Premier League





တစ်နေ့တာ ကရိုဏ်း




UNICODE: ၂၅.၁၁.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ ရက်ရာဇာ၊ မွန်းလွဲပြဿဒါး။

တစ်နေ့တာ တိထီနှင့် ယုဂ်
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၆:၀၉ အထိ တိထီ ၁၁ လုံး၊ ကျော်လျှင် ၁၂ လုံး။ ၁၁ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရ ရှင်သန်အောင်မြင်စေလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်
ည ၁၉:၁၉ အထိ ဥတ္တရာဘဒြပိုဒ်နက္ခတ်၊ ကျော်လျှင် ရေဝတီနက္ခတ်။ နံနက် ၇:၄၃ အထိ ဝဇီရယုဂ်၊ စိန်ကဲ့သို့ မာကျောတန်ဖိုးရှိခြင်း၊ မိုးကြိုးကဲ့သို့ ဖျက်အားပြင်းထန်ခြင်း၊ ရှေ့တိုး၍ မိမိအင်အားဖြင့် ထိုးဖောက်ဆောင်ရွက်ရန်ကိစ္စများ လုပ်ဆောင်ရန်ကောင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရန် မသင့်တော်ပါ။ ကျော်လျှင် သိဒ္ဓိယုဂ်၊ အောင်မြင်မှုရခြင်း၊ အကာအကွယ်ရခြင်း၊ ကျွမ်းကျင်မှုဖြင့် ပြီးပြည့်စုံစေခြင်းဖြစ်၍ မိမိ ကျွမ်းကျင်ပိုင်နိုင်သောအလုပ်အား ရွေးချယ်လုပ်ဆောင်ပါ။

တစ်နေ့တာ ကရိုဏ်း
ညနေ ၁၆:၅၄ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ နံနက် ၆:၀၉ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ ကျော်လျှင် ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာ အမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာ အရပ်နှင့် ဆောင်ရန် အရောင်
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၆:၀၉ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)