Premier League Serie A

ခ်ဲလ္ဆီးဘယ္ေနာက္ခံလူႏွစ္ေယာက္ထဲက တစ္ေယာက္ကို လိုခ်င္ေနတဲ့ ကြန္တီ

အင္တာမီလန္အသင္းကို ကိုင္တြယ္ေနတဲ့ ခ်ဲလ္ဆီးနည္းျပေဟာင္း အန္တိုနီယို ကြန္တီဟာ လာမယ့္ေႏြရာသီမွာ သူ႕ရဲ႕ ခံစစ္ကို အားျဖည့္ဖို႔အတြက္ အသင္းေဟာင္းက ဘယ္ေနာက္ခံလူႏွစ္ဦးျဖစ္တဲ့ အီမာဆင္ ပယ္လ္မီယာရီနဲ႔ မားကို႔စ္ အလြန္ဆိုတုိ႔ႏွစ္ဦးထဲက တစ္ဦးကို အလိုရွိေနပါတယ္။

ကြန္တီအေနနဲ႔ ပရီးမီးယားလိဂ္ကစားသမားေတြကို အင္တာမီလန္အသင္းမွာ ျပန္လည္စုစည္းေနရာမွာေတာ့ တပည့္ေဟာင္းႏွစ္ဦးထဲက တစ္ဦးကို ေခၚယူဖို႔ အလိုရွိေနၿပီး ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္နဲ႔ ပိုၿပီး အံမဝင္တဲ့ အီမာဆင္ကေတာ့ အလြန္ဆုိထက္ ေျပာင္းေရႊ႕ဖို႔ နီးစပ္ႏုိင္မယ္လုိ႔လည္း ထင္ရပါတယ္။

ကြန္တီရဲ႕ ခ်ဲလ္ဆီးအသင္းအတြက္ ေခၚယူခဲ့တဲ့ ေနာက္ဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့တဲ့ အီမာဆင္ဟာ အီတလီနည္းျပနဲ႔ေတာ့ စတမ္းဖို႔ ဘရစ္ခ်္မွာ ငါးလသာ လက္တြဲခဲ့ရၿပီး ေမလကုန္မွာ ထုတ္ပယ္ခံခဲ့ရတဲ့ နည္းျပနဲ႔ ကစားသမားတို႔ၾကား လက္တြဲခြင့္ နည္းပါးခဲ့တာလည္းျဖစ္ပါတယ္။

ဘရာဇီးလ္မွာ ေမြးဖြားခဲ့ၿပီး မိခင္ဘက္က ပါဝင္တဲ့ အီတလီေသြးနဲ႔ ၂၀၁၇ ခုႏွစ္မွာ ႏုိင္ငံသားခံယူခြင့္ရရွိခဲ့တဲ့ အီမာဆင္ဟာ ႐ိုးမားအသင္းမွာ ေျခစြမ္းျပႏုိင္ခဲ့လို႔ ခ်ဲလ္ဆီးကို ေရာက္ရွိလာခဲ့ေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ ေနာက္ခံအစြန္လူတစ္ဦးအျဖစ္ေတာ့ ႐ုန္းကန္ေနရသူလည္းျဖစ္ၿပီး ေႏြရာသီမွာ အီတလီျပန္ဖို႔ အသံေတြ ထြက္ေနခဲ့တာပါ။

ဒါ့အျပင္ မားကို႔စ္ အလြန္ဆုိဟာလည္း အီတလီက ျပန္လာခဲ့တဲ့ ၃-၅-၂ အသားက် ဘယ္အစြန္ Wing Back တစ္ဦးျဖစ္လို႔ လမ္းပတ္ကေတာ့ မရွိလုိ႔သာ ဒီႏွစ္ေယာက္စလုံးကို သုံးေနရတာျဖစ္ၿပီး လာမယ့္ေႏြရာသီမွာာ လက္စတာေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္ကို ေခၚယူႏုိင္မယ္ဆုိရင္ သူတုိ႔ ႏွစ္ဦးအေနနဲ႔ ဘယ္သူ႕ကိုပဲျဖစ္ျဖစ္ ေရာင္းခ်ႏုိင္မွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: အင်တာမီလန်အသင်းကို ကိုင်တွယ်နေတဲ့ ချဲလ်ဆီးနည်းပြဟောင်း အန်တိုနီယို ကွန်တီဟာ လာမယ့်နွေရာသီမှာ သူ့ရဲ့ ခံစစ်ကို အားဖြည့်ဖို့အတွက် အသင်းဟောင်းက ဘယ်နောက်ခံလူနှစ်ဦးဖြစ်တဲ့ အီမာဆင် ပယ်လ်မီယာရီနဲ့ မားကို့စ် အလွန်ဆိုတို့နှစ်ဦးထဲက တစ်ဦးကို အလိုရှိနေပါတယ်။

ကွန်တီအနေနဲ့ ပရီးမီးယားလိဂ်ကစားသမားတွေကို အင်တာမီလန်အသင်းမှာ ပြန်လည်စုစည်းနေရာမှာတော့ တပည့်ဟောင်းနှစ်ဦးထဲက တစ်ဦးကို ခေါ်ယူဖို့ အလိုရှိနေပြီး ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်နဲ့ ပိုပြီး အံမဝင်တဲ့ အီမာဆင်ကတော့ အလွန်ဆိုထက် ပြောင်းရွှေ့ဖို့ နီးစပ်နိုင်မယ်လို့လည်း ထင်ရပါတယ်။

ကွန်တီရဲ့ ချဲလ်ဆီးအသင်းအတွက် ခေါ်ယူခဲ့တဲ့ နောက်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ အီမာဆင်ဟာ အီတလီနည်းပြနဲ့တော့ စတမ်းဖို့ ဘရစ်ချ်မှာ ငါးလသာ လက်တွဲခဲ့ရပြီး မေလကုန်မှာ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြနဲ့ ကစားသမားတို့ကြား လက်တွဲခွင့် နည်းပါးခဲ့တာလည်းဖြစ်ပါတယ်။

ဘရာဇီးလ်မှာ မွေးဖွားခဲ့ပြီး မိခင်ဘက်က ပါဝင်တဲ့ အီတလီသွေးနဲ့ ၂၀၁၇ ခုနှစ်မှာ နိုင်ငံသားခံယူခွင့်ရရှိခဲ့တဲ့ အီမာဆင်ဟာ ရိုးမားအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့လို့ ချဲလ်ဆီးကို ရောက်ရှိလာခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ နောက်ခံအစွန်လူတစ်ဦးအဖြစ်တော့ ရုန်းကန်နေရသူလည်းဖြစ်ပြီး နွေရာသီမှာ အီတလီပြန်ဖို့ အသံတွေ ထွက်နေခဲ့တာပါ။

ဒါ့အပြင် မားကို့စ် အလွန်ဆိုဟာလည်း အီတလီက ပြန်လာခဲ့တဲ့ ၃-၅-၂ အသားကျ ဘယ်အစွန် Wing Back တစ်ဦးဖြစ်လို့ လမ်းပတ်ကတော့ မရှိလို့သာ ဒီနှစ်ယောက်စလုံးကို သုံးနေရတာဖြစ်ပြီး လာမယ့်နွေရာသီမှာာ လက်စတာနောက်ခံလူ ဘန် ချေးလ်ဝဲလ်ကို ခေါ်ယူနိုင်မယ်ဆိုရင် သူတို့ နှစ်ဦးအနေနဲ့ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ရောင်းချနိုင်မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.