Premier League

အာတီတာကို ထုတ်ပယ်ပြီး ဝင်းဂါးကို ပြန်လည်ကိုင်တွယ်စေချင်တဲ့ ပရိသတ်တွေ ဆန္ဒက ပြည့်ဝနိုင်ဦးမလား

အာဆင်နယ်ပရိသတ်တွေဟာ ရလဒ်ကောင်းတွေနဲ့ အတူ ထိပ်တန်းအသင်းကြီးတသင်းရဲ့ ပုံစံကောင်းတွေကို ပြသထားနိုင်တဲ့ မြို့ခံပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်မှုကို မြင်တွေ့အပြီးမှာ လက်ရှိ အာဆင်နယ်နည်းပြ အာတီတာကို ထုတ်ပယ်ပြီး ဂန္ထဝင်နည်းပြဟောင်း အာဆင်ဝင်းဂါးနဲ့ အမြန်ဆုံး အစားထိုးသွားစေလိုနေကြောင်း သိရပါတယ်။

အာတီတာဟာ ရောက်ရောက်ချင်းမှာပဲ အာဆင်နယ်အသင်းအတွက် အက်ဖ်အေဖလားကို ကိုင်မြှောက်ပေးခဲ့လို့ ပရိသတ်တွေရဲ့ အောင်ပွဲဆာလောင်မှုတွေ အာသာပြေခဲ့ရပေမယ့် လက်ရှိရာသီရဲ့ အသက်မဲ့တဲ့ စွမ်းဆောင်ပုံကိုတော့ မရှုမလှ မြင်ကွင်းတခုအနေနဲ့ မှတ်ယူနေကြပါတယ်။

အာဆင်နယ်ဟာ အခု ရာသီမှာ အစွမ်းကုန်ရုန်းကန်နေပေမယ့် ၉ ပွဲကစားအပြီးမှာ အဆင့် ၁၁ နေရာမှာသာ ရပ်တည်ထားနိုင်သလို အမှတ်ပေးဇယား အဆင့် ၁ နေရာက မြို့ခံပြိုင်ဘက်အသင်းနဲ့ ၇ မှတ် ပြတ်ကျန်နေပြီး အဓိက ပြဿနာတခုအနေနဲ့ တိုက်စစ်ပိုင်းမှာ ဂိုးတွေ ခြောက်ကပ်နေခဲ့တာဟာ တိုက်စစ်မှူး အူဘာမီယန်းဟာ နှစ်ဂိုးသာ ရရှိထားတဲ့ အခြေအနေပါ။

အသင်းရဲ့ လက်ရှိအခြေအနေကို အခြေအနေဆိုးတရပ်အဖြစ် ရှုမြင်နေတဲ့ အာဆင်နယ်ပရိသတ်တဦးဖြစ်သူ ဖရန့်ခ်က ” တော်ပါပြီ။ အာတီတာနဲ့တော့ တော်ပါပြီ။ သူက ကာယလေ့ကျင့်ရေး လာဆင်းပေးနေတဲ့ ကျောင်းဆရာလိုပါပဲ။ အာတီတာ ထွက်ပေးပါ။ အသင်းမှာ သူဘာလုပ်နေတယ်ဆိုတာကို သူကိုယ်တိုင် မသိရှိထားပါဘူး။ သူရောက်လာတာ တနှစ်ရှိပြီ။ ဒီအသင်းရဲ့ အကောင်းဆုံးပုံစံကို သူရှာမတွေ့သေးဘူး။ ပေပေကိုပါ ခေါ်ပြီး အမြန်ဆုံးထွက်သွားပေးပါ။ တကယ့်အမှိုက်လိုလူတွေပါ။ ” လို့ talkSPORT ကို ပြောကြားသွားခဲ့တာပါ။

အာတီတာနေရာမှာ နည်းပြကြီး အာဆင်ဝင်းဂါးကို ပြန်လိုချင်ပါတယ်။ ကျွန်တော်တို့အသင်း ချန်ပီယံလိဂ် မဝင်နိုင်တော့တာ ဘယ်လောက်ကြာပြီလဲ။ ဝင်းဂါးရှိစဉ်က ရာသီတိုင်း ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတာ ပြေးမလွတ်ဘူး။ အဲ့တုန်းက ကစားသမားကောင်းတွေပဲ အသင်းမှာရှိခဲ့တာလေ။

အခုတော့ ပေပေ၊ မိတ်လန်း-နိုင်းလ်၊ မူစတာဖီတို့လို အမှိုက်သရိုက်တွေပဲ အသင်းမှာ ရှိတော့တာကိုး။ တော့တင်ဟမ်ကိုကြည့်ပါ။ ရင်နာပေမယ့် ပြောရလိမ့်မယ်။ တကယ့်အဆင့်အတန်းရှိ အသင်းတသင်းဖြစ်နေပြီ။ ဟာရီကိန်းဆို ကမ္ဘာ့အကောင်းဆုံး အဆင့်ကိုရောက်နေပြီမဟုတ်လား” လို့ သူက မြို့ခံပြိုင်ဘက်နဲ့ နှိုင်းယှဉ်ပြီး နာကျင်စရာတွေ ဖြစ်ခဲ့ရပုံအကြောင်းကိုလည်း နာကြည်းမှုတွေနဲ့ ထုတ်ဖော်သွားခဲ့ကြောင်း သိရှိရပါတယ်။

REF: TALKSPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ပရိသတ္ေတြဟာ ရလဒ္ေကာင္းေတြနဲ႕ အတူ ထိပ္တန္းအသင္းႀကီးတသင္းရဲ႕ ပုံစံေကာင္းေတြကို ျပသထားနိုင္တဲ့ ၿမိဳ႕ခံၿပိဳင္ဘက္ ေတာ့တင္ဟမ္ေဟာ့စပါးရဲ႕ အမွတ္ေပးဇယားကို ဦးေဆာင္ထားနိုင္မႈကို ျမင္ေတြ႕အၿပီးမွာ လက္ရွိ အာဆင္နယ္နည္းျပ အာတီတာကို ထုတ္ပယ္ၿပီး ဂႏၳဝင္နည္းျပေဟာင္း အာဆင္ဝင္းဂါးနဲ႕ အျမန္ဆုံး အစားထိုးသြားေစလိုေနေၾကာင္း သိရပါတယ္။

အာတီတာဟာ ေရာက္ေရာက္ခ်င္းမွာပဲ အာဆင္နယ္အသင္းအတြက္ အက္ဖ္ေအဖလားကို ကိုင္ျမႇောက္ေပးခဲ့လို႔ ပရိသတ္ေတြရဲ႕ ေအာင္ပြဲဆာေလာင္မႈေတြ အာသာေျပခဲ့ရေပမယ့္ လက္ရွိရာသီရဲ႕ အသက္မဲ့တဲ့ စြမ္းေဆာင္ပုံကိုေတာ့ မရႈမလွ ျမင္ကြင္းတခုအေနနဲ႕ မွတ္ယူေနၾကပါတယ္။

အာဆင္နယ္ဟာ အခု ရာသီမွာ အစြမ္းကုန္႐ုန္းကန္ေနေပမယ့္ ၉ ပြဲကစားအၿပီးမွာ အဆင့္ ၁၁ ေနရာမွာသာ ရပ္တည္ထားနိုင္သလို အမွတ္ေပးဇယား အဆင့္ ၁ ေနရာက ၿမိဳ႕ခံၿပိဳင္ဘက္အသင္းနဲ႕ ၇ မွတ္ ျပတ္က်န္ေနၿပီး အဓိက ျပႆနာတခုအေနနဲ႕ တိုက္စစ္ပိုင္းမွာ ဂိုးေတြ ေျခာက္ကပ္ေနခဲ့တာဟာ တိုက္စစ္မႉး အူဘာမီယန္းဟာ ႏွစ္ဂိုးသာ ရရွိထားတဲ့ အ​ေျခအေနပါ။

အသင္းရဲ႕ လက္ရွိအေျခအေနကို အေျခအေနဆိုးတရပ္အျဖစ္ ရႈျမင္ေနတဲ့ အာဆင္နယ္ပရိသတ္တဦးျဖစ္သူ ဖရန့္ခ္က ” ေတာ္ပါၿပီ။ အာတီတာနဲ႕ေတာ့ ေတာ္ပါၿပီ။ သူက ကာယေလ့က်င့္ေရး လာဆင္းေပးေနတဲ့ ေက်ာင္းဆရာလိုပါပဲ။ အာတီတာ ထြက္ေပးပါ။ အသင္းမွာ သူဘာလုပ္ေနတယ္ဆိုတာကို သူကိုယ္တိုင္ မသိရွိထားပါဘူး။ သူေရာက္လာတာ တႏွစ္ရွိၿပီ။ ဒီအသင္းရဲ႕ အေကာင္းဆုံးပုံစံကို သူရွာမေတြ႕ေသးဘူး။ ေပေပကိုပါ ေခၚၿပီး အျမန္ဆုံးထြက္သြားေပးပါ။ တကယ့္အမွိုက္လိုလူေတြပါ။ ” လို႔ talkSPORT ကို ေျပာၾကားသြားခဲ့တာပါ။

အာတီတာေနရာမွာ နည္းျပႀကီး အာဆင္ဝင္းဂါးကို ျပန္လိုခ်င္ပါတယ္။ ကြၽန္ေတာ္တို႔အသင္း ခ်န္ပီယံလိဂ္ မဝင္နိုင္ေတာ့တာ ဘယ္ေလာက္ၾကာၿပီလဲ။ ဝင္းဂါးရွိစဥ္က ရာသီတိုင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ဆိုတာ ေျပးမလြတ္ဘူး။ အဲ့တုန္းက ကစားသမားေကာင္းေတြပဲ အသင္းမွာရွိခဲ့တာေလ။

အခုေတာ့ ေပေပ၊ မိတ္လန္း-နိုင္းလ္၊ မူစတာဖီတို႔လို အမွိုက္သရိုက္ေတြပဲ အသင္းမွာ ရွိေတာ့တာကိုး။ ေတာ့တင္ဟမ္ကိုၾကည့္ပါ။ ရင္နာေပမယ့္ ေျပာရလိမ့္မယ္။ တကယ့္​အဆင့္အတန္းရွိ အသင္းတသင္းျဖစ္ေနၿပီ။ ဟာရီကိန္းဆို ကမၻာ့အေကာင္းဆုံး အဆင့္ကိုေရာက္ေနၿပီမဟုတ္လား” လို႔ သူက ၿမဳိ႕ခံၿပဳိင္ဘက္နဲ႔ ႏွဳိင္းယွဥ္ၿပီး နာက်င္စရာေတြ ျဖစ္ခဲ့ရပုံအေၾကာင္းကိုလည္း နာၾကည္းမွဳေတြနဲ႔ ထုတ္ေဖာ္သြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: TALKSPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.