Premier League

25 Nov – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

မေဆန် မောင့်ရဲ့ အကွက််မြင်မြင် ပေးပို့မှုကြောင့် မိမိဂိုးရခဲ့တာဖြစ်တယ်လို့ ရန်းနင်းနဲ့ပွဲအပြီးမှာ အိုဒွိုင်းက ထုတ်ဖော်ချီးကျူးခဲ့ပြီး အသင်းမှာ အခွင့်အရေး ထပ်ရလာဖို့ အခုထက်ပိုပြီး တိုးတက်အောင် ကြိုးစားသွားမှာဖြစ်ကြောင်း ကြွေးကြော်။

ဂျီရူးရဲ့ အဆုံးအဖြတ်ဂိုးနဲ့ ရန်းနင်းအသင်းကို အနိုင်ယူခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စု E ကနေ နောက်တဆင့် တက်သွားခဲ့တဲ့နောက် ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှူံးထွက်အဆင့်ကို တက်ရောက်သွားတဲ့ ပထမဦးဆုံးအသင်းဖြစ်လာခဲ့။

ချယ်လ်ဆီးအသင်းဟာ လာမယ့် စပါးနဲ့ပွဲစဥ်မှာ နားရက်ပိုရထားတဲ့အပြင် ရန်းနင်းနဲ့ပွဲမှာ အနားပေးထားတဲ့ ကစားတွေရဲ့ ပေါင်းစပ်မှုနဲ့အတူ လန်းဆန်းနေတဲ့အသင်းကို ပွဲထုတ်နိုင်ဖွယ်ရှိ။

မယ်လ်မိုအသင်းရဲ့ ၂၁ နှစ်အရွယ် ဗဟိုခံစစ်မှူး အာမက်ဒိုဂျစ်ကို ချယ်လ်ဆီးအသင်းက စိတ်ဝင်တစား ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး အေစီမီလန်၊ အေဂျက်စ်၊ ပီအက်စ်ဗွီတို့နဲ့ အပြိုင်ခေါ်ယူသွားရဖွယ်ရှိနေ။

ရန်းနင်းနဲ့ပွဲစဥ်မှာ အားရစရာ အကောင်းဆုံးကစားသမားတွေကို လမ်းပတ်က နာမည်တပ်ထုတ်ဖော်ခဲ့ပြီး ရှူံးထွက်အဆင့်ကို ပို့ပေးခဲ့တဲ့ အနိုင်ဂိုးရှင် ဂျီရူး၊ ဇီးယက်ရှ်၊ ကွန်တေ နဲ့ ခိုင်ဟာဗတ်ဇ်တို့ကို အဓိကချီးကျူးသွားခဲ့။

ပွဲထွက်ကစားချင်လို့ အသင်းပြောင်းဖို့ သတင်းတွေ ပြေးနေတဲ့ ဂျီရူးရဲ့ အနိုင် ၃ မှတ်တန် ဂိုးဟာ သူ့ရဲ့ ပွဲထွက်ခွင့်တနေရာ အာမခံပေးဖို့ နည်းပြလမ်းပတ်အတွက် အကောင်းဆုံး သတိပေးချက်တခု ဖြစ်လာခဲ့။

ရန်းနင်းနဲ့ အောင်ပွဲအပြီးမှာ လမ်းပတ်ဟာ စပါးနဲ့ ရင်ဆိုင်ရမယ့် ကြမ်းတမ်းတဲ့ ပွဲကျပ်တပွဲကို တိုက်ပွဲဝင်ဖို့ အမြန်ဆုံး အာရုံစူးစိုက်ထားဖို့ လိုကြောင်း တသင်းလုံးကို သတိပေးခဲ့တယ်လို့ မေဆန် မောင့်ထုတ်ဖော်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေမဆန္ ေမာင့္ရဲ႕ အကြက္္ျမင္ျမင္ ေပးပို႔မႈေၾကာင့္ မိမိဂိုးရခဲ့တာျဖစ္တယ္လို႔ ရန္းနင္းနဲ႕ပြဲအၿပီးမွာ အိုဒြိုင္းက ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ၿပီး အသင္းမွာ အခြင့္အေရး ထပ္ရလာဖို႔ အခုထက္ပိုၿပီး တိုးတက္ေအာင္ ႀကိဳးစားသြားမွာျဖစ္ေၾကာင္း ေႂကြးေၾကာ္။

ဂ်ီ႐ူးရဲ႕ အဆုံးအျဖတ္ဂိုးနဲ႕ ရန္းနင္းအသင္းကို အနိုင္ယူခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စု E ကေန ေနာက္တဆင့္ တက္သြားခဲ့တဲ့ေနာက္ ဒီႏွစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ရႉံးထြက္အဆင့္ကို တက္ေရာက္သြားတဲ့ ပထမဦးဆုံးအသင္းျဖစ္လာခဲ့။

ခ်ယ္လ္ဆီးအသင္းဟာ လာမယ့္ စပါးနဲ႕ပြဲစဥ္မွာ နားရက္ပိုရထားတဲ့အျပင္ ရန္းနင္းနဲ႕ပြဲမွာ အနားေပးထားတဲ့ ကစားေတြရဲ႕ ေပါင္းစပ္မႈနဲ႕အတူ လန္းဆန္းေနတဲ့အသင္းကို ပြဲထုတ္နိုင္ဖြယ္ရွိ။

မယ္လ္မိုအသင္းရဲ႕ ၂၁ ႏွစ္အ႐ြယ္ ဗဟိုခံစစ္မႉး အာမက္ဒိုဂ်စ္ကို ခ်ယ္လ္ဆီးအသင္းက စိတ္ဝင္တစား ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနၿပီး ေအစီမီလန္၊ ေအဂ်က္စ္၊ ပီအက္စ္ဗြီတို႔နဲ႕ အၿပိဳင္ေခၚယူသြားရဖြယ္ရွိေန။

ရန္းနင္းနဲ႕ပြဲစဥ္မွာ အားရစရာ အေကာင္းဆုံးကစားသမားေတြကို လမ္းပတ္က နာမည္တပ္ထုတ္ေဖာ္ခဲ့ၿပီး ရႉံးထြက္အဆင့္ကို ပို႔ေပးခဲ့တဲ့ အနိုင္ဂိုးရွင္ ဂ်ီ႐ူး၊ ဇီးယက္ရွ္၊ ကြန္ေတ နဲ႕ ခိုင္ဟာဗတ္ဇ္တို႔ကို အဓိကခ်ီးက်ဴးသြားခဲ့။

ပြဲထြက္ကစားခ်င္လို႔ အသင္းေျပာင္းဖို႔ သတင္းေတြ ေျပးေနတဲ့ ဂ်ီ႐ူးရဲ႕ အနိုင္ ၃ မွတ္တန္ ဂိုးဟာ သူ႕ရဲ႕ ပြဲထြက္ခြင့္တေနရာ အာမခံေပးဖို႔ နည္းျပလမ္းပတ္အတြက္ အေကာင္းဆုံး သတိေပးခ်က္တခု ျဖစ္လာခဲ့။

ရန္းနင္းနဲ႕ ေအာင္ပြဲအၿပီးမွာ လမ္းပတ္ဟာ စပါးနဲ႕ ရင္ဆိုင္ရမယ့္ ၾကမ္းတမ္းတဲ့ ပြဲက်ပ္တပြဲကို တိုက္ပြဲဝင္ဖို႔ အျမန္ဆုံး အာ႐ုံစူးစိုက္ထားဖို႔ လိုေၾကာင္း တသင္းလုံးကို သတိေပးခဲ့တယ္လို႔ ေမဆန္ ေမာင့္ထုတ္ေဖာ္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.