Premier League

ေနာက္တန္းကစားသမားႏွစ္ဦးေခၚယူဖို႔ အလိုရွိေနတဲ့ ဂြါဒီယိုလာ

မန္ခ်က္စတာစီးတီးအသင္းနည္းျပ ပက္ဂြါဒီယိုလာဟာ လာမယ့္ေႏြရာသီမွာ ေနာက္တန္းကစားႏွစ္ဦးအထိ ေခၚယူဖို႔ လ်ာထားေနေၾကာင္း သိရၿပီး ဒီအတြက္ ဗီလာရီးရဲလ္ေနာက္ခံလူ ေပၚေတာရက္စ္၊ ဘ႐ိုက္တန္ေနာက္ခံလူ လူးဝစ္ ဒန္႔ခ္၊ ဘင္ဖီကာေနာက္ခံလူ ႐ူဘင္ ဒိုင္ယက္စ္နဲ႔ အင္တာမီလန္ေနာက္ခံလူ မီလန္ ရွကရီညာတို႔ကို ပစ္မွတ္ထားေနေၾကာင္းသိရပါတယ္။

ခံစစ္ဗဟိုအတြက္ ကစားသမားႏွစ္ဦးအထိ ျဖည့္တင္းဖို႔ ရည္႐ြယ္ထားတဲ့အတြက္ မန္ခ်က္စတာစီးတီးေနာက္ခံလူ အဂၤလန္ႏိုင္ငံသား ဂြၽန္စတုန္းစ္ရဲ႕ ေန႔ရက္ေတြဟာ လက္ခ်ဳိးေရတြက္ရဖို႔ ရွိလာခဲ့ၿပီး အသင္းကေန ထြက္ခြာဖို႔ဟာလည္း ပိုမိုနီးစပ္လာေနပါတယ္။

စပိန္သားနည္းျပဟာ အသင္းကို အလုံးစုံေျပာင္းလဲဖို႔ ရည္႐ြယ္ထားျခင္းမရွိေပမယ့္လည္း ဒီရာသီမွာ ေပးဂိုးအေျမာက္အျမားကို အလြယ္တကူခြင့္ျပဳေနခဲ့ရတာေၾကာင့္ ဒီႏွစ္ ပရီးမီယားလိဂ္ခ်န္ပီယံတိုက္ပြဲမွာ ဦးေဆာင္သူ လီဗာပူးလ္အသင္းနဲ႔ ၂၂ မွတ္အထိ ကြာဟခဲ့ရတာလို႔ ထင္ျမင္ယူဆေနခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ လန္ဒန္ၿမိဳ႕ခံအသင္းတစ္သင္းျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္ခဲ့ရၿပီးခဲ့တဲ့ေနာက္ ခ်န္ပီယံဆုအတြက္ ေမွ်ာ္လင့္ခ်က္ေတြက ဘယ္လိုမွ မျဖစ္ႏုိင္ေတာ့တဲ့ အေျခအေနကို ေရာက္ရွိေနခဲ့တာလည္းျဖစ္ၿပီး ခံစစ္ပုိင္းရဲ႕ ႐ုန္းကန္ေနရမွဳကိုလည္း ေပၚလြင္ေစခဲ့တာျဖစ္ပါတယ္။

လက္ရွိခ်န္ပီယံဆုကို လက္လႊတ္ရဖို႔ နီးစပ္ေနၿပီျဖစ္တဲ့ မန္စီးတီးအသင္းရဲ႕ ေနာက္တန္းမွာ ဂြါဒီယိုလာ သေဘာက်တဲ့သူဆုိလို႔ ျပင္သစ္ေနာက္ခံလူ ေအးမရစ္ လာေပါ့တ္ တစ္ဦးတည္းသာ ရွိေနၿပီး ေအာ့တာမန္ဒီနဲ႔ စတုန္းစ္တုိ႔ကုိ အသုံးမျပဳခ်င္လို႔ ကြင္းလယ္ခံစစ္သမားေတြျဖစ္တဲ့ ဖာနန္ဒင္ဟိုနဲ႔ ႐ိုဒရီတုိ႔ကို အသုံးျပဳရာမွာလည္း မူလေနရာေတြ မဟုတ္ခဲ့လို႔ အခက္ေတြ႕ခဲ့ရလို႔ ေႏြရာသီမွာ ျပင္ဆင္ဖို႔ ရွိေနခဲ့တာလို႔လည္း သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
DENNIS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာဟာ လာမယ့်နွေရာသီမှာ နောက်တန်းကစားနှစ်ဦးအထိ ခေါ်ယူဖို့ လျာထားနေကြောင်း သိရပြီး ဒီအတွက် ဗီလာရီးရဲလ်နောက်ခံလူ ပေါ်တောရက်စ်၊ ဘရိုက်တန်နောက်ခံလူ လူးဝစ် ဒန့်ခ်၊ ဘင်ဖီကာနောက်ခံလူ ရူဘင် ဒိုင်ယက်စ်နဲ့ အင်တာမီလန်နောက်ခံလူ မီလန် ရှကရီညာတို့ကို ပစ်မှတ်ထားနေကြောင်းသိရပါတယ်။

ခံစစ်ဗဟိုအတွက် ကစားသမားနှစ်ဦးအထိ ဖြည့်တင်းဖို့ ရည်ရွယ်ထားတဲ့အတွက် မန်ချက်စတာစီးတီးနောက်ခံလူ အင်္ဂလန်နိုင်ငံသား ဂျွန်စတုန်းစ်ရဲ့ နေ့ရက်တွေဟာ လက်ချိုးရေတွက်ရဖို့ ရှိလာခဲ့ပြီး အသင်းကနေ ထွက်ခွာဖို့ဟာလည်း ပိုမိုနီးစပ်လာနေပါတယ်။

စပိန်သားနည်းပြဟာ အသင်းကို အလုံးစုံပြောင်းလဲဖို့ ရည်ရွယ်ထားခြင်းမရှိပေမယ့်လည်း ဒီရာသီမှာ ပေးဂိုးအမြောက်အမြားကို အလွယ်တကူခွင့်ပြုနေခဲ့ရတာကြောင့် ဒီနှစ် ပရီးမီယားလိဂ်ချန်ပီယံတိုက်ပွဲမှာ ဦးဆောင်သူ လီဗာပူးလ်အသင်းနဲ့ ၂၂ မှတ်အထိ ကွာဟခဲ့ရတာလို့ ထင်မြင်ယူဆနေခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ လန်ဒန်မြို့ခံအသင်းတစ်သင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရပြီးခဲ့တဲ့နောက် ချန်ပီယံဆုအတွက် မျှော်လင့်ချက်တွေက ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အခြေအနေကို ရောက်ရှိနေခဲ့တာလည်းဖြစ်ပြီး ခံစစ်ပိုင်းရဲ့ ရုန်းကန်နေရမှုကိုလည်း ပေါ်လွင်စေခဲ့တာဖြစ်ပါတယ်။

လက်ရှိချန်ပီယံဆုကို လက်လွှတ်ရဖို့ နီးစပ်နေပြီဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ နောက်တန်းမှာ ဂွါဒီယိုလာ သဘောကျတဲ့သူဆိုလို့ ပြင်သစ်နောက်ခံလူ အေးမရစ် လာပေါ့တ် တစ်ဦးတည်းသာ ရှိနေပြီး အော့တာမန်ဒီနဲ့ စတုန်းစ်တို့ကို အသုံးမပြုချင်လို့ ကွင်းလယ်ခံစစ်သမားတွေဖြစ်တဲ့ ဖာနန်ဒင်ဟိုနဲ့ ရိုဒရီတို့ကို အသုံးပြုရာမှာလည်း မူလနေရာတွေ မဟုတ်ခဲ့လို့ အခက်တွေ့ခဲ့ရလို့ နွေရာသီမှာ ပြင်ဆင်ဖို့ ရှိနေခဲ့တာလို့လည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
DENNIS
SPORTS A2Z.