Bundesliga Premier League

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ခ်ိတ္ဆက္မွဳခံေနရတဲ့ ဖာမီႏို

လီဗာပူးလ္အသင္းရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္ၿပီး ပရိသတ္ေတြက ေဘာ္ဘီလို႔ ခ်စ္စႏုိးေခၚတဲ့ ေရာဘတ္တို ဖာမီႏိုကို လာမယ့္ ေႏြရာသီမွာ အသင္းေျပာင္းေရႊ႕ခ်င္စိတ္ ရွိသလားဆိုၿပီး သူ႕ရဲ႕ ကိုယ္စားလွယ္ေတြဆီ ဘုိင္ယန္ျမဴးနစ္အသင္းဘက္က ခ်ိတ္ဆက္မွဳ ျပဳလာခဲ့တယ္လို႔ သတင္းေတြက ဆုိပါတယ္။

ဒီအသက္ ၂၈ အရြယ္ ဘရာဇီးလ္လက္ေရြးစင္ဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ကို အဓိက စိန္ေခၚသူနဲ႔ ခ်န္ပီယံလိဂ္ကို ရယူႏုိင္ခဲ့တဲ့ လီဗာပူးလ္တုိ႔ရဲ႕ တုိက္စစ္မွာ မိုဟာမက္ ဆာလားနဲ႔ ဆာဒီယို မာေနးတုိ႔ေလာက္ ဂိုးေတြ သြင္းယူႏုိင္ျခင္းမရွိေပမယ့္ သူတုိ႔ေတြကို အေကာင္းဆုံး ပံ့ပိုးေပးေနသူလည္း ျဖစ္ပါတယ္။

တစ္ရာသီကို ဆယ္ဂိုးနဲ႔အထက္ သြင္းယူႏုိင္ခဲ့ၿပီး အသင္းေဖာ္ေတြ ေနရာလြတ္ရရွိေအာင္ ကစားေပးႏုိင္တဲ့ ဖာမီႏိုဟာ ေမာ္ဒန္ေဘာလုံးရဲ႕ False 9 လို႔ ေခၚတဲ့ ေရွ႕တန္းလူတစ္ဦးလည္းျဖစ္ၿပီး သူ႕ရဲ႕တန္ဖိုးကို သိၿပီး ေစာင့္ၾကည့္ေနၾကသူေတြကေတာ့ ဘုိင္ယန္ျမဴးနစ္နဲ႔ ဘာစီလိုနာအသင္းေတြ ျဖစ္ၾကပါတယ္။

ဘုိင္ယန္ျမဴးနစ္ကေတာ့ ေဟာ့ဖန္ဟိမ္းနဲ႔ ဂ်ာမနီမွာ ေလးႏွစ္တာ ကစားခဲ့ဖူးတဲ့ သူ႕ကို ျပန္လာခ်င္စိတ္ရွိမလားလို႔ စုံစမ္းခဲ့တာျဖစ္ၿပီး အသင္းကေန ေႏြရာသီမွာ ထြက္ခြာႏုိင္တဲ့ ပိုလန္တုိက္စစ္မွဴး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးေနရာမွာ အသုံးျပဳသြားဖို႔ စဥ္းစားေနသလို လီဗာပူးလ္အသင္းဘက္ကတည္း တီမို ဗာနာကို ျပန္လည္ေခၚယူႏုိင္တဲ့အတြက္ အေျပာင္းအေရႊ႕ျဖစ္ေပၚႏုိင္ေျခရွိတယ္လုိ႔ ခန္႔မွန္းေနၾကပါတယ္။

အိမ္က်ယ္ေတြလို႔ သတ္မွတ္ခံထားခဲ့ရတဲ့ ဘုိင္ယန္ျမဴးနစ္ဟာ ဘြန္ဒက္စ္လီဂါမွာလည္း အရင္လို ျပတ္ျပတ္သားသား ဦးမေဆာင္ႏုိင္တာ ၾကာျမင့္ေနခဲ့ၿပီျဖစ္သလို ဥေရာပမွာလည္း ေအာင္ျမင္မွဳ မရေတာ့တာေၾကာင့္ အသင္းကို လာမယ့္ေႏြရာသီမွာ ႀကီးႀကီးမားမား ျပင္ဆင္တည္ေဆာက္ဖို႔ ရွိေနတာျဖစ္ၿပီး ဒီထဲမွာ ေရာဘတ္တုိ ဖာမီႏိုက ဦးစားေပးပစ္မွတ္အေနနဲ႔ ပါဝင္ေနေၾကာင္းလည္း သိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ပရိသတ်တွေက ဘော်ဘီလို့ ချစ်စနိုးခေါ်တဲ့ ရောဘတ်တို ဖာမီနိုကို လာမယ့် နွေရာသီမှာ အသင်းပြောင်းရွှေ့ချင်စိတ် ရှိသလားဆိုပြီး သူ့ရဲ့ ကိုယ်စားလှယ်တွေဆီ ဘိုင်ယန်မြူးနစ်အသင်းဘက်က ချိတ်ဆက်မှု ပြုလာခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီအသက် ၂၈ အရွယ် ဘရာဇီးလ်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကို အဓိက စိန်ခေါ်သူနဲ့ ချန်ပီယံလိဂ်ကို ရယူနိုင်ခဲ့တဲ့ လီဗာပူးလ်တို့ရဲ့ တိုက်စစ်မှာ မိုဟာမက် ဆာလားနဲ့ ဆာဒီယို မာနေးတို့လောက် ဂိုးတွေ သွင်းယူနိုင်ခြင်းမရှိပေမယ့် သူတို့တွေကို အကောင်းဆုံး ပံ့ပိုးပေးနေသူလည်း ဖြစ်ပါတယ်။

တစ်ရာသီကို ဆယ်ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့ပြီး အသင်းဖော်တွေ နေရာလွတ်ရရှိအောင် ကစားပေးနိုင်တဲ့ ဖာမီနိုဟာ မော်ဒန်ဘောလုံးရဲ့ False 9 လို့ ခေါ်တဲ့ ရှေ့တန်းလူတစ်ဦးလည်းဖြစ်ပြီး သူ့ရဲ့တန်ဖိုးကို သိပြီး စောင့်ကြည့်နေကြသူတွေကတော့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာအသင်းတွေ ဖြစ်ကြပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ ဟော့ဖန်ဟိမ်းနဲ့ ဂျာမနီမှာ လေးနှစ်တာ ကစားခဲ့ဖူးတဲ့ သူ့ကို ပြန်လာချင်စိတ်ရှိမလားလို့ စုံစမ်းခဲ့တာဖြစ်ပြီး အသင်းကနေ နွေရာသီမှာ ထွက်ခွာနိုင်တဲ့ ပိုလန်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးနေရာမှာ အသုံးပြုသွားဖို့ စဉ်းစားနေသလို လီဗာပူးလ်အသင်းဘက်ကတည်း တီမို ဗာနာကို ပြန်လည်ခေါ်ယူနိုင်တဲ့အတွက် အပြောင်းအရွှေ့ဖြစ်ပေါ်နိုင်ခြေရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

အိမ်ကျယ်တွေလို့ သတ်မှတ်ခံထားခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါမှာလည်း အရင်လို ပြတ်ပြတ်သားသား ဦးမဆောင်နိုင်တာ ကြာမြင့်နေခဲ့ပြီဖြစ်သလို ဥရောပမှာလည်း အောင်မြင်မှု မရတော့တာကြောင့် အသင်းကို လာမယ့်နွေရာသီမှာ ကြီးကြီးမားမား ပြင်ဆင်တည်ဆောက်ဖို့ ရှိနေတာဖြစ်ပြီး ဒီထဲမှာ ရောဘတ်တို ဖာမီနိုက ဦးစားပေးပစ်မှတ်အနေနဲ့ ပါဝင်နေကြောင်းလည်း သိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.