Match Report Other Leagues Premier League UCL&UEL

အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲနဲ့ မျက်နှာပန်းလှခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

ဒီနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ တိုက်စစ်မှူး ကာဗာနီကို အထောင်နေရာမှာ ပွဲထုတ်လာခဲ့သလို မာစီယယ်လ်၊ ရက်ရှ်ဖို့ဒ်တို့နဲ့ ဝန်းရံခဲ့ပေမယ့် တကယ်တမ်း ကွင်းထဲမှာတော့ ၄-၃-၃ ထက် ၄-၄-၁-၁ ပုံစံနဲ့ ဘရူနို ဖာနန်ဒက်စ်က နောက်က လိုက်ကစားခဲ့ပြီး ကျစ်လစ်တဲ့ Organized Formation ကို အသုံးပြုလာခဲ့ပါတယ်။

နေရာယူပုံကောင်းကောင်းနဲ့ ကစားခဲ့ပေမယ့် ကွင်းလယ်အဖျက်မှာ ဖရက်ဒ်တစ်ယောက်တည်းကိုပဲ ထားခဲ့ပြီး ဗန်ဒဘိခ်က ဘောလုံးသယ်သူတဲ့ Baller အဖြစ် ကစားခဲ့ချိန်မှာ ကစားကွက်က နည်းနည်း Open ဖြစ်ခဲ့ပြီး အိမ်ရှင်ပီပီ ဖိကစားခဲ့သလို အခွင့်အရေးတွေလည်း ပြန်ပေးခဲ့ရပါတယ်။

ပွဲချိန် ၉ မိနစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ အကွက်ကျကျ နေရာယူမှုကနေ အဖွင့်ဂိုး ရရှိခဲ့ပြီး ထောင့်ကန်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို အသင်းအတွက် ဂိုးအများစုကို သွင်းယူပေးထားတဲ့ ပေါ်တူဂီသားက Half Volley ကန်သွင်းယူခဲ့ရာမှာ အစ္စတန်ဘူလ် ဂိုးသမား မကာကွယ်နိုင်ဘဲ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။

၁၀ မိနစ်အကြာမှာတော့ ဂိုးမြူးနေတဲ့ ဖာနန်ဒက်စ်ကပဲ နောက်တစ်ဂိုးထပ်သွင်းယူနိုင်ခဲ့ပြီး အဲလက်စ် တဲလက်စ်ရဲ့ ဖြတ်တင်ဘောကို ဂိုးသမား ဖမ်းရာမှာ အချိန်အဆ မမှန်ဘဲ လွတ်ကျတာကို နေရာအဆင်သင့်ယူထားတဲ့ သူကပဲ ဒုတိယဂိုးအဖြစ် ထပ်မံသွင်းယူ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ညာခြမ်းကနေ ရက်ရှ်ဖို့ဒ် ထိုးဖောက်ခဲ့ရာမှာ အစ္စတန်ဘူလ်နောက်ခံလူ ဘိုလင်ဂိုလီ အဖျက်ကြမ်းဖို့ ပင်နယ်တီရခဲ့ပြီး ဒါကို ဖာနန်ဒက်စ်က ဟက်ထရစ်ရနိုင်မယ့် အခွင့်အရေးကို စွန့်လွှတ်ပြီး အင်္ဂလန်တိုက်စစ်မှူးကို ကန်ခိုင်းခဲ့ရာမှာ သွေးအေးအေးနဲ့ ပြောင်းလဲနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက်တို့ ကစားအားအနည်းငယ်ကျသွားခဲ့ပြီး အစ္စတန်ဘူလ်ကတော့ အသင်းခေါင်းဆောင် ဗစ္စချာရဲ့ မမောမပန်းတဲ့ ကစားပုံ၊ ဘောလုံးစကေးကောင်းကောင်းနဲ့ ပြန်လည်ထိုးဖောက်လာခဲ့လို့ ယူနိုက်တက်ခံစစ် အလုပ်များစပြုလာခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ မေဆန် ဂရင်းဝုဒ်ကို ထည့်သွင်းခဲ့ရာမှာ အနားပေးခံလိုက်ရတဲ့ ဘရူနို ဖာနန်ဒက်စ်ကတော့ ဟက်ထရစ်ရနိုင်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး တိုက်စစ်ကတော့ ဖန်တီးနိုင်စွမ်း သူ့လောက်မရှိတဲ့ ကစားသမားတွေကြောင့် အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ ယူနိုက်တက်ဂိုးဧရိယာဘယ်ခြမ်းမှာ ရတဲ့ ဘောလုံးကို အသင်းခေါင်းဆောင် ဗစ္စချာက ကန်မလိုလုပ်နေခဲ့တုန်းမှာ ကွင်းလယ်လူ တားရပ်က ဘယ်ခြေနဲ့ ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ ဒဟေးယား အငိုက်မိသွားခဲ့ပြီး ဂိုးစည်းကျော်သွားချိန်မှာမှ ပုတ်ထုတ်နိုင်ခဲ့လို့ အစ္စတန်ဘူလ်တို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။

သုံးဂိုး-တစ်ဂိုးနဲ့ ပွဲပြီးတော့မယ်လို့ ထင်နေတုန်းမှာပဲ နာကျင်အချိန်ပို ၂ မိနစ်မှာ ဗန်ဒဘိခ်ရဲ့ ပေးပို့မှုကနေ ဂရင်းဝုဒ်က လူကျွံထောင်ချောက်ကို ကျော်ဖြတ်ဆွဲပြေးပြီး ဂိုးရှေ့ကို ကွက်တိခင်းပေးတဲ့ ဘောလုံးကို ဒန်နီယယ်လ် ဂျိမ်းစ်က ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အသာအယာ ကန်သွင်းယူနိုင်ခဲ့တာကြောင့် လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စု(H)ကို ဆက်လက်ဦးဆောင်သွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ တိုက္စစ္မႉး ကာဗာနီကို အေထာင္ေနရာမွာ ပြဲထုတ္လာခဲ့သလို မာစီယယ္လ္၊ ရက္ရွ္ဖို႔ဒ္တို႔နဲ႔ ဝန္းရံခဲ့ေပမယ့္ တကယ္တမ္း ကြင္းထဲမွာေတာ့ ၄-၃-၃ ထက္ ၄-၄-၁-၁ ပုံစံနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္က ေနာက္က လိုက္ကစားခဲ့ၿပီး က်စ္လစ္တဲ့ Organized Formation ကို အသုံးျပဳလာခဲ့ပါတယ္။

ေနရာယူပုံေကာင္းေကာင္းနဲ႔ ကစားခဲ့ေပမယ့္ ကြင္းလယ္အဖ်က္မွာ ဖရက္ဒ္တစ္ေယာက္တည္းကိုပဲ ထားခဲ့ၿပီး ဗန္ဒဘိခ္က ေဘာလုံးသယ္သူတဲ့ Baller အျဖစ္ ကစားခဲ့ခ်ိန္မွာ ကစားကြက္က နည္းနည္း Open ျဖစ္ခဲ့ၿပီး အိမ္ရွင္ပီပီ ဖိကစားခဲ့သလို အခြင့္အေရးေတြလည္း ျပန္ေပးခဲ့ရပါတယ္။

ပြဲခ်ိန္ ၉ မိနစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ အကြက္က်က် ေနရာယူမႈကေန အဖြင့္ဂိုး ရရွိခဲ့ၿပီး ေထာင့္ကန္ေဘာကေန ျပန္က်လာတဲ့ ေဘာလုံးကို အသင္းအတြက္ ဂိုးအမ်ားစုကို သြင္းယူေပးထားတဲ့ ေပၚတူဂီသားက Half Volley ကန္သြင္းယူခဲ့ရာမွာ အစၥတန္ဘူလ္ ဂိုးသမား မကာကြယ္ႏိုင္ဘဲ အဖြင့္ဂိုး ရရွိခဲ့ပါတယ္။

၁၀ မိနစ္အၾကာမွာေတာ့ ဂိုးျမဴးေနတဲ့ ဖာနန္ဒက္စ္ကပဲ ေနာက္တစ္ဂိုးထပ္သြင္းယူႏိုင္ခဲ့ၿပီး အဲလက္စ္ တဲလက္စ္ရဲ႕ ျဖတ္တင္ေဘာကို ဂိုးသမား ဖမ္းရာမွာ အခ်ိန္အဆ မမွန္ဘဲ လြတ္က်တာကို ေနရာအဆင္သင့္ယူထားတဲ့ သူကပဲ ဒုတိယဂိုးအျဖစ္ ထပ္မံသြင္းယူ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ညာျခမ္းကေန ရက္ရွ္ဖို႔ဒ္ ထိုးေဖာက္ခဲ့ရာမွာ အစၥတန္ဘူလ္ေနာက္ခံလူ ဘိုလင္ဂိုလီ အဖ်က္ၾကမ္းဖို႔ ပင္နယ္တီရခဲ့ၿပီး ဒါကို ဖာနန္ဒက္စ္က ဟက္ထရစ္ရႏိုင္မယ့္ အခြင့္အေရးကို စြန႔္လႊတ္ၿပီး အဂၤလန္တိုက္စစ္မႉးကို ကန္ခိုင္းခဲ့ရာမွာ ေသြးေအးေအးနဲ႔ ေျပာင္းလဲႏိုင္ခဲ့လို႔ ပထမပိုင္းအၿပီးမွာ သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔ ကစားအားအနည္းငယ္က်သြားခဲ့ၿပီး အစၥတန္ဘူလ္ကေတာ့ အသင္းေခါင္းေဆာင္ ဗစၥခ်ာရဲ႕ မေမာမပန္းတဲ့ ကစားပုံ၊ ေဘာလုံးစေကးေကာင္းေကာင္းနဲ႔ ျပန္လည္ထိုးေဖာက္လာခဲ့လို႔ ယူႏိုက္တက္ခံစစ္ အလုပ္မ်ားစျပဳလာခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ေမဆန္ ဂရင္းဝုဒ္ကို ထည့္သြင္းခဲ့ရာမွာ အနားေပးခံလိုက္ရတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ ဟက္ထရစ္ရႏိုင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရၿပီး တိုက္စစ္ကေတာ့ ဖန္တီးႏိုင္စြမ္း သူ႔ေလာက္မရွိတဲ့ ကစားသမားေတြေၾကာင့္ အနည္းငယ္က်ဆင္းသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ယူႏိုက္တက္ဂိုးဧရိယာဘယ္ျခမ္းမွာ ရတဲ့ ေဘာလုံးကို အသင္းေခါင္းေဆာင္ ဗစၥခ်ာက ကန္မလိုလုပ္ေနခဲ့တုန္းမွာ ကြင္းလယ္လူ တားရပ္က ဘယ္ေျခနဲ႔ ေဝ့ဝိုက္ကန္သြင္းခဲ့ရာမွာ ဒေဟးယား အငိုက္မိသြားခဲ့ၿပီး ဂိုးစည္းေက်ာ္သြားခ်ိန္မွာမွ ပုတ္ထုတ္ႏိုင္ခဲ့လို႔ အစၥတန္ဘူလ္တို႔ ေခ်ပဂိုး ျပန္ရခဲ့ပါတယ္။

သုံးဂိုး-တစ္ဂိုးနဲ႔ ပြဲၿပီးေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ နာက်င္အခ်ိန္ပို ၂ မိနစ္မွာ ဗန္ဒဘိခ္ရဲ႕ ေပးပို႔မႈကေန ဂရင္းဝုဒ္က လူကြၽံေထာင္ေခ်ာက္ကို ေက်ာ္ျဖတ္ဆြဲေျပးၿပီး ဂိုးေရွ႕ကို ကြက္တိခင္းေပးတဲ့ ေဘာလုံးကို ဒန္နီယယ္လ္ ဂ်ိမ္းစ္က ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အသာအယာ ကန္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ေလးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး အုပ္စု(H)ကို ဆက္လက္ဦးေဆာင္သြားႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.