Premier League

ပရီးမီးယားလိဂ်ရဲ့ လက်ရှိ အကောင်းဆုံး ညာနောက်ခံလူ ၅ ဦး

၅။ တာရစ် လမ့်ပ်တေး
ဘရိုက်တန်အသင်းနဲ့အတူ ပရီးမီးယားလိဂ်က လူ့ဘီလူးကြီးတွေကို သူတင်ကိုယ်တင် ယှဥ်ကစားနေတဲ့ လမ့်ပ်တေးဟာ အသက် ၂၀ သာ ရှိပါသေးတယ်။ အင်္ဂလန်အသင်းရဲ့ အနာဂတ်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရပြီး မျိုးဆက်သစ်မှာ မျှော်လင့်ချက်ကြီးကြီး ခံယူထားရတဲ့ လူငယ်လေးပါ။ လူကောင်ခပ်သေးသေးနဲ့ လမ့်ပ်တေးဟာ ဒီရာသီ ဘောလုံးလုယူအောင်မြင်မှုအရ ၇၅ ရာခိုင်နှုန်း ရှိနေအောင် စွမ်းဆောင်ထားပြီး တိုက်စစ်အားသန်သူ ဖြစ်တဲ့အတိုင်း တိုက်စစ်ပိုင်းမှာ အသင်းရဲ့အားထားရသူပါ။ တဂိုးသွင်း၊ ၃ ဂိုးဖန်တီးပေးထားတဲ့ သူဟာ ဒီရာသီရဲ့ နာမည်ကြီး ဖြစ်လာဖို့လည်း အလားအလာကောင်းတွေ ရှိနေပါတယ်။

၄။ မက်တီ ကက်ရှ်
နော်တင်ဟမ် ဖောရက်စ်အသင်းကနေ အက်စတန် ဗီလာအသင်းကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည် အထင်ရှားဆုံးဖြစ်ခဲ့တာကတော့ ဗီလာက အာဆင်နယ်အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ပွဲမှာ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းကို လှုပ်မရအောင် ထိန်းချုပ်ပြီး ကိုယ်ပိုင်အဆင့်အတန်းတခုကို ပြသခဲ့တဲ့ပွဲပါပဲ။ ဘောလုံးလုယူအောင်မြင်မှုမှာ ၇၇ ရာခိုင်နှုန်းအထိ အောင်မြင်ထားပြီး ဗီလာရဲ့ အရေးပါတဲ့ ကစားသမားဖြစ်နေသလို ပရီးမီယားလိဂ်မှာ ထိပ်တန်းအလွှာကနေ ရေရှည်ရပ်တည်သွားလိမ့်မယ့် ကစားမျိုးလည်းဖြစ်ပါတယ်။

၃။ ရီးစ်ဂျိမ်း
အင်္ဂလန် လက်ရွေးစင် နဲ့ ချယ်လ်ဆီးအသင်းရဲ့ ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်က ဆီဆာ အက်ဇ်ပီလီ​ကွေတာကို နေရာပျောက်စေခဲ့ပြီး လူငယ်ရဲ့အားကို အပြသနိုင်ဆုံး ကစားသမားလို့ ဆိုရမှာပါ။ ညာနောက်ခံလူနေရာအတွက် နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ ဖျတ်လတ်တဲ့ အမြန်နှုန်းကိုလည်း ပိုင်ဆိုင်ထားပြီး တိုက်စစ် ခံစစ် မျှတအောင် ကစားနိုင်စွမ်းရှိလို့ ချယ်လ်ဆီးရဲ့ လက်ရှိ အားအကိုးရဆုံး ကစားတွေထဲက တယောက်အဖြစ် ရပ်တည်နေပါတယ်။

၂။ တီမိုသီ ကက်စတာညယ်
ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ လက်စတာပွဲမှာ လက်စတာရဲ့ ညာခြမ်းကို မာနေးနဲ့ ရော်ဘတ်ဆန်တို့အတွဲ အကြိမ်ကြိမ်ထိုးနှက်ခဲ့ပြီး အင်အားချိနဲ့နေတဲ့ လက်စတာတို့ လက်မှိုင်ချခဲ့ရတာကို မြင်တွေ့ခဲ့ကြရမှာပါ။ ဒါဟာ ရော့ဂျားစ်ရဲ့ အဓိကလက်ရုံးဖြစ်တဲ့ ဘယ်လ်ဂျီယံ ကစားသမား တီမိုသီ ကက်စတာညယ် ဒီပွဲစဥ်ကို လွဲချော်ခဲ့ရတဲ့ အကျိုးရလဒ်​ပါပဲ။ အတ္တလန်တာအသင်းကနေ လက်စတာအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ကက်စတာညယ်ဟာ ပရီးမီးယားလိဂ်မှာ အချိန်တိုတိုအတွင်း အရောင်အသွေးတောက်ပခဲ့ပြီး အသင်းနဲ့ အလျင်မြန်ဆုံး အံဝင်ခွင်ကျဖြစ်ခဲ့ကာ မရှိမဖြစ် ကစားသမားတယောက် ဖြစ်လာခဲ့တာပါ။ ရော့ဂျားစ်ရဲ့ အဓိက နည်းဗျူဟာဖြစ်တဲ့ လျှပ်စီးလိုမြန်တဲ့ တန်ပြန်တိုက်စစ်ပုံစံအတွက် ဗာဒီတို့ ကောင်းကောင်းအလုပ်လုပ်နိုင်ပြီး အသက်ဝင်နိုင်ဖို့ ကက်စတာညယ်တို့လို နောက်ခံအစွန်လူတွေရဲ့ အားက ပင်မသွေးကြော အခန်းကဏ္ဍမှာ ရှိနေပါတယ်။

၁။ ထရန့် အလက်ဇန်းဒါး အာနိုးလ်ဒ်
လီဗာပူးလ်အသင်းရဲ့ ကမ္ဘာ့အဆင့်ခြေစွမ်း၊ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲမှာ ထိပ်ဆုံးက စာရင်းပေါက်ထားတဲ့ အသင်း၊ နောက်ဆုံး ရရှိခဲ့တဲ့ ချန်ပီယံဆု စသဖြင့် ဘယ်ရှုထောင့်နဲ့ ပြောပြော အသင်းရဲ့ နောက်ခံအစွန်လူတွေကို မဖြစ်အနေ ထည့်ပြောရမယ့် အခြေအနေပါ။ ရော်ဘင်ဆန် နဲ့ အာနိုးလ်တို့ရဲ့ လုပ်အားနှုန်းနဲ့ ဖန်တီးမှုတွေက ကလော့ပ်ရဲ့အသင်းကို နောက်တဆင့် ရောက်စေခဲ့တာဖြစ်ပြီး တချို့အသင်းတွေထက် နှာတဖျားပိုသာပြီး တချို့အသင်းတွေထက် ခေါင်းတလုံးပိုသာနေတဲ့ နောက်ခံအစွန်လူတွေ ဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ ညာခြမ်းမှာတော့ အာနိုးလ်က ပြယုဂ်တခုဖြစ်ခဲ့ပြီး ညာခြမ်းတလျှောက် မြန်နှုန်းမြင့် အတက်အဆင်း၊ ကွေးညွှတ်လှပတဲ့ ဖြတ်တင်ဘော၊ တိကျသပ်ရပ်တဲ့ ပေးပို့ဖန်တီးမှုတွေဟာ အသင်းရဲ့ ကစားပွဲတန်ဖိုးကို ပိုလေးနက်စီးပိုင်စေခဲ့ပါတယ်။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၅။ တာရစ္ လမ့္ပ္ေတး
ဘ႐ိုက္တန္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္က လူ႔ဘီလူးႀကီးေတြကို သူတင္ကိုယ္တင္ ယွဥ္ကစားေနတဲ့ လမ့္ပ္ေတးဟာ အသက္ ၂၀ သာ ရွိပါေသးတယ္။ အဂၤလန္အသင္းရဲ႕ အနာဂတ္ၾကယ္ပြင့္အျဖစ္ သတ္မွတ္ခံထားရၿပီး မ်ိဳးဆက္သစ္မွာ ေမွ်ာ္လင့္ခ်က္ႀကီးႀကီး ခံယူထားရတဲ့ လူငယ္ေလးပါ။ လူေကာင္ခပ္ေသးေသးနဲ႔ လမ့္ပ္ေတးဟာ ဒီရာသီ ေဘာလုံးလုယူေအာင္ျမင္မႈအရ ၇၅ ရာခိုင္ႏႈန္း ရွိေနေအာင္ စြမ္းေဆာင္ထားၿပီး တိုက္စစ္အားသန္သူ ျဖစ္တဲ့အတိုင္း တိုက္စစ္ပိုင္းမွာ အသင္းရဲ႕အားထားရသူပါ။ တဂိုးသြင္း၊ ၃ ဂိုးဖန္တီးေပးထားတဲ့ သူဟာ ဒီရာသီရဲ႕ နာမည္ႀကီး ျဖစ္လာဖို႔လည္း အလားအလာေကာင္းေတြ ရွိေနပါတယ္။

၄။ မက္တီ ကက္ရွ္
ေနာ္တင္ဟမ္ ေဖာရက္စ္အသင္းကေန အက္စတန္ ဗီလာအသင္းကို ေျပာင္းေ႐ႊ႕လာခဲ့သူ ျဖစ္ၿပီး သူ႔ရဲ႕စြမ္းေဆာင္ရည္ အထင္ရွားဆုံးျဖစ္ခဲ့တာကေတာ့ ဗီလာက အာဆင္နယ္အသင္းကို သုံးဂိုးျပတ္နဲ႔ အႏိုင္ယူခဲ့တဲ့ပြဲမွာ အာဆင္နယ္ တိုက္စစ္မႉး အူဘာမီယန္းကို လႈပ္မရေအာင္ ထိန္းခ်ဳပ္ၿပီး ကိုယ္ပိုင္အဆင့္အတန္းတခုကို ျပသခဲ့တဲ့ပြဲပါပဲ။ ေဘာလုံးလုယူေအာင္ျမင္မႈမွာ ၇၇ ရာခိုင္ႏႈန္းအထိ ေအာင္ျမင္ထားၿပီး ဗီလာရဲ႕ အေရးပါတဲ့ ကစားသမားျဖစ္ေနသလို ပရီးမီယားလိဂ္မွာ ထိပ္တန္းအလႊာကေန ေရရွည္ရပ္တည္သြားလိမ့္မယ့္ ကစားမ်ိဳးလည္းျဖစ္ပါတယ္။

၃။ ရီးစ္ဂ်ိမ္း
အဂၤလန္ လက္ေ႐ြးစင္ နဲ႔ ခ်ယ္လ္ဆီးအသင္းရဲ႕ ညာေနာက္ခံလူ ရီးစ္ဂ်ိမ္းစ္ရဲ႕ ေျပာင္ေျမာက္တဲ့ စြမ္းေဆာင္ရည္က ဆီဆာ အက္ဇ္ပီလီ​ေကြတာကို ေနရာေပ်ာက္ေစခဲ့ၿပီး လူငယ္ရဲ႕အားကို အျပသႏိုင္ဆုံး ကစားသမားလို႔ ဆိုရမွာပါ။ ညာေနာက္ခံလူေနရာအတြက္ နည္းစနစ္ပိုင္းဆိုင္ရာ ကြၽမ္းက်င္မႈေတြနဲ႔ ဖ်တ္လတ္တဲ့ အျမန္ႏႈန္းကိုလည္း ပိုင္ဆိုင္ထားၿပီး တိုက္စစ္ ခံစစ္ မွ်တေအာင္ ကစားႏိုင္စြမ္းရွိလို႔ ခ်ယ္လ္ဆီးရဲ႕ လက္ရွိ အားအကိုးရဆုံး ကစားေတြထဲက တေယာက္အျဖစ္ ရပ္တည္ေနပါတယ္။

၂။ တီမိုသီ ကက္စတာညယ္
ၿပီးခဲ့တဲ့ လီဗာပူးလ္နဲ႔ လက္စတာပြဲမွာ လက္စတာရဲ႕ ညာျခမ္းကို မာေနးနဲ႔ ေရာ္ဘတ္ဆန္တို႔အတြဲ အႀကိမ္ႀကိမ္ထိုးႏွက္ခဲ့ၿပီး အင္အားခ်ိနဲ႔ေနတဲ့ လက္စတာတို႔ လက္မႈိင္ခ်ခဲ့ရတာကို ျမင္ေတြ႕ခဲ့ၾကရမွာပါ။ ဒါဟာ ေရာ့ဂ်ားစ္ရဲ႕ အဓိကလက္႐ုံးျဖစ္တဲ့ ဘယ္လ္ဂ်ီယံ ကစားသမား တီမိုသီ ကက္စတာညယ္ ဒီပြဲစဥ္ကို လြဲေခ်ာ္ခဲ့ရတဲ့ အက်ိဳးရလဒ္​ပါပဲ။ အတၱလန္တာအသင္းကေန လက္စတာအသင္းကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ကက္စတာညယ္ဟာ ပရီးမီးယားလိဂ္မွာ အခ်ိန္တိုတိုအတြင္း အေရာင္အေသြးေတာက္ပခဲ့ၿပီး အသင္းနဲ႔ အလ်င္ျမန္ဆုံး အံဝင္ခြင္က်ျဖစ္ခဲ့ကာ မရွိမျဖစ္ ကစားသမားတေယာက္ ျဖစ္လာခဲ့တာပါ။ ေရာ့ဂ်ားစ္ရဲ႕ အဓိက နည္းဗ်ဴဟာျဖစ္တဲ့ လွ်ပ္စီးလိုျမန္တဲ့ တန္ျပန္တိုက္စစ္ပုံစံအတြက္ ဗာဒီတို႔ ေကာင္းေကာင္းအလုပ္လုပ္ႏိုင္ၿပီး အသက္ဝင္ႏိုင္ဖို႔ ကက္စတာညယ္တို႔လို ေနာက္ခံအစြန္လူေတြရဲ႕ အားက ပင္မေသြးေၾကာ အခန္းက႑မွာ ရွိေနပါတယ္။

၁။ ထရန္႔ အလက္ဇန္းဒါး အာႏိုးလ္ဒ္
လီဗာပူးလ္အသင္းရဲ႕ ကမာၻ႔အဆင့္ေျခစြမ္း၊ ကမာၻ႔အေကာင္းဆုံးအသင္းေတြထဲမွာ ထိပ္ဆုံးက စာရင္းေပါက္ထားတဲ့ အသင္း၊ ေနာက္ဆုံး ရရွိခဲ့တဲ့ ခ်န္ပီယံဆု စသျဖင့္ ဘယ္ရႈေထာင့္နဲ႔ ေျပာေျပာ အသင္းရဲ႕ ေနာက္ခံအစြန္လူေတြကို မျဖစ္အေန ထည့္ေျပာရမယ့္ အေျခအေနပါ။ ေရာ္ဘင္ဆန္ နဲ႔ အာႏိုးလ္တို႔ရဲ႕ လုပ္အားႏႈန္းနဲ႔ ဖန္တီးမႈေတြက ကေလာ့ပ္ရဲ႕အသင္းကို ေနာက္တဆင့္ ေရာက္ေစခဲ့တာျဖစ္ၿပီး တခ်ိဳ႕အသင္းေတြထက္ ႏွာတဖ်ားပိုသာၿပီး တခ်ိဳ႕အသင္းေတြထက္ ေခါင္းတလုံးပိုသာေနတဲ့ ေနာက္ခံအစြန္လူေတြ ျဖစ္ပါတယ္။ လီဗာပူးလ္ရဲ႕ ညာျခမ္းမွာေတာ့ အာႏိုးလ္က ျပယုဂ္တခုျဖစ္ခဲ့ၿပီး ညာျခမ္းတေလွ်ာက္ ျမန္ႏႈန္းျမင့္ အတက္အဆင္း၊ ေကြးၫႊတ္လွပတဲ့ ျဖတ္တင္ေဘာ၊ တိက်သပ္ရပ္တဲ့ ေပးပို႔ဖန္တီးမႈေတြဟာ အသင္းရဲ႕ ကစားပြဲတန္ဖိုးကို ပိုေလးနက္စီးပိုင္ေစခဲ့ပါတယ္။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.