Premier League Transfer News

24 Nov နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အသင်းရဲ့ အကယ်ဒမီထွက် ဂိုးသမား ဒင်းန် ဟန်ဒါဆန်ဟာ တကယ့်ကမ္ဘာ့အကောင်းဆုံးအဆင့်ကို ရောက်ရှိလာနိုင်တယ်လို့ အသင်းမှာ ကစားခွင့်ရမှ ဆက်နေသင့်တယ်ဆိုတဲ့ တိုက်တွန်းမှုတွေကို လက်မခံကြောင်းနဲ့ သူ့ကို အရေးပါတဲ့ ကစားသမားအဖြစ် အလိုရှိတယ်လို့ နည်းပြ ဆိုးလ်ရှားပြောကြား။

– အင်တာမီလန်အသင်းက ထွက်ခွာဖို့ ရှိနေတဲ့ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန်အတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူက မန်ချက်စတာ ယူနိုက်တက်ဆီ ဆက်သွယ်ကမ်းလှမ်းလာခဲ့ပြီး အသင်းမှာ များပြားနေတဲ့ ကစားသမားတွေ အနေအထားအရတော့ ခေါ်ယူဖို့ ခက်ခဲဖွယ်ရှိနေ။

– လူငယ်အသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ အာနိုးလ် ပူဂျီမဲလ်ဟာ အသင်းရဲ့ ဝါရင့်ကစားသမား ဟွမ်မာတာကို ဆက်ခံမယ့်သူလို့ ပရိသတ်တွေ ချီးကျူးနေကြပြီး ဘာစီလိုနာအသင်းက အလိုရှိနေပေမယ့် မရောင်းချဘဲ ဆက်လက်ထိန်းသိမ်းထားဖို့ တိုက်တွန်း။

– ဒဏ်ရာက သက်သာလာပြီး အသင်းနဲ့ ထရိန်နင် အပြည့်အဝဆင်းနိုင်ခဲ့ပြီဖြစ်တဲ့ နောက်ခံလူ အဲရစ် ဘိုင်လီကို ကြံ့ခိုင်မှုပြည့်ဝနေတုန်းမှာ အသင်းသစ်ရှာပြီး ဇန်နဝါရီမှာ လမ်းခွဲပါတော့လို့ ပရိသတ်တွေ လှောင်ပြောင်တိုက်တွန်းနေကြ။

– ပေါ့ဘာကို ဖာနန်ဒက်စ်ရဲ့ ကွင်းလယ်တိုက်စစ်မှာ ထားကစားဖို့နဲ့ သူဟာ လွတ်လွတ်လပ်လပ် တိုက်စစ်ကစားခွင့်ရရင် စတီဗင် ဂျရတ်လို ခြေစွမ်းပြနိုင်မယ့်သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အတွက် ကြီးမားတဲ့ အင်အားဖြစ်လာမယ်လို့ ပီတာ ခရောက်ချ်တိုက်တွန်း။

– အစ္စတန်ဘူလ် ဘာရှက်ရှီဟီယာနဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ နည်းပြ ဆိုးလ်ရှားက လူစားငါးယောက် လဲပြီး ကစားသမားတွေ ပိုမိုပါဝင်ခွင့်ရတဲ့ ပုံစံကို သဘောကျကြောင်းနဲ့ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ ဒီပွဲမှာ အနားပေးခံရဖို့ ရှိနေကြောင်း အရိပ်အမြွက်ဆိုသွားခဲ့။

– RB လိုက်ပ်ဇစ်အသင်းရဲ့ ကွင်းလယ်လူ မာဆယ်လ် ဆာဘစ်ဇာကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ESPN ရဲ့ ဖီယော့တော့ဖ်က သူ့ရဲ့ တွစ်တာမှာ အတည်ပြု ရေးသားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းရဲ႕ အကယ္ဒမီထြက္ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ဟာ တကယ့္ကမာၻ႔အေကာင္းဆုံးအဆင့္ကို ေရာက္ရွိလာႏိုင္တယ္လို႔ အသင္းမွာ ကစားခြင့္ရမွ ဆက္ေနသင့္တယ္ဆိုတဲ့ တိုက္တြန္းမႈေတြကို လက္မခံေၾကာင္းနဲ႔ သူ႔ကို အေရးပါတဲ့ ကစားသမားအျဖစ္ အလိုရွိတယ္လို႔ နည္းျပ ဆိုးလ္ရွားေျပာၾကား။

– အင္တာမီလန္အသင္းက ထြက္ခြာဖို႔ ရွိေနတဲ့ ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆန္အတြက္ သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူက မန္ခ်က္စတာ ယူႏိုက္တက္ဆီ ဆက္သြယ္ကမ္းလွမ္းလာခဲ့ၿပီး အသင္းမွာ မ်ားျပားေနတဲ့ ကစားသမားေတြ အေနအထားအရေတာ့ ေခၚယူဖို႔ ခက္ခဲဖြယ္ရွိေန။

– လူငယ္အသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ အာႏိုးလ္ ပူဂ်ီမဲလ္ဟာ အသင္းရဲ႕ ဝါရင့္ကစားသမား ဟြမ္မာတာကို ဆက္ခံမယ့္သူလို႔ ပရိသတ္ေတြ ခ်ီးက်ဴးေနၾကၿပီး ဘာစီလိုနာအသင္းက အလိုရွိေနေပမယ့္ မေရာင္းခ်ဘဲ ဆက္လက္ထိန္းသိမ္းထားဖို႔ တိုက္တြန္း။

– ဒဏ္ရာက သက္သာလာၿပီး အသင္းနဲ႔ ထရိန္နင္ အျပည့္အဝဆင္းႏိုင္ခဲ့ၿပီျဖစ္တဲ့ ေနာက္ခံလူ အဲရစ္ ဘိုင္လီကို ႀကံ့ခိုင္မႈျပည့္ဝေနတုန္းမွာ အသင္းသစ္ရွာၿပီး ဇန္နဝါရီမွာ လမ္းခြဲပါေတာ့လို႔ ပရိသတ္ေတြ ေလွာင္ေျပာင္တိုက္တြန္းေနၾက။

– ေပါ့ဘာကို ဖာနန္ဒက္စ္ရဲ႕ ကြင္းလယ္တိုက္စစ္မွာ ထားကစားဖို႔နဲ႔ သူဟာ လြတ္လြတ္လပ္လပ္ တိုက္စစ္ကစားခြင့္ရရင္ စတီဗင္ ဂ်ရတ္လို ေျခစြမ္းျပႏိုင္မယ့္သူျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အတြက္ ႀကီးမားတဲ့ အင္အားျဖစ္လာမယ္လို႔ ပီတာ ခေရာက္ခ်္တိုက္တြန္း။

– အစၥတန္ဘူလ္ ဘာရွက္ရွီဟီယာနဲ႔ ခ်န္ပီယံလိဂ္ အိမ္ကြင္းပြဲစဥ္မတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ နည္းျပ ဆိုးလ္ရွားက လူစားငါးေယာက္ လဲၿပီး ကစားသမားေတြ ပိုမိုပါဝင္ခြင့္ရတဲ့ ပုံစံကို သေဘာက်ေၾကာင္းနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ ဒီပြဲမွာ အနားေပးခံရဖို႔ ရွိေနေၾကာင္း အရိပ္အႁမြက္ဆိုသြားခဲ့။

– RB လိုက္ပ္ဇစ္အသင္းရဲ႕ ကြင္းလယ္လူ မာဆယ္လ္ ဆာဘစ္ဇာကို ေခၚယူဖို႔ မန္ခ်က္စတာယူႏိုက္တက္က စိတ္ဝင္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး ESPN ရဲ႕ ဖီေယာ့ေတာ့ဖ္က သူ႔ရဲ႕ တြစ္တာမွာ အတည္ျပဳ ေရးသားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.