Premier League

ဖာနန္ဒက္စ္ကို မ်က္ႏွာသာေပးေနတဲ့ ဆုိးလ္ရွားနဲ႔ ေပါ့ဘာကို ေဆြးေႏြးေျဖရွင္းဖို႔ ဗန္ပါစီတိုက္တြန္း

ေဆာင္းရာသီအေျပာင္းအေရႊ႕မွာ အသင္းကို ေရာက္လာခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ကိုေတာ့ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားက သိသိသာသာ သေဘာက်ႏွစ္ၿခဳိက္ေၾကာင္းကို ျပသေနၿပီး ဒီကစားသမားမွာ မေဖာ္ျပႏုိင္တဲ့ အထူးစြမ္းေဆာင္ရည္မ်ဳိးကို လိုအပ္ခ်ိန္မွာ အဆင္သင့္အသုံးျပဳဖို႔အတြက္ ပုိင္ဆုိင္ထားတယ္လို႔ ဆုိခဲ့ပါတယ္။

ေပါင္ ၆၈ သန္းနဲ႔ အသင္းကို ေခၚယူထားခဲ့တဲ့ ဒီေပၚတူဂီကြင္းလယ္လူဟာ သူ႕ရဲ႕ အိပ္မက္တစ္ခု လက္ေတြ႕ျဖစ္လာခဲ့တာလည္းျဖစ္ၿပီး ဝတ္ဖို႔ဒ္နဲ႔ ပြဲမွာ ကိုယ္တုိင္ရယူခဲ့တဲ့ ပင္နယ္တီကို ကိုယ္တုိင္ကန္သြင္းယူၿပီး အသင္းအတြက္ ပထမဆုံးဂိုးကို စာရင္းသြင္းႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ပထမအေက်ာ့မွာ တစ္ဂိုးစီ သေရက်ထားတဲ့ ကလပ္ဘ႐ုဂ်္ကို အိမ္ကြင္းမွာ ရင္ဆုိင္ကစားရမယ့္ ယူ႐ိုပါလိဂ္ပြဲမတုိင္ခင္ ဆုိးလ္ရွားက “ဖာနန္ဒက္စ္ေရာက္လာတာဟာ ကၽြန္ေတာ္တုိ႔ အသင္းကို အထူးစြမ္းေဆာင္ရည္ X-Factor တစ္ရပ္ကို ေပါင္းထည့္လိုက္ႏုိင္တာပါပဲ။ သူဟာ တျခား ကစားသမားေတြထက္ ေတြးေခၚပုံ ႏွစ္စကၠန္႔ေလာက္ ေစာေနတတ္သူပါ”လို႔ ခ်ီးက်ဴးသြားခဲ့တာလည္းျဖစ္ပါတယ္။

ဘ႐ူႏုိ ဖာနန္ဒက္စ္ကို ေခၚယူၿပီး ေရာက္ေရာက္ခ်င္းမွာပဲ ေနရာေပးလုိက္တာဟာ တျခားကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ေပါလ္ ေပါ့ဘာကို စစ္ေၾကျငာလုိက္ပုံမ်ဳိးျဖစ္ေနတယ္လို႔ အသင္းရဲ႕တုိက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္တဲ့ ေရာ္ဘင္ ဗန္ပါစီကေတာ့ ထင္ျမင္ေနၿပီး ဆုိးလ္ရွားအေနနဲ႔ သူ႕ကို ေတြ႕ဆုံေဆြးေႏြးသင့္ေနၿပီလို႔လည္း ဆုိခဲ့ပါတယ္။

“ေပါ့ဘာနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အနာဂတ္အတြက္ ကၽြန္ေတာ္ တစ္ခုေလာက္ အႀကံျပဳခ်င္ပါတယ္။ ဘာေတြကို ရည္ရြယ္ေနၾကၿပီး ဘာလိုခ်င္တယ္ဆုိတာကို တစ္ဖက္နဲ႔တစ္ဖက္ ရွင္းရွင္းလင္းလင္းသိေအာင္ပါ။ ကၽြန္ေတာ့္အေနနဲ႔ သူနဲ႔ ဆုိးလ္ရွားတုိ႔ ေဆြးေႏြးဖို႔ စီစဥ္ေပးခ်င္ၿပီး ပြင့္ပြင့္လင္းလင္းနဲ႔ ဘာလုပ္ၾကမယ္ဆုိတာကိုေပါ့”လို႔ ဗန္ပါစီက အႀကံျပဳခဲ့ၿပီး ေပါ့ဘာလို ကမာၻ႕အဆင့္ကစားသမားေကာင္းတစ္ဦးကို အခ်ည္းႏွီးမျဖစ္ေစခ်င္ဘူးလို႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဆောင်းရာသီအပြောင်းအရွှေ့မှာ အသင်းကို ရောက်လာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကိုတော့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက သိသိသာသာ သဘောကျနှစ်ခြိုက်ကြောင်းကို ပြသနေပြီး ဒီကစားသမားမှာ မဖော်ပြနိုင်တဲ့ အထူးစွမ်းဆောင်ရည်မျိုးကို လိုအပ်ချိန်မှာ အဆင်သင့်အသုံးပြုဖို့အတွက် ပိုင်ဆိုင်ထားတယ်လို့ ဆိုခဲ့ပါတယ်။

ပေါင် ၆၈ သန်းနဲ့ အသင်းကို ခေါ်ယူထားခဲ့တဲ့ ဒီပေါ်တူဂီကွင်းလယ်လူဟာ သူ့ရဲ့ အိပ်မက်တစ်ခု လက်တွေ့ဖြစ်လာခဲ့တာလည်းဖြစ်ပြီး ဝတ်ဖို့ဒ်နဲ့ ပွဲမှာ ကိုယ်တိုင်ရယူခဲ့တဲ့ ပင်နယ်တီကို ကိုယ်တိုင်ကန်သွင်းယူပြီး အသင်းအတွက် ပထမဆုံးဂိုးကို စာရင်းသွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ပထမအကျော့မှာ တစ်ဂိုးစီ သရေကျထားတဲ့ ကလပ်ဘရုဂျ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ကစားရမယ့် ယူရိုပါလိဂ်ပွဲမတိုင်ခင် ဆိုးလ်ရှားက “ဖာနန်ဒက်စ်ရောက်လာတာဟာ ကျွန်တော်တို့ အသင်းကို အထူးစွမ်းဆောင်ရည် X-Factor တစ်ရပ်ကို ပေါင်းထည့်လိုက်နိုင်တာပါပဲ။ သူဟာ တခြား ကစားသမားတွေထက် တွေးခေါ်ပုံ နှစ်စက္ကန့်လောက် စောနေတတ်သူပါ”လို့ ချီးကျူးသွားခဲ့တာလည်းဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူပြီး ရောက်ရောက်ချင်းမှာပဲ နေရာပေးလိုက်တာဟာ တခြားကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ပေါလ် ပေါ့ဘာကို စစ်ကြေငြာလိုက်ပုံမျိုးဖြစ်နေတယ်လို့ အသင်းရဲ့တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ရော်ဘင် ဗန်ပါစီကတော့ ထင်မြင်နေပြီး ဆိုးလ်ရှားအနေနဲ့ သူ့ကို တွေ့ဆုံဆွေးနွေးသင့်နေပြီလို့လည်း ဆိုခဲ့ပါတယ်။

“ပေါ့ဘာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အနာဂတ်အတွက် ကျွန်တော် တစ်ခုလောက် အကြံပြုချင်ပါတယ်။ ဘာတွေကို ရည်ရွယ်နေကြပြီး ဘာလိုချင်တယ်ဆိုတာကို တစ်ဖက်နဲ့တစ်ဖက် ရှင်းရှင်းလင်းလင်းသိအောင်ပါ။ ကျွန်တော့်အနေနဲ့ သူနဲ့ ဆိုးလ်ရှားတို့ ဆွေးနွေးဖို့ စီစဉ်ပေးချင်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ ဘာလုပ်ကြမယ်ဆိုတာကိုပေါ့”လို့ ဗန်ပါစီက အကြံပြုခဲ့ပြီး ပေါ့ဘာလို ကမ္ဘာ့အဆင့်ကစားသမားကောင်းတစ်ဦးကို အချည်းနှီးမဖြစ်စေချင်ဘူးလို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.