးႏွစ္ဂိုးလုံးက သူ႔ဆီက ျမစ္ဖ်ားခံခဲ့တာေၾကာင့္ ဘယ္ေနာက္ခံလူေကာင္းတစ္ေယာက္ ရရွိလိုက္ၿပီလို႔ ဝိုင္းဝန္းခ်ီးက်ဴးေနၾက။

– သူ႔ရဲ႕ ေက်ာနံပါတ္ ၁၈ ကို ဆက္ခံထားတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ပထမဂိုးအတြက္ ေပါလ္ စခိုးလ္က ေကာင္းမြန္တဲ့ ဂိုးတစ္ဂိုးျဖစ္ေၾကာင္းနဲ႔ သူ႔ရဲ႕ ကစားသမားဘဝ ေန႔ရက္ေတြကို ျပန္လည္သတိရမိေၾကာင္း ေျပာၾကားလိုက္ၿပီး အဲ့ဒီေနရာယူမႈမ်ိဳးကို သူလည္း သိပ္ၿပီး ႏွစ္သက္ခဲ့တယ္လို႔ဆိုသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.