Premier League

25 Nov – နေ့လည်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ဒီယိုဂို ဂျိုတာဟာ ထူးကဲတာထက်ပိုတဲ့ ကစားသမားမျိုးဖြစ်ပြီး ဂိုးတွေ ဆက်တိုက်သွင်းယူတဲ့ နည်းလမ်းနဲ့ သူ့ကို ပွဲထုတ်ရမယ်ဆိုတဲ့ သတိပေးချက်မျိုးကို ကလော့ပ်ထံ အချိန်ပြည့် ပေးအပ်နေတာဖြစ်သလို အသင်းကို တဆင့်မြှင့်ပေးခဲ့တယ်လို့ ဖာဒီနန် ချီးကျူးသွား။

အတ္တလန်တာနဲ့ပွဲကို ဟန်ဒါဆန်နဲ့ အယ်လ်ကန်တာရာနဲ့ ကီတာတို့ သေချာပေါက် လွဲချော်သွားမှာဖြစ်ပြီး မိုဆာလား အခြေအနေကောင်းနေလို့ ပါဝင်လာနိုင်ဖွယ်ရှိကြောင်း နည်းပြ ကလော့ပ်အတည်ပြုခဲ့သလို ပွဲကြိုလေ့ကျင့်ရေး အစီအစဉ်ကို ပျက်ကွက်ခဲ့တဲ့ ဖာမီနိုလည်း ပါဝင်နိုင်ဖွယ်ရှိ။

လီဗာပူးလ်ဟာ ဒီနှစ်မှာလည်း ပရီးမီယားလိဂ် ချန်ပီယံဖလားကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် အံ့သြစရာမရှိပေမယ့် ပြီးခဲ့တဲ့ ရာသီကလိုတော့ တသင်းတည်းပြေးရတဲ့ ပြိုင်ပွဲမဟုတ်တော့လို့ ချယ်လ်ဆီး၊ နဲ့ စပါးတို့ကို လွယ်လွယ်ကျော်ဖြတ်နိုင်မှာ မဟုတ်ကြောင်း သတိပေးသွားခဲ့။

ဖာမီနိုဟာ ပြီးပြည့်စုံတဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ကလော့ပ်က ချီးကျူးသွားခဲ့ပြီး သူဟာ သံစုံဂီတဝိုင်းမှာ တူရိယာ ၁၂ ခုကို တပြိုင်တည်း အသံထွက်စေတဲ့သူလို့ ခိုင်းနှိုင်းမှုပြုလုပ်ခဲ့သလို အသင်းရဲ့ စည်းချက်အတွက် ဖာမီနိုက အဓိကအရေးပါကြောင်း ပြောကြားခဲ့။

အတ္တလန်တာနဲ့ပွဲမှာ နည်းပြကလော့ပ်ဟာ ပွဲပန်းနေတဲ့ စီနီယာကစားသမားတချို့ကို အနားပေးပြီး လီဗာပူးလ်ရဲ့ ကွင်းလယ်မှာ အသက် ၁၉ နှစ်အရွယ် လူငယ်ကစားသမား လေတန် ကလာ့ခ်ဆန်ကို ချန်ပီယံလိဂ် ပွဲဦးထွက်အဖြစ် နေရာပေးသွားဖွယ်ရှိနေ။

ယူနိုက်တက်အသင်းအနေနဲ့ လီဗာပူးလ်ကို လိုက်မမီနိုင်တဲ့ သော့ချက်တခုကို ပေါလ်စခိုးက ထုတ်ဖော်သွားခဲ့ပြီး လီဗာပူးလ်ရဲ့ မိုက်ကယ် အက်ဒ်ဝဒ်လို အားကစားဒါရိုက်တာမျိုး မရှိခဲ့လို့ ဖရိုဖရဲ ဖြစ်နေတာလို့ ပြောကြားခဲ့။

တိုက်စစ်မှူး ဂျိုတာဟာ အတ္တလန်တာနဲ့ ပွဲမှာ လီဗာပူးလ်အသင်းရဲ့စံချိန်ချိုးမှု တခုကို ပြုလုပ်သွားနိုင်ဖွယ် ရှိနေပြီး ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့ရင် အသင်းသမိုင်းတလျှောက် ချန်ပီယံလိဂ်ဂိုး ၅ ဂိုး အမြန်ဆုံးရခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်မည်ဖြစ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီယိုဂို ဂ်ိဳတာဟာ ထူးကဲတာထက္ပိုတဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး ဂိုးေတြ ဆက္တိုက္သြင္းယူတဲ့ နည္းလမ္းနဲ႕ သူ႕ကို ပြဲထုတ္ရမယ္ဆိုတဲ့ သတိေပးခ်က္မ်ိဳးကို ကေလာ့ပ္ထံ အခ်ိန္ျပည့္ ေပးအပ္ေနတာျဖစ္သလို အသင္းကို တဆင့္ျမႇင့္ေပးခဲ့တယ္လို႔ ဖာဒီနန္ ခ်ီးက်ဴးသြား။

အတၱလန္တာနဲ႕ပြဲကို ဟန္ဒါဆန္နဲ႕ အယ္လ္ကန္တာရာနဲ႕ ကီတာတို႔ ေသခ်ာေပါက္ လြဲေခ်ာ္သြားမွာျဖစ္ၿပီး မိုဆာလား အေျခအေနေကာင္းေနလို႔ ပါဝင္လာနိုင္ဖြယ္ရွိေၾကာင္း နည္းျပ ကေလာ့ပ္အတည္ျပဳခဲ့သလို ပြဲႀကိဳေလ့က်င့္ေရး အစီအစဥ္ကို ပ်က္ကြက္ခဲ့တဲ့ ဖာမီနိုလည္း ပါဝင္နိုင္ဖြယ္ရွိ။

လီဗာပူးလ္ဟာ ဒီႏွစ္မွာလည္း ပရီးမီယားလိဂ္ ခ်န္ပီယံဖလားကို ဆက္လက္ထိန္းသိမ္းနိုင္ခဲ့မယ္ဆိုရင္ အံ့ၾသစရာမရွိေပမယ့္ ၿပီးခဲ့တဲ့ ရာသီကလိုေတာ့ တသင္းတည္းေျပးရတဲ့ ၿပိဳင္ပြဲမဟုတ္ေတာ့လို႔ ခ်ယ္လ္ဆီး၊ နဲ႕ စပါးတို႔ကို လြယ္လြယ္ေက်ာ္ျဖတ္နိုင္မွာ မဟုတ္ေၾကာင္း သတိေပးသြားခဲ့။

ဖာမီနိုဟာ ၿပီးျပည့္စုံတဲ့ ကစားသမားမ်ိဳးျဖစ္တယ္လို႔ ကေလာ့ပ္က ခ်ီးက်ဴးသြားခဲ့ၿပီး သူဟာ သံစုံဂီတဝိုင္းမွာ တူရိယာ ၁၂ ခုကို တၿပိဳင္တည္း အသံထြက္ေစတဲ့သူလို႔ ခိုင္းႏွိုင္းမႈျပဳလုပ္ခဲ့သလို အသင္းရဲ႕ စည္းခ်က္အတြက္ ဖာမီနိုက အဓိကအေရးပါေၾကာင္း ေျပာၾကားခဲ့။

အတၱလန္တာနဲ႕ပြဲမွာ နည္းျပကေလာ့ပ္ဟာ ပြဲပန္းေနတဲ့ စီနီယာကစားသမားတခ်ိဳ႕ကို အနားေပးၿပီး လီဗာပူးလ္ရဲ႕ ကြင္းလယ္မွာ အသက္ ၁၉ ႏွစ္အ႐ြယ္ လူငယ္ကစားသမား ေလတန္ ကလာ့ခ္ဆန္ကို ခ်န္ပီယံလိဂ္ ပြဲဦးထြက္အျဖစ္ ေနရာေပးသြားဖြယ္ရွိေန။

ယူနိုက္တက္အသင္းအေနနဲ႕ လီဗာပူးလ္ကို လိုက္မမီနိုင္တဲ့ ေသာ့ခ်က္တခုကို ေပါလ္စခိုးက ထုတ္ေဖာ္သြားခဲ့ၿပီး လီဗာပူးလ္ရဲ႕ မိုက္ကယ္ အက္ဒ္ဝဒ္လို အားကစားဒါရိုက္တာမ်ိဳး မရွိခဲ့လို႔ ဖရိုဖရဲ ျဖစ္ေနတာလို႔ ေျပာၾကားခဲ့။

တိုက္စစ္မႉး ဂ်ိဳတာဟာ အတၱလန္တာနဲ႕ ပြဲမွာ လီဗာပူးလ္အသင္းရဲ႕စံခ်ိန္ခ်ိဳးမႈ တခုကို ျပဳလုပ္သြားနိုင္ဖြယ္ ရွိေနၿပီး ဒီပြဲမွာ ဂိုးသြင္းနိုင္ခဲ့ရင္ အသင္းသမိုင္းတေလွ်ာက္ ခ်န္ပီယံလိဂ္ဂိုး ၅ ဂိုး အျမန္ဆုံးရခဲ့တဲ့ ကစားသမားအျဖစ္ မွတ္တမ္းေရးထိုးနိုင္မည္ျဖစ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.