Premier League UCL&UEL

25 Nov ညဦးပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– နောက်ဆုံးပွဲတွေမှာ အသင်းရဲ့ ခံစစ်က တန်ပြန်တိုက်စစ်ကြောင့် အထိနာခဲ့ရတာတွေက မိမိတို့အတွက် အဓိက ပြဿနာ မဟုတ်ဘဲ တိုက်စစ်က ချောချောမွေ့မွေ့ကစားနိုင်ဖို့နဲ့ ဘောလုံးပိုင်ဆိုင်မှုများများယူပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့အတွက်သာ တိုးတက် လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဂွါဒီယိုလာပြောကြား။

– လီယွန်နယ် မက်ဆီသာ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အပျော်ဆုံးလူက မိမိပဲဖြစ်လိမ့်မယ်ထင်ကြောင်း အသင်း ညာနောက်ခံလူဟောင်း ပါဘလို ဇာဘလီတာက အာဂျင်တီးနားသားချင်း မုဒိတာပွားတဲ့စကား ပြောကြား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ မက်ဆီကို မခေါ်လောက်တော့ဘူးလို့ တချို့က ဆိုနေကြပေမယ့် နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ အာဂျင်တီးနားတိုက်စစ်မှူးနဲ့ကြား ဆွေးနွေးမှုတွေကို ပြောဆိုလုပ်ဆောင်နေခဲ့ပြီး ကြီးမားတဲ့ စာချုပ်ခံစားခွင့်ကို ပေးအပ်သွားဖို့ရှိနေ။

– ဖီဖာအကောင်းဆုံးဆုအတွက် မန်ချက်စတာစီးတီးအသင်းရဲ့ အမျိုးသားအသင်း လက်ထောက်အသင်းခေါင်းဆောင် ကီဗင် ဒီဘရိုင်းနားနဲ့ အမျိုးသမီးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ညာနောက်ခံလူ လူစီ ဘရွန့်ဇ်တို့ ပါဝင်နေကြ။

– ပြင်သစ်နောက်ခံလူဟောင်း ဝီလီယမ် ဂါးလက်စ်ရဲ့ ချဲလ်ဆီးနဲ့ တော့တင်ဟမ် တစ်သင်းသင်းကသာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်လိမ့်မယ်ဆိုတဲ့ မှတ်ချက်ကြောင့် မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်လို အသင်းကြီးပရိသတ်တွေ ဒေါသထွက်ခဲ့ရပြီး သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်တွက်ပါ မကျေနပ်စရာဖြစ်လာ။

– ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ်ဖြစ်လာဖို့ ကြိုးစားနေတဲ့ ဗစ်တာဖွန့်အနေနဲ့ အသင်းခေါင်းဆောင်ဟောင်း ဇာဗီ ဟာနန်ဒက်ဇ်ကို ရေတို စီမံကိန်းအဖြစ် ခန့်အပ်သွားဖို့နဲ့ ဂွါဒီယိုလာကိုလည်း သူ့ရဲ့ အိမ်ဖြစ်တဲ့ နူးကမ့်ကို ပြန်လည်ခေါ်ယူဖို့ တတ်စွမ်းသရွေ့ကြိုးစားသွားမှာဖြစ်ပြီး စီးတီးနဲ့ စာချုပ်သစ်ချုပ်ခဲ့ပေမယ့် လက်မလျှော့သေးဘူးလို့ဆို။

– အသင်းရဲ့ ဂိုးပေါက်ပျောက်ဆုံးမှုဟာ ကစားသမားတွေထက် နည်းပြတစ်ဦးရဲ့ တာဝန်ယူမှုပဲဖြစ်တယ်လို့ ဂွါဒီယိုလာ ပြောကြားခဲ့ပြီး နည်းစနစ်ပိုင်းအတွက် အမြန်ဆုံး အဖြေရှာသွားမယ်လို့ အိုလံပီယာကော့စ်နဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲ မတိုင်ခင် ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေနာက္ဆုံးပြဲေတြမွာ အသင္းရဲ႕ ခံစစ္က တန္ျပန္တိုက္စစ္ေၾကာင့္ အထိနာခဲ့ရတာေတြက မိမိတို႔အတြက္ အဓိက ျပႆနာ မဟုတ္ဘဲ တိုက္စစ္က ေခ်ာေခ်ာေမြ႕ေမြ႕ကစားႏိုင္ဖို႔နဲ႔ ေဘာလုံးပိုင္ဆိုင္မႈမ်ားမ်ားယူၿပီး အခြင့္အေရးေတြ ဖန္တီးႏိုင္ဖို႔အတြက္သာ တိုးတက္ လုပ္ေဆာင္ရမွာျဖစ္တယ္လို႔ ဂြါဒီယိုလာေျပာၾကား။

– လီယြန္နယ္ မက္ဆီသာ မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းေ႐ႊ႕ခဲ့မယ္ဆိုရင္ အေပ်ာ္ဆုံးလူက မိမိပဲျဖစ္လိမ့္မယ္ထင္ေၾကာင္း အသင္း ညာေနာက္ခံလူေဟာင္း ပါဘလို ဇာဘလီတာက အာဂ်င္တီးနားသားခ်င္း မုဒိတာပြားတဲ့စကား ေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ မက္ဆီကို မေခၚေလာက္ေတာ့ဘူးလို႔ တခ်ိဳ႕က ဆိုေနၾကေပမယ့္ နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ အာဂ်င္တီးနားတိုက္စစ္မႉးနဲ႔ၾကား ေဆြးေႏြးမႈေတြကို ေျပာဆိုလုပ္ေဆာင္ေနခဲ့ၿပီး ႀကီးမားတဲ့ စာခ်ဳပ္ခံစားခြင့္ကို ေပးအပ္သြားဖို႔ရွိေန။

– ဖီဖာအေကာင္းဆုံးဆုအတြက္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ အမ်ိဳးသားအသင္း လက္ေထာက္အသင္းေခါင္းေဆာင္ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ အမ်ိဳးသမီးအသင္းရဲ႕ အဂၤလန္လက္ေ႐ြးစင္ ညာေနာက္ခံလူ လူစီ ဘ႐ြန႔္ဇ္တို႔ ပါဝင္ေနၾက။

– ျပင္သစ္ေနာက္ခံလူေဟာင္း ဝီလီယမ္ ဂါးလက္စ္ရဲ႕ ခ်ဲလ္ဆီးနဲ႔ ေတာ့တင္ဟမ္ တစ္သင္းသင္းကသာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ရယူႏိုင္လိမ့္မယ္ဆိုတဲ့ မွတ္ခ်က္ေၾကာင့္ မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္လို အသင္းႀကီးပရိသတ္ေတြ ေဒါသထြက္ခဲ့ရၿပီး သူ႔ရဲ႕ အသင္းေဟာင္း အာဆင္နယ္တြက္ပါ မေက်နပ္စရာျဖစ္လာ။

– ဘာစီလိုနာအသင္းရဲ႕ ဥကၠဌသစ္ျဖစ္လာဖို႔ ႀကိဳးစားေနတဲ့ ဗစ္တာဖြန႔္အေနနဲ႔ အသင္းေခါင္းေဆာင္ေဟာင္း ဇာဗီ ဟာနန္ဒက္ဇ္ကို ေရတို စီမံကိန္းအျဖစ္ ခန႔္အပ္သြားဖို႔နဲ႔ ဂြါဒီယိုလာကိုလည္း သူ႔ရဲ႕ အိမ္ျဖစ္တဲ့ ႏူးကမ့္ကို ျပန္လည္ေခၚယူဖို႔ တတ္စြမ္းသေ႐ြ႕ႀကိဳးစားသြားမွာျဖစ္ၿပီး စီးတီးနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ခဲ့ေပမယ့္ လက္မေလွ်ာ့ေသးဘူးလို႔ဆို။

– အသင္းရဲ႕ ဂိုးေပါက္ေပ်ာက္ဆုံးမႈဟာ ကစားသမားေတြထက္ နည္းျပတစ္ဦးရဲ႕ တာဝန္ယူမႈပဲျဖစ္တယ္လို႔ ဂြါဒီယိုလာ ေျပာၾကားခဲ့ၿပီး နည္းစနစ္ပိုင္းအတြက္ အျမန္ဆုံး အေျဖရွာသြားမယ္လို႔ အိုလံပီယာေကာ့စ္နဲ႔ ခ်န္ပီယံလိဂ္အေဝးကြင္းပြဲ မတိုင္ခင္ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.