Premier League

လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်လို့ ဝေဖန်ခံလိုက်ရတဲ့ အာဆင်နယ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ရဲ့ အနာဂတ်က ကောင်းနိုင်ပါ့ဦးမလား…

နည်းပြသက်တမ်းတိုတောင်းပေမယ့် အပြောနဲ့အလုပ် ကိုက်ညီအောင်လုပ်ပြတတ်တဲ့ အာဆင်နယ်နည်းပြ အာတီတာဟာ လိဒ်စ်အသင်းနဲ့ပွဲမှာ မိုက်မဲစွာ အမှားကျူးလွန်ခဲ့ပြီး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့ ပေပေရဲ့ ဖြစ်ရပ်ကို ”လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်” လို့ ပွဲအပြီးမှာ မှတ်ချက်ချခဲ့ပါတယ်။

ပေပေဟာ အသင်းကို ထိခိုက်နစ်နာစေခဲ့တယ်လို့ စကားကို အာတီတာက ထုတ်ပြောသွားခဲ့တာဖြစ်ပြီး အပြောပြတ်ပြီး အရှင်းလုပ်တဲ့ နည်းပြတယောက်အနေနဲ့ ကိုယ်ယုံကြည်မှုပေးပြီး ပွဲထုတ်ထားတဲ့ ကစားသမားတယောက်ရဲ့ အခုလို အဆင်ခြင်မဲ့တဲ့ လုပ်ရပ်ဟာ ယုံကြည်မှုပျက်စီးစရာဖြစ်စေခဲ့တာဟာ ပေပေအတွက်တော့ အာတီတာ အပ်နှင်းလာတဲ့ အခွင့်အရေးတခုကို လက်လွှတ်ဆုံးရှုံးသွားခဲ့တာပါ။

ပေပေဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းအတွက် နှစ်ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ရခဲ့တာဖြစ်ပြီး အခုလို ရတောင့်ရခဲအခြေအနေမှာ ”အသင်းအတွက် ပွဲထွက်ကစားချင်တယ်။ အရန်ခုံမှာ ထိုင်နေရတာ စိတ်ပျက်စရာပဲ” လို့ ပြောထားခဲ့ဖူးတဲ့ သူ့ရဲ့စကားကို နည်းပြ ယုံကြည်အောင် ကိုယ်တိုင်သက်သေပြဖို့ အားထုတ်ခဲ့ရမှာပါ။

“နည်းပြက ကျွန်တော့်ဆီက ပွဲချိန်မိနစ် ၉၀ အတွင်း ၁၀၀ ရာခိုင်နှုန်း အာရုံစူးစိုက်မှုအပြည့်ကို လိုချင်တာပါ” လို့ ဆိုထားတဲ့ ပေပေဟာ လိဒ်စ်နဲ့ပွဲမှာ ပထမပိုင်းပွဲချိန်အတွင်း လိဒ်စ်အတွက် အန္တရာယ်အရှိဆုံး အာဆင်နယ်ကစားသမားဖြစ်ခဲ့တာပါ။

ပေပေဟာ လိဒ်စ်ကစားသမား ဂျန်နီ အလီယိုစကီနဲ့ ငြိခဲ့တဲ့ဖြစ်ရပ်နောက်မှာတော့ စိတ်မထိန်းနိုင်တော့ဘဲ အလီယိုစကီရဲ့ ထောင်ချောက်ဆင်မှုထဲ သက်ဆင်းခဲ့သလို မပြောပလောက်တဲ့ ဖြစ်ရပ်တခုကို မဆင်မခြင် မတွက်မဆ တုံ့ပြန်ခဲ့တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံလိုက်ရပါတယ်။ ဒီအခြေအနေအရ ပေပေဟာ ကိုယ့်ရဲ့ အပြုအမူနဲ့ ကိုယ့်ရဲ့တိုးတက်မှုကို ပြန်ရိုက်ချိုးလိုက်သလို ဖြစ်ခဲ့ပြီလို့ အာဆင်နယ်ယာယီနည်းပြဟောင်း ဖရက်ဒီ ယွန်းဘတ်ကလည်း ဝေဖန်သွားခဲ့ပါတယ်။

”ကျွန်တော် ထင်ထားတာက ဒီပွဲက ပေပေရဲ့ပွဲ ဖြစ်လာမယ်လို့ ထင်ခဲ့တာပါ။ တယောက်ချင်း လူကပ်ကစားတဲ့ လိဒ်စ်ကို ဘယ်ခြမ်းကနေ ဘယ်နောက်ခံအစွန်လူနဲ့ တွဲဖက် အကောင်းဆုံးထိုးဖောက်ဖို့ပဲ လိုတော့တာလေ… ဒါက သူအကျွမ်းကျင်ဆုံးအပိုင်းဖြစ်နေတာကိုး။ အခုတော့ မြင်မကောင်းတဲ့ ဖြစ်ရပ်နဲ့ အဆုံးသတ်သွားခဲ့ပါတယ်။” လို့ ယွန်းဘတ်က ပြောပြခဲ့ပါသေးတယ်။

သူဟာ အနီကတ်ပြစ်ဒဏ်ကြောင့် လာမယ့် ဝုဗ်၊ ဘန်လေနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဥ်တွေကို လွဲချော်သွားတော့မှာဖြစ်ပြီး ဒီကိစ္စအပြီးမှာ အာတီတာရဲ့ ယုံကြည်မှုကို ဆက်တိုက်ဆုံးရှုံးနေတဲ့ ပေပေတယောက် စွန့်ပစ်ခံရတော့မှာလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပြီး ပြစ်ဒဏ်ကာလ ကျော်လွန်သွားရင်တောင် အာတီတာအနေနဲ့ ပေပေကို ပြန်သုံးဖို့ အတော့်ကို စဥ်းစားစရာဖြစ်စေမှာပါ။

လိဒ်စ်လိုအသင်းကို တယောက်လျော့နဲ့ ရင်ဆိုင်ကစားရချိန်မှာ အသင်းအတွက် ဘယ်လောက်ခက်ခဲရသလဲ ဆိုတာ ပေပေတယောက် တွက်ချက်နိုင်ခဲ့ဖို့ ကောင်းပြီး ရှိရင်းစွဲယုံကြည်မှုပါ နုတ်ယူခံရလိုက်တဲ့ အာတီအနေနဲ့ အသင်းမှာ ရှားပါးနေတဲ့ ပေပေလို ဖန်တီးနိုင်စွမ်းမြင့်တဲ့ တိုက်စစ်ကစားသမားမျိုးကို လာမယ့်ပွဲတွေမှာတော့ မချစ်သော်လည်း အောင့်ကာနမ်းဖြစ်လာမလား၊ မဖြစ်လို့ဘဲ ပစ်လိုက်ရတော့မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။

REF: The Athletic
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နည္းျပသက္တမ္းတိုေတာင္းေပမယ့္ အေျပာနဲ႕အလုပ္ ကိုက္ညီေအာင္လုပ္ျပတတ္တဲ့ အာဆင္နယ္နည္းျပ အာတီတာဟာ လိဒ္စ္အသင္းနဲ႕ပြဲမွာ မိုက္မဲစြာ အမွားက်ဴးလြန္ခဲ့ၿပီး အနီကတ္ျပ ထုတ္ပယ္ခံခဲ့ရတဲ့ ေပေပရဲ႕ ျဖစ္ရပ္ကို ”လက္ခံႏိုင္စရာမရွိတဲ့ လုပ္ရပ္” လို႔ ပြဲအၿပီးမွာ မွတ္ခ်က္ခ်ခဲ့ပါတယ္။

ေပေပဟာ အသင္းကို ထိခိုက္နစ္နာေစခဲ့တယ္လို႔ စကားကို အာတီတာက ထုတ္ေျပာသြားခဲ့တာျဖစ္ၿပီး အေျပာျပတ္ၿပီး အရွင္းလုပ္တဲ့ နည္းျပတေယာက္အေနနဲ႕ ကိုယ္ယုံၾကည္မႈေပးၿပီး ပြဲထုတ္ထားတဲ့ ကစားသမားတေယာက္ရဲ႕ အခုလို အဆင္ျခင္မဲ့တဲ့ လုပ္ရပ္ဟာ ယုံၾကည္မႈပ်က္စီးစရာျဖစ္ေစခဲ့တာဟာ ေပေပအတြက္ေတာ့ အာတီတာ အပ္ႏွင္းလာတဲ့ အခြင့္အေရးတခုကို လက္လႊတ္ဆုံးရႈံးသြားခဲ့တာပါ။

ေပေပဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ အာဆင္နယ္အသင္းအတြက္ ႏွစ္ပြဲသာ ပြဲထြက္ကစားသမားအျဖစ္ ရခဲ့တာျဖစ္ၿပီး အခုလို ရေတာင့္ရခဲအေျခအေနမွာ ”အသင္းအတြက္ ပြဲထြက္ကစားခ်င္တယ္။ အရန္ခုံမွာ ထိုင္ေနရတာ စိတ္ပ်က္စရာပဲ” လို႔ ေျပာထားခဲ့ဖူးတဲ့ သူ႕ရဲ႕စကားကို နည္းျပ ယုံၾကည္ေအာင္ ကိုယ္တိုင္သက္ေသျပဖို႔ အားထုတ္ခဲ့ရမွာပါ။

“နည္းျပက ကြၽန္ေတာ့္ဆီက ပြဲခ်ိန္မိနစ္ ၉၀ အတြင္း ၁၀၀ ရာခိုင္ႏႈန္း အာ႐ုံစူးစိုက္မႈအျပည့္ကို လိုခ်င္တာပါ” လို႔ ဆိုထားတဲ့ ေပေပဟာ လိဒ္စ္နဲ႕ပြဲမွာ ပထမပိုင္းပြဲခ်ိန္အတြင္း လိဒ္စ္အတြက္ အႏၱရာယ္အရွိဆုံး အာဆင္နယ္ကစားသမားျဖစ္ခဲ့တာပါ။

ေပေပဟာ လိဒ္စ္ကစားသမား ဂ်န္နီ အလီယိုစကီနဲ႕ ၿငိခဲ့တဲ့ျဖစ္ရပ္ေနာက္မွာေတာ့ စိတ္မထိန္းနိုင္ေတာ့ဘဲ အလီယိုစကီရဲ႕ ေထာင္ေခ်ာက္ဆင္မႈထဲ သက္ဆင္းခဲ့သလို မေျပာပေလာက္တဲ့ ျဖစ္ရပ္တခုကို မဆင္မျခင္ မတြက္မဆ တုံ႕ျပန္ခဲ့တာေၾကာင့္ အနီကတ္နဲ႕ ထုတ္ပယ္ခံလိုက္ရပါတယ္။ ဒီအေျခအေနအရ ေပေပဟာ ကိုယ့္ရဲ႕ အျပဳအမူနဲ႕ ကိုယ့္ရဲ႕တိုးတက္မႈကို ျပန္ရိုက္ခ်ိဳးလိုက္သလို ျဖစ္ခဲ့ၿပီလို႔ အာဆင္နယ္ယာယီနည္းျပေဟာင္း ဖရက္ဒီ ယြန္းဘတ္ကလည္း ေဝဖန္သြားခဲ့ပါတယ္။

”ကြၽန္ေတာ္ ထင္ထားတာက ဒီပြဲက ေပေပရဲ႕ပြဲ ျဖစ္လာမယ္လို႔ ထင္ခဲ့တာပါ။ တေယာက္ခ်င္း လူကပ္ကစားတဲ့ လိဒ္စ္ကို ဘယ္ျခမ္းကေန ဘယ္ေနာက္ခံအစြန္လူနဲ႕ တြဲဖက္ အေကာင္းဆုံးထိုးေဖာက္ဖို႔ပဲ လိုေတာ့တာေလ… ဒါက သူအကြၽမ္းက်င္ဆုံးအပိုင္းျဖစ္ေနတာကိုး။ အခုေတာ့ ျမင္မေကာင္းတဲ့ ျဖစ္ရပ္နဲ႕ အဆုံးသတ္သြားခဲ့ပါတယ္။” လို႔ ယြန္းဘတ္က ေျပာျပခဲ့ပါေသးတယ္။

သူဟာ အနီကတ္ျပစ္ဒဏ္ေၾကာင့္ လာမယ့္ ဝုဗ္၊ ဘန္ေလနဲ႕ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ေတြကို လြဲေခ်ာ္သြားေတာ့မွာျဖစ္ၿပီး ဒီကိစၥအၿပီးမွာ အာတီတာရဲ႕ ယုံၾကည္မႈကို ဆက္တိုက္ဆုံးရႈံးေနတဲ့ ေပေပတေယာက္ စြန့္ပစ္ခံရေတာ့မွာလားဆိုတာ စိတ္ဝင္စားစရာေကာင္းေနၿပီး ျပစ္ဒဏ္ကာလ ေက်ာ္လြန္သြားရင္ေတာင္ အာတီတာအေနနဲ႕ ေပေပကို ျပန္သုံးဖို႔ အေတာ့္ကို စဥ္းစားစရာျဖစ္ေစမွာပါ။

လိဒ္စ္လိုအသင္းကို တေယာက္ေလ်ာ့နဲ႕ ရင္ဆိုင္ကစားရခ်ိန္မွာ အသင္းအတြက္ ဘယ္ေလာက္ခက္ခဲရသလဲ ဆိုတာ ေပေပတေယာက္ တြက္ခ်က္နိုင္ခဲ့ဖို႔ ေကာင္းၿပီး ရွိရင္းစြဲယုံၾကည္မႈပါ ႏုတ္ယူခံရလိုက္တဲ့ အာတီအေနနဲ႕ အသင္းမွာ ရွားပါးေနတဲ့ ေပေပလို ဖန္တီးနိုင္စြမ္းျမင့္တဲ့ တိုက္စစ္ကစားသမားမ်ိဳးကို လာမယ့္ပြဲေတြမွာေတာ့ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းျဖစ္လာမလား၊ မျဖစ္လုိ႔ဘဲ ပစ္လုိက္ရေတာ့မလားဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေရးသားေဖာ္ျပလုိက္ပါတယ္။

REF: The Athletic
PHOTOS CREDIT TO OWNERS
SPORTS A2Z.