Premier League

၂၄.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ခိုင်ဟာဗတ်ဇ် နဲ့ သီယာဂို ဆေးလ်ဗားတို့ဟာ ရင်းနေးအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဥ်အတွက် ပြင်သစ်သို့ လိုက်ပါလာခဲ့ကြသလို ပူလီရှစ်ချ်ဟာတော့ ကြံ့ခိုင်ရေးလေ့ကျင့်ရေးတွေ လိုအပ်နေသေးတာကြောင့် မပါဝင်နိုင်သေးဘဲ စပါးနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ နည်းပြလမ်းပတ် အတည်ပြု။

ဂျီရူးဟာ အသင်းအပေါ် လွှမ်းမိုးမှုကြီးမားတဲ့ တိုက်စစ်မှူးဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းမှာ ဆက်ရှိနေစေချင်ကြောင်း လမ်းပတ်ထုတ်ဖော်ခဲ့ပြီး သူဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတယောက်ဖြစ်လို့ လက်လွှတ်စရာ မရှိကြောင်း ပြောကြားခဲ့။

အင်္ဂလန်ဝန်ကြီးချုပ် ဘော့ရစ် ဂျွန်ဆန်ဟာ ဒီဇင်ဘာ ၂ ရက်နေ့ကစလို့ ပရိသတ်တွေကို ကွင်းထဲပြန်ဝင်ခွင့်ပေးဖို့ မီးစိမ်းပြခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံး ၂ သင်းရဲ့ ပရိသတ် ၄၀၀၀ ဝန်းကျင်ခန့်စီကို စတင်ခွင့်ပြုပေးသွားမှာ ဖြစ်တာကြောင့် ချယ်လ်ဆီးပရိသတ်တွေအတွက် သတင်းကောင်းဖြစ်လာ။

ချယ်လ်ဆီးအသင်းအတွက် ဆက်လက်ပွဲထွက်ခွင့် ရလိုပါက လက်ရှိခြေစွမ်းကောင်းကို ရေရှည်ထိန်းသိမ်းထားသင့်ကြောင်း လမ်းပတ်က တန်မီ အေဘရာဟမ်ကို သတိပေးမှု ပြုလုပ်ခဲ့ပြီး အသင်းအတွက် အေဘရာဟမ် ဘယ်လောက်အကျိုးပြုခဲ့တယ်ဆိုတာ လူတွေက လွယ်လွယ်မေ့လျော့ခဲ့ကြလို့ မချင့်မရဲဖြစ်နေ။

ဥရောပပွဲစဥ်တွေအပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာ စပါးကို ဧည့်ခံကစားဖို့အတွက် ချယ်လ်ဆီးအသင်းက နားရက် ၂ ရက် အပိုရရှိနေတာဟာ မိမိတို့အသင်းအတွက် အားသာချက်တခုဖြစ်လာ​ပြီး လန်ဒန်ဒါဘီမှာ မော်ရင်ညိုတယောက် ပျော်ရွှင်နေမှာ မဟုတ်ကြောင်း လမ်းပတ်တုံ့ပြန်ခဲ့။

ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံးအတွဲအဖက်တိုက်စစ်ဟာ ဇီးယက်ရှ်၊ တီမို ဗာနာ၊ ပူလီရှစ်ချ်၊ ခိုင်ဟာဗတ်ဇ် နဲ့ မေဆန် မောင့်တို့ ၅ ဦးဖြစ်တယ်လို့ အိုဝင် ဟားဂရေ့ဗ်က ယုံကြည်နေပြီး သက်သေပြဖို့ လိုအပ်သေးတဲ့ အေဘရာဟမ်ဟာ အရန်ခုံမှာသာ ရှိနေသင့်တယ်လို့ ပြောကြား။

သီယာဂို ဆေးလ်ဗားဟာ အံ့ဖွယ်ကစားသမားတဦးဖြစ်တယ်လို့ မေဆန် မောင့်က ချီးမွမ်းသွားခဲ့ပြီး ဒီရာသီမှာ သူ့ထံကနေ တလေးတစားနဲ့ သင်ယူခဲ့ရကြောင်းနဲ့ ၅ မိနစ်စာ စကား​ပြောရုံနဲ့တင် လေ့လာစရာတွေ မကုန်နိုင်အောင် ရရှိခဲ့ကြောင်း ဝန်ခံခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခိုင္ဟာဗတ္ဇ္ နဲ႕ သီယာဂို ေဆးလ္ဗားတို႔ဟာ ရင္းေနးအသင္းနဲ႕ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ ျပင္သစ္သို႔ လိုက္ပါလာခဲ့ၾကသလို ပူလီရွစ္ခ်္ဟာေတာ့ ႀကံ့ခိုင္ေရးေလ့က်င့္ေရးေတြ လိုအပ္ေနေသးတာေၾကာင့္ မပါဝင္နိုင္ေသးဘဲ စပါးနဲ႕ပြဲအတြက္ အဆင္သင့္ျဖစ္ေနလိမ့္မယ္လို႔ နည္းျပလမ္းပတ္ အတည္ျပဳ။

ဂ်ီ႐ူးဟာ အသင္းအေပၚ လႊမ္းမိုးမႈႀကီးမားတဲ့ တိုက္စစ္မႉးျဖစ္တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းမွာ ဆက္ရွိေနေစခ်င္ေၾကာင္း လမ္းပတ္ထုတ္ေဖာ္ခဲ့ၿပီး သူဟာ အသင္းအတြက္ အေရးပါတဲ့ ကစားသမားတေယာက္ျဖစ္လို႔ လက္လႊတ္စရာ မရွိေၾကာင္း ေျပာၾကားခဲ့။

အဂၤလန္ဝန္ႀကီးခ်ဳပ္ ေဘာ့ရစ္ ဂြၽန္ဆန္ဟာ ဒီဇင္ဘာ ၂ ရက္ေန႕ကစလို႔ ပရိသတ္ေတြကို ကြင္းထဲျပန္ဝင္ခြင့္ေပးဖို႔ မီးစိမ္းျပခဲ့ၿပီး အမွတ္ေပးဇယား ထိပ္ဆုံး ၂ သင္းရဲ႕ ပရိသတ္ ၄၀၀၀ ဝန္းက်င္ခန့္စီကို စတင္ခြင့္ျပဳေပးသြားမွာ ျဖစ္တာေၾကာင့္ ခ်ယ္လ္ဆီးပရိသတ္ေတြအတြက္ သတင္းေကာင္းျဖစ္လာ။

ခ်ယ္လ္ဆီးအသင္းအတြက္ ဆက္လက္ပြဲထြက္ခြင့္ ရလိုပါက လက္ရွိေျခစြမ္းေကာင္းကို ေရရွည္ထိန္းသိမ္းထားသင့္ေၾကာင္း လမ္းပတ္က တန္မီ ေအဘရာဟမ္ကို သတိေပးမႈ ျပဳလုပ္ခဲ့ၿပီး အသင္းအတြက္ ေအဘရာဟမ္ ဘယ္ေလာက္အက်ိဳးျပဳခဲ့တယ္ဆိုတာ လူေတြက လြယ္လြယ္ေမ့ေလ်ာ့ခဲ့ၾကလို႔ မခ်င့္မရဲျဖစ္ေန။

ဥေရာပပြဲစဥ္ေတြအၿပီး စတန္းဖို႔ဒ္ဘရစ္ခ်္မွာ စပါးကို ဧည့္ခံကစားဖို႔အတြက္ ခ်ယ္လ္ဆီးအသင္းက နားရက္ ၂ ရက္ အပိုရရွိေနတာဟာ မိမိတို႔အသင္းအတြက္ အားသာခ်က္တခုျဖစ္လာ​ၿပီး လန္ဒန္ဒါဘီမွာ ေမာ္ရင္ညိဳတေယာက္ ေပ်ာ္႐ႊင္ေနမွာ မဟုတ္ေၾကာင္း လမ္းပတ္တုံ႕ျပန္ခဲ့။

ခ်ယ္လ္ဆီးအသင္းရဲ႕ အေကာင္းဆုံးအတြဲအဖက္တိုက္စစ္ဟာ ဇီးယက္ရွ္၊ တီမို ဗာနာ၊ ပူလီရွစ္ခ်္၊ ခိုင္ဟာဗတ္ဇ္ နဲ႕ ေမဆန္ ေမာင့္တို႔ ၅ ဦးျဖစ္တယ္လို႔ အိုဝင္ ဟားဂေရ႕ဗ္က ယုံၾကည္ေနၿပီး သက္ေသျပဖို႔ လိုအပ္ေသးတဲ့ ေအဘရာဟမ္ဟာ အရန္ခုံမွာသာ ရွိေနသင့္တယ္လို႔ ေျပာၾကား။

သီယာဂို ေဆးလ္ဗားဟာ အံ့ဖြယ္ကစားသမားတဦးျဖစ္တယ္လို႔ ေမဆန္ ေမာင့္က ခ်ီးမြမ္းသြားခဲ့ၿပီး ဒီရာသီမွာ သူ႕ထံကေန တေလးတစားနဲ႕ သင္ယူခဲ့ရေၾကာင္းနဲ႕ ၅ မိနစ္စာ စကား​ေျပာ႐ုံနဲ႕တင္ ေလ့လာစရာေတြ မကုန္နိုင္ေအာင္ ရရွိခဲ့ေၾကာင္း ဝန္ခံခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.