Premier League Transfer News

25 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့ရဲ့ စီမံခန့်ခွဲမှုတွေကို ပရိသတ်တွေ မေးခွန်းထုတ်နေကြပြီး ဝီလီယန်ရဲ့ ၃ နှစ်စာချုပ်၊ ခြေစွမ်းပြနေတဲ့ မစ်ခီတာရီယန်ကို စာချုပ်ဖျက်သိမ်းပေးလိုက်တာနဲ့ ပေါင် ၉ သန်းနဲ့ ရမယ့် ကီဗင် ဖော်လန်ကို မိုနာကိုဆီ လက်လွှတ်လိုက်တာတွေ ပါဝင်နေ။

– လီဗာပူးလ်အသင်းနဲ့ လာမယ့်နွေရာသီမှာ စာချုပ်ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်ကို ခေါ်ယူဖို့ အာဆင်နယ် ပရိသတ်တွေ ဆန္ဒရှိနေကြပြီး အသင်းခေါင်းဆောင်စစ်စစ်တစ်ယောက်ကို ခေါ်ယူရလိမ့်မယ်လို့ ထောက်ပြနေကြ။

– နီကိုလာ ပေပေကို ခေါ်တွေ့မယ်ဆိုတဲ့ နည်းပြ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို ပရိသတ်တွေ လှောင်ပြောင်နေကြပြီး ရှုံးပွဲတွေနဲ့ အနီကတ်တွေကို ရယူခဲ့တဲ့ ဒေးဗစ် လူးဝစ်ဇ်ကိုကျတော့ တစ်ခါမှ ခေါ်မတွေ့ပါလားလို့ တွစ်တာမှာ ခနဲ့နေကြ။

– မိုလ်ဒီနဲ့ ကစားဖို့ နော်ဝေကို ခရီးနှင်မယ့် အာဆင်နယ်လူစာရင်းမှာ အီမီးလ် စမစ်ရိုးနဲ့အတူ အကယ်ဒမီလူငယ်တွေဖြစ်ကြတဲ့ မီဂယ်လ် အဇစ်ဇ်၊ ဘန် ကော့ထရဲလ်နဲ့ ဖိုလာရင် ဘာလိုဂွန်တို့ ပါဝင်နေကြပြီး အာတီတာအနေနဲ့ သူတို့ကို အခွင့်အရေးပေးသွားဖွယ်ရှိနေ။

– ကွင်းလယ်လူ ဂရာနစ် ချာကာကို ခေါ်ယူဖို့ ကမ်းလှမ်းလာခဲ့တဲ့ အလိုက်ပေးမှုဖြစ်တဲ့ အင်တာမီလန်ရဲ့ ခရစ္စတီယန် အဲရစ်ဆန်ကို အလိုမရှိဘူးလို့ နည်းပြ အာတီတာ ပယ်ချခဲ့ကြောင်းနဲ့ တခြားပစ်မှတ်တွေကိုပဲ အလိုရှိနေကြာင်း သတင်းတွေ ရေးသားခဲ့။

– ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဆန်ဒါ ဘာဂါကို ခေါ်ယူဖို့ အာဆင်နယ်တို့ စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ခေါ်ယူစဉ်က ပေါင် ၂၂.၅ သန်း ကျသင့်ခဲ့တဲ့ နော်ဝေကွင်းလယ်လူကို ပေါင်သန်း ၃၀ လောက် ပေးချေရမယ်လို့ ခန့်မှန်းရ။

– ချန်ပီယံလိဂ်မှာ ခြေစွမ်းပြသနေခဲ့တဲ့ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းအတွက် တော့တင်ဟမ် ဟော့စပါးစ်အသင်းက အာဆင်နယ်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်လာဖွယ်ရှိပြီး နည်းပြ မော်ရင်ညိုက သဘောကျမှုနဲ့အတူ ခေါ်ယူဖို့ ယှဉ်ပြိုင်လာဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးတို႔ရဲ႕ စီမံခန႔္ခြဲမႈေတြကို ပရိသတ္ေတြ ေမးခြန္းထုတ္ေနၾကၿပီး ဝီလီယန္ရဲ႕ ၃ ႏွစ္စာခ်ဳပ္၊ ေျခစြမ္းျပေနတဲ့ မစ္ခီတာရီယန္ကို စာခ်ဳပ္ဖ်က္သိမ္းေပးလိုက္တာနဲ႔ ေပါင္ ၉ သန္းနဲ႔ ရမယ့္ ကီဗင္ ေဖာ္လန္ကို မိုနာကိုဆီ လက္လႊတ္လိုက္တာေတြ ပါဝင္ေန။

– လီဗာပူးလ္အသင္းနဲ႔ လာမယ့္ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ကို ေခၚယူဖို႔ အာဆင္နယ္ ပရိသတ္ေတြ ဆႏၵရွိေနၾကၿပီး အသင္းေခါင္းေဆာင္စစ္စစ္တစ္ေယာက္ကို ေခၚယူရလိမ့္မယ္လို႔ ေထာက္ျပေနၾက။

– နီကိုလာ ေပေပကို ေခၚေတြ႕မယ္ဆိုတဲ့ နည္းျပ အာတီတာရဲ႕ ဆုံးျဖတ္ခ်က္ကို ပရိသတ္ေတြ ေလွာင္ေျပာင္ေနၾကၿပီး ရႈံးပြဲေတြနဲ႔ အနီကတ္ေတြကို ရယူခဲ့တဲ့ ေဒးဗစ္ လူးဝစ္ဇ္ကိုက်ေတာ့ တစ္ခါမွ ေခၚမေတြ႕ပါလားလို႔ တြစ္တာမွာ ခနဲ႔ေနၾက။

– မိုလ္ဒီနဲ႔ ကစားဖို႔ ေနာ္ေဝကို ခရီးႏွင္မယ့္ အာဆင္နယ္လူစာရင္းမွာ အီမီးလ္ စမစ္႐ိုးနဲ႔အတူ အကယ္ဒမီလူငယ္ေတြျဖစ္ၾကတဲ့ မီဂယ္လ္ အဇစ္ဇ္၊ ဘန္ ေကာ့ထရဲလ္နဲ႔ ဖိုလာရင္ ဘာလိုဂြန္တို႔ ပါဝင္ေနၾကၿပီး အာတီတာအေနနဲ႔ သူတို႔ကို အခြင့္အေရးေပးသြားဖြယ္ရွိေန။

– ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို ေခၚယူဖို႔ ကမ္းလွမ္းလာခဲ့တဲ့ အလိုက္ေပးမႈျဖစ္တဲ့ အင္တာမီလန္ရဲ႕ ခရစၥတီယန္ အဲရစ္ဆန္ကို အလိုမရွိဘူးလို႔ နည္းျပ အာတီတာ ပယ္ခ်ခဲ့ေၾကာင္းနဲ႔ တျခားပစ္မွတ္ေတြကိုပဲ အလိုရွိေနၾကာင္း သတင္းေတြ ေရးသားခဲ့။

– ရွက္ဖီးလ္ဒ္ယူႏိုက္တက္အသင္းရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္ ဆန္ဒါ ဘာဂါကို ေခၚယူဖို႔ အာဆင္နယ္တို႔ ေစာင့္ၾကည့္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနၿပီး ေခၚယူစဥ္က ေပါင္ ၂၂.၅ သန္း က်သင့္ခဲ့တဲ့ ေနာ္ေဝကြင္းလယ္လူကို ေပါင္သန္း ၃၀ ေလာက္ ေပးေခ်ရမယ္လို႔ ခန႔္မွန္းရ။

– ခ်န္ပီယံလိဂ္မွာ ေျခစြမ္းျပသေနခဲ့တဲ့ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ကြင္းလယ္လူ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းအတြက္ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းက အာဆင္နယ္ရဲ႕ အဓိက ၿပိဳင္ဘက္ျဖစ္လာဖြယ္ရွိၿပီး နည္းျပ ေမာ္ရင္ညိဳက သေဘာက်မႈနဲ႔အတူ ေခၚယူဖို႔ ယွဥ္ၿပိဳင္လာဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.