Premier League UCL&UEL

အင်္ဂါနေ့ည ချန်ပီယံလိဂ်ပွဲများ သုံးသပ်ချက်

ဂျူဗင်တပ် ၂-၁ Ferencvaros
မိုရာတာရဲ့ နောက်ကျခေါင်းတိုက်ဂိုးနဲ့ ယူဗင်တပ်စ်တို့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာပါ။ အိမ်ရှင် ဂျူဗင်တပ်တို့ အဖွင့်ဂိုးပေးခဲ့ရပြီးနောက် ပွဲချိန် ၃၅ မိနစ်မှာ ဧည့်သည်ဂိုးသမားရဲ့ အမှားကနေတဆင့် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ချေပဂိုးကို မြင်တွေ့ခဲ့ရတာဟာ ရော်နယ်ဒိုအတွက် ချန်ပီယံလိဂ်အိမ်ကွင်းသွင်းဂိုး ၇၀ ပြည့်မြောက်ခဲ့ပြီး မက်ဆီရဲ့ စံချိန်ကို လိုက်မီသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၉၂ မိနစ်မှာတော့ မိုရာတာရဲ့ ခေါင်းတိုက်ချက်ကို ပြိုင်ဘက်ဂိုးသမား ဘယ်လိုမှ မတတ်နိုင်ဘဲ အနိုင်ဂိုး ခွင့်ပြုခဲ့ရပြီး ဂျူဗင်တပ် နောက်တဆင့်တက်သွားခဲ့ပါတယ်

ဒိုင်နမိုကိဗ် ၀-၄ ဘာစီလိုနာ
မာတင် ဘရိတ်သ်ဝိတ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ဘာစီလိုနာတို့ သက်သောင့်သက်သာပဲ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဒီပွဲမှာ ဆာဂျီနို ဒက်စ်က အဖွင့်ဂိုးသွင်းယူခဲ့သလို လူစားဝင်လာခဲ့တဲ့ တိုက်စစ်မှူး ဂရိဇ်မန်း​က ပွဲသိမ်းဂိုးကို သေသေသပ်သပ် သွင်းယူခဲ့တာပါ။ လီယွန်နယ် မက်ဆီကို အနားပေးထားတဲ့ ရော်နယ် ကိုးမန်းရဲ့အသင်းဟာ ပထမပိုင်းမှာ ခြေစွမ်းပျောက်ဆုံးနေခဲ့ပြီး ဒုတိယပိုင်းမှ ကစားပုံ အသားကျကာ အဖွင့်ဂိုးကို ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီပွဲက လူစာရင်းဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်မှာ ဘာစီလိုနာရဲ့ အငယ်ရွယ်ဆုံးလူစာရင်းဖြစ်ခဲ့ပြီး ကစားသမားတွေရဲ့ ပျမ်းမျှအသက်ဟာ ၂၄ နှစ်နဲ့ ၂၀၆ ရက်သာ ရှိခဲ့ပါတယ်။

ပီအက်စ်ဂျီ ၁-၀ RB လိုက်ပ်ဇစ်
နေမာရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့အတူ ပီအက်စ်ဂျီတို့ ကပ်အနိုင်ရခဲ့ပြီး လိုက်ပ်ဇစ်ကို ကျော်ဖြတ်ကာ အုပ်စု ဒုတိယနေရာကို ရောက်ရှိလာခဲ့ပါတယ်။ ပထမကျော့က ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ လိုက်ပ်ဇစ်ကို ဂျာမန်မြေမှာ ရှူံးနိမ့်ထားခဲ့တဲ့ ပီအက်စ်ဂျီတို့ အုပ်စုတက်ဖို့ မဖြစ်မနေ လိုအပ်ခဲ့တဲ့ ရမှတ် ၃ မှတ်ကို စုဆောင်းသွားနိုင်ခဲ့လို့ အဖိုးတန်နိုင်ပွဲ ဖြစ်ခဲ့ပေမယ့် ပိုကောင်းတဲ့ ခြေစွမ်းကို ပြသခဲ့သူက လိုက်ပ်ဇစ်ပါ။ ကေလာ နာဗတ်စ်ရဲ့ လက်စွမ်းပြကာကွယ်မှုနဲ့ အတူ ပွဲအစ ၁၁ မိနစ်မှာ ဒီမာရီယာ ပြစ်ဒဏ်ကျူးလွန်ခဲ့ရလို့ နေမာကန်သွင်းယူခဲ့တဲ့ ပင်နယ်တီဂိုးက ပီအက်စ်ဂျီတို့အတွက် လုံလောက်ခဲ့ပါတယ်။

ဒေါ့မွန် ၃-၀ ကလပ်ဘရုဂျ်
ဒေါ့မွန်အသင်းနဲ့အတူ တိုက်စစ်မှူး ဟာလန်းက ချန်ပီယံလိဂ် သမိုင်းစံချိန်တခုကို ရေးထိုးနိုင်ခဲ့တဲ့ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၁၈ မိနစ်မှာ သွင်းယူခဲ့တဲ့ အဖွင့်ဂိုးအပြီးမှာ သူဟာ ပြိုင်ပွဲသမိုင်းတလျှောက် သွင်းဂိုး ၁၅ ဂိုး အမြန်ဆုံးပြည့်မြောက်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တဂိုး ထပ်မံသွင်းယူခဲ့တဲ့ ဟာလန်းဟာ ချန်ပီယံလိဂ်မှာ ၁၂ ပွဲကစား၊ ၁၆ ဂိုးသွင်းယူခဲ့တဲ့ ဟာလန်းဟာ ၁၉ ပွဲကစား၊ ၁၅ ဂိုးသွင်းယူထားတဲ့ ရုဒ်ဗန် နစ္စတယ်ရွိုင်းနဲ့ ဆိုလ်ဒါဒိုတို့ တင်ရှိထားတဲ့စံချိန်ကို ချိုးဖျက်ခဲ့တာပါ။ ဟာလန်းနဲ့အတူ ဂျေဒင် ဆန်ချိုလည်း ခြေစွမ်းပြနိုင်ခဲ့ပြီး တဂိုးသွင်းယူသွားခဲ့သလို ဒေါ့မွန်အသင်းဟာ ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ အကောင်းဆုံးအနေအထားကို ပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။

ကျန်ပွဲစဥ်တွေအနေနဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းပြ ဂိုးသွင်းယူမှုတွေနဲ့အတူ ယူနိုက်တက်အသင်းက အစ္စတန်ဘူလ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့သလို
ချယ်ဆီးအသင်းက ရန်းနင်းအသင်းကို ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ အနိုင်ယူပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ကာ အခြား လက်ကျန်ပွဲစဥ်တွေမှာတော့ လာဇီယို ၃-၁ ဇင်းနစ် နဲ့ ခရက်စ်နိုဒါ ၁-၂ ဆီဗီလား ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။

REF: BEINSPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ဴဗင္တပ္ ၂-၁ Ferencvaros
မိုရာတာရဲ႕ ေနာက္က်ေခါင္းတိုက္ဂိုးနဲ႔ ယူဗင္တပ္စ္တို႔ ရႈံးထြက္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့တာပါ။ အိမ္ရွင္ ဂ်ဴဗင္တပ္တို႔ အဖြင့္ဂိုးေပးခဲ့ရၿပီးေနာက္ ပြဲခ်ိန္ ၃၅ မိနစ္မွာ ဧည့္သည္ဂိုးသမားရဲ႕ အမွားကေနတဆင့္ ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ ေခ်ပဂိုးကို ျမင္ေတြ႕ခဲ့ရတာဟာ ေရာ္နယ္ဒိုအတြက္ ခ်န္ပီယံလိဂ္အိမ္ကြင္းသြင္းဂိုး ၇၀ ျပည့္ေျမာက္ခဲ့ၿပီး မက္ဆီရဲ႕ စံခ်ိန္ကို လိုက္မီသြားခဲ့တာ ျဖစ္ပါတယ္။ ပြဲခ်ိန္ ၉၂ မိနစ္မွာေတာ့ မိုရာတာရဲ႕ ေခါင္းတိုက္ခ်က္ကို ၿပိဳင္ဘက္ဂိုးသမား ဘယ္လိုမွ မတတ္ႏိုင္ဘဲ အႏိုင္ဂိုး ခြင့္ျပဳခဲ့ရၿပီး ဂ်ဴဗင္တပ္ ေနာက္တဆင့္တက္သြားခဲ့ပါတယ္။

ဒိုင္နမိုကိဗ္ ဝ-၄ ဘာစီလိုနာ
မာတင္ ဘရိတ္သ္ဝိတ္ရဲ႕ သြင္းဂိုး ၂ ဂိုးနဲ႔အတူ ဘာစီလိုနာတို႔ သက္ေသာင့္သက္သာပဲ ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ဒီပြဲမွာ ဆာဂ်ီႏို ဒက္စ္က အဖြင့္ဂိုးသြင္းယူခဲ့သလို လူစားဝင္လာခဲ့တဲ့ တိုက္စစ္မႉး ဂရိဇ္မန္းက ပြဲသိမ္းဂိုးကို ေသေသသပ္သပ္ သြင္းယူခဲ့တာပါ။ လီယြန္နယ္ မက္ဆီကို အနားေပးထားတဲ့ ေရာ္နယ္ ကိုးမန္းရဲ႕အသင္းဟာ ပထမပိုင္းမွာ ေျခစြမ္းေပ်ာက္ဆုံးေနခဲ့ၿပီး ဒုတိယပိုင္းမွ ကစားပုံ အသားက်ကာ အဖြင့္ဂိုးကို ရယူႏိုင္ခဲ့ျခင္း ျဖစ္ပါတယ္။ ဒီပြဲက လူစာရင္းဟာ ၂၀၁၁ ခုႏွစ္ေနာက္ပိုင္း ခ်န္ပီယံလိဂ္မွာ ဘာစီလိုနာရဲ႕ အငယ္႐ြယ္ဆုံးလူစာရင္းျဖစ္ခဲ့ၿပီး ကစားသမားေတြရဲ႕ ပ်မ္းမွ်အသက္ဟာ ၂၄ ႏွစ္နဲ႔ ၂၀၆ ရက္သာ ရွိခဲ့ပါတယ္။

ပီအက္စ္ဂ်ီ ၁-၀ RB လိုက္ပ္ဇစ္
ေနမာရဲ႕ ပင္နယ္တီ သြင္းဂိုးနဲ႔အတူ ပီအက္စ္ဂ်ီတို႔ ကပ္အႏိုင္ရခဲ့ၿပီး လိုက္ပ္ဇစ္ကို ေက်ာ္ျဖတ္ကာ အုပ္စု ဒုတိယေနရာကို ေရာက္ရွိလာခဲ့ပါတယ္။ ပထမေက်ာ့က ၂ ဂိုး ၁ ဂိုး ရလဒ္နဲ႔ လိုက္ပ္ဇစ္ကို ဂ်ာမန္ေျမမွာ ရႉံးနိမ့္ထားခဲ့တဲ့ ပီအက္စ္ဂ်ီတို႔ အုပ္စုတက္ဖို႔ မျဖစ္မေန လိုအပ္ခဲ့တဲ့ ရမွတ္ ၃ မွတ္ကို စုေဆာင္းသြားႏိုင္ခဲ့လို႔ အဖိုးတန္ႏိုင္ပြဲ ျဖစ္ခဲ့ေပမယ့္ ပိုေကာင္းတဲ့ ေျခစြမ္းကို ျပသခဲ့သူက လိုက္ပ္ဇစ္ပါ။ ေကလာ နာဗတ္စ္ရဲ႕ လက္စြမ္းျပကာကြယ္မႈနဲ႔ အတူ ပြဲအစ ၁၁ မိနစ္မွာ ဒီမာရီယာ ျပစ္ဒဏ္က်ဴးလြန္ခဲ့ရလို႔ ေနမာကန္သြင္းယူခဲ့တဲ့ ပင္နယ္တီဂိုးက ပီအက္စ္ဂ်ီတို႔အတြက္ လုံေလာက္ခဲ့ပါတယ္။

ေဒါ့မြန္ ၃-၀ ကလပ္ဘ႐ုဂ်္
ေဒါ့မြန္အသင္းနဲ႔အတူ တိုက္စစ္မႉး ဟာလန္းက ခ်န္ပီယံလိဂ္ သမိုင္းစံခ်ိန္တခုကို ေရးထိုးႏိုင္ခဲ့တဲ့ပြဲအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး ၁၈ မိနစ္မွာ သြင္းယူခဲ့တဲ့ အဖြင့္ဂိုးအၿပီးမွာ သူဟာ ၿပိဳင္ပြဲသမိုင္းတေလွ်ာက္ သြင္းဂိုး ၁၅ ဂိုး အျမန္ဆုံးျပည့္ေျမာက္ခဲ့တဲ့ ကစားသမားျဖစ္လာခဲ့ပါတယ္။ ဒုတိယပိုင္းမွာ တဂိုး ထပ္မံသြင္းယူခဲ့တဲ့ ဟာလန္းဟာ ခ်န္ပီယံလိဂ္မွာ ၁၂ ပြဲကစား၊ ၁၆ ဂိုးသြင္းယူခဲ့တဲ့ ဟာလန္းဟာ ၁၉ ပြဲကစား၊ ၁၅ ဂိုးသြင္းယူထားတဲ့ ႐ုဒ္ဗန္ နစၥတယ္႐ြိဳင္းနဲ႔ ဆိုလ္ဒါဒိုတို႔ တင္ရွိထားတဲ့စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့တာပါ။ ဟာလန္းနဲ႔အတူ ေဂ်ဒင္ ဆန္ခ်ိဳလည္း ေျခစြမ္းျပႏိုင္ခဲ့ၿပီး တဂိုးသြင္းယူသြားခဲ့သလို ေဒါ့မြန္အသင္းဟာ ရႈံးထြက္အဆင့္ကို တက္ေရာက္ဖို႔ အေကာင္းဆုံးအေနအထားကို ပိုင္ဆိုင္သြားၿပီျဖစ္ပါတယ္။

က်န္ပြဲစဥ္ေတြအေနနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ေျခစြမ္းျပ ဂိုးသြင္းယူမႈေတြနဲ႔အတူ ယူႏိုက္တက္အသင္းက အစၥတန္ဘူလ္ကို ၄ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရခဲ့သလို
ခ်ယ္ဆီးအသင္းက ရန္းနင္းအသင္းကို ၂ ဂိုး ၁ ဂိုး ရလဒ္နဲ႔ အႏိုင္ယူၿပီး ရႈံးထြက္အဆင့္ကို တက္ေရာက္သြားခဲ့ကာ အျခား လက္က်န္ပြဲစဥ္ေတြမွာေတာ့ လာဇီယို ၃-၁ ဇင္းနစ္ နဲ႔ ခရက္စ္ႏိုဒါ ၁-၂ ဆီဗီလား ရလဒ္ေတြ ထြက္ေပၚခဲ့ပါတယ္။

REF: BEINSPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.